Headlines News :
Home » » ကျည်ဆန်တွေကို ကြောက်လန့်ခဲ့ဖူးတယ်၊ အခုတော့ ဘူဒိုဇာကို ကြောက်နေရပြီ

ကျည်ဆန်တွေကို ကြောက်လန့်ခဲ့ဖူးတယ်၊ အခုတော့ ဘူဒိုဇာကို ကြောက်နေရပြီ

Written By Live100 on Friday, October 30, 2015 | 10:18 PM



တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ ဘန်းချောင်း ကျောက်မီးသွေးတွင်း လုပ်ငန်းကို ရပ်တန့်ပြီး တရားမ၀င် တူးဖော်နေသူတွေကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
‘ကျည်ဆန်တွေကို ကြောက်လန့်ခဲ့ဖူးတယ်၊ အခုတော့ ဘူဒိုဇာကို ကြောက်နေရပြီ’ ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထားဝယ်ဒေသခံ လူမှုအဖွဲ့အစည်းတွေ ထုတ်ပြန်လိုက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ထားဝယ်ခရိုင် ဘန်းချောင်းဒေသက ကွမ်းချောင်းကြီးကျေးရွာမှာ တူးဖော်လုပ်ကုန်နေတဲ့ ကျောက်မီးသွေးတွင်းမှာ တူးကုမ္ပကြီးဟာ အာဏာပိုင်တွေ ခွင့်ပြုချက်ပါမစ်မရှိဘဲ လုပ်ဆောင်တာလို့ ထားဝယ်အခြေစိုက် တာကမပေါ် လူငယ်အဖွဲ့က နော်ပီသလောက ပြောပါတယ်။
“အဓိကကတော့ ဒီဘန်းချောင်းဒေသမှာ ကျောက်မီးသွေးတူးတဲ့ တကယ်တမ်း ပါမစ်ရတဲ့ ကုမ္ပဏီက မြန်မာမေဖလားဝါးဖြစ်တယ်။ ဒါပေမယ့် အခု လက်ရှိမြေပြင်မှာ တူးတဲ့ ကုမ္ပဏီက ထိုင်းနိုင်ငံသားပိုင် east sart  ကုမ္ပဏီပေါ့နော်။ ပုံမှန်အားဖြင့် နိုင်ငံခြားသား ရင်နှီးမြှုပ်နှံမှု ပါမယ်ဆိုရင် သတ္တုတွင်းဝန်ကြီးဌာနက သိရမယ်ပေါ့နော်။ ကျမတို့က သတ္တုတွင်းဝန်ကြီးဌာနကို မေးတဲ့အခါမှာ သူတို့က ထိုင်းနိုင်ငံသားလုပ်တဲ့ဟာကို သူတို့မသိဘူးတဲ့။ ဆိုတော့ ခွင့်ပြုချက်မ ရှိဘဲနဲ့ နောက်ခြေမှာ လုပ်တဲ့လုပ်ငန်းဖြစ်တယ်။  ဒါကို ပြီးခဲ့တဲ့ အော်တိုဘာ ၁၅ ရက်နေ့မှာ နေပြည်တော် သတ္တုတွင်းဌာနအရာရှိတွေကို သွားပြောပြတယ်။ သူတို့က လာပြီး စစ်ဆေးပေး မယ်ပေါ့နော်။ ဒါပေမယ့် အခုချိန်ထိ သူတို့ မစစ်ဆေးပေးသေးဘူး။ မလာစစ်သေးတဲ့အချိန်မှာ ကုမ္ပဏီကလည်း လုပ်ငန်းပြန်လုပ်နေပြီ။ ဒါကြောင့် အစိုးရဌာနတွေ မြန်မြန်လာစစ်ဖို့ ကျမတို့တောင်းဆိုတယ်။”
ဒါ့အပြင် လက်ရှိ ကျောက်မီးသွေးတွင်းကြောင့် ဒေသခံတွေ အနှံ့အ သက်ဆိုးဆိုးဝါးဝါးခံစားနေရသလို ကျောက်မီးသွေးတွင်းကနေ ထွက်တဲ့ရေကို အများပြည်သူအ သုံးပြုတဲ့ ချောင်းတွေဆီ သွန်တဲ့အတွက် ဒါကို အရေးယူပေးဖို့ လည်း တောင်းဆိုထားပါတယ်။
East Star ကုမ္ပဏီဟာ  ဘန်းချောင်းရှိ ကွမ်းချောင်းကြီးကျေးရွာရှိ မြေဧက ၆၀ မှာ ဟင်းလင်းဖွင့် ကျောက်မီးသွေး တူးဖော်တဲ့လုပ်ငန်းကို ပြီးခဲ့တဲ့သုံးနှစ်ကတည်းက ဆောင်ရွက်နေပြီး  ဧက ၂၁၀၀ မှာ ဆက်လက်တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဘန်းချောင်း ကျောက်မီးသွေးတွင်းကြောင့် အဲဒီဒေသတ၀ိုက်အတွင်းရှိ ရွာသူရွာသား ၁၆၀၀၀ နီးပါးရဲ့ ကျန်းမာရေးနဲ့ အသက်မွေးမှုတို့ကို ဆိုးရွားစွာ ထိခိုက်စေပါလိမ့်မယ်လို့လည်း သတိပေး ထားပါတယ်။
အဲဒီဒေသမှာ ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်ကြပြီး ငါးဖမ်းတာနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ မှီခိုအသက်မွေးကြကာ တချိန်တခါက ဥယျာဉ်ခြံမြေဖြစ်ခဲ့ဖူးတဲ့ မြေယာတွေလည်း အသိမ်းခံရတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အဲဒီဒေသဟာ အရင်တုန်းက အစိုးရတပ်နဲ့ ကေအန်ယူတပ်တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်း အစိုးရနဲ့ ပဏာမ အပစ်ခတ်ရပ်စဲရေး ယူပြီးနောက် ကုမ္ပဏီတွေဝင်ရောက်လုပ်ကိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေ ကြတယ်လို့လည်း နော်ပီသလောက ပြောပါတယ်။
“အရင်တုန်းကဆိုရင် ဘန်းချောင်းဒေသမှာ စစ်မဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်တယ်။ တော်တော်များများက ဒုက္ခသည်စခန်းမှာ သွားနေရတယ်။ အခုလက်ရှိလည်း ဒုက္ခသည်စခန်းမှာ နေတဲ့သူရှိတယ်။ ဆိုတော့ အရင်တုန်းကဆိုရင် ကျည်ဆန်တွေ ကြားရတဲ့ဒေသလည်း ဖြစ်တယ်ပေါ့။ ၂၀၁၂ အပစ်ခတ်ရပ်စဲတဲ့နောက်ပိုင်းမှာ ကျည်ဆန်တွေကိုတော့ ကျမတို့ မကြားရတော့ဘူး။ ဒါပေမယ့် ကျည်ဆန်နဲ့ အလားသဏ္ဌာန်တူ ဘူဒိုဇာက ကျမတို့ ဒေသကို ၀င်လာတယ်။ ရွာသားတွေကလည်း အမြဲတမ်းပြောတယ်။ ကျည်ဆန်ဆိုလို့ရှိရင် ကျမတို့ ထွက်ပြေးပြီးရင် ပြန်လာရင်တော့ အိမ်နေရာတွေ ရှိသေးတယ်ပေါ့။ ဒါပေမယ့် ဘူဒိုဇာက ပြန်လာရင် အိမ်တွေလည်းမရှိတော့ဘူး။ ခြံတွေလည်းမရှိတော့ဘူးပေါ့နော်။”
ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံအတွင်း အရေးပါဆုံး ဂေဟစနစ်တည်ရှိနေတဲ့ တနင်္သာရီ ဒေသရဲ့ သဘာ၀၀န်းကျင်ကို ထိခိုက်စေရုံသာမက ဥယျာဉ်ခြံမြေတွေကို မျိုးဆက်ပေါင်းများစွာ လွှဲပြောင်းလုပ်ကိုင်လာခဲ့တဲ့ ဘန်းချောင်းရှိ ဌာနေတိုင်းရင်းသား ကရင်လူထုရဲ့ နေထိုင်မှု တရပ်လုံးကိုပါ ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ဒီစီမံကိန်းကို  အရေးပေါ် တုံ့ပြန်ဖြေရှင်းဖို့နဲ့ သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း စီမံကိန်းလုပ်ငန်းကို ရပ်ဆိုင်းထားပေးဖို့ တောင်းဆိုထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template