Headlines News :
Home » » နမ့်ခမ်းမြို့ သတ္တုတူးဖော်မှုရပ်တန့်ရေး ဒေသခံလူထုထောင်ချီ ဆန္ဒပြ

နမ့်ခမ်းမြို့ သတ္တုတူးဖော်မှုရပ်တန့်ရေး ဒေသခံလူထုထောင်ချီ ဆန္ဒပြ

Written By လွင့်မောင်မောင် on Friday, September 5, 2014 | 8:35 PM

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဒေသခံများအတွက်ထိခိုက်နစ်နာမှုဖြစ်စေသော သတ္တုတူးဖော်ရပ်တန့်ရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့ မနက်ပိုင်း က ပြုလုပ်ခဲ့ ပါသည်။
သတ္တုတူးဖော်မှုကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှုအကြောင်းကို ဆန္ဒထုတ်ဖော်ရန်အတွက် မန့်ခမ်းရပ်ကွက်နှင့် စယ်ဟိုင်းကျေးရွာ ကြားရှိ နမ့်ဆီးရီးချောင်းဘေးသို့ နမ့်ခမ်းဒေသခံလူထုတို့
မနက် ၈းဝဝ နာရီက စုဝေးရောက်ရှိခဲ့ကြသည်။




  မနက် ၉းဝဝ နာရီ  နမ့်ဆီးရီးချောင်းမှ ထွက်လာကြရာ  မနက် ၁၀းဝဝ နာရီဝန်းကျင် မြို့လယ်ဘုရား (ပန်ပွဲ)သို့ရောက်ရှိလာကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ စိုင်းအိုက်ထွန်း က ဆိုသည်။
“ပါဝင်ဆန္ဒပြတဲ့လူ ဦးရေ  ၃၀၀၀ ကျော်တယ် ၊ ထမင်းထုပ် ၂၆၀၀ ပြင်ထားတာ မလောက်ဘူးလေ။  ထပ်မှာရတာ၊ လမ်းတလျှောက်မှာ ရေသန့်နဲ့အချိုရည် အလှူရှင်တွေရှိတယ်၊ ဒီပွဲမှာ ကျနော်ကိုယ်တိုင် ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပဲဝမ်းသာကျေနပ်မိပါတယ် ” ဟု ၄င်းကပြောသည်။

 ဆန္ဒထုတ်ဖော်သူများ မြို့လယ်ဘုရား (ပန်ပွဲ) ရောက်ရှိချိန် သျှမ်းပြည်နယ်အသီးသီးမှ လယ်သမားခေါင်း ဆောင်များနှင့် နမ့်ခမ်းမြို့မှ လယ်သမားခေါင်းဆောင်များ - နမ့်ဆီးရီးချောင်းဦး၌ ကုမ္မဏီများမှ သတ္တုတူးဖော် မှုကြောင့် လယ်ယာမြေပျက်စီး ဆုံးရှုံးခဲ့ရသည့်အကြောင်း ကိုပြောကြားခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်သူများ မြို့လယ်ဘုရားတွင်ရောက်ရှိနေချိန် ဆန္ဒထုတ်ဖော်ရေး ခေါင်းဆောင် ရ ဦးအနက်  ၅  ဦးမှာ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်မင်းထံသွားရောက်ပြီး- ဒေသခံလယ်သမားများ၏ တောင်းဆိုချက်များကို  ဆောင်ရွက်ပေးဖို့  တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရေးကော်မတီဝင်လူငယ် စိုင်းပီးက ဆိုသည်။

“ကျနော်တို့ ခေါင်းဆောင်  ၅  ဦးနဲ့ သျှမ်းမီဒီယာအဖွဲ့များက ထွေအုပ်ရုံးကို သွားပြီး အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ကိုတွေ့ခွင့်တောင်းတယ်၊  ဦးဇော်မင်းနဲ့ မတွေ့လိုက်ရဘူး။ မူစယ်ဘက် ခရီးထွက်တယ်လို့ ရုံးဝန်ထမ်းတွေ က ပြောတယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ဘဲ တွေ့ဆုံခဲ့ရတယ်၊ ပြည်သူလူထုအတွက် အရေးကြီးတဲ့နေ့ မှာမှ သူက ရုံးမှာမနေဘူးဆိုတော့ တမင်သက်သက် တိမ်းရှောင် နေတာလား လို့ ကျနော်တို့အတွက် တွေးစရာပေါ့ ”

 ဆန္ဒထုတ်ဖော်ပွဲကို မွန်းတည့် ၁၂းဝဝ နာရီတွင် ငြိမ်းချမ်းစွာရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ ညနေ ၃ နာရီတွင်မူ ဆန္ဒပြ ခေါင်းဆောင်များအား ထွေအုပ်ရုံးမှ ခေါ်ယူတွေ့ဆုံကာ  သတ္တုတူးဖော်ရေးကုမ္မဏီများအား တူးဖော်မှုမှ ရပ်ဆိုင်းရန်  မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် သြဂတ်စ်လ ၃၁ ရက် ရက်စွဲပါ ညွှန်ကြားထားသည့် စာတစောင်ကိုပေးအပ်လိုက်သဖြင့် ဆန္ဒပြခေါင်းဆောင်များ နားမလည်နိုင် ဖြစ်နေသည်ဟု  ၄င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

မည်သို့ပင်ဆိုစေ သက်ဆိုင်ရာအာဏာပိုင်၏ ညွှန်ကြားစာအတိုင်း ကုမ္မဏီများမလိုက်လျောပေးပါက  ဆန္ဒ ထုတ်ဖော်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံ လယ်သမားများကပြောဆိုနေကြပါသည်။
နမ့်ခမ်းမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်ရှိ အဆိုပါ သတ္တုတွင်းစီမံကိန်းမှာ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များက ဒေသခံများ၏အမည်သုံး၍ တူးဖေါ်နေသည်မှာ ပုဂ္ဂလိက ကုမ္မဏီများနှင့် ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့ပိုင် ကုမ္မဏီတို့ဖြစ်သည်ဟုလည်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောသည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template