Headlines News :
Home » » ထားဝယ်တိုင်းရင်းသားများ ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာ စာတမ်း ထုတ်ပြန်

ထားဝယ်တိုင်းရင်းသားများ ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာ စာတမ်း ထုတ်ပြန်

Written By Live100 on Friday, September 11, 2015 | 11:07 PM

                                                           ဓာတ်ပုံ - ရာ
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကြေညာ စာတမ်းကို ထားဝယ်တိုင်းရင်းသားများပါတီက စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ပါတီ ရုံးချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ပြန်ကြေညာပွဲသို့ ထားဝယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် မီဒီယာများ တက်ရောက်ခဲ့သည်။
ယင်းကြေညာစာတမ်းတွင် ထားဝယ်တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး၊ တရားဥပဒေစိုးမိုးရေး အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်း မီဒီယာ လွတ်လပ်ခွင့်၊ လူမှုစီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းတို့ လုပ်ဆောင်ရန် ရှင်းလင်းဖော်ပြထားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပင်မ ကတိက၀တ်သုံးရပ် အဖြစ်
၁) ထားဝယ် တိုင်းရင်းသားများအတွက် အာမခံချက်ရှိသော နိုင်ငံရေး ဂုဏ်သိက္ခာ၊ အဆင့်အတန်း ရရှိရေး
၂) ထိရောက်သော တိုင်းဒေသကြီး အစိုးရဖြစ်ရေး
၃) ဒေသထွက်ကုန်အခြေပြု လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရန် ရေခံမြေခံများ ဖွံ့ဖြိုးရေး တို့ ဖြစ်ကြောင်း ယင်းစာတမ်းတွင် ပါရှိသည်။
လူမှုစီးပွားဖွံ့ဖြိုးလုပ်ငန်း ၁၂ ခု လုပ်ကိုင်မည် ဖြစ်ပြီး ယင်းတို့အနက်
၁) ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးရန် ၂) ရေလုပ်ငန်း ၃) ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ အုန်းသီး စသော ဥယျာဉ်ခြံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး တန်ဖိုးမြှင့် ပစ္စည်းများ ထုတ်လုပ်လာနိုင်ရန် ၄) စည်ပင် သာယာရေး နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရန် တို့ကို ဦးစားပေး လုပ်ငန်း လေးရပ်အဖြစ် ရွေးချယ်ထားသည် ကြောင်း ထားဝယ်တိုင်းရင်းသားပါတီ အင်တာနက်စာမျက်နှာ
နှင့် Facebook စာမျက်နှာတို့တွင်ဖော်ပြထားသည်။
http://dnpparty.blogspot.com/2015/09/blog-post_11.html

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template