နော်ဝေပိုင် တယ်လီနော ကုမ္ပဏီက ဆင်းကတ်တွေကို စီးပွားရေး မြို့တော်
ရန်ကုန်မှာ လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ရောင်းချ ပေးတော့မှာ
ဖြစ်ပါတယ်။
၁ မိနစ် ဖုန်းခေါ်ဆိုခ နှုန်းထားတွေက ဘယ်ဖုန်းကိုပဲခေါ်ခေါ် ၂၅ကျပ် ကုန်ကျမှာ
ဖြစ်ပြီး SMS တစောင်ကို ၁၅ ကျပ် ကျမယ်လို့ စက်တင်ဘာ ၂၅ ရက်နေ့မှာ
တယ်လီနော(မြန်မာ)က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အင်တာနက်သုံးစွဲမှုက ၁ ပတ်စာ ကျပ် ၅ဝဝ ကနေ စတင်ကောက်ခံမှာ ဖြစ်ပြီး 300 Kbps
မြန်နှုန်းရှိတဲ့ My Internet အမျိုးအစားက 1MB ကို ၆ ကျပ်၊ 2 Mbps
မြန်နှုန်းရှိတဲ့ Smart Internet အမျိုးအစားက 1MB ကို ၁ဝ ကျပ်
ကောက်ခံမှာလို့ ဆိုပါတယ်။
တယ်လီနောရဲ့ ၁၅၀၀ တန် ဆင်းကတ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က
မန္တလေးမြို့နဲ့ အောက်တိုဘာ ၄ ရက်နေ့က နေပြည်တော်တို့မှာ စတင်
ရောင်းချခဲ့ပြီးနောက် အခု ရန်ကုန်မှာ ဆက်လက်ရောင်းချမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူပေါင်း ၈ သန်း ရှိတယ်လို့
ခန့်မှန်းထားပြီး မြန်မာ့ဆက်သွယ်ရေးအပါအဝင် တယ်လီနောနဲ့ အော်ရီဒူးစတဲ့
ဆက်သွယ်ရေး အော်ပရေတာတွေဟာ ကြီးမားတဲ့ ဈေးကွက်ဝေစု ရရှိဖို့အတွက်
ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
By ဒီဗွီဘီ