Headlines News :
Home » » မန်း NLD က ပါတီအမှတ်တံဆိပ် စာသားများအား သုံးလအတွင်း အသုံးမပြုရန် အသိပေးစာထုတ်ပြန်

မန်း NLD က ပါတီအမှတ်တံဆိပ် စာသားများအား သုံးလအတွင်း အသုံးမပြုရန် အသိပေးစာထုတ်ပြန်

Written By Live100 on Sunday, November 15, 2015 | 5:41 PM



 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တံဆိပ်အမှတ်အသားပါသည့် လွယ်အိတ်၊
တီရှပ်စသည့် အသုံး အဆောင်များကို သုံးလအတွင်း အသုံးမပြုကြရန်
အများပြည်သူသို့ အသိပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီရုံး၏ ဗဟိုညွန်ကြားချက်အရ ယခုကဲ့သို့
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ရဲ့ အနာဂတ် အေးချမ်းတည်ငြိမ်ဖို့ ကြိုးစားနေချိန်မှာ မလိုလားအပ်တဲ့
ပြသ၁နာတွေ ဖြစ်လာမှာ စိုးရိမ်တယ်။ မဖြစ်ခင်က ကြိုတင်တားဆီးရမှာပါ” ဟု
ဦးတင်ထွဋ်ဦးက ပြောသည်။

လက်ရှိ အနေအထားအရ အစိုးရအသစ် ဖွဲ့စည်းမှု မလုပ်ခင်အချိန်အထိ မလိုလား
အပ်သော ပြသ၁နာများ မဖြစ်ပွားစေရန် သတိထားသင့်သော အချက်ဖြစ်ခြင်း၊
တည်ငြိမ်အေးချမ်းမှုလည်း လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် အချို့ဈေးများတွင်
NLD အမှတ်တံဆိပ် ပါသည့် အနီရောင်တီရှပ် အမြောက်အမြား ၀ယ်ယူသွားကြောင်း
သတင်းများအရ ယင်းကဲ့သို့ အသိပေး ထုတ်ပြန်ထားသည်ဟု ဆိုသည်။

“မြို့နယ်အောင်နိုင်ရေး အဖွဲ့တွေကိုလည်း အသိပေးစာတွေ ဖြန့်ဝေဖို့
ညွန်ကြားထားတယ်။ မြို့နယ်အလိုက် ဝေငှနေပါပြီ။ ပြည်သူတွေအနေနဲ့လည်း
သုံးလတာ စောင့်ဆိုင်းရမယ့် ကာလအတွင်း အသုံးမပြုဖို့ တိုက်တွန်းချင်ပါတယ်”ဟု
၎င်းက ဆက်လက်ပြောသည်။

ကြေညာချက် စောင့်ဆိုင်းနေရသည့် ကာလအတွင်း မသမာသူအချို့က NLD
တီရှပ်များ ၀တ်ဆင်ကာ ပြသ၁နာ ဖန်တီးလာနိုင်ပြီး ထိုပြသ၁နာများကို
အကြောင်းပြု၍ ငယ်သောအမှု ကြီးလာစေမည့် ကိစ္စများ ပေါ်ပေါက်လာနိုင်ခြင်း
ကြောင့် NLD အမှတ်အသားပါသည့် အသုံးအဆောင် ပစ္စည်းများကို သုံးစွဲ
ကိုင်ဆောင်သူတိုင်း အဖွဲ့ဝင် မဖြစ်နိုင်၍ ထိုအန္တရာယ်များကို ကြိုတင်ကာကွယ်သည့်
အနေဖြင့် စောင့်ကြည့်ရန်လိုကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်း - MMK
The Ladies News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template