၁၇၅၆ ခုနှစ်က ဗြိတိန်အင်ပါယာ၏ ဂျော့ဘုရင်(၂)သို့
အလောင်းမင်းတရားကြီးကပေးအပ်ခဲ့သည့် ရွှေပေ လွှာကို
ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင် ငံ၊
စာကြည့်တိုက်တစ်ခုဖြစ်သော Gottfried Wilhelm Leibniz တို့က 3D
ဒီဂျစ်တယ်နည်းပညာဖြင့် မိတ္ထူ ကူးပြီးမြန်မာနိုင်ငံခြားရေး ၀န်ကြီး
ဦးဝဏ္ဏမောင်လွင် ထံ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က
ပေးအပ်လိုက်သည်။
မြန်မာနှင့် ဂျာမနီသံတမန်ဆက်ဆံရေးနှစ် ၆၀ အထိမ်းအမှတ်ပြပွဲတစ်ခုကို
စက်တင်ဘာ ၃ ရက်က ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနခန်းမဆောင်တွင်ကျင်းပပြု
လုပ်ခဲ့သည့်အခမ်းအနားတွင် အဆိုပါရွှေပေလွှာ မိတ္ထူ ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။
စတိုင်းလိုင်က မြန်မာနှင့် ဂျာမနီနိုင်ငံတို့အကြား ၂၀၁၃
ခုနှစ်ကရေးထိုးခဲ့သည့် ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး
သဘောတူညီချက်သည်တိုး တက်အောင်မြင်နေကြောင်း၊ တက္ကသိုလ် များအကြား
ပူးပေါင်းဆောင် ရွက်မှုသည်လည်း များပြားလာကာ ဂျာနယ်လစ်များ အပြန်အလှန်
သွားရောက်မှုများ လည်း ရှိနေကြောင်း၊ Goethe-Institut ၏ ရုံးခန်းကိုလည်း
ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဟန်နိုးဘာမြို့၊ ဂေါ့သ်ဖရီးဗီဟန်းလိုက်ဘနစ်စာကြည့်တိုက်တွင်
သိမ်းဆည်းထားသည့် အဆိုပါရွှေပေလွှာ အား ဒီဂျစ်တယ်နည်းပညာဖြင့်
ကူးထားသည့်မိတ္ထူ အားပေးအပ်လိုက်ခြင်းသည် နှစ်နိုင်ငံယဉ်ကျေးမှု ဆက်
ဆံရေးအတွက် မျက်နှာစာသစ်ဖြစ်လာကြောင်း စတိုင်းလိုင်က ပြောကြားသည်။
အဆိုပါ ရွှေပေလွှာမိတ္ထူ ကို ရန်ကုန်မြို့တွင် ပထမဆုံးပြသပြီး
နေပြည်တော်ရှိအမျိုးသားပြတိုက်တွင် ထားရှိ သွားမည်ဖြစ်ကြောင်းသိရသည်။ ၊
(ရည်ညွှန်း- ဂျာမနီ နိုင်ငံခြားရေး ၀န်ကြီးဌာန)
ဒေါင်းမာန်ဟုန်
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago