Headlines News :
Home » » NLD လွှတ်တော်အမတ် မဲဆွယ်စဉ် အကြမ်းဖက် တိုက်ခိုက်သူများကို ဖမ်းဆီးထား

NLD လွှတ်တော်အမတ် မဲဆွယ်စဉ် အကြမ်းဖက် တိုက်ခိုက်သူများကို ဖမ်းဆီးထား

Written By Live100 on Friday, October 30, 2015 | 10:36 PM



 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မဲဆွယ်စည်းရုံးရာတွင် ပါဝင်သူနှင့် စကားများ ရန်ဖြစ်ပြီး ပါတီဝင်များအား ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၃၀

၂၉.၁၀.၂၀၁၅ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်သည့်အဖွဲ့သည် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ မာန်ပြေလမ်းနှင့် မာန်ပြေ(၈)လမ်းထိပ်အရောက်တွင် စည်းရုံးရေးအဖွဲ့မှ တာဝန်ခံတစ်ဦး ကွမ်းယာဆိုင်သို့ ရေ၀င် သောက်စဉ် ဇော်လတ် ဆိုသူနှင့်စကားများပြီး ဇော်လတ်မှ လက်သီးဖြင့် ထိုးပြီး ခုံဖြင့် ရိုက်ခဲ့ကြောင်း၊ ဇော်လတ်မှ နေအိမ်သို့ ပြန်သွားကာ ငှက်ကြီးတောင်ဓါးအား ကိုင်ဆောင်၍ လည်းကောင်း၊ ထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့(၂)ဦးက တုတ်များ ကိုင်ဆောင်၍လည်းကောင်း မဲဆွယ်စည်းရုံးရေးအဖွဲ့ရှိရာ မာန်ပြေ(၉)လမ်းထိပ်သို့ လိုက်ပါလာပြီး ဆဲဆိုကာ မဲဆွယ်စည်းရုံးသည့် အဖွဲ့သားများအား ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်ခဲ့၍ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၁)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း
ဖြစ်သူ ဦးနိုင်ငံလင်း၊ ရပ်/ကျေးအလုပ်အမှုဆောင် ဦးကျော်သူနှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စား လှယ်လောင်း၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများရရှိခဲ့ကြကြောင်း၊ ယင်းသို့ကျူးလွန်သူများကို အရေးယူပေးရန် သာကေတမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါ်ချိုချိုမှ တိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆/ ၃၂၃/၂၉၄/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဦးနိုင်ငံလင်းတွင် နဖူးဝဲဘက်နှင့် ၀ဲ/ယာ လက်နှစ်ဖက်တို့တွင် ပြတ်ရှဒဏ်ရာ များနှင့် ဦးကျော်သူတွင် ယာလက်ဖ၀ါး၌ ပြတ်ရှဒဏ်ရာတို့ရရှိခဲ့သဖြင့် ၎င်းတို့(၂)ဦးမှာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသလျက်ရှိပြီး ဒေါ်သန္တာမော်တွင် ၀ဲလက်မောင်း၌
နာကျင်ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ သာကေတမြို့နယ်နေသူများဖြစ်သည့် ဇော်လတ်၊ (၄၀)နှစ်၊ ထက်ကို(ခ)ထက်အောင်လှိုင်၊ (၂၄)နှစ်နှင့် မင်္ဂလာဒုံမြို့နယ်နေ မျိုးမင်းခိုင်၊ (၂၆)နှစ်တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များသည် မော်တော်ယာဉ် များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်ရာမှ ပြန်လာစဉ် မာန်ပြေလမ်းနှင့် မာန်ပြေ(၈)လမ်းထိပ်အရောက် မဲဆွယ်စည်းရုံးရာတွင်ပါရှိသည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့မှ ကွမ်းယာဝင်ဝယ်စဉ် ဇော်လတ်
ရောက်ရှိလာပြီး ၎င်းအား ဦးစွာကွမ်းယာထုပ်ပေးရန်ပြောဆိုရာမှ ၎င်းတို့ စကားများကြကာ စတင်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကိုအောင်ကျော်ကျော်မှ သွားရောက်ဖြန်ဖြေတားဆီးစဉ် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန်ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာ
တွင် ဇော်လတ်မှာ ငှက်ကြီးတောင် ဓါးအား ကိုင်ဆောင်၍ ၎င်းနှင့်အတူထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့မှ တုတ်များကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆိုရန်မူခဲ့ကြသဖြင့် ၀င်ရောက်ဖြန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ဇော်လတ်၏ဖခင်မှာလည်း ယခုလက်ရှိ သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကွက် စည်းရုံးရေး အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

Yangon Police
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template