Headlines News :
Home » » မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့်အထိ ကျော်လွန်

မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့်အထိ ကျော်လွန်

Written By Live100 on Sunday, September 6, 2015 | 11:21 PM








ဓာတ်ပုံ – ထွန်းထွန်းလှိုင်
မိုးလေ၀သဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မြို့အတော်များများဟာ အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေကြပြီး မော်လိုက်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့်အထိ ကျော်လွန်ရောက်ရှိနေပါတယ်။
မိုးလေ၀သဌာနရဲ့ ဒီနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ ၅ ပေခန့်၊ ဖောင်းပြင်မြို့မှာ ၆ ပေခွဲခန့်၊ မော်လိုက်မြို့မှာ ၉ ပေခွဲခန့်၊ ကလေးဝမြို့မှာ ၆ ပေခွဲခန့်၊ မင်းကင်းမြို့မှာ ၅ ပေခန့်နှင့် မုံရွာမြို့မှာ ၁ ပေခွဲခန့် အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်ကို ကျော်လွန်နေပါတယ်။
ချင်းတွင်းမြစ်ရိုးတလျှောက် ကမ်းနားပိုင်းနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ သတိပြု ရှောင်ရှားကြဖို့လည်း မိုးလေ၀သဌာနက သတိပေးထားပါတယ်။
မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့်အထိ ရောက်ရှိရေကြီးနေတဲ့ မော်လိုက်မြို့ခံတဦးက မြို့ပေါ်ရပ်ကွက် ၁၂ ခုအနက် ရပ်ကွက် ၈ ခု ရေကြီးနေပြီး ရပ်ကွက် ၄ ခုမှာ အမြင့်ပေ ၁၂ ပေခန့်ထိ ရေမြုပ်နေတယ်လို့ ပြောပါတယ်။
“မြို့ရဲ့ ၃ ပုံပုံ ၂ ပုံလောက် မြုပ်နေတယ်၊ မြုပ်နေတဲ့ ရပ်ကွက်တွေက ညောင်ပင်သာ၊ တံတားဦး၊ ကျောင်းမြောက်၊ ကျောင်းတောင်၊ အောင်မင်္ဂလာ၊ စွယ်တော်၊ သရက်ကုန်း၊ အောင်ဇေယျာ၊ ဆိုးတာကတော့ ကျောင်းမြောက်၊ ကျောင်းတောင်၊ တံတားဦး၊ ညောင်ပင်သာ အဲ့ရပ်ကွက်တွေ ဆိုးတယ်၊ ဗိုလ်ချုပ်လမ်းဆို ၁၀ ပေ၊ တချို့နေရာတွေဆို ၁၂ ပေလောက်ထိ မြုပ်နေတယ်။”
လူအသေအပျောက် မရှိပေမယ့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတော့ ရှိတယ်လို့ ဆိုပါတယ်။
မြို့ပေါ် အမြင့်ပိုင်းရပ်ကွက်တွေမှာရှိတဲ့ အမက ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်တွေမှာ အိမ်ထောင်စု ၅၀၀ ကျော် ပြောင်းရွှေ့နေထိုင်ကြရပြီး သက်ဆိုင်ရာက ဆန်နဲ့ ရေသန့် လိုက်ဝေနေတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း မော်လိုက်မြို့မှာ ၅ နှစ်တကြိမ် ၇ နှစ်တကြိမ်လောက် အခုလိုမျိုး ဆိုးဆိုးဝါးဝါး ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးလေ၀သဌာနကတော့ နောက် ၁ ရက်အတွင်း မော်လိုက်မြို့မှာ ပေ၀က်ခန့်၊ နောက် ၂ ရက်အတွင်း ကလေးဝမြို့နဲ့ မင်းကင်းမြို့တို့မှာ ၁ ပေခွဲခန့်စီ၊ မုံရွာမြို့မှာ ၂ ပေခန့် ဆက်လက်တက်လာနိုင်ပြီး အဲ့ဒီမြို့တွေရဲ့  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ သတင်းထုတ်ထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template