Headlines News :
Home » » မြို့နယ်ရဲမှူး အမည်သုံး၍ ဖုန်းဘေလ် လိမ်ဖြည့်ခိုင်းမှု ထားဝယ်ဒေသကို ပျံနှံ့လာ

မြို့နယ်ရဲမှူး အမည်သုံး၍ ဖုန်းဘေလ် လိမ်ဖြည့်ခိုင်းမှု ထားဝယ်ဒေသကို ပျံနှံ့လာ

Written By Live100 on Monday, November 16, 2015 | 8:54 PM


 ထားဝယ်၊ နိုဝင်ဘာ ၁၆
မြို့နယ်ရဲမှူးအမည်သုံးကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖုန်းဘေလ် လိမ်လည်ဖြည့်ခိုင်းမှုသည် မြိတ်ဒေသမှ ထားဝယ် ဒေသအထိ ပျံ့နှံ့လာကြောင်း ဖုန်းဘေလ်ဖြည့်ပေးလိုက်ရသည့် ရေဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်မှူးတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ရေဖြူမြို့နယ်ရဲမှူးဟုဆိုကာ ဖုန်းဆက်၍ ဖုန်းဘေလ်ဖြည့်ပေးရန် ပြောခဲ့သည့် အတွက် ဖုန်းငွေ ၂ သိန်းကျော် ဖြည့်ပေးခဲ့ရပြီး နောက်မှ မြို့နယ်ရဲမှူးမဟုတ်သည်ကို သိခဲ့ရသည်ဟု ရေဖြူမြို့၊ (က ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရှိန်ဝင်းက ပြောသည်။
“ဖုန်းလာတာ က မနက် ၈ နာရီခွဲလောက်ရှိပြီ။ ရဲမှူးသက်လွင်ဆိုပြီး ဖုန်းကတ် အကူအညီ တောင်းမလို့ဆိုပြီး ပြောတယ်။ ခရိုင်ရဲမှူးရောက်နေလို့ ဆိုပြီး ပြောတယ်။ တပ်ဖွဲ့ဝင်တွေကို ဖုန်းကတ်ဝေပေးချင်လို့ ငွေဖြည့်ပေးဖို့ ပြေတော့ ဖုန်းကတ် ရောင်းတဲ့ တူမကို ပြောပြီး ကျွန်တော်က အပြင်သွားရှိလို့ ထွက်လာခဲ့တယ်။ နေ့လည် ၁၁ နာရီခွဲလောက် ပြန်ရောက်တော့ ၂သိန်းကျော်ပို့ပေးပြီး နေပြီ” ဟု ဦးဝင်းရှိန်က ဆိုသည်။
၎င်းနောက် အနီးအနားတွင်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ မြို့နယ်ရဲမှူးအသစ် ရဲမှူး သက်လွင်ထံသို့ ဖုန်းဆက်ရာ ၎င်းမှ အကူအညီတောင်းခံခြင်း မရှိကြောင်း သိရှိခဲ့ရပြီး လူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ရာ ရဲမှူးက ၎င်းမဟုတ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဝင်းရှိန်က ဆိုသည်။
ရဲမှူးနှင့် တွေ့ဆုံပြီးနေအိမ်သို့ ပြန်လာသည့်အခါ ဖုန်းလိမ်ဆက်သည့် ဖုန်းနံပါတ်မှ ဖုန်းဘေလ်နှစ်သိန်း ထပ်လိုသေးသည်ဟု ပြောသဖြင့် ကိုယ်တိုင်လာပေးမည်ဟု ပြောရာ ဖုန်းချသွားခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့အတူ ရေဖြူမြို့ (ခ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ယင်းသို့ ဖုန်းဆက်၍ ရဲမှူးအမည်ပြောကာ ဖုန်းဘေလ်ဖြည့်ပေးရန် ပြောဆိုမှုရှိခဲ့သော်လည်း ဖုန်းဆက်ချိန်တွင် ရဲတပ်ဖွဲ့ဝင်အချို့ရှိနေပြီး ယင်းရဲတပ်ဖွဲ့ဝင်များက မြို့နယ်ရဲမှူးအသစ်၏ ဖုန်းနံပါတ်ကို သိနေသည့်အတွက် ဖုန်းဘေလ်မဖြည့်ပေးဖြစ်ခဲ့ဟု သိရကြောင်း ဦးဝင်းရှိန်က ပြောသည်။.
ပြီးခဲ့သည့် နှစ်လခန့်ကလည်း မြိတ်မြို့ပေါ်ရပ်ကွက်အချို့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ မြိတ်မြို့နယ်ရဲမှူး အမည်ကို အသုံးပြု၍ ဖုန်းဘေလ်အကူအညီတောင်းခံခဲ့ဖူးရာ ငွေဖြည့်ကတ်များကို ကို ၇သောင်းကျပ်မှ တစ်သိန်းခွဲကျပ်အထိ ဖြည့်ပေးခဲ့ရသည့် အုပ်ချုပ်ရေးမှူး ၅ ဦးခန့်အထိ ရှိခဲ့ဖူးကြောင်း သိရသည်။
|Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template