Headlines News :
Home » » ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက် ဥက္ကာခဲဟု ယူဆရသည့် အရာများ လောင်းကျွမ်း ကျလာ

ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက် ဥက္ကာခဲဟု ယူဆရသည့် အရာများ လောင်းကျွမ်း ကျလာ

Written By Live100 on Monday, September 7, 2015 | 10:32 PM

ထိုင်နိုင်ငံသားတစ်ဦး ဖေ့စ်ဘုတ် ဗီဒီယိုဖိုင်မှပုံ


Thai PBS သတင်းဌာန


ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကေအင်န်ယူက လက်ခံရရှိသည့် ပုံ


|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၇
ထားဝယ်ခရိုင် ခရိုင် နှင့် ကန်ချနဘူရီ ခရိုင် နယ်နမိတ် တစ်လျှောက်တွင် စက်တင်ဘာလ ၇ နံနက်ပိုင်းတွင် ဂြိုလ်တု အပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲများဟု ယူဆရသည့် အရာများ ကျလာသည်ဟု ကေအင်န်ယူ တပ်မဟာ ၄ ဆက်ဆံရေးရုံးထံမှ သိရသည်။
ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းရှိ ကေအင်န်ယူ ထိန်းချုပ်နယ်မြေဖြစ်သော ဗောဓိနယ်မြေနှင့် ငါးရံ့နီချောင်း၏ အရှေ့မြောက်ဘက်တွင် အဆိုပါ ဂြိုလ်တု အပိုင်းအစ (သို့မဟုတ်) ဥက္ကာခဲဟု ယူဆရသည့် အရာများ ကျလာခြင်း ဖြစ်ကြောင်း ထိုင်းနယ်စပ်တွင် ရုံးစိုက်ထားသည့် တပ်မဟာ ၄ ဌာနချုပ်မှ ဖြေကြားချက်ကို ကိုးကားပြီး အထက်ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ပြောသည်။
Thai PBS ၏ ထိုင်းဘာသာဖြင့် ထုတ်လွှင့်ချက်အရ အထက်ပါ ကေအင်န်ယူ ထိန်းချုပ်နယ်မြေအပြင် ကန်ချနဘူရီ ခရိုင်ဘက်ခြမ်း ၂ နေရာတွင်လည်း အဆိုပါ အပိုင်းအစများ ကျလာပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိနိုင်သည်ဟု ယူဆကြ သော်လည်း စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းအထိ အသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“နှစ်ဘက် တပ်တွေ ထိပ်တိုက် တွေ့နိုင်တဲ့အတွက် လက်ရှိအချိန်မှာ ကေအင်န်ယူဘက်က မလှုပ်ရှားသေးဘူး။ မြန်မာ့ တပ်မတော်ဘက်ကတော့ အခင်းဖြစ်ပွားမှုကို အတည်ပြုနိုင်ဖို့ ရှင်းလင်းရေး စလုပ်နေပြီ”ဟု ဖဒို ၀င်းခိုင်က ဆိုသည်။
ထိုင်းဘက်ခြမ်းမှ တာဝန်ရှိသူများကလည်း အခင်းဖြစ်ပွားမှုနှင့် ပတ်သက်သည့် အကြောင်းအရင်း အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန် စုံစမ်းလျက်ရှိကြောင်း Thai PBS က ထုတ်လွှင့်သည်ကို ထိုင်းဘာသာစကား တတ်ကျွမ်းသည့် ထားဝယ်ဒေသခံတစ်ဦး ဘာသာပြန်ပေးချက်အရ သိရသည်။
Thai PBS ၏ ထုတ်လွှင့်ချက်အရ ယင်းနေ့ နံနက် စောစောပိုင်းတွင် အလင်းတန်းတစ်ခုယူဆရသည့် အရာများ ကျလာပြီး၊ ယင်းနောက်ပိုင်းတွင် သတ္တုအပိုင်းအစများ လောင်ကျွမ်းကျလာသည်ဟု ယူဆရသည့် အရာများ ဆက်တိုက်ကျလာသည်ဟု ယင်းဒေသရှိ ဒေသခံများ၏ ဖြေကြားချက်ကို ကိုးကားပြီး ထုတ်လွှင့်သည်။
ယင်းသို့ ကျသည့် ကြာချိန် နာရီ ၀က်ခန့်ရှိသည်ဟု အထက်ပါ သတင်းဌာနက ထုတ်လွှင့်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ယင်းဒေသတစ်ဝိုက်တွင် မောင်းသူမဲ့ လေယာဉ် တစ်စင်း ဖြတ်သန်းသွားသည်ကို ယင်းနယ်စပ်ရှိ ထိုင်းတပ်မတော်၏ ရေဒါမှတဆင့် တွေ့လိုက်သည်ဟု Thai PBS က ထုတ်လွှင့်သည်။
ပအောက် တောင်ခြေဘက်ကို မီးခိုးတန်းကြီးတစ်ခု ထိုးဆင်းသွားတာကို တွေ့လိုက်ရပြီး ပေါက်ကွဲသံများကိုလည်း ကြားရ သည်ဟု မေတ္တာမြို့နယ်အတွင်းရှိ ဒေသခံ တချို့က ပြောသည်။
ဒေသခံများက လေယာဉ်ပျက်ကျသည်ဟု ထင်ကြေးပေးနေကြသော်လည်း ကေအင်န်ယူ တပ်မဟာ ၄ မှ အရာရှိ တစ်ဦးကမူ လေယာဉ်ပျက်ကျခြင်းမဟုတ်ဟု ထိုင်းနိုင်ငံဘက်ခြမ်းမှ ရဲတပ်ဖွဲ့မှ ထုတ်ပြသည့် သတင်းကို ကိုးကားပြီး အတည်ပြုပြောသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template