Headlines News :
Home » » မောင်းမကန် ကမ်းခြေသဲသောင်ပြင်တွင် စားသောက်ဆိုင်အချို့ မြေနီခင်းထားမှုအပေါ် ဒေသခံများကြား ဝေဖန်မှုမြင့်တက်

မောင်းမကန် ကမ်းခြေသဲသောင်ပြင်တွင် စားသောက်ဆိုင်အချို့ မြေနီခင်းထားမှုအပေါ် ဒေသခံများကြား ဝေဖန်မှုမြင့်တက်

Written By Live100 on Saturday, November 21, 2015 | 9:54 PM




မောင်းမကန်ကမ်းခြေ သဲသောင် ပြင်တွင် စားသောက်ဆိုင်အချို့ မြေနီခင်းထားခြင်းကြောင့် ကမ်းခြေ သဲသောင်ပြင် သဘာဝအလှ ပျက်စီးသွားခဲ့သည်ဟုဆိုကာ ဒေသခံ များကြား ဝေဖန်ပြောဆိုလျက် ရှိသည်။
ကမ်းခြေသဲသောင်ပြင်တွင် မြေနီ ခင်းထားခြင်းကြောင့် သဘာဝအလှ ပျက်စီးသည့်အပြင် ကျန်းမာ ရေးအတွက် သန့်ရှင်း လတ်ဆတ်သည့် လေကောင်း လေသန့် မရှူရတော့ဘဲ ဖုန်ထသည့် အတွက် ဖုန်မှုန့်များကိုသာ ရှုရှိုက်နေရ မည်ကို စိုးရိမ်ကြောင်း မောင်းမကန် ကမ်းခြေသို့ အမြဲသွားပြီး အပန်းဖြေ လေ့ရှိသည့် ထားဝယ်မြို့ပေါ်မှ ဒေသခံ တစ်ဦးက ဆိုသည်။
]]လေကောင်းလေသန့် ရှူရမယ့် အစား ဖုန်တထောင်းထောင်း ထနေတဲ့ လေတွေပဲ ရှူရှိုက်ရတော့မယ် ထင်တယ်}}ဟု အသက် ၄၀ အရွယ် ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။
ယင်းသို့ မြေနီခင်းခြင်းသည် သဘာဝအတိုင်းလှပနေသည့် ကမ်းခြေ ကို ဖျက်ဆီးရာ ရောက်နေပြီး စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးနိုင်မည့် အပြုအမူ နှင့် အဆောက်အဦးပုံစံမှအစ ထိန်းသိမ်း ကြပ်မတ်သင့်သည်ဟု ၎င်းက ဆက် ပြောသည်။
ကမ်းခြေ၌ ယင်းသို့ မြေနီ ခင်းခြင်း မှာ ဆိုင်ကယ်၊ ကားများ ဘီး မနစ်ဘဲ ဝင်ထွက် သွားလာ နိုင်ရန် ဖြစ်ကြောင်း  ဆိုင်ရှေ့တွင် မြေနီခင်းထားသည့် စား သောက်ဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။
]]သဲသောင်ပြင်မှာ မြေနီခင်းလိုက် လို့ သဘာဝအလှ ပျက်စီးသွားမယ်လို့ မတွေးမိဘူး}}ဟု ၎င်းက ပြောသည်။
သဲသောင်ပြင်တွင် မြေနီခင်း လိုက်ခြင်းကြောင့် သဘာဝကမ်းခြေအလှ ပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်တွေ သည်လည်း ဆိုင်များ၏ အနောက် ဘက်မှာပဲ ရှိသင့်ကြောင်း မောင်းမကန် ကမ်းခြေအနီး ဖွင့်လှစ်ထားသည့် ကိုကိုးလ်နတ် ဧည့်ရိပ်သာမှ ဒေါ်ဇင်မာ အေးက ဆိုသည်။
]]သဘာဝ သဲသောင်ပြင်ပဲ ဖြစ်သင့် တယ်}}ဟု ၎င်းက ပြောသည်။
ကမ်းခြေရှိ စားသောက်ဆိုင်များကို ဘန်ဂလိုရှေ့ ခြံစည်းရိုးမှ ပေ ငါး ဆယ်အတွင်းသာ ဆောက်လုပ်ခွင့် ပေး ထားပြီး ယခုကဲ့သို့ မြေနီခင်းနေခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်း မောင်းမကန် ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ(ရပ်^ကျေး)မှ သိရသည်။
စည်းကမ်း ထိန်းသိမ်းရေး ကော် မတီအနေနဲ့ တင်ပြခွင့်သာရှိပြီး အရေး ယူဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး}}ဟု စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးယူသိန်းက ပြောသည်။
ယင်းကိစ္စအား သိရှိခြင်းမရှိသေးဘဲ ကော်မတီမှ ကွင်းဆင်းစစ်ဆေးပြီး အကြောင်းအရာပေါ် ချိန်ညှိကာ ပြန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (မြို့နယ်) အတွင်းရေးမှူးက ပြောသည်။
ကွင်းဆင်းစစ်ဆေးပြီး မြို့နယ် ကော်မတီကို တင်ပြသွားမယ်ဟုမြို့နယ် ကော်မတီအတွင်းရေးမှူး လောင်းလုံး မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦး ထွန်းမြင့်က ပြောသည်။
သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှ တရားဝင်ထုတ်ပြန်ထားသည့် မြေပုံအရ ကမ်းခြေစားသောက် ဆိုင် တန်းရှေ့နှင့် သဲသောင်ပြင်ကြားတွင် ကားလမ်းပါရှိသည်ဟု အထက်ပါ မြေပုံ အရ သိရသည်။
Dawei watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template