Headlines News :
Home » » သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ သွားရောက်

သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ သွားရောက်

Written By Live100 on Friday, November 20, 2015 | 10:43 PM

သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ရောက်ရှိစဉ်။ (ဓာတ်ပုံ - ရဲထွဋ်ဖေ့စ်ဘွတ်ခ်)

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်က ထွက်ခွာသွားပါတယ်။
နေပြည်တော်ကနေ ဒီကနေ့မနက် ၉ နာရီလောက်က မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်နဲ့ ထွက်ခွာသွားတာဖြစ်ပြီး ဒု-သမ္မတ စိုင်းမောက်ခမ်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က လိုက်ပါပို့ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင် မြန်မာ့ရုပ်သံက ထုတ်လွှင့်သွားပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မလေးရှားနိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
အစည်းအဝေးကျင်းပမယ့် မြို့တော်ကွာလာလမ်ပူမှာ အိုင်အက်စ် အသေခံဗုံးခွဲ အကြမ်းဖက်သမား ၁၀ ဦး ရောက်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်နေတာကြောင့် စစ်သည်အင်အား ၂၀၀၀ လောက်နဲ့ ရဲတွေအပါအ၀င် လုံခြုံရေးအလုံးအရင်း ချထားပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာအပါအ၀င် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့  အမေရိကန်သမ္မတ အိုဘားမား အပါအ၀င် သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေတာပါ။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template