Headlines News :
Home » » ပျောက်ဆုံးနေသော တောင်တက် သမား နှစ်ဦး ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက်မရှိတော့ ဟုဆို

ပျောက်ဆုံးနေသော တောင်တက် သမား နှစ်ဦး ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက်မရှိတော့ ဟုဆို

Written By လွင့်မောင်မောင် on Sunday, October 5, 2014 | 12:34 AM


 
ပျောက်ဆုံးနေသော တောင်တတ်သမားနှစ်ဦး အား ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက်မရှိတော့ ဟု ထူးဖောင် ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက အောက်တိုဘာ ၄ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာသမားများ၏ မေးမြန်မှုအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ပျောက်ဆုံးသွားတာတစ်လကျော်ကြာပြီဆိုတော့ တောင်တတ်သမားနှစ်ယောက် ရှာဖွေမှု အခြေအနေက မျှော်လင့်ချက်သိပ်မရှိတော့ဘူး”ဟု ဦးပေါ်မြင့်ဦး ကဆိုသည်။

ပျောက်ဆုံးခဲ့သောတောင်တတ်သမားနှစ်ဦးအား ရှာဖွေမှုတွင် မြန်မာနိုင်ငံမြောက်ပိုင်း၏ ဆိုးရွာသောရာသီဥတု ကြောင့် ရှာဖွေရာတွင် အခက်အခဲများစွာဖြစ်ခဲ့ရကြောင်းနှင့်အီတလီနိုင်ငံတွင် တောင်တတ်လူငယ်များအနေဖြင့် ပျောက်ဆုံးမှု မရှိသလောက်နည်းပါးပြီး၊ပျောက်ဆုံးခဲ့ပါက Report ၀င်လာသည့်အချိန်မှစ၍ ၁၅ မိနစ်အတွင်း သက်ဆိုင်ရာ ဆရာဝန်များ၊ အသက်ကယ်အဖွဲ့အစည်းများဖြင့် ပြန်လည်ရှာဖွေမှုများ ချက်ချင်းပြုလုပ်ကာရှာဖွေခဲ့ရာတွင် အဆင်ပြေမှုများရှိခဲ့သော်လည်း ယခုမြန်မာနိုင်ငံ၏ ပျောက်ဆုံးနေသောတောင်တက်သမားနှစ်ဦးအားရှာဖွေမှုတွင် မလွယ်ကူကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေမှုတွင် အဓိကပါဝင်ခဲ့သည့် အီတလီနိုင်ငံသား Pilot တဦးက သတင်းစာရှင်လင်းပွဲတွင် သုံးသပ်ပြောကြားခဲ့သည်။

ယခုအခါတွင် ပျောက်ဆုံးနေသော တောင်တက်သမား ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူ တို့ ၏ မိဘများကို ပူတာအို တွင် ထူးဖောင်ဒေးရှင်းအဖွဲ့မှ စောင့်ရှောက်ထားလျက်ရှိကြောင်း ထူးဖောင်ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက ဆိုသည်။

အဆိုပါ တောင်တက်သမား ၂ ဦး ပျောက်ဆုံးနေခြင်းကို ရှာဖွေရန် ပူးပေါင်းဆောင်ရွက်ရန် ရောက်ရှိလာသည့် ထိုင်းနိုင်ငံ Advance Aviation မှ ထူးဖောင်ဒေးရှင်းနှင့် B4 အမျိုးအစား ရဟတ်ယာဉ် မှာလည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေး ရေဒါများပြတ်တောက်ကာပျောက်ဆုံးသွားခဲ့ပြီး ၎င်းရဟတ်ယာဉ်အား ဆက်လက်ရှာဖွေမှုများပြုလုပ်ရန် လက်ရှိအနေအထား တွင် ရာသီဥတု ဆိုးရွာနေသောကြောင့် ခေတ္တရပ်ဆိုင်းမည်ဖြစ်ပြီး၊ အောက်တိုဘာလတွင် ပျောက်ဆုံးနေသော
 တောင်တတ်သမားနှစ်ဦးနှင့်အတူ အဆိုပါ ရဟတ်ယာဉ်အားရှာဖွေမှုအားပြန်လည် စတင်မည်ဖြစ်ကြောင်း လည်းသိရသည်။

“အမြန်ဆုံးပြန်တွေ့စေချင်တယ် ၊ ဒီလောက်မြင့်တဲ့ တောင်ကို တက်ခိုင်းခဲ့တယ်၊ တတ်ခွင့်ပေးခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တော်တော်အံသြမိတယ်။ မြန်မာနိုင်ငံမှာက တောင်တက်တဲ့ အားကစားနဲ့ပတ်သတ်ပြီးတော်တော် ဗဟုသုတ နည်းပါးနေတာကိုတွေ့ရတယ်။”ဟု သတင်းစာရှင်းလင်းပွဲသို့ တက်လာရောက်သူ တဦးက ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်များတွင်တစ်ခုပါဝင်သည့် ခါကာဘိုရာဇီတောင်ကို တောင်တတ်ခွင့်တောင်လာသည့် မည်သည့် တောင်တက်သမားမဆို သက်ဆိုင်ရာ CV တောင်းကာ တောင်တက်အတွေ့အကြုံ၊ တောင်တက်ရာတွင် တွေ့ကြုံနိုင်သည့်အန္တာရာယ်များအား ရှင်းလင်းပြီးတတ်ခွင့်ပြုခဲ့သော်လည်း ယခု အစိုးရလက်ထက်တွင် ယခင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်ခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံတောင်တက်သမားအသင်းအဖွဲ့မှ တာဝန်ရှိအရာရှိတစ်ဦးကဆိုသည်။
ေေ  တောင်တက်သမားနှစ်ဦးပျောက်ဆုံးမှုတွင်လူပျောက်စာရင်းမှတ်တမ်းများသာသက်ဆိုင်ရာရဲစခန်းမှ
 ကောက်ယူထားရှိကာ အမှုဖွင့်တစ်စုံတစ်ရာဖွင့်ထားခြင်းမရှိကြောင်းလည်းသိရသည်။

မိုးမင်း၊ နေမင်းခ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template