Headlines News :
Home » , , » မိုးညှင်းမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာသို့ နယ်မြေရှင်းလင်းရေး သွားသည့် တပ်မတော်သာ ၅၀ ဦး စခန်းသို့ ပြန်မရောက်သေး

မိုးညှင်းမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာသို့ နယ်မြေရှင်းလင်းရေး သွားသည့် တပ်မတော်သာ ၅၀ ဦး စခန်းသို့ ပြန်မရောက်သေး

Written By Live100 on Wednesday, November 18, 2015 | 6:36 PM

 ကချင်ပြည်နယ် မိုးညှင်းမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာ တောင်ကုန်းတွင်
နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန်သွားသည့် ခလရ ၁၅ မှ တပ်မတော်သား ၅၀
ဦးမှာ စခန်းသို့ နိုဝင်ဘာ ၁၈ ရက်ထိ ပြန်လည် မရောက်ရှိသေးကြောင်း ၎င်းတို့
မိသားစုဝင်များထံမှ သိရှိရရသည်။

“၁၅ ရက်က ညမိုးချုပ်တဲ့အထိ ပစ်နေသံတွေ ကြားနေရတယ်။ ခဏကြာတော့
ဟပ်စကီးတစ်စင်း ရောက်လာတယ်။ ဟပ်စကီးကို အောက်ကနေ နှစ်ချက်ပစ်
လိုက်တော့ လှည့်ပြန်သွားတယ်။ ခဏကြာတော့ တိုက်လေယာဉ် လေးစီး
ရောက်လာပြီး ပစ်သွားတာ မြင်လိုက်ရတယ်။ တိုက်ပွဲကတော့ ၁၆ ရက်နေ့ ည ၆
နာရီလောက်မှာ ပြီးသွားတယ်။ နယ်မြေရှင်းလင်းရေးသွားတဲ့ တပ်မတော်သားတွေ
ပြန်ရောက်လာတာတော့ မတွေ့ရသေးဘူး” ဟု ခလရ ၁၅ မိသားစုဝင် တစ်ဦးဖြစ်သူ
မနန်းနန်းကပြောသည်။

မိုးညှင်းမြို့အနီး ပတ်ဝန်းကျင်တွင် KIA အဖွဲ့များက မိုင်းထောင်ခြင်း၊ လူသစ်
စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်နေသဖြင့် တပ်မတော်
စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်
လျှက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်စဉ် နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၂း၁၀ နာရီ ခန့်တွင် မိုးညှင်းမြို့
အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ တောင်ကုန်းအား ရှင်းလင်းစဉ် ၎င်းတောင်
ကုန်း၌ အခြေပြုနေသော KIA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများမှာ ကချင်အမျိုးသား လွတ်မြောက်ရေးတပ် (KIA)နှင့် မိုးညှင်း
လူထုအကြား အဆက်အသွယ် ဖြတ်ရန် တပ်မတော်၏ ကြိုးပမ်းမှုဖြစ်ပြီး လက်ရှိ
တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် ညှိနှိုင်းရန် မရှိသေးကြောင်း ကချင်
လွတ်မြောက်ရေးအဖွဲ့(KIO)၏ နည်းပညာ အကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက
ပြောလိုက်သည်။
“လောလောဆယ် အခြေအနေ အရတော့ အစိုးရနဲ့ ညှိနှိုင်းလို့မရနိုင်ဘူး။ လက်ရှိ
သမ္မတဦးသိန်းစိန်အနေနဲ့ ကလည်း တာဝန်ခံမှုတွေ မလုပ်ပေးနိုင်ဘူး။ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း အဲဒီအတိုင်း
ပဲ။ အစိုးရအနေနဲ့ ဘာလုပ်ပေးမယ်ဆိုတာ အားလုံး လက်ခံနိုင်တဲ့အခြေအနေနဲ့
ညှိနှိုင်းပေးမယ် ဆိုလို့ရှိရင် တိုက်ပွဲဖြစ်စရာ အခြေအနေ လုံးဝမရှိဘူး”ဟု ဦးဒေါင်ခါး
က ပြောသည်။

မိုးကောင်းမြို့နယ် ဒေသခံများ၏ ပြောဆိုချက်အရ KIA နှင့် အစိုးရတပ်မတော်တို့
တိုက်ပွဲဖြစ်ရခြင်း အကြောင်းမှာ မိုးကောင်းမြို့နယ်ရှိ ကျောက်မှော်များ အတွင်းမှ
သရက်မှော်တွင် ကချင်လွတ်မြောက်ရေးတပ်၏ တပ်မ ၈ က ထိန်းချုပ်ထားကြောင်း
သတင်းရရှိသဖြင့် တပ်မတော်တပ်ရင်း ၃၈၆ က နိုဝင်ဘာ ၁၂ ရက်တွင် နယ်မြေရှင်း
လင်းရေး ပြုလုပ်ရာမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း သိရ
သည်။

သတင်း - MMK
The Ladies News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template