Headlines News :
Home » » တနင်္သာရီတွင် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသည့် အထူးရဲ ၄၀ ကျော်ရှိ

တနင်္သာရီတွင် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသည့် အထူးရဲ ၄၀ ကျော်ရှိ

Written By Live100 on Friday, November 20, 2015 | 9:29 PM


|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၁၈
၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတစ်ထောင်ကျော်အနက် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူ  ၄၀ ကျော်ရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
အထူးရဲ ၁၁၇၀ ဦးအနက် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ၁၅ ဦးနှင့် မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ၃၃ ဦး လျှောက်ထားကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ကနဦးလျှောက်ထားသည့် မြိတ်မြို့မှ အထူးရဲ ၇ ဦးနှင့် ပုလောမြို့မှ ၃ ဦး စုစုပေါင်းမှာ မော်လမြိုင် တက္ကသိုလ် စိတ်ပညာ ဌာနတွင် စစ်ဆေးခံရန် သွားရောက်လျက်ရှိပြီး စစ်ဆေးချက် အောင်မြင်လျှင် ရဲသင်တန်းကျောင်းတွင် သင်တန်း တက်ရ မည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
"ထပ်မံလျှောက်ထားသူ ၅ဦးရှိတယ်၊ ထားဝယ်မြို့ ၂ဦး၊ ကျွန်းစုမြို့က  ၃ဦး"ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ရဲတပ်ဖွဲ့သို့ ၀င်ရောက်မည့်သူသည် အသက် ၃၀နှင့်အောက်ရှိသူ အနည်းဆုံး ပညာအရည်အချင်း အဌမတန်း အောင်မြင်သူ များကိုသာ ရွှေးချယ်ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိအချိန်တွင် တိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀၈၇ဦးရှိပြီး ပြည်သူ ၁၂၈၇ဦးလျှင် ရဲတပ်ဖွဲ့ဝင် ၁ ဦး(၁၂၈၇း၁)ဖြင့် တာဝန် ထမ်းဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သို့ ၀င်ရောက်ရန် လျှောက်ထားသည့် အထူးရဲ ၃၃ဦး အပြင်  မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် သည့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ၁၇ဦးမှာလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန်လျှောက်ထား ကြောင်း  တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးထံမှ သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template