Pages

Saturday, April 25, 2015

ဆိုက္ကားသမားများကို မှောင်ရိပ်ခိုမှုနှင့် ကမာရွတ်တရားရုံးက တရားစွဲဆို

 
လှည်းတန်းဈေးအနီးတွင် ဆိုက္ကားနင်းစားနေသော ဆိုက္ကားသမား များကို ကမာရွတ်ရဲစခန်းမှ မှောင်ရိပ်ခိုမှု နှင့် ဖမ်းဆီးပြီး တရားရုံးက ထောင် ၁၅ ရက်ချခဲ့မှုနှင့်ပတ်သက်ပြီး ဧပြီ ၂၅ ရက် နေ့က မြန်မာဂျာနယ်လစ်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဆိုက္ကားနင်းသူ ကိုအာကာမင်းထက်က ''ကျွန်တော်လှည်းတန်းဈေးရှေ့မှာ ဆိုက္ကား နင်းတာ ၃ နှစ်နဲ့ ၇ လရှိပါပြီ။ ကျွန်တော်တို့ ဆိုက္ကားဂိတ်ကို နယ်ထိန်းမင်းမင်းဇော် သိပါတယ်။ ရဲက ဧပြီ ၃ ရက်နေ့မှာ အရပ်ဝတ်တွေနဲ့ ကျွန်တော်ဂိတ်ကိုလာပြီး ကျွန်တော်တို့ကို ဖမ်းတယ်။ နောက်နေ့ မနက် ရုံးတင်ပြီး ဖမ်းဆီးခံရတဲ့ ၄ ယောက်အနက် ၂ ယောက်ကို ထောင် ၁၂ ရက်ကျလိုက်တယ်။ ကျန် ၂ ယောက်က အပြစ်မရှိဘူး ငြင်းဆန်တဲ့ အတွက် ရုံးချိန်းနဲ့ အာမခံပေးထားတယ်''ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက ''ကျွန်တော် တို့ကို ဖမ်းဆီးတဲ့အချိန်မှာ ရဲတွေက ဒီလှည်းတန်းဈေးရှေ့မှာ ဖောက်ထွင်းခိုးယူ မှုတွေ ဖြစ်နေတာ မင်းတို့ မသိဘူးလား မေးတယ်။ ကျွန်တော်တို့က မသိဘူး၊ ကျွန်တော် ဒီမှာ ဆိုက္ကားဂိတ်မှူးကို အမည်၊ မှတ်ပုံတင်နံပါတ်ပေးပြီး အိပ်ပါတယ်လို့ပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကိုလိုက်ခဲ့ဆိုပြီး ဖမ်းတယ်။ ဒီအနီးနားမှာ ဖုန်းဆိုင်တွေ ၄ ဆိုင်လုံး အခိုးခံရတဲ့ အချိန်ကျမှ ကျွန်တော်တို့ကို လာဖမ်းတယ်။ အရင်အိပ်နေတုန်းက သူတို့ လှည့်ကင်းလှည့်ချိန်မှာလည်း တွေ့နေတာပဲ။ ဘာဖြစ်လို့ သူခိုးကို မဖမ်းဘဲ ကျွန်တော်တို့ကို လာဖမ်းရတာလဲ မေးချင်တယ်''ဟု ပြောသည်။
၎င်းနှင့်အတူ အဖမ်းခံရသော ကိုသက်ပိုင်ထူးက ''ကျွန်တော်တို့ကို အာမခံပေးဖို့ တယောက်ကို ၂ သိန်း ၈ သောင်း လောက်ပေးခိုင်းတယ်။

တရားသူကြီးကို ၅၀၀၀၀ိ/၊ အာမခံလိုက်ပေးသူကို ၃၀၀၀၀ိ/၊ ကျွန်တော်တို့အတွက် အာမခံလိုက်ပေးသူကို ကျွန်တော်တို့ လုံးဝမသိဘူး။ ကျွန်တော်တို့ owner က အာမခံလိုက်ပေးမယ်ဆိုတော့ မရဘူး။ သူတို့က အာမခံလုပ်စားနေတဲ့ သဘောရှိတယ်။ အခု ရုံးချိန်းကို ၂၉ ရက်နေ့ ပြန်ချိန်းတယ်။ နောက်တချက် ထူးခြားတာက နယ်ထိန်းမင်းမင်းဇော်ထောင်းထားတဲ့ ဆိုက္ကားကိုနင်းတဲ့သူကျတော့ လှည်းတန်း (၇)လမ်းနေတယ်ဆိုပြီး ပြန်လွှတ်တယ်။ ဒါ မတရားခံရတာ''ဟု ပြောသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မူဆယ်ရှိ မြ၀တီဘဏ် သေနတ်ဖြင့် (၄၄)ချက် ပစ်ခံရ

 
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြ၀တီဘဏ်ကို အမည်မသိ သေနတ်သမား(၂)ဦးမှ လက်နက်ဖြင့် (၄၄)ချက် ပစ်ခတ်သွားမှု ယနေ့ ဧပြီလ(၂၅)ရက် နံနက်(၄)နာရီဝန်းကျင် မူဆယ်မြို့မရဲစခန်းမှ သိရသည်။

“နံနက်(၄)နာရီ ပတ်ဝန်းကျင်မှာ လူနှစ်ဦးက လက်နက်တွေနဲ့ ပစ်ခတ်သွားတာပါ အမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းဆဲဖြစ်ပါတယ်..”ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်အောင်လင်းထွန်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့ မြ၀တီဘဏ်အား နံနက်အချိန်တွင် လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ၀င်ရောက်၍ လက်နက်ဖြင့် (၄၄)ချက် ပစ်ခတ်သွားခြင်းဖြစ်ပြီး၊ တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ အမှုအား ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း နှင့် အမှုနှင့် ပတ်သက်၍ အထက်သို့ ဆက်လက် တင်ပြထားကြောင်းအပြင် မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်သွားခြင်းအား မသိကြောင်း ၎င်းထံမှ သိရသည်။

“ဘယ်အဖွဲ့မှန်းတော့မသိဘူး သေနတ်နဲ့ လာပစ်သွားတာ ဘဏ်ဓါးပြတိုက်တဲ့ ပုံစံလဲမဟုတ်ဘူး ခြိမ်းခြောက်တဲ့ပုံစံဘဲ၊ ဒီနေ့က ဘဏ်ပိတ်ရက်လည်း ဖြစ်နေသလို ဒီလို ကိစ္စတွေက ဒီဒေသမှာ ဖြစ်လေ့ရှိတာမို့ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး..”ဟု မူဆယ်မြို့ ဒေသခံတစ်ဦးမှပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦ မှန်များကွဲကာ နံရံများတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှလည်း မူဆယ်မြို့ရှိဘဏ်များသို့ ဆက်ကြေးတောင်းသည့် စာများအား လွန်ခဲ့သော မတ်လအတွင်းက ပို့ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သတင်း။ ။ ‪ဇက်‬(Z)
ဓါတ်ပုံ။ ။ အင်တာနက်
‎TachileikNewsAgency‬

ထိုင်းမြန်မာနယ်စပ်တွင် စိတ်ကြွမူးယစ်ဆေး ၈ သိန်းကျော်ဖမ်းမိ Maesot drug 3

 Maesot drug 3
ထိုင်းမြန်မာနယ်စပ်နဲ့ ကိုက် ၂၀၀ အကွာ ထိုင်းဘက်ခြမ်းမှာ ယာဘ စိတ်ကြွရူးသွပ်ဆေး အလုံးရေ ၈၈၀,၀၀၀ ကျော်ကို  ထိုင်းလုံခြုံရေး အဖွဲ့က  ဧပြီလ ၂၄ ရက် ညနေပိုင်းက ဖမ်းဆီးမိပါတယ်။
ထိုင်းစစ်တပ် နယ်စပ်အခြေစိုက် လုံခြုံရေး ကင်းလှည့်နေချိန်မှာ မသင်္ကာစရာ လူ၂ယောက်ကို စစ်ဆေးဖို့ ခေါ်ယူရာမှာ အစစ်မခံဘဲ သေနတ် ၂ ချက်ဖောက်ထွက်ပြေးသွားတဲ့ အတွက် သူတို့နောက်လိုက်ရာကနေ နေလှမ်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတာပါ။
မသင်္ကာစရာ လူ ၂ ဦးကတော့ မြ၀တီမြို့မြောက်ဖက် သောင်ရင်းမြစ်ဘက်ကို ထွက်ပြေး တိမ်းရှောင် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အခု မူးယစ်ဆေး ဖမ်းမိတဲ့ ဖြစ်စဉ်မှာ ဆေးဝါး ပိုင်ဆိုင်သူကို ဖမ်းမမိပေမယ့် ထိုင်း မြေပိုင်ရှင်ရဲ့ ဘဏ်ငွေအဝင်အထွက်၊ နေ့စဉ်အသုံးပြုတဲ့ ဝင်ငွေထွက်ငွေတွေကို စစ်ဆေးပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သတ်မှုရှိမရှိ ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းတပ်မမှူး ဗိုလ်ချုပ်နဖဖေါ လမ်းချမ်းက ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးတွေကို ထိုင်း- မြန်မာတာဝန်ရှိသူတွေနဲ့ နယ်စပ် အခြေစိုက်မူးယစ်ဆေးကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့် တိုက်ဖျက် သွားမယ်လို့လည်း ပြောပါတယ်။
DVB

အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို – မေးမြန်းချက်

nzl
ရွေးကောက်ပွဲဝင်ဖို့အတွက် လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ရထားတာတဲ့ပါတီပေါင်း ၇၁ ပါတီရှိနေပြီး မှတ်ပုံတင်လျောက်ထားဆဲပါတီ ၁၇ ပါတီရှိနေပါတယ်။ ပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးရက်က ဧပြီ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ထပ်ပါတီတွေ ထပ်မံလျောက်ထားမယ့် အလားအလာတွေလည်းရှိနေပါတယ်။ ဒီထဲက အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီလို့ သတင်းတွေထွက်ပေါ်နေပြီး လူတွေ စိတ်ဝင်စားနေတဲ့ အမျိုးသားပါတီက နာယက ဦးနေဇင်လတ်ကို ဒီဗွီဘီ ကသီးသန့်မေးမြန်းထားပါတယ်။
အသစ်ဖွဲစည်းလိုက်တဲ့ ပါတီနာမည်ဘယ်လိုပေးထားလဲ၊ ဥက္ကဋ္ဌအဖြစ်ကော ဘယ်သူက တာဝန်ယူထားပါလဲ။
“ပါတီနာမည်ကတော့ National Party ဗျ။ အမျိုးသားပါတီပေါ့နော်။ အဲ့တာလောက်တော့ ကျနော်ပြော လို့ရတယ်။ နောက်သူတို့ဘာသူတို့ ဥက္ကဋ္ဌ ကဘယ်သူ ဒု-ဥက္ကဋ္ဌက ဘယ်သူဆိုတာ သတ်မှတ်ထားတာတော့ ရှိတယ်။ ကျနော်ကတော့ အခုချိန်မှာ ပါတီဖွဲ့စည်းခွင့်မကျသေးတော့ကြိုပြောလို့ မကောင်းသေးဘူး။ သတင်း ထွက်သွားတာက ကျနော်က နာယက၊ နာယကကနေပြီးတော့ ဥက္ကဋ္ဌနဲ့များ မှားနေကြလားမသိဘူး၊ ကျနော်ထောင်တဲ့ပါတီပဲဖြစ်နေကြတယ်။ မှားတယ်ဗျ။”
ပါတီဝင်ဦးရေ ဘယ်လောက်ရှိမလဲ။
“သူတို့ပြောတာကတော့ သူတို့အစီစဉ်လေးကကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့  ဒီသင်တန်းကလည်း Master level လောက်ထိတတ်ထားပြီးပြီ နဂိုကတည်းကလည်း ပြင်ပအတွေ့အကြုံကိုသူတို့ အားကောင်းခဲ့တဲ့ သူတွေဖြစ်တာကြောင့် သူတို့ တကယ့် well structure လုပ်ထားပါတယ်။ အဲ့တော့ ကျနော်ကတော့ သူတို့ guide ပဲလုပ်ပေးရတာပေါ့ဗျာ။ ဥပမာအားဖြင့် ရွေးကောက်ပွဲကော်မရှင် ကနေပြီးတော့ တရားဝင်မကျသေးတဲ့ အချိန်မှာတော့ ကြိုပြီး သတင်းပေးတာတော့မကောင်းဘူး။ အဲ့တာဆိုရင် ပါတီစည်းကမ်းဖောက်ဖျက်ရာ ကျမယ်။ အဲ့တော့ ကျလာလို့ရှိရင်တော့ သူတို့ Press လုပ်မှာပါ။ အဲ့ဒီကျရင် ပါတီဖွဲ့စည်းပုံ၊ နိုင်ငံခြားရေး မူဝါဒတွေ၊ ပြည်တွင်းမူဝါဒ၊ စီးပွားရေးမူဝါဒ၊ ပညာရေးနဲ့ ပတ်သတ်တဲ့မူဝါဒတွေ အကုန်လုံးသူတို့ ချပြမှာပါ။”
သတင်းတွေထွက်ပေါ်နေတာကတော့ ပါတီမှာ အငြိမ်းစားယူထားတဲ့ စစ်ဘက်က လူကြီးတွေ ပါဝင်တယ် ဆိုတာဟုတ်ပါသလား။ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားပါသလဲ။
“နံပါတ် ၁ ကတော့ အရင်က လူကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတို့ ဘာတို့ ပါတယ်ဆိုတာကတော့ လုံးဝ မဟုတ် ပါဘူး။ အဓိက ပါဝင်ကြတာက ဒီလိုဗျ။ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီးတော့ ကျနော် သင်တန်းတွေ ဖွင့်ပေးတယ်။ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ ကနေ သင်တန်းတွေဖွင့်ပေးတယ်။ အဲ့သင်တန်းကို တက်ရောက်ခွင့်ရှိသူတွေ အကုန်လုံး၊ နိုင်ငံရေးပါတီ မည်သည့်ပါတီမဆို တက်ရောက်ခွင့်ရှိတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းတွေလည်း တက်ရောက်ခွင့်ရှိတယ်။ NGO ၊ INGO တွေလည်းတက်ခွင့်ရှိတယ်။ သာမာန်ပြည်သူတွေလည်း တက်တယ်။ Free to All ပေးထားပါတယ်။ အဲ့ဒီမှာ နိုင်ငံရေးစီမံခန့်ခွဲမှု ဆိုပြီးတခုဖွင့်တယ်။ နောက်တခုကတော့ public administration ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုပြီး တခုဖွင့်တယ်။  နောက်တခုက စီးပွားရေးစီမံခန့်ခွဲရေးဆိုပြီးတခုဖွင့်တယ်။ တိုင်းပြည်အတွက်က ဒီသုံးချက်က ဒီကဏ္ဍသုံးခုက တော်တော်လေးလိုအပ်တယ်လို့ ကျနော် ယူဆတယ်။
nzl

နံပါတ်တစ် ကတော့ ကျနော်တို့ နိုင်ငံရေး ကို ကောင်းကောင်း မသိခဲ့ဘူး။ နိုင်ငံရေးကို သိရမယ်။ သိပြီးရင်လည်း အဲ့ဒီနိုင်ငံရေးကို ဘယ်လိုစီမံခန့် ခွဲရမလဲဆိုတဲ့ အတတ်ပညာ ကိုလည်း သိရ မယ်။ နောက်တခုက သူတို့ အရွေးချယ်ခံကြ ရတယ် ဆိုရင် ထိတွေ့ရမှာက ပြည်သူတွေနဲ့ပဲလေ။ အဲ့တော့ ပြည်သူ့ရေးရာဘာသာရပ်ကို ကျနော် Master level ထိသင်ပေးပါတယ်။ နောက်တခုက တိုင်းပြည် တပြည်မှာ အမြဲတန်း လိုအပ်နေတာက စီးပွားရေးပဲ။ စီးပွားရေး စီမံခန့်ခွဲမှုကိုလည်း Master level ထိသင်ပေးပါတယ်။ အဲ့သုံးခုကို တစ်ပါတီ နှစ်ပါတီထဲမဟုတ်ပဲ  free ပေါ့။

 အားလုံးကို ဖွင့်ပေးလိုက်တယ်။ ကျနော့်ဆီမှာ NLD တို့ NDF တို့ အစုံပဲ၊ တိုင်းရင်းသားပါတီတွေလည်းပါပါတယ်။ ပါတီပေါင်း ၂၀ ကျော် လာတတ်ကြတယ်။ နဂိုတည်းက လာတတ် ထဲက ရည်ရွယ်ချက် တချို့ရှိကြတယ်လေ။ လွန်ခဲ့တဲ့ သုံးနှစ်ထဲက ပေါ့။ တချိန်ကြရင် နိုင်ငံရေးပါတီထောင်မယ်။ ရွေးကောက်ပွဲဝင်ကြမယ်။ ဆိုတော့ အဲ့တာကို ကျွန်တော်က မည်သူမည်သည့်ပါတီပဲထောင်ထောင်ပေါ့ ကျနော်ကကျောင်းကနေပြီးတော့ ကူညီပံပိုးပေး တယ်။ ဆိုတော့ ဒီအခုထောင်လိုက်တဲ့ ပါတီက အဲ့ဒီထဲကပေါ့ background အမျိုးမျိုးနဲ့ပေါ့။ အထူးသဖြင့် ကတော့ နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ နိုင်ငံကို တစုံတရာ တိုးတက်အောင်လုပ်ချင်သူတွေ စုဖွဲ့ထားတဲ့ ပါတီဖြစ်ပါတယ်။
ဒါဆို တခြားပါတီတွေကနေ ကူးပြောင်းလာသူတွေ ဝင်လာတဲ့သူတွေ ရှိတယ်လို့ ပြောလို့ရမလား။
“အများစု ၉၅ % ကတော့ လူသစ်တွေချည်းပဲဗျ။ ၅% တော့ ရှိမလားမသိဘူး။ တချို့ကတော့ ကိုယ့်ပါတီကို စိတ်ကုန်ပြီးဝင်လာမယ့်သူတော့ တယောက်စ နှစ်ယောက်စ ရှိမယ်လို့ ယူဆတယ်။”
ပါတီထူထောင်ဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ ပါတီထူထောင်ဖို့ ဘယ်အချိန်တည်းကကြံရွယ်ဖြစ်ကြတာလဲ။
“အဲ့တာက အယူအဆ မှားနေကြတာပါ။ ကျနော်က ပါတီထူထောင်သူမဟုတ်ပါဘူး။ ကျနော်မှာ အစီစဉ် မရှိပါဘူး။ ကျနော်က လက်ရှိမှာ သမ္မတကြီးရဲ့အကြံပေး။ ကျနော့်တာဝန် ကျနော် ထမ်းဆောင်ပြီးရင် ကျနော့် စီးပွားရေး ကျနော်ပြန်လုပ်ဖို့ပဲရှိတယ်။ သို့သော်လည်း ကျနော့်သင်တန်းသား သင်တန်းသူတွေကပေါ့ဗျာ သူတို့ဟာသူတို့ ပါတီထောင်မယ်။ သူတို့ဟာသူတို့ ဥက္ကဋ္ဌ အတွင်းရေးမှူးစသဖြင့် ရွေးချယ်မယ်။ သို့သော်လည်း ကျနော်ကို ဒီသင်တန်းကို စပြီး ပြုစုပျိုးထောင်ပေး တဲ့သူပေါ့ဗျာ။ သူတို့က ကျနော်ကို နာယက အနေနဲတင်တာ။ ဆိုတော့ ဥပမာ ပါတီ သုံးလေးခု ထွက်လာတယ်ဆိုပါတော့ဗျာ။ တခုခုက ကျနော့်ကို နာယက အနေနဲ့ လုပ်ပေးပါဆို ငြင်းမသာဘူးလေ။ သို့သော်လည်း ကျနော်က ဥက္ကဋ္ဌတို့ ဘာတို့ ရာထူး ယူမထားဘူး။ ပြောရရင် ကျနော်က Non Exceutive ပေါ့ဗျာ။ အခုထောင်လိုက်တဲ့ပါတီကလည်း ကျနော် နယက ပဲနေတာ။ ဥက္ကဋ္ဌမဟုတ်ဘူး။ လူတွေက မှားမှားနေတာ။ ကျနော်ထောင်တဲ့ပါတီလို့ ထင်နေကြတာ။”
အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသားပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ ပြည်ခိုင်းဖြိုး ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့နဲ့အပြိုင် ဖြစ်လာမယ့်ပါတီဖြစ်လာမယ်လို့ မြင်သလား။
“ကျနော့် အမြင်ကတော့ သူတို့အချိန် နည်းနည်းနည်းသွားတယ်။ သို့သော်လည်း သူတို့က မဟာ ဗျူဟာတော့ကောင်းတယ်ဗျ။ ဆိုတော့ ၂၀၁၅ က လှေကား တဆင့်လို့တော့ ကျွန်တော်ယူဆတယ်။ ၂၀၂၀ မှာတော့ အင်အားကြီးပါတီဖြစ်လာနိုင်တယ်။ အခုကလည်း impact ကလည်းတော်တော်လေးကြီးနေ တယ်လေ။၂၀၁၅ မှာကတော့ တစုံတရာတော့ သူတို့ဖြစ်လာနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ NLD လောက်တော့ သူတို့ ၂၀၁၅ မှာတော့ အချိန်သိပ်နည်းသွားတဲ့အတွက် မကြီးနိုင်ဘူးပေါ့။
DVB

နီပေါမြေငလျင်လူအများအပြားသေဆုံး

Nepal Earthquake 3

Nepal Earthquake 1






နီပေါနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၉ ရှိတဲ့ အင်အားပြင်း မြေငလျင်လှုပ်ခတ်သွားရာမှာ ဧပြီ ၂၅ ရက် ညနေပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၁၀၀ ကျော်ရှိနေပြီး သေဆုံးသူ အများအပြား ရှိနိုင်တယ်လို့ အေဂျင်စီ သတင်းတွေမှာ ဖော်ပြပါတယ်။

မြို့တော် ခတ္တမန်ဒူနဲ့ ပိုခါရာ မြို့ အကြား စနေနေ့မနက်မွန်းမတည့်ခင်အချိန်လောက်က ငလျင်လှုပ်ခတ်ခဲ့ တာဖြစ်ပြီး ငလျင်ကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးကာ့  လူတွေ အတော်များများ အထဲမှာ ပိတ်မိနေ ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တိဘက်၊ အိန္ဒိယ၊ ပါကစ္စ တန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကလည်း ငလျင်ဒဏ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

DVB

မြန်မာရေလုပ်သားတွေ အင်ဒို မှာ သောင်တင်

လူမှောင်ခိုသမားတွေလက်က ပြီးခဲ့တဲ့ သီတင်း သုံးပတ်က ကယ်တင်ခဲ့တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရေလုပ်သားတွေဟာ မိခင်နိုင်ငံပြန်ဖို့ ငွေကြေးမလုံလောက် တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်နေတယ်လို့ IMO- နိုင်ငံ တကာ နေရပ်ရွှေ့ပြောင်းသူများ အသင်းက ပြောပါတယ်။
အင်ဒိုနီးရှားကမ်းလွန်မှာလုပ်ကိုင်နေတဲ့ ငါးဖမ်းလှေတွေအတွက် လူမှောင်ခိုကူးနေတာကို စုံစမ်းစစ်ဆေးပြီး တဲ့နောက် မြန်မာရေလုပ်သား ၄၅၅ ယောက်၊ ကမ္ဘောဒီးယား ၉၄ ယောက်နဲ့ လာအို ၈ ယောက်ကို ဒီလထဲမှာ ကယ်တင်နိုင်ခဲ့ပါတယ်။
သူတို့ဟာ လုပ်ခမရဘဲ တနေ့ ၂၂ နာရီ အလုပ်လုပ်ရတဲ့ပြင် ရိုက်နှက်လည်းခံရသေး တယ်လို့ ပြန်ပြောပြပါတယ်။
ကမ္ဘာတ၀န်းမှာ လူ ၂၁ လောက် အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ IMO က ခန့်မှန်းထားပါတယ်။
RFA

လူ့အခွင့်အရေးဆိုင်ရာ Martin Ennals Award 2015 ဆန်ကာတင် စာရင်းတွင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ရွေးချယ် ခံထားရ

ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများကို ရွေးချယ်ချီးမြှင့်သည့် သြစတေးလျနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပေးအပ်သည့် Martin Ennals Award 2015 စကာတင်စာရင်းတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ပါဝင်ကြောင်း ၎င်းက ဧပြီ ၂၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စကာတင် စာရင်းတွင် ဂါနာနိုင်ငံမှ Asamou Diallo၊ UAE နိုင်ငံမှ Ahmed Mansoor၊ တို့နှင့်အတူ ဦးရောဘတ်စန်းအောင်ပါ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးကို လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၉ ဖွဲ့က ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

““အခုကတော့ ယာယီအတည်ပြုထားတာပါ။ ဒီ ၃ ယောက်ထဲမှာ ဂျူရီလူကြီးတွေက အင်တာဗျူး ထပ်လုပ် အုံးမှာ။ အင်တာဗျူးပေါ် မူတည်ပြီး ချက်ချင်း ဆုံးဖြတ်ပြီး ပ၊ ဒု၊ တ ပေးမှာပါ”” ဟု ဦးရောဘတ်စန်းအောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဦးရောဘတ်စန်းအောင်သည် တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားအဖြစ် နှစ်ရှည် ထိန်းသိမ်းခံရသူ တစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည့် တရားရေး ၀န်ထမ်း တစ်ဦးဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ရှေ့နေလိုင်စင် ပြန်ရချိန်မှစ၍ မီဒီယာသမားများ၊ အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ တရားစွဲဆို ရင်ဆိုင်ရခြင်းများအတွက် ရှေ့နေအဖြစ် အခမဲ့ လိုက်ပါ ကူညီ ဆောင်ရွက်ပေးခဲ့သည်။

““ဒီစာရင်းမှာပါတာက သံတော်ဆင့်က ပေးလိုက်တဲ့ဆုက ဒီမှာပါဖို့ ၅၀ ရာခိုင်နှုန်း အထောက်အကူ ပြုစေတာပါ။ သံတော်ဆင့်က ပေးတဲ့ ဆုကို နိုဂျီဘာသာပြန်ပြီး ပို့ပေးရတော့ ဂျာနယ်က တရားဝင် ပေးတာကို သိသွားတာ။ ဂျာနယ်၊ သတင်းစာက မြန်မာပြည်၊ ကမ္ဘာအနှံ့ကို ရောက်တယ်။ ပျံ့နှံ့နိုင်တယ်။ မီဒီယာ လက်နက်က အားပြင်းပါတယ်။ မီဒီယာကို မချိုးနှိမ်ပါနဲ့။ ချိုးနှိမ်ရင် အာဏာရှင်တွေအတွက် နောက်ဆုံးခရီးက မကောင်းဘူး ဖြစ် လိမ့်မယ်။ မီဒီယာတွေကို ဖမ်းဆီး၊ ရိုက်နှက်၊ တရားစွဲ၊ ထောင်ချ လုပ် နေတာက အာဏာရှင် စရိုက်တွေပါ။ အဲဒါတွေ နိဂုံးချုပ်ကြပါ။ အလကားနေ ထစ်ခနဲရှိ မီဒီယာကို တရားစွဲ၊ ထောင်ချ၊ ခေါင်းရိုက်ခွဲ လုပ်နေတာ လွန်လွန်းအားကြီးပါတယ်””ဟုဦးရောဘတ် စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆန်ကာတင်စာရင်းတွင် ပါဝင်သူများကို ဆက်လက် စိစစ်မည်ဖြစ်ကာ လာမည့် အောက်တိုဘာ ၆ ရက်တွင် အပြီးသတ် ရွေးချယ်က ဂျနီဗာမြို့တွင် ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။

သူရိန်ကျော်

ပုံညွှန်းစာ - မြန်မာသံတော်ဆင့်အပတ်စဉ်သတင်းစာ၏ ၃ နှစ်ပြည့်နှစ်ပတ် လည် အခမ်းအနားတွင် ပထမဆုံးအကြိမ် စတင်ပေးအပ်သည့် မြန်မာ သံတော်ဆင့် လူထုရှေ့ဆောင်ဆု(၂၀၁၄-၂၀၁၅) ကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် လက်ခံရယူစဉ်။

မြန်မာသံတော်ဆင့်သတင်းဌာန

ဘန်ဒေါင်းစိတ်ဓါတ် ဆက်လက်ခိုင် မြဲနေဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

president-theinsein-305
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ပုံ
Photo: President Office Website

အာရှနဲ့ အာဖရိကနိုင်ငံတွေမှာကြုံနေရတဲ့အခက်အခဲတွေ အတွက် ဘန်ဒေါင်းစိတ်ဓါတ် ဆက်လက် ခိုင်မြဲနေဖို့ လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က မနေ့ကပြောလိုက် ပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း ၆၀ ကျော်က ထက်ပိုမိုခက်ခဲရှုပ်ထွေးလှ တယ်လို့လဲ သူကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပခဲ့တဲ့ အာရှ-အာဖရိက အနှစ် ၆၀ ပြည့် ညီလာခံမှာ ပြောလိုက်တာပါ။
ဒါ့အပြင် နိုင်ငံတွေအချင်းချင်းစုပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေက ဆင်းရဲမွဲတွေ မှုပပျောက်ဖို့၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ဖို့၊ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းဖို့နဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှု က နေကာကွယ်လွတ်ကင်းနိုင်ဖို့ဆိုတဲ့ ဘုံစိုးရိမ်သော ကတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ လဲပြောပါတယ်။
အဲဒီ အာရှ-အာဖရိကညီလာခံ နှစ် ၆၀ ပြည့်ကို နိုင်ငံပေါင်း ၁၀၀ နီးပါးကခေါင်းဆောင် တွေ တက်ရောက်ခဲ့ပါတယ်။
 RFA

ကျောက်မဲမြို့ နယ်အတွင်း မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်းဘေး လျှိုတစ်ခုထဲ၌ လူသေအလောင်း ၃ လောင်းတွေ့ ရှိ၊ ဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခုပါဝင် ဟုဆို


ကျောက်မဲ၊ ဧပြီ ၂၅၊

့ ဧပြီလ ၂၄ ရက်၊ မွန်းလွဲပိုင်း ၃ နာရီခန့် တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ နယ်၊ ပဇီကျေးရွာ အနီး၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၄၃ နှင့် ၄၄ ကြား လျှိုအတွင်း၌ ဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခု၊အမျိုး သား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့၏အလောင်း ၂ခု ၊ စုစုပေါင်းရုပ်အလောင်း ၃ ခုကို တွေ့ ရှိကြောင်း ပဇီကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေမှတ် က မိုင်းလုံရဲစခန်းသို့  ဖုန်းဖြင့် သတင်းပို့ ခဲ့ကြောင်း မိုင်းလုံရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ ဝင်တစ်ဦးက ဧပြီလ ၂၄ ရက် တွင် Oriental News သို့ ပြောသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ စုံစမ်းချက်အရ ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ က မိုးကုတ်မြို့ ၊ ရှောလီိဝိုင်းအုပ်စု၊ အောင်သာယာရပ်နေ ဥူးဆရန္ဒလင်္ကာရ (အိန္ဒိယနိုင်ငံ၊ ဗာရာဏသီတွင် Ph.D တက်ရောက်နေသူ) သည် ဒကာ၊ ဒကာမများဖြစ်သည့် ဦးကြည်မောင် (၇၁) နှစ်၊ ၄င်း၏ဇနီး၊ သမီးဖြစ်သူ ဒေါ်ဇာဇာ (၄၀)နှစ် ရန်ကုန်မြို့ နေသူတို့ နှင့် အတူ ယာဉ်အမှတ် 3C/1917 Bogi အနက်ရောင်ယာဉ်ဖြင့် မိုးကုတ်မြို့ ရှိ မိဘဖြစ်သူများအား ကန်တော့ရန် လာရောက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့ တွင် စစ်ကိုင်းမြို့ ၊ သီတဂူဗုဒ္ဓတက္ကသိုလ်သို့  မိုးကုတ်-ပြင်ဦးလွင် ကားလမ်း အတိုင်း ပြန်သွားခဲ့ကြောင်း၊ မိုးကုတ်မြို့ မှ ပြန်လည်ထွက်ခွာသွားပြီး ပြင်ဦးလွင်သို့  ရောက်ရှိခြင်း မရှိကြောင်း သိရှိ ရသဖြင့် ဥူးဆရန္ဒလင်္ကာရ၏ ဖခင်ဖြစ်သူ ဦးဒီပါဒူး၊ ဂေါ်ရခါး/ဗုဒ္ဓ၊ ရှောလီဝိုင်းအုပ်စု၊ အောင်သာယာရပ်၊ မိုးကုတ်မြို့  နေသူသည် သားဖြစ်သူနှင့်အဖွဲ့  ပျောက်နေခြင်းနှင့်ပတ်သက်၍ လမ်းကြောင်းတစ်လျှောက်ရှိ လမ်းအခွန်ကောက်ခံ သည့် ဂိတ်များအား စုံစမ်းခဲ့ရာ ၄င်းယာဉ်နံပါတ်ဖြင့် မိုးကုတ်မြို့ မှ ထွက်ခွာသွားသည်ကိုသာ သိရှိရပြီး သတင်းဆက် ပျောက်နေကြောင်း၊ သို့ သော် ဦးဒီပါဒူးအနေဖြင့် ဖြစ်စဉ်အား သက်ဆိုင်ရာဌာနဆိုင်ရာများသို့  အမှုဖွင့်တိုင်ကြားခဲ့ ခြင်း မရှိကြောင်း သိရသည်ဟု ဤဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသော အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြော သည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ ပဇီကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေမှတ်က အခင်းဖြစ်နေရာတွင် ပျောက်ဆုံးနေသောယာဉ်အမှတ် 3C/1917 Bogi အနက်ရောင်ယာဉ်အား တွေ့ ရှိခြင်းမရှိသော်လည်း၊ဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခု၊အမျိုး သား ၁ ဦး၊ အမျိုးသမီး ၁ဦးတို့၏အလောင်း ၂ခု ၊ စုစုပေါင်းရုပ်အလောင်း ၃ ခုကို တွေ့ ရှိခဲ့သည်ဟုဆိုကြောင်း၊ သို့ အတွက် မိုးကုတ်မြို့ မှ ထွက်ခွာပြီးပျောက် ဆုံးနေသူများ၏ဖြစ်စဉ် နှင့်တိုက်ဆိုက်မှုရှိနေပြီး အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ သို့ သော် အခင်းဖြစ်ရာနေရာသည် လက်နက်ကိုင် အဖွဲ့ အချို့၏လှုပ်ရှားနယ်မြေဖြစ်၍ နယ်မြေအခြေအနေ အရ လုံခြုံရေးအန္တရယ်ရှိသဖြင့် အလောင်းများအား သယ်ဆောင်စစ်ဆေးရန်အတွက် လုံခြုံရေးအစောင့်အရှောက် များဖြင့် သွားရောက်အတည်ပြုရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၄င်းက ပြောသည်။

´´ အခု တွေ့ ရှိ တဲ့ ရုပ် အလောင်းတွေက မိုးကုတ် ကထွက် လာပြီး ပျောက် ဆုံးသွားတဲ့ သူတွေသာ အမှန် တကယ် ဖြစ် ခဲ့ မယ် ဆိုရင် ကား နဲ့ အမျိုးသမီးတစ်ယောက် ပျောက် ဆုံးနေ ဆဲ လို့ ပြော လို့ ရတယ်´´ ဟု ကျောက် မဲ မြို့ ခံ တစ်ဦးက သုံးသပ်သည်။

အထက်ပါဖြစ်စဉ် နှင့် ပတ်သက် ၍ ကျေက်မဲ မြို့ နယ် ရဲတပ် ဖွဲ့ မှူးရုံး မှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက .. အထက်ပါဖြစ်စဉ် မှာ မှန်ကန် မှု ရှိပါကြောင်း ၊ ဘုန်းတော်ကြီးတစ်ပါးဟု ယူဆရသည့် ရုပ်အလောင်းတစ်ခု အပါအ၀င်ရုပ်အလောင်း ၃ လောင်းတွေ့ရှိရသည်ဟု သတင်းရရှိထားကြောင်း၊ ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ပဇီကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေမှတ်က တရားလိုပြု လုပ် ၍ မိုင်းလုံ ရဲစခန်းတွင် အ မှု ဖွင့် ထားကြောင်း၊ ယင်း အမှု ကို မိုင်းလုံ မြို့ နယ် ရဲ စခန်း မှ ရဲအုပ်ဦးအောင်ကိုလတ် က ပ/ ၄ / ၁၅ ပုဒ်မ ၃၀၂ ဖြင့် လက် ခံ စစ်ဆေးပေးလျက်ရှိကြောင်း ဧပြီလ ၂၅ ရက်နေ့ တွင် Oriental News သို့ပြောသည်..။

မာန်ဟုန်ချီ ( Oriental News)
https://www.facebook.com/orientalnewsmyanmar

ကျောက်ဖြူတွင် စက်မှုလက်မှုသိပ္ပံ A.G.T.I ကျောင်းဖွင့်

  Kyauk-pru
   ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်မှုလက်မှုကျောင်း ( A.G.T.I) ကျောင်းအား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်မှ စ၍ ပထမနှစ် ကျောင်းသားများကို လက်ခံသွားတော့မည်ဟု သိရသည်။
“ လောလောဆယ်တော့ ကျောက်ဖြူ သဗ္ဗာန်ချောင်းရပ်ကွက်မှာရှိတဲ့ အလက (၄) ကို စက်မှုလက်မှု ကျောင်းအဖြစ် အသုံးပြုသွားပါမယ်။ နောက် မှဘဲ ကျောင်းဆောက်မယ့် မြေနေရာ သတ်မှတ်ပြီး အဆောင်တွေဆောက်တော့မှ ရွှေ့ရမှာ ဖြစ်ပါတယ်။ ခုနှစ် ပညာသင်နှစ်မှာတော့ အလက (၄) ကိုဘဲ အသုံးပြုသွားမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျောက်ဖြူ စက်မှုလက်မှုကျောင်းတွင် (က) မြို့ပြအင်ဂျင်နီယာ (ခ) လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့် (ဂ) သုတနည်းပညာများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ဒီပလိုမာ အောင်လက်မှတ်များ ပေးအပ်သွားမည်ဟု သိရသည်။
“ မြန်မာနိုင်ငံ အရပ်ရပ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။ အဓိကတော့ ဆယ်တန်း အောင်တုန်းက အင်္ဂလိပ်စာနဲ့ သင်္ချာရမှတ်အပေါ်မှာ မူတည် ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ ပါဝင်သော ဘာသာတွဲများဖြင့် အောင်မြင်သူ ဖြစ်ရမည်ဟု ပြောဆိုသည်။
ယခုအခါ ကျောက်ဖြူ စက်မှု လက်မှု ကျောင်းဖွင့်လှစ်နိုင်ရေး အတွက်ပြင်ဆင်မှုများ ပြုလုပ်နေပြီး အလက (၄) ရှိ ကျောင်းအသုံးအဆောင် ပစ္စည်းများကို အထက (၃) သို့ ပြောင်းရွှေ့လိုက်ပြီးဟု သိရသည်။
“ ကျွန်တော်တို့ ကျောက်ဖြူဒေသခံတွေကတော့ အလက (၄) ကို ယာယီအနဲ့ သုံးပေမယ့် ရေရှည် အတွက်တော့ စက်မှုလက်မှုကျောင်းကို သီးသန့် ဖြစ်စေချင်တယ်။ ဒါကြောင့်လဲ ကျောက်ဖြူက ၄ မိုင်ခန့်ဝေးတဲ့ ဘက်စုံ စိုက်ပျိုးရေးခြံမှာကျောင်းကို တည်ဆောက်ဖို့ ကျောက်ဖြူ မြို့မိမြို့ဖတွေက အကြံပြုထားပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးသန္တာမောင်မောင်က ပြောဆိုသည်။
ဒေသခံများ ကျောင်းတည်ဆောက်ရန် အကြံပြုထားသော ဘက်စုံ စိုက်ပျိုးရေးခြံမှာ အကျယ်အ၀န်း (၂၂) ဧက ရှိပြီး ယခုအခါ ၎င်းခြံကို ကျောက်ဖြူ အခြေစိုက် ခလရ (၃၄) မှာ သိမ်းယူထားပြီး မည်သည့် စီမံကိန်းမှ ပြုလုပ်၍ မရှိကြောင်း သိရသည်။
၂၀၁၄- ၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် လျှောက်ထားလိုသူကျောင်းသား ကျောင်းသူများ အနေဖြင့် မေလ ၃ ရက်နေ့ကို နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပြီး ၀င်ခွင့် လျှောက်လွှာများကို အစိုးရ စက်မှု လက်မှု သိပ္ပံ (ကျောက်ဖြူ) မှ ထုတ်ယူနိုင်ကြောင်း သတင်း ရရှိသည်။
ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်၏ ဒုတိယ မြို့တော် ဖြစ်ပြီး အဆိုပါ မြို့တွင် ပညာရေးကောလိပ်လည်း တည်ရှိသည်။
နိရဉ္စရာ

တရားမ၀င် မြန်မာအလုပ်သမား ၉၀ ကျော် ထိုင်းတွင် ဖမ်းဆီး

Myanmar Worker 1

ဧပြီလ ၂၄ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပ ရပ်ကွက် အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်း ၉၃ ယောက်ကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။
တာ့ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဦးဆောင်ပြီး စစ်တပ်၊ ရဲ၊ လ၀ကနဲ့အုပ်ချုပ်ရေးဌာန ဆိုင်ရာ အရာရှိတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မယ်ပရပ်ကွက်က ချာရီဝပ်ထနာ အထည်ချုပ် စက်ရုံတွင်းဝင်ရောက် စစ်ဆေးခဲ့တာပါ။
ဒီအထဲမှာ တွေ့ရှိတဲ့ ကလေးအလုပ်သမားတွေ အပါအ၀င် အလုပ်သမားတွေဟာ အထောက်အထားမရှိတဲ့ အတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဝင်ရောက်စစ်ဆေးဖမ်းဆီးတာကတော့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်နဲ့အတူ လက်ရှိ အစိုးရရဲ့မူဝါဒ အတိုင်း ဆောင်ရွက်တာ ဖြစ်ပြီး လက်မှတ်မရှိတဲ့ အလုပ်သမားတွေ စေခိုင်းခဲ့ရင်၊ စက်ရုံ ဥပဒေချိုးဖောက် မှုတွေ တွေ့ရင်လဲ စက်ရုံပိတ်တဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ တာ့ခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
၉၃ယောက် ဖမ်းဆီးမိ ရာမှာ ယောက်ျားလေး ၃၅ ယောက် မိန်းကလေး ၅၅ ယောက်ပါဝင်ပြီး အသက် ၁၅နှစ်အောက် ကလေး ၃ယောက်ကို ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကို လွှဲပြောင်းခဲ့ပါတယ်။
Myanmar Worker 2

မြန်မာအပေါ် လူ့အခွင့်အရေးဆုံးဖြတ်ချက်များ မချမှတ်ရန် အိန္ဒိယတောင်းဆို

 Secretary-General Meets the Partnership Group of the Secretary-General on Myanmar.
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ နှစ်စဉ်ချမှတ်နေတာကို  ဆက်မလုပ်ပဲ ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ  အဖွဲ့ဝင်နိုင်ငံတွေကို အိန္ဒိယနိုင်ငံက တောင်း ဆိုလိုက်ပါတယ်။

ဧပြီ ၂၄ ရက်က နယူးယောက်မှာ ကျင်းပတဲ့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ မိတ်ဖက်နိုင်ငံများဆွေးနွေးပွဲမှာ  အိန္ဒိယရဲ့ ကုလသမဂ္ဂ ဆိုင်ရာ  အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အဆုတ်ကူးမားမူခါဂျီက တိုက်တွန်းလိုက်တာပါ။

မစ္စတာ မူခါဂျီက “ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် နှစ်စဉ်ဆုံးဖြတ်ချက်တွေ ချနေတာ ဆက်မလုပ်ရေး သဘောတူဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လုပ်နေပြီဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ ကို  ကမ္ဘာ့အသိုင်းအ၀န်းက အားပေးထောက်ခံ ရာရောက်လိမ့်မယ်လို့” ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယအနေနဲ့   မြန်မာအစိုးရရဲ့ နိုင်ငံရေးစီးပွားရေးသိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့တာ ကိုကြိုဆိုတယ်၊  ရှေ့ဆက်လုပ်ဖို့  ကုလသမဂ္ဂက ပိုပြီး လိုလို လားလားတုံ့ပြန်ရမယ်၊ ရင်းနှီးတဲ့ အိမ်နီးချင်းဖြစ် တာနဲ့ အညီ အိန္ဒိယဟာ  မြန်မာပြည်မှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ဖြစ်စဉ်ပိုအားကောင်း လာဖို့ ဖြစ်နိုင်တဲ့ အကူအညီတွေ အားလုံး ထပ်တိုးပေးဖို့ဆုံးဖြတ်ထားတယ်လို့ လည်း အိန္ဒိယ သံအမတ်က ပြောပါတယ်။

   အိန္ဒိယအနေနဲ့ ရခိုင်ပြည်နယ်မှာ အဓိကရုဏ်းတွေက စဖြစ်ပြီးနောက်  ပြန်လည်ထူထောင်ရေး
အတွက် အမေရိကန်ဒေါ်လာ ၂၄၀၀၀၀ ကူညီပေးခဲ့ပြီး နောက်ပိုင်းမှာ  ပဋိပက္ခဖြစ်ရာ
 နှစ်ဖက်စလုံးအတွက် စာသင်ကျောင်း ၁၀ ကျောင်း ဆောက်လုပ်ဖို့ ဒေါ်လာ  ၁သန်း ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေး သဘာပတိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်  ဘန်ကီမွန်းကတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး မဟာမင်းကြီးရုံးကို  လုပ်ပိုင်ခွင့် အပြည့်အ၀နဲ့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ရင် မြန်မာအစိုးရ ကတိပြုလုပ်ဆောင်နေ တဲ့  လူ့အခွင့်အရေး ကာကွယ်မြှင့်တင် ရေးလုပ်ငန်းတွေ  ပိုအားကောင်းလာအောင် အကူအညီဖြစ်စေ လိမ့်မယ်လို့ ပြောပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာအစိုးရ  ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  ဦးစိုးသိန်း၊ ဦးခင်ရီတို့ အပြင် ရှေ့နေချုပ်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီး ဦးမောင်မောင်အုန်းတို့လည်း တက်ရောက်ပါတယ်။
မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးဆုံးဖြတ်ချက်တွေကို ကုလသမဂ္ဂ  အထွေထွေညီလာခံ တတိယကော်မတီ က  ဥရောပသမဂ္ဂနဲ့ တခြား မြန်မာ့အရေး ဆောင်ရွက်တဲ့ နိုင်ငံတွေက ဦးဆောင်ပြီး ဆုံးဖြတ်ချက် မူကြမ်း ရေးဆွဲကာ နှစ်စဉ် မဲခွဲ ဆုံးဖြတ်ချက်တွေချလေ့ရှိတာပါ။

မနှစ် ဒီဇင်ဘာလဆုံးဖြတ်ချက်မှာတော့  မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေကို ကြိုဆိုခဲ့ပြီး ရိုဟင်ဂျာတွေကို  နိုင်ငံသားဖြစ်ခွင့်ပေးဖို့ နဲ့ ခွဲခြားဆက်ဆံတာတွေ အဆုံးသတ်ဖို့ တွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ တိုင်းပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာလို့ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီရဲ့ဆွေးနွေး မယ့် အစီအစဉ်မှာ မထည့်တော့ဖို့ ပြီးခဲ့တဲ့ အထွေထွေ ညီလာခံ မိန့်ခွန်းမှာပြောပါတယ်။

သမ္မတဦးသိန်းစိန်ကလည်း မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂအထွေထွေ ညီလာခံ တတိယကော်မတီမှာ နှစ်စဉ်အဆိုတင်သွင်းနေမှုကို ရပ်ဆိုင်းပေးဖို့ အီတလီနိုင်ငံ မီလန်မြို့မှာ ပြီးခဲ့တဲနှစ် အောက်တိုဘာလက ကျင်းပတဲ့ အာရှ-ဥရောပထိပ်သီး အစည်း အဝေးမှာ ဥရောပ သမဂ္ဂကို တောင်းဆိုပါတယ်။
DVB

အင်ဒို လိုင်းယွန်းအဲ ပေါက်ကွဲသံကြောင့် ၀ရုန်းသုန်းကားဖြစ်



အင်ဒိုနီးရှား ပြည်တွင်း လေယာဉ်ခရီးစဉ်မှာ ပျံသန်းပြေးဆွဲနေတဲ့ လိုင်းယွန်းအဲ Lion Air လေကြောင်း လိုင်းပိုင် ခရီးသည်တင်လေယာဉ် JT303 ဟာ ဧပြီ ၂၄ရက်  ခရီးစဉ်မှာ ပေါက်ကွဲသံတသံ ထွက်ပေါ်ခဲ့လို့ ၀ရုန်းသုန်းကားဖြစ်ခဲ့တယ်လို့ လေကြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ကုန်ကျစရိတ်သက်သာတဲ့ လိုင်းယွန်းအဲလေယာဉ်ဟာ မြောက်စူမားတြာဒေသထဲက ကွာလာနာမူ နိုင်ငံတကာ လေဆိပ် ကနေ ဂျာကာတာမြို့ကို ထွက်ခွာဖို့ အရှိန်ယူနေတုန်းမှာ ပေါက်ကွဲသံ ထွက်ပေါ်ခဲ့တာလို့ လေဆိပ် အထွေထွေမန်နေဂျာ ဂျာယာ တာဟိုမာ ဆာရိတ်က ရှင်းပြပါတယ်။

လေယာဉ်စက်နှိုးတဲ့အချိန်မှာ ပေါက်ကွဲသံနဲ့ တူတဲ့ ကျယ်လောင်တဲ့ အသံကို ကြားရသလို မီးခိုးတွေ အူထွက်လာတဲ့နောက် ခရီးသည်တွေအားလုံး လေယာဉ်ပေါ်က ဆင်းပေးကြဖို့ လေယာဉ်မှူးက ပြောခဲ့ပါတယ်။

ဒီနောက် ခရီးသည်တွေဟာ အရေးပေါ် ထွက်ပေါက်ကို ဖွင့်ပြီး ကယ်ဆယ်ရေး လျော့ဆင်း လှေခါးကနေ ထွက်ခွာ သွားကြရာမှာ ခရီးသည် ၄ ယောက်  မတော်တဆဖြစ်ပြီး ဆေးရုံပို့လိုက်ရပါတယ်။

ဒဏ်ရာရသူတယောက်က အဲဒီအချိန်မှာ မူမှန်မဟုတ်တဲ့ အသံတသံကို ကြားရတဲ့နောက်  အထိတ်တလန် ဖြစ်နေကြချိန် အရေးပေါ်ထွက်ပေါက်မှာလည်း လူတွေ ပိတ်နေလို့ ခုန်ချဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပြပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၁၄ ယောက် လိုက်ပါခဲ့ပြီး ပေါက်ကွဲသံ ဘာကြောင့် ထွက်ပေါ်ခဲ့သလို ဆိုတာကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။

DVB

လက်ပံတန်းတရားရုံးရှေ့မှာ …

Letpadaung 2

ကျောင်းသားခေါင်ဆောင် ကိုအောင်မှိုင်းဆန်းရဲ့ဇနီး မလဲ့လဲ့နွယ် အင်တာဗျူးကို တည်းဖြတ်ဖို့ ရုံးစားပွဲ ကွန်ပျူတာမှာ ထိုင်လိုက်ပါတယ်။
သင်္ကြန်တွင်းမို့ ရုံးမှာ သတင်းထောက်တွေနည်းနေပါတယ်။ မှိန်ပြပြ ကျနော့်အလုပ် အခန်းထဲကို လမ်းမတန်း ရေကစားမဏ္ဍပ်က အသံတွေ သဲ့သဲ့ကလေးဝင်လာပါတယ်။
တနေ့က လက်ပံတန်းမှာ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ရုံးထုတ်တဲ့ ဗွီဒီယို ရိုက်ချက် အပိုင်းအစ ကလေးတွေကို ကလစ်တခုပြီး တခု ခေါက်ရင်း လိုက်ရှာပါတယ်။
ဟော တွေ့ပါပြီ။
၉ ရက် ဧပြီ၊ ၂၀၁၅ ရက်စွဲ ဖိုင်။
ဗွီဒီယို အပိုင်းအစတွေကို ကြည့်ရင်း ကျနော့်စိတ်ဟာ အဲဒီနေ့က အဖြစ်အပျက်တွေ ဆီပြန်ရောက်သွားပါတယ်။
အဲဒီနေကပေါ့ မနက် ၅ နာရီကျော်ကျော်လောက်မှာ ကျနော့်မိတ်ဆွေ တက်ကြွကူညီသူ ကိုဘိုကြီးက ကားနဲ့ လာကြိုပြီး ကိုအောင်ထိုက်ရဲ့ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ချိန်းထားတဲ့ ဒီဗွီဘီသတင်းထောက် ကိုဉာဏ်ကြီးကိုဝင်ခေါ်၊ အဲဒီနောက် ထောက်ကြံ့မှာ ချိန်းထားတဲ့ ဒီဗွီဘီသတင်းထောက် ကိုရန်နိုင်နဲ့ အခြားမိတ်ဆွေ ၂ ယောက်ကို တင်ဆောင်ရင်း သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေ ရုံးထုတ်မယ့် လက်ပံတန်းတရားရုံးကို ရုံးထုတ်ချိန် အမီသွားပါတယ်။
ရုံးအ၀င်လမ်းထိပ်မှာ သံဆူးကြိုးတွေနဲ့ ရဲလုံခြုံရေး ၁၀ ယောက်လောက်က စစ်ဆေးပါတယ်။ ဓာတ်တိုင် ၂ တိုင် ၃ တိုင် လောက်ရောက်တော့ တရားရှေ့မှာ လူ ၁၀၀ လောက် စုမိနေပါပြီ။
အရင် အရုံးထုတ်တဲ့ နေ့တွေထက် လူအင်အား  ၅ ဆကျော်လောက် နည်းနေပါတယ်။ ရုံးဝင်းထဲကို လှမ်းကြည့်လိုက်တဲ့အခါ ရုံးထုတ်မယ့် ကျောင်းသားတွေက အချုပ်ကားတွေနဲ့ ရုံးဝင်းထဲကို ရောက်နေပါပြီ။ တရားရုံးရှေ့မှာတော့ သမီးတွေနဲ့တွေဖို့ ၀င်ခွင့်မရတဲ့ မိဘတွေရဲ့ အော်ဟစ်သံတွေက ကျနော်တို့ကို ကြိုဆိုလိုက်ပါတယ်။
မိဘတွေ သားသမီးတွေနဲ့တွေ့ခွင့်ရရေး  ဒို့အရေး  ဒို့အရေး။
မိဘတွေ သားသမီးတွေနဲ့တွေ့ခွင့်ရရေး  ဒို့အရေး  ဒို့အရေး။
မိဘတွေ သားသမီးတွေနဲ့တွေ့ခွင့်ရရေး  ဒို့အရေး  ဒို့အရေး။
မိဘတွေရဲ့ ရင်ကွဲမတတ် အော်ဟစ်တောင်းဆိုသံတွေ တဖြည်းဖြည်း ကျယ်လောင်လာပါတယ်။ အချို့က လက်သီးဆုပ်လို့၊ တချို့က မျက်ရည်သုတ်လို့။ သူတို့ဟာ သူတို့အခွင့်ရေးကို တောင်းနေတယ်လို့ ဆိုရမလား။ ဒါမှမဟုတ် ကာကွယ်နေတယ်လို့ ပြောရမလား။ ကျနော် မသိပါ။
Letpadaung 5

ဘယ်သူမဆို တက်ရောက် ကြားနာနိုင်တယ်ဆိုတဲ့ တရားရုံးကို တရားစွဲဆို ခံထားရတဲ့ ကျောင်းသားတွေရဲ့ မိဘတွေတောင် ၀င်ခွင့်မရနိုင်တဲ့ အခြေအနေကြောင့် သူတို့ အခုလို သံပြိုင် ဟစ်ကြွေးနေကြတာဟာ ဒီနေ့ တရားစီရင်ရေး အခြေအနေကို တစေ့တစောင်း ပြောပြနေသလိုပါပဲ။
မကြာပါဘူး သက်ဆိုင်ရာက ခတ်၀၀ လူတယောက် လက်ဆွဲ လော်စပီကာ ကိုင်ရင်း ရောက်လာကာ မိဘတွေကို နာမည်ခေါ်ပြီး ၀င်ခွင့်ပေးပါတယ်။ မိဘတွေသာ မတောင်းဆိုဘူးဆိုရင် ခုလို ၀င်ခွင့်ရမှာ မဟုတ်ပါဘူး။
တရားစွဲခံကျောင်းသားမိဘတွေဟာ မိမိအခွင့်အရေးကို မိမိ သဘောပေါက် နားလည်သူတွေမို့ တော်သေးရဲ့။ မိဘတွေ ၀င်ခွင့်ပေးပြီးတဲ့နောက် သတင်းထောက်တွေကို ၀င်ခွင့်ပေးပါတယ်။ မိဘတွေကတော့ ဒုတိယမြောက် သံဆူးကြိုး ကို ကျော်ပြီး တရားရုံးပေါက်ဝနားအထိ ၀င်ခွင့်ရသွားပါတယ်။ ဒါပေမယ့် ဒုတိယမြောက် သံဆူးကြိုးနားရောက်တော့ သတင်းထောက်တွေ ၀င်ခွင့်မရတော့ပါဘူး။
Letpadaung 4
“တရားရုံး ပရ၀ဏ် အတွင်းမှာ သတင်းယူခွင့်မရှိပါဘူး” လို့ ရဲ အရာရှိတယောက်က  သတင်းထောက်တွေကို လာတား ပါတယ်။ ဒါဟာသတင်းထောက်တွေအတွက် စိန်ခေါ်မှုတခုပါပဲ။ ကျောင်းသားတွေရဲ့ အခြေအနေတွေကို စာဖတ်သူတွေဆီ တင်ပြဖို့ တာဝန်နဲ့ သတင်းထောက်တွေ လာကြတာပါ။
တနည်းအားဖြင့် ကျောင်းသားတွေရဲ့ အသံကို အများပြည်သူတွေဆီ ရောက်အောင်ပို့ဖို့ သတင်းထောက်တွေမှာ တာဝန် ရှိပါတယ်။ ခုတော့ သတင်းထောက်တွေ ထမ်းဆောင်ရမယ့် တာဝန်ကို သက်ဆိုင်က ကန့်သတ် တားဆီးလိုက်ပါပြီ။
သူတို့ ဘာလုပ်ကြမလဲ။ အချို့က သက်ဆိုင်ရာ သတင်းဌာနတွေဆီ တယ်လီဖုန်းနဲ့ သတင်းပို့ကြပါတယ်။ အချို့က သတင်းထောက် အချင်းချင်း အင်တာဗျူး လုပ်ရင်း မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် အပေါ် သဘောထားကို မေးမြန်းမှတ်တမ်းယူနေကြပါတယ်။
Letpadaung 3
“တရားရုံး ပရ၀ဏ် အတွင်းမှာ သတင်းယူခွင့်မရှိဘူးဆိုတာ ဘယ်သူက ပြောတာလဲ” ဆိုပြီး သတင်းထောက်တွေ ဘက်က အသံတသံ ထွက်လာပါတယ်။
“ဒါလွတ်လွပ်စွာ သတင်းယူခွင့်ကို ချိုးဖေါက်တာပဲ” ဒီအသံကို ကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ကိုဉာဏ်ကြီး အသံပါ။ ဒီဗွီဘီ သတင်းထောက် ကိုဉာဏ်ကြီး အသံပါ။ “အဲဒါတော့ ကျနော်လည်းမသိဘူး” အရာရှိ လေသံနည်းနည်းပျော့သွားပါတယ်။
“တရားခွင်မှာတောင် ဓာတ်ပုံရိုက်ခွင့်မရပေမယ့် လူတိုင်းနားထောင်ခွင့်ရှိတယ်” ကိုဉာဏ်ကြီးအသံက  ပိုကျယ်လာပါတယ်။
ရဲအရာရှိ တရားရုံးဘက်ကို ခပ်ကုတ်ကုတ် ထွက်သွားပြီး ချက်ချင်းဆိုသလို ပြန်ရောက်လာကာ သတင်းထောက်တွေကို တယောက်ချင်း နာမည်ခေါ်ကာ ၀င်ခွင့်ပေးလိုက်ပါတော့တယ်။
တရားစွဲခံထားရတဲ့ ကျောင်းသားတွေ၊ ၀န်းရံတွေ၊ မိဘ ဆွေမျိုးတွေ ဖက်လှဲ တကင်းတွေ့နေပုံတွေ၊ သတင်းထောက်တွေ အလုအယက်ဓာတ်ပုံရိုက် သတင်းယူနေပုံတွေကို ကိုရန်နိုင် နဲ့ ကိုဉာဏ်ကြီးတို့ရဲ့ ဗွီဒီယို ရိုက်ချက်တွေမှာ စိတ်လူပ်ရှားဖွယ်တွေ့မြင်ရပါတယ်။
“ဒီမိုကရေစီ ပညာရေး လူပ်ရှားမှုကို ကျမတို့ဆက်လုပ်မယ်” မျက်နှာ ပိန်ကျသွားပေမယ့် လက်ထိပ်တန်းလန်း နဲ့ လန်းဆန်းတက်ကြွနေတဲ့ မဖြိုးဖြိုးအောင်ရဲ့ အသံ။
“လူလိမ်တွေ အစိုးရဖြစ်နေတာက ပြဿ       နာ” လို့ လက်ထိတ်ကို မြှောက်ပြရင်း သတင်းထောက်တွေကို အော်ပြောနေတဲ့ကျောင်းသူတဦးရဲ့ရုပ်ပုံလွှာ။ ဒီပုံတွေ ဒီအသံတွေကိုတော့ ကျနော်တို့ သတင်းဌာနက သတင်းတွေမှာ ထိပ်ဆုံးက ဖော်ပြနိုင်ခဲ့သလို သတင်းပရိသတ်ရဲ့ နှလုံးသားမှာလည်း စွဲထင်စေခဲ့ပါတယ်။
Letpadaung 6
သူတို့ တရားရုံးက ပြန်အထွက်မှာ  ၀န်းရံပြည်သူတွေက အချုပ်ကားကို အတာရေအေးနဲ့ ပက်နေပုံတွေကို ကျနော် အရ ရိုက်ယူရင်း ရင်ထဲ နင့်ကနဲ ခံစားလိုက်ရပါတယ်။
တကယ်တော့ ကျောင်းသားလူငယ်လေးတွေဟာ သူတို့ချစ်သူတွေရဲ့ အတာရေလောင်းတာကို ရင်တဖိုဖို၊ ပီတိအဖုံဖုံ နဲ့ ခံစားပျော်ရွှင် ရမယ့်အရွယ်မှာ . . . .။
X x x
ကျနော်ကင်မရာကို ရေ စင် မစင် စစ်ဆေးနေတုန်းမှာပဲ ကိုဉာဏ်ကြီး ရောက်လာပြီး “သူက ကိုအောင်မှိုင်းဆန်း အမျိုးသမီးပါ။ အင်တာဗျူး လုပ်လိုက်ရအောင်။” လို့ ပြောပါတယ်။
အသားညိုညို မျက်နှာပြည့်ပြည့် မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ် အသက် ၂၀ ၀န်းကျင် ကလေးမလေး တယောက် နဲ့ မိတ်ဆက်ပေးပါတယ်။ ကျနော်က ကိုအောင်မှိုင်းဆန်းကို စာပေသမားတယောက်အနေနဲ့သာ သိထားတာပါ။ ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ သိထားတာမဟုတ်ပါဘူး။
သူ့မိတ်ဆွေများကလည်း သူ့ကို အနေအထိုင် အေးသူ၊ စာဖတ်အားကောင်းသူ၊အယ်ဒီတာ ကောင်းတယောက် အဖြစ် အသိအမှတ်ပြုထားတာပါ။
ဒီမိုကရေစီ ပညာရေးသပိတ် စစ်ကြောင်း တစ်လျှောက် ဗွီဒီယို မှတ်တမ်းတွေမှာ သူ့ပုံတွေကို မကြာခဏတွေ့ဖူး ပါတယ်။ အထူးသဖြင့် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ၊ ကျောင်းသားတွေရဲ့ အရေးကြီးဆွေးနွေးပွဲတွေမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဆွေးနွေးနေတာမျိုးတွေ မကြာခဏတွေ့မြင်ရလေ့ရှိပါတယ်။ အသားညိုညို မြန်မာပီပီသသရုပ်မျိုးပါပဲ။ အေးဆေးတည်ငြိမ်ပြီး စိတ်ဝင်စားဖွယ် ရုပ်ရည် ပိုင်ရှင်ပါ။
ကျနော်တို့ အင်တာဗျူးရိုက်ဖို့ ကိစ္စကို တရားရုံးရှေ့မှာပဲလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်က ပလတ်စတစ် ခုံပု အနီကလေး ၂ လုံးကိုငှားပြီး ၂ ယောက်သား မျက်နှာချင်းဆိုင်ထိုင် လိုက်ကြပါတယ်။
ကိုဉာဏ်ကြီးနဲ့ ကိုရန်နိုင်တို့က ရိုက်ကူးရေးကို တာဝန်ယူလိုက်ပါတယ်။ တရားရုံးနောက်ခံနဲ့ဆိုတော့ ကျနော်တို့ ရဲ့ လေဟာပြင် စတူဒီယိုကလေးဟာ ပိုပြီးသဘာဝ ကျသွားပါတယ်။
သူနဲ့ကျနော်တို့ တွေ့ဆုံမေးမြန်းခန်းကို အကျဉ်းချုပ်ပြောပြရမယ်ဆိုရင်
မေး ။ ။ကိုအောင်မှိုင်းဆန်း ဘယ်လို အဖမ်းခံသွားရတယ်ဆိုတာ ပြောပြပါလား။
ကိုအောင်မှိုင်းဆန်းဇနီး ။       ။ သူက ဖုန်းထဲကနေပြီးတော့ သဲရေ သွားခွင့်ပြုလိုက်ပြီ ဆိုတော့ ကျနော် အရမ်းပျော်သွားတယ်။  သူတို့နဲ့အတူတူ ရန်ကုန်ကိုဝင်မယ်ပေါ့၊ အဲဒီလိုမျိုးသတင်းဝင်လာမပြီး ၁၀ မိနစ်လောက်ပဲရှိသေးတယ် ထပ်ညှိမယ်ဆိုပြီး ထပ်မညှိခင်မှာ ကျောင်းသားတွေဘက်ကို အချုပ်ကားတွေ လှည့်လိုက်တယ် အဲဒီကစပြီး ပြန်ညှိလို့ မရတော့ဘူး။ ငါးယောက်တတွဲ အချုပ်ကားပေါ်မှာ လိုက်ရမယ်။ အလံမထောင်ရဘူး၊ လက်ပတ်မပတ်ရဘူး၊ သီချင်းမဆိုရဘူး၊ သီချင်းမဖွင့်ရဘူး၊ တားလိုက်တဲ့ အခါ အဓိကရုဏ်းတွေဖြစ်တယ်။ ၀ရုန်းသုံးကားဖြစ်ပြီးကျောင်းထဲ ရောက်သွားတယ်။ ကျောင်းထဲရောက်သွားတဲ့ အခါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖမ်းခံမယ် အကြမ်းမဖက်ပါနဲ့လို့ပြောတယ်။ အဲဒီနောက်သူတို့ပါသွားတယ်။
မေး ။ ။ သူအရိုက်ခံရသေးလား။
ဖြေ။ ။ သူက နံပါတ်တုတ်နဲ့တော့ အရိုက်မခံရဘူး၊ ဒါပေမယ့် သူ့ရဲ့နံစောင်းကို စစ်ဖိနပ်နဲ့ အကန်ခံရတယ်။ အဲဒီဒဏ်ရာက ဖြစ်ခါစက ဘာမှ မဖြစ်ပေမယ့် အအေးဓာတ်ဝင်လာရင်နာတယ်။ ဆေးထိုးဆေးသောက်ခွင့်တော့ရတယ်။
မေး ။ ။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်း အဖမ်းခံပါမယ်လို့ ပြောလျက်သားနဲ့ အခုလို စစ်ဖိနပ်နဲ့ ကန်တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကို တရားဆွဲဖို့ စိတ်ကူးရှိပါသလား။
ဖြေ။ ။ အဲဒါကိုတော့ သူနဲ့ညှိနေတုန်းပါ။  ကျမအနေနဲ့ကတော့ အကြမ်းဖက်တဲ့ သူကိုရော၊ အာဏာပိုင်ကိုရော ပြန်တရား စွဲချင်တယ်။
မေး။  ။ အစိုးရက သပိတ်စစ်ကြောင်းမှာပါတဲ့  ၀န်းရံပြည်သူတွေ ကျောင်းသားတွေကို တရားမစွဲပါဘူး၊ အကြမ်း မဖက်ပါဘူး ဆိုတဲ့ ကတိတွေပေးလက်မှတ်ထိုးပြီး အစိုးရဘက်က ကတိမတည်တာတွေနဲ့ ပတ်သက်လို့ ဘာပြောချင်လဲ။
ဖြေ။ ။ အစိုးရဆိုတာက နိုင်ငံတနိုင်ငံအတွက် ပြည်သူအတွက် လုပ်ပေးတဲ့ အစိုးရမျိုးပဲ ဖြစ်ရမယ်။ အခုအဖြစ် အပျက်ကိုကြည်ရင် အစိုးရမဟုတ်ဘူးပေါ့နော်။
မေး။ ။  ထောင်ဝင်စာ ဘယ်နှခါတွေ့ရသလဲ။
ဖြေ ။ ။ ၂ ခါရှိသွားပါပြီ။ တွေ့ခွင့်ရဖို့ အရမ်းခက်ခဲတယ်။ ကျမက သူ့ဇနီးဖြစ်ပေမယ့် အိမ်ထောင်စုဇယားထဲမှာ မပါလို့ တွေ့ခွင့်မရဘူးလို့ ပြောတယ်။ အိမ်ထောင်စုဇယားထဲမှာပါတဲ့ အမေကိုတော့ မှတ်ပုံတင် မပါလို့ဆိုပြီး တွေ့ခွင့် မရဘူးလို့ ပြောတယ်။ ကျမတို့ တအားကြိုးစားမှ တွေ့ခွင့်ရတယ်။ အခု တွေ့ခွင့်ရတာ ၂ ခါရှိပါပြီ။
မေး  ။ ။ ထောင်ထဲမှာ ဘာတွေ လိုအပ်နေလဲ။
ဖြေ။ ။ကလေးတွေဆိုရင် ခြင်ကိုက်လို့ ယားနာတွေ ဖြစ်နေတယ်။ ကိုအောင်မှိုင်းဆန်းလည်း ယားနာ လူးဆေးမှာတယ်။ အဓိက ကတော့ ခြင်ထောင်လိုအပ်တယ်။ ကျမတို့ ပထမ တွေ့တွေ့ချင်း ခြင်ထောင်တွေ ပါသွားတယ်။ ဒါပေမယ့် သွင်းခွင့် မရပါဘူး။ သူတို့က အထက်အမိန့်အရ ပေးမသွင်းသေးပါဘူးလို့ ပြောတယ်။ တကယ်လို့ အထက် အမိန့်က ပေးသွင်းပါဆိုရင် ပေးသွင်းမယ်လို့ ပြောပါတယ်။ အခုထိ ခြင်ထောင်သွင်းခွင့် မရသေးပါဘူး။
မေး ။ ။ အထက်က ဆိုတာ ဘာကိုပြောတာလဲ။
ဖြေ ။ ။ အထက်ဆိုတာက သူတို့ပြောပြောနေတဲ့ လက်မဲကြီးပဲဖြစ်မှာပေါ့။
မေး ။ ။ ထောင်ထဲက ဘာတွေမှာသလဲ။
ဖြေ။ ။ အင်္ဂလိပ်ဝထ္ထုတွေ၊ အင်္ဂလိပ်ဂရမ်မာ စာအုပ်တွေမှာ ပါတယ်။ သွင်းခွင့် ရမရတော့ မသိရသေးပါဘူး။ တရားဝင် ခွင့်ပြုတဲ့ စာအုပ်ဆိုရင်တော့ ပေးသွင်းမယ်လို့ ပြောပါတယ်။ ကဗျာဆရာ ကိုစောဝေရဲ့ လက်ဆောင် စာအုပ်မှာ ထောင်ဆိုတာ အမေ မကြိုက်တဲ့ တက္ကသိုလ် ဆိုတဲ့ စာတမ်းကလေး အမှတ်တရ ရေးတာလေးပါလို့ သွင်းခွင့် မရခဲ့ပါဘူး။
မေး ။ ။ သူနဲ့ ပတ်သက်လို့ ဘာတွေမျှော်လင့်ထားလဲ။
ဖြေ။ ။ ထောင်ကလွတ်ဖို့ဆိုရင် အရမ်းကြီးမမျှော်လင့်ဘူး၊  ဘာဖြစ်လို့လဲဆိုတော့ ဒီ အစိုးရကို မယုံလို့ပါ။ ကျမ အဆုံးစွန်ထိ မျှော်လင့်ထားတယ်။
မေး ။ ။ သူရဲ့ နိုင်ငံရေးလူပ်ရှားမှုနောက်ခံတွေက ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ ၁၉၉၀ ကာလက ထောင်ကျဘူးတယ်။ ၂၀၁၂ မှာ နောက်တကြိမ်၊ အခုတခါ နဲ့ဆို ၃ ကြိမ်မြောက်ပေါ့။ သူ့ရဲဘော်တွေကတော့ သူ့ကို လေးစားချစ်ခင်ကြပါတယ်။ ပြဿ   နာတွေကို အေးအေးဆေးဆေး ဖြေရှင်းတတ်တယ်။ တဖက်တည်းကို ကြည့်ပြီး ဘယ်တော့မှာမဆုံးဖြတ်ဘူး။ ရဲဘော်တွေက သူကို ခုချိန်ထိကူညီနေတုန်းပဲ။ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတဲ့ အခြေနေထိရောက်သွားတဲ့အတွက် သူတို့ လုပ်တာ အောင်မြင်တယ်လို့ သုံးသပ်တယ်။ ကျနော်ကိုပြောတာကတော့ ဒီ အစိုးရဟာ မယုံရဘူးပေါ့၊ သိသာတဲ့ အချက်တွေကတော့ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (အန်အန်အီးအာ) နဲ့ လေးပွင့်ဆိုင်ဆွေးနွေး တဲ့အခါ အစိုးရက  ဥပဒေမှုကြမ်းကို လုံးဝမပြင်ပဲ တင်ပေးပါမယ် ဆိုတာမျိုးတွေရှိတယ်။ အဲဒါကြောင့် အစိုးရကို မယုံရဘူးလို့ သုံးသပ်တာမျိုးတွေရှိတယ်။ လွှတ်တော်ကို စောင့်ကြည့်မယ်လို့ ပြောတယ်။
မေး။ ။ ကျောင်းသားတွေကို ဘာပြောချင်သလဲ။
ဖြေ။ ။ ကျောင်းသားတွေလုပ်တာမှန်တယ်။ ကိုအောင်ဆန်းမှိုင်းတင်မကဘူး ကျောင်းသားတွေနဲ့ ၀န်းရံတွေ လုပ်တာတွေ ကိုထောက်ခံတယ်။ လိုအပ်တာတွေကို ကျမဘေးကနေ အမြဲတန်းကူညီသွားမယ်။
မေး။  ။ သူရဲ့ စာပေသမား ဘ၀ကို ပြောပြပါလား
ဖြေ။ ။ ပန်သစ္စာ ဂျာနယ်နဲ့ မြနန္ဒာ ဂျာနယ်တွေမှာ လုပ်တဲ့ အခါ သူကိုသက်ဆိုင်က မကြာခဏခေါ်မေးတာတွေရှိတယ်။ သူယုံကြည်ချက်ကြောင့် သူများတွေကို အထိခိုက်မခံနိုင်ဘူး၊ အဲဒါကြောင့် အယ်ဒီတာဘ၀ကနေ တရားဝင် နုတ်ထွက်ပြီး ဗကသ ထဲမှာ ထဲထဲဝင်ဝင်လုပ်တယ်။
မေး။ ။ မိသားစု အခြေအနေရော ပြေပြလို့ရမလား။
ဖြေ။ ။ သားတစ်ယောက်ရှိတယ်။ နာမည်က ဝေလွန်ဟိန်ပါ။ အငဲလို့လည်း ခေါ်ပါတယ်။သားက ကျမထက် သူ့အဖေကို ပိုရင်းနှီးတယ်၊ အရမ်းလည်း အလိုလိုက်တယ်။ ကလေးတယောက်လိုဆက်ဆံတယ်။ မရိုက်ဘူး၊ နားဝင်အောင်ပြောတယ်။ ဒါတွေလုပ်ရင် ဘာတွေထိခိုက်တယ်ဆိုတာ နားဝင်အောင်ပြောတယ်။ သားပေါ်မှာ အရမ်းမျှော်လင့်တယ်။ အမေထက် အဖေကို ပိုခင်တယ်။
မေး။ ။မိသားစုနဲ့ပတ်သက်လို့ အမှတ်တရကလေးများရှိရင် ပြောပြပါလား။
ဖြေ။ ။ ၂၀၁၂ မှာ သူအဖေထောင်ကျတုန်းက တရားရုံးထုတ်ချိန်တို့ ထောင်ဝင်စာတို့ကို သူ့ကိုခေါ်သွားတယ်။ သူအဖေပြန်လွတ်လာတော့ သူ့အဖေရုံးထုတ်တဲ့ တရားရုံးကို လုံးဝသွားလို့မရဘူး။ ကျမတို့ကိုသူက လုံးဝသွားခွင့် မပေးဘူး၊ ထောင်သွားတဲ့ လမ်းကို သူမှတ်မိတယ်။ ထောင်သွားတဲ့ လမ်းကို ကျမတို့ လုံးဝသွားခွင့်မပေးဘူး။ သားကသူ့အဖေလိုပဲ အရမ်းအမှတ်ကြီးတယ်။
မေး ။ ။ မိသားစုကလေးတခုကို ဘယ်လိုတည်ဆောက်ချင်ပါလဲ။
ဖြေ။ ။ နိုင်ငံကြီးက ဒီမိုကရေစီတကယ်ရလာပြီ၊ တကယ်လဲ ကျမ တိုက မျှော်မှန်းတဲ့ လမ်းကြောင်းကိုသွားနေပြီ ဆိုရင် ကျမတို့ အေးအေးဆေးဆေး နယ်တခုမှာပဲ သူရောကိုယ်ရော စာရေး ၊ သားအတွက်လဲ့ ပံ့ပိုးပေး ရင်း မိသားစု ထမင်းဝိုင်းကလေးမှာ လက်ဆုံစားချင်ပါတယ်။
ကိုရန်နိုင်က အချိန်စေ့သွားကြောင်း ကျနော်ကိုလက်ပြလိုက်လို့ ကျနော်တို့ စကားဖြတ်လိုက်ကြပါတယ်။
Letpadaung
ကျနော်က သူ့ကိုမေးခွန်းတွေမေးတိုင်း သူက သွက်သွက်လက်လက်ဖြေနိုင်ခဲ့တာကို သတိပြုမိပါတယ်။ ဒီထက်ပိုပြီး ကျနော် သတိပြုမိတာက သူစကားပြောနေတဲ့အခါ၊ သူမေးခွန်းတွေဖြေနေတဲ့အခါ သူမျက်လုံးတွေက သူ့အမျိုးသား ကိုအောင်မှိုင်းဆန်းအပေါ် ယုံကြည်မှု၊ ချစ်ခင်မှု ၊ လေးစားမှုတွေ နဲ့ မျှော်လင့်မှုတွေကိုမြင်နေရပါတယ်။
ကျနော်တို့ သတင်းထောက်တွေက ကင်မရာတွေ အသံဖမ်းစက်တွေ သိမ်းနေတုန်း သားလေး အငဲ ခေါ် ဝေလွန်ဟိန်းက သူ့အမေကို ပြေးဖက်ပြီး အားပါးတရနမ်းနေပါတယ်။
ထောင်သွားတဲ့ လမ်းကိုသူမှတ်မိတယ်။ ထောင်သွားတဲ့ လမ်းကို ကျမတို့ လုံးဝသွားခွင့်မပေးဘူး။ သားကသူ့အဖေလိုပဲ အရမ်းအမှတ်ကြီးတယ်။ X X X မိသားစု ထမင်းဝိုင်းကလေးမှာ လက်ဆုံစားချင်ပါတယ်။
ဒီမိုကရေစီ ပညာရေး တိုက်ပွဲ ၀င်နေတဲ့ သူရဲ့ ဇနီး ပြော တဲ့စကားလေးကိုပြန်ကြားယောင်ရင်း ကျနော် ကင်မရာမှာ ပေါ်က ရေစက်ကလေးတွေ ကို လက်ကိုင်ပုဝါပါးပါးလေးနဲ့ အသာယာ သုတ်နေမိပါတယ်။
တကယ်တော့ ကင်မရာမှာ ပေါ်ကရေစက်ကလေးတွေဟာ  အတာရေစက်ကလေးတွေလား၊ ဒီမိုကရေစီ လိုလား သူတွေရဲ့ မျက်ရည်စက်တွေလား ဆိုတာကိုတော့ ကျနော် မခွဲခြား နိုင်ခဲ့ပါဘူး။
ခပ်သဲ့သဲ့ကြားနေရတဲ့ ရေကစားသံတွေ မှေးမှိန်သွားပါပြီ။ ကျနော့် အလုပ်ခန်းကလေးလည်း တိတ်ဆိတ်ငြိမ်သက်နေပါပြီ။
သားကြီးမောင်ဇေယျ
ဒွီဗွီဘီ
c

f

ပြင်းအား ၇.၉ ရှိ ငလျင် နီပေါတွင် လှုပ်ခတ်

 Handout shows people standing on the runway outside the International Terminal after a earthquake hit, at Tribhuvan International Airport, Kathmandu, Nepal

People wait at a school after a 7.7 magnitude earthquake struck, in Kathmandu, Nepal
နီပေါနိုင်ငံမြို့တော် အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ငယ်ကို ဗဟိုပြုပြီး စနေနေ့မှာ ၇ဒသမ ၉ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ငလျင်ကြောင့် မြို့တော် ကက်သမန်ဒူးမှာ အဆောက်အအုံတွေ ပြိုကျ ပျက်စီးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
ကက်သမန်ဒူးမှာ ရှိတဲ့ ကိုးထပ် အဆောက်အဦ ပြိုကျသွားလို့ လူတွေ အတော်များများ အထဲမှာ ပိတ်မိနေတယ်လို့ စကိုင်းနယူးသတင်းမှာဖော်ပြပါတယ်။
လောလောဆယ်မှာတော့ ၂ ဦးသေဆုံးသွားတယ်လို့ မျက်မြင်တွေကို ကိုးကားပြီး ရိုက်တာ သတင်းကဖော်ပြသလို လူနာတွေကို အပြေးအလွှား ဆေးရုံပို့နေတယ်လို့လည်း ဆိုပါတယ်။
ငလျင် လှုပ်ခတ်မှုအရှိန်ကို ဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံက ဒေသတချို့အထိ ခံစားရတယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အမေရိကန် ဘူမိဗေဒဌာနရဲ့ အဆိုအရ ငလျင်ဟာ မြေအောက် ၂ မိုင် အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့လို့ အထက်မြေပြင်နဲ့ အလွန်နီးစပ်တယ်လို့ သတ်မှတ်ပါတယ်။
ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ဒသမ၆ နဲ့ ၅ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၂ ခုလည်း ဆက်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက် သေဆုံးခဲ့ဖူးပါတယ်။
DVB

ကိုးကန့်တိုက်ပွဲ ကုသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသတိပေး

 
ကိုးကန့်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးပျက်စီးဆုံးရှုံးမှုတွေကို အလွန်စိုးရိမ်ထိတ်လန့် ကြောင်းနဲ့ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၄ ရက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာ့မိတ်ဖက်အဖွဲ့ အစည်းအဝေးမှာပြောကြားလိုက်တာပါ။

မစ္စတာဘန်ကီမွန်းက “ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဒုက္ခကြီးကြီးမားမားခံစားနေကြရတယ်။ ကိုးကန့်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးမှုနဲ့ ပျက်စီး ဆုံးရူံးမှုတွေဟာ စိုးရိမ်ထိတ်လန့် စရာကောင်းသလို တိုက်ပွဲဂယက်တွေဟာ ဒေသရေရှည် တည်ငြိမ်ရေး အတွက်လည်း အလွန်စိုးရိမ်စရာ ကောင်းနေတယ်။

ဒီတိုက်ပွဲတွေက ဖြစ်လာတဲ့ တင်းမာမှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မထိခိုက်စေရဘူး”လို့ ပြောပါ တယ်။

လူသားချင်းစာနာမှုကူညီပေးသူတွေအနေနဲ့ လိုအပ်သလောက်အကူအညီတွေ အချိန်မီ သွားရောက် ထောက်ပံ့ပေးနိုင်ဖို့ တားဆီးပိတ်ပင်မခံရဘဲ ကူညီပေးခွင့်ရဖို့ လိုတယ်လို့ လည်း ပြောပါတယ်။

မြန်မာပြည်ဟာ သမိုင်းဝင် အသွင်းကူးပြောင်းရေးလမ်းကြောင်းပေါ်ဆက်သွားနေပေမယ့် အခွင့် အလန်းတွေရော စိန်ခေါ်မှုတွေပါရှိနေသေးတယ်။ သမ္မတဦးသိန်းစိန်အစိုးရ အစပျိုး လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာတဖြည်းဖြည်း ဆက်လက်တိုးတက်နေပြီး လူမှုစီးပွား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတွေမှာ
မြင်သာတဲ့ ခြေလှမ်းနေတာတွေ့ရတယ်လို့ ဘန်ကီမွန်းကပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပါ စာသားတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သဘောတူညီမှုရခဲ့ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရအောင် ကြိုး စားဖြေရှင်းနေတာကို အစိုးရကနမူနာ ပြသခဲ့တယ်၊ ဒါပေမယ့် ရှေ့မှာ ခက်ခဲတဲ့ အလုပ်တွေ အများကြီးကျန်ရှိနေသေးပြီး အပစ်ရပ်သဘောတူညီချက် နှောင့်နှေးကြန့်ကြာခြင်းမရှိ လက်မှတ်ထိုးဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ဒီနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အရေးပါတဲ့ မှတ်တိုင်ဖြစ်ပြီး ရွေးကောက်ပွဲကို အများယုံကြည်လက်ခံတဲ့၊ ပွင့်လင်းမြင်သာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် သက်ဆိုင်သူအားလုံးနဲ့ ရေရှည်ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဖို့လိုမယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးပါအ၀င် အဓိကကျတဲ့ကိစ္စတွေမှာ တခြားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ သမ္မတရဲ့ ကြိုးပမ်းမှုတွေဟာ အားတက်စရာဖြစ်ပြီး ၆ပွင့်ဆိုင်ဆွေးနွေးပွဲ ဆက်လုပ်ဖို့လည်းတိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ လူမျိုးရေး အခြေအနေတွေဟာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ အထိမခံတဲ့ အခြေအနေမှာဆက်ရှိနေတယ်၊ မွတ်စလင်တွေ အထူးသဖြင့် အစိုးရက ဘင်္ဂလီလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်သူတွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ရပ်တည်မှုကိစ္စ အပြည့်အ၀ မဆောင်ရွက်ပဲထားရင် ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်မှာ မဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ စုဝေးခွင့် ဆန္ဒထုတ်ဖော်ခွင့်ပေးဖို့၊ မီဒီယာတွေကိုလွတ်လပ်တဲ့ဝန်းကျင်ဖြစ်အောင်ဖွင့်ပေးဖို့နဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီးရုံး မြန်မာပြည်မှာ ဖွင့်လှစ်ခွင့်ပေးဖို့တွေ တိုက်တွန်းပြောပါတယ်။

မြန်မာ့မိတ်ဆွေနိုင်ငံတွေက ကိုယ်စားလှယ်တွေတက်ရောက်တဲ့ ဒီအစည်းအဝေးမှာ မြန်မာ အစိုးရအဖွဲ့ထဲက ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ခဲ့ပါတယ်။

By ဒီဗွီဘီ

ပုဂံရှိ ဘုရား ပု ထိုး များ နှင့် နီး ကပ် စွာ ရှိ နေ သော ဟိုတယ် ၂၂ လုံးကို စစ်ဆေးခဲ့ရာ ယဉ်ကျေးမှု အမွေအနှစ်နှင့် ငြိစွန်းနေသည့် ဟိုတယ် ခြောက်လုံး တွေ့ရှိ



ရန်ကုန် ဧပြီ ၂၄

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း အမွေအနှစ် ဘုရားပုထိုးများနှင့် နီးကပ်စွာ ရှိနေသော ဟိုတယ် ၂၂လုံးကို အမွေအနှစ် အပေါ် အကျိုးသက်ရောက်မှု အကဲဖြတ် အဖွဲ့(Heritage Impact Assessment)မှ ဇန်နဝါရီလအတွင်း စစ်ဆေးခဲ့ရာ ယဉ်ကျေးမှု အမွေအနှစ်အပေါ် အကျိုးသက်ရောက်မှု စံနှုန်းများနှင့် ငြိစွန်း နေသည့် ဟိုတယ်ခြောက် လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်ခြောက်လုံးသည် နိုင်ငံတကာ၌ သတ်မှတ်ထားသော အမွေ အနှစ်အပေါ် အကျိုးသက်ရောက်မှု စံနှုန်းများအနက် ယဉ်ကျေးမှု အမွေအနှစ်များနှင့် နီးကပ်စွာ ရှိနေခြင်း၊ မြင်ကွင်းကွယ်နေခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများနှင့် ထိစပ်နေခြင်း စသည့်အချက် များနှင့် ငြိစွန်းကာ ဆောက်လုပ်ထား ကြောင်း သိရသည်။

ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေသည့် ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ် ခြောက်လုံးကို ယဉ်ကျေးမှု အမွေအနှစ်အပေါ် အကျိုး သက်ရောက်မှု စံနှုန်းများနှင့် ငြိစွန်းနေသဖြင့် အရေးယူရန် အမျိုးသား ခရီးသွားလာရေး ဗဟိုကော်မတီ အဖွဲ့မှ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

ယဉ်ကျေးမှုအမွေအနှစ် အပေါ် အကျိုးသက်ရောက်မှု အကဲဖြတ်အဖွဲ့ (Heritage Impact Assessment) သည် အဆိုပါ ဟိုတယ်များနှင့် ပတ်သက်၍ အမွေအနှစ် စံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိကိုသာ ကွင်းဆင်း စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စများကို သက်ဆိုင်ရာ အဖွဲ့မှ ဆုံးဖြတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းစစ်ဆေးရေး အဖွဲ့ကို ငှားရမ်းပေးသည့် မြန်မာနိုင်ငံ ဆိုင်ရာ ယူနက်စကို ရုံးမှ သိရသည်။

မြ၀တီ

တပ်မတော် အရာရှိဟောင်းများ ပါဝင်သော ပါတီသစ်တည်ထောင်၊ သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်အား ပါတီနာယကအဖြစ် လျာထား


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် နိုင်ငံရေး စီမံခန့်ခွဲမှုပညာ မဟာတန်း ကျောင်းသား ၆၀ ခန့်နှင့် တပ်မတော် အရာရှိဟောင်းများ ပါဝင်သော ပါတီသစ်တစ်ခု တည်ဆောက် ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး ဖြစ်သည်ဟု ယင်းပါတီ၏ နာယကဖြစ်သူ သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင် လတ်က ဧပြီလ ၂၂ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုချက်ရရှိပါက ပါတီအမည်၊ ပါတီတံဆိပ်နှင့် ပါတီလုပ်ငန်းစဉ် မူဝါဒများနှင့် စပ်လျဉ်း၍ အသေးစိတ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို ““အခုတော့ အသေးစိတ် ပြောလို့ မရသေးပါဘူး။ ကော်မရှင်က ခွင့်ပြုမှ ပါတီနာမည်တို့၊ တံဆိပ်တို့ အတည်တကျ သတ်မှတ်ရမှာပါ။ အခုတော့ လျာထားဆဲ အဆင့်ပဲ ရှိပါသေးတယ်””ဟူ၍ ဒေါက်တာနေဇင်လတ်က ဧပြီ ၂၂ ရက်တွင် ပြောသည်။

အဆိုပါ ပါတီသစ်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အရေအတွက် ၄၀၀ အထိ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး တပ်မတော် အပါအ၀င် နိုင်ငံရေး အင်အားစု အားလုံးနှင့် လက်တွဲ ဆောင်ရွက် ရန် မူဝါဒချမှတ်ထားကြောင်း၊ အနီရောင် အောက်ခံ အလယ်တည့်တည့်တွင် ရွှေရောင် ကဒေါင်းရုပ်ကို ပါတီ အလံအဖြစ် သတ်မှတ်ထားပြီး သမ္မတ ဦးသိန်းစိန်၏ အကြံပေးတစ်ဦးဖြစ် သူ ဒေါက်တာနေဇင်လတ်ကို နာယကအဖြစ် သတ်မှတ်ထားကြောင်း၊ နာမည်ပျက် ကင်းရှင်းသူ တပ်မတော် အရာရှိဟောင်းတချို့ ပါဝင် ကြောင်း စသည်ဖြင့် ဧပြီလ ၂၁ ရက်ထုတ် The Voice နေ့စဉ် သတင်းစာတွင် ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သူ ဦးပိုက်တင်က ပြောကြားခဲ့ပြီးဖြစ်သည်။

ယင်းပါတီတွင် ထောက်လှမ်းရေးဟောင်းအချို့ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် ““ကျွန်တော်တို့ ထောက်လှမ်းရေးဟောင်း တစ်ဦးမှ မပါပါဘူး။ ကျွန်တော်တို့ဆီက နိုင်ငံရေးလုပ်မယ့် သူလည်းမရှိဘူး။ တပ်မတော် အရာရှိဟောင်းတွေ ပါတယ်လို့ သိရတယ်။ ခြေလျင် နဲ့ ခြေမြန်တပ်ရင်းက အရာရှိဟောင်းတွေ ပါတာပါ”” ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ တပည့်ရင်းဖြစ်သူ ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင် က မြန်မာသံတော်ဆင့်သို့ပြောသည်။

၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်က စတင်ဖွဲ့စည်းခဲ့သည့် သမ္မတ၏ အကြံပေး အဖွဲ့များအနက် ဦးကိုကိုလှိုင် ဦးဆောင်သည့် နိုင်ငံရေးအကြံပေးအဖွဲ့ တွင် ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့ ပါဝင်ခဲ့ပြီး ဒေါက်တာ နေဇင်လတ်မှာ လက်ရှိတွင် AMBO Co.,Ltd နှင့် AMBO Hotel Group ၏ ဥက္ကဋ္ဌလည်း ဖြစ်ကာ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

ဒေါက်တာနေဇင်လတ်သည် ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေ သာယာလှပရေး အမည်ခံ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ် ခွဲ၊ ချောင်းသာကျေးရွာ ရှိ ဒေသခံများထံမှ သိမ်းယူထားသော မြေများ မှာ ဒေါက်တာ နေဇင်လတ် အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၏ အမည်ပေါက်များ ဖြစ်နေသည့်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတဒေါက်တာဉာဏ်ထွန်းထံ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က တိုင်ကြားခံခဲ့ရဖူးသူ တစ်ဦးဖြစ်သည်။

ဝတ်ရည်နွေးနွေး

ြ မြန်မာသံတော်ဆင့်သတင်းဌာန –

ဒေါင်းမာန်ဟုန် မှ

သတ်မှတ်နယ်မြေကျော်လွန်မှုကြောင့် ကေအဲန်ယူနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်

KNLA တပ်ဖွဲ့ ဝင် တချို့ အား တွေ့ ရစဉ်၊ ဓါတ်ပုံ - Google Image

 ဧပြီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။

 ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တောင်ငူခရိုင်တွင် သတ်မှတ်နယ်မြေ ကျော်လွန်မှုကြောင့် ကေအဲန်ယူ လက်အောက် ခံ KNLA တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ ဧပြီလ ၂၀ရက်နေ့၊ နံနက် ၇နာရီခွဲအချိန်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု KNLA တပ် မဟာ(၂) လုံခြုံရေးတပ်ဖွဲ့မှ တပ်ခွဲမှူးဗိုလ်ပရားက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ကြီးဗျူဟာ(၃) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၅၈၉) တပ်ဖွဲ့ဝင်များသည် KNLA တပ်မဟာ(၂)နှင့် သံတောင်မြို့နယ်၊ ဘောဂလိမြို့နယ်ခွဲ၊ သပြေညွန့်ကျေးရွာအထွက်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုမရှိကြောင်း ဗိုလ်ပရားက ယခုလို ပြောသည်။

၎င်းက “ကျနော်တို့က အစိုးရစစ်တပ်ဘက်က လွတ်လွတ်လပ်လပ် သွားလာဖို့အတွက် သွားရမယ့်လမ်းကြောင်းတွေ ခွင့်ပြုထား တာ ရှိတယ်။ ကျနော်တို့ပေးထားတဲ့ လမ်းကြောင်းပေါ်မှာ မသွားဘဲနဲ့ ကျနော်တို့ မသိဘဲနဲ့ သူတို့ ဝင်လာတဲ့အပေါ်မှာ ပစ်ခတ်မှု က ဖြစ်ပွားတယ်။ အကြောင်းမကြား၊ အသိလည်းမပေး၊ ပေးထားတဲ့လမ်းကြောင်းကို မသွားပဲနဲ့ ကျနော်တို့တာဝန်ဂွင်ထဲ ဝင် ရောက်လာတဲ့အပေါ်မှာ ဖြစ်သွားတာပါ။ ပစ်တာကတော့ ကျနော်တို့က အရင် စပစ်တာပါ”ဟု ဆိုသည်။

ယင်းပစ်ခတ်မှုမှာ အချိန် ၃မိနစ်သာကြာမြင့်ပြီး အစိုးရစစ်တပ်အနေဖြင့် ပေးထားသည့် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်း ကမ်းများအတိုင်းသာ သွားလာမည်ဆိုပါက ပြဿနာမရှိနိုင်ဟု ဗိုလ်ပရားက ဆက်လက် ပြောဆိုသည်။

အလားတူ ဧပြီလ ၂၂ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ) တပ်မဟာ (၅)နှင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရတပ်များသည် ကေအဲန်ယူ၏ အချို့တပ်မဟာနယ်မြေများ၌လည်း တပ်အသစ်များ၏ နယ်မြေလေ့လာမှု အကြောင်းပြကာ ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း ၀င်ထွက်လေ့ရှိသည်ဟု KNLA နယ်မြေခံ တပ်ဖက်အရာရှိကြီးတစ်ဦးက ပြောသည်။

နန်းချောင်ဖော့
ကေအိုင်စီ - KIC News

တတိယအကြိမ် ယူအန်အေနှင့် မိတ်ဘက်ပါတီများ ဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်


 ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ယူအန်အေ နိုင်ငံရေးညီလာခံ ကျင်းပနေစဉ်
 ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ယူအန်အေ နိုင်ငံရေးညီလာခံ ကျင်းပနေစဉ်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဖက်ပါတီများရဲ့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ယူအန်အေ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က ပြောပါတယ်။
မနက်ဖန်ကျရင် ယူအန်အေအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးခေါ်ယူထားပြီး ဆွေးနွေးပွဲအတွက် အစီအစဉ်တွေ ညှိနှိုင်းကြမယ်လို့ သူက ပြောပါတယ်။
သူက “အဓိကကတော့ ယူအန်အေနဲ့ မိတ်ဖက်ပါတီများ တတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်တာဖြစ်ပါတယ်။ ဘာတွေဆွေးနွေးဖို့ လိုအပ်သလဲ၊ ဘယ်အချက်တွေ ဆွေးနွေးမလဲ၊ ဘယ်အဖွဲ့တွေ ဖိတ်ကြားမလဲ စသဖြင့်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးဆွေးနွေးဖို့၊ တပြည်လုံးအပစ်ခတ်ရပ်ရေးစာချုပ်၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စတွေ ပါမယ်လို့ ထင်ပါတယ်။ အရင်ညီလာခံမှာ မပါဝင်သေးတဲ့ အဖွဲ့တွေလည်း ဖိတ်ကြားဖို့ကိစ္စတွေ ပါပါလိမ့်မယ်၊ ယူအန်အေအဖွဲ့ဝင်တွေချည်းပါ။ မနက်ဖြန် မွန်းလွဲတစ်နာရီ ရန်ကုန်မှာရှိတဲ့ ယူအန်အေ ရုံးမှာဘဲ လုပ်မှာပါ။”
(ယူအန်အေ) နဲ့ မိတ်ဖက်ပါတီများရဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲတွေကို မနှစ် ဒီဇင်ဘာလနဲ့ ဒီနှစ် ဖေဖော်ဝါရီတွေမှာ ကျင်းပခဲ့ပါသေးတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ပထမဆုံးအကြိမ် ဆွေးနွေးပွဲမှာ ယူအန်အေနဲ့ မိတ်ဖက်ပါ တီတွေဟာ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ အနာဂတ် ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်နိုင်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် ပြည်ထောင်စုညီလာခံကို အထောက်အကူပြုမယ့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးသွားဖို့ ပြီးခဲ့တဲ့ သဘောထားတူညီချက် ရယူခဲ့ပါတယ်။
၂၀၁၅ ဖေဖော်ဝါရီလလယ်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဆွေးနွေး ပွဲမှာတော့ နိုင်ငံရေးပြသနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့၊ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးဖြစ်ပေါ်ရေး ၀ိုင်းဝန်းကြိုးပမ်းဖို့၊ ကိုးကန့်ဒေသအပါအ၀င် စစ်ရေးပဋိပက္ခအားလုံးကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာဖို့ စတဲ့အချက်တွေကို တက်ရောက်လာတဲ့ အဖွဲ့ပေါင်း ၃၃ ဖွဲ့က ပူးပေါင်းထုတ်ပြန်ထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အခြေပြုထားတဲ့ စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ)မှာ လက်ရှိ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ ကရင် အမျိုးသားပါတီအစရှိတဲ့ ပါတီတွေ အဓိက ပါဝင်ပါတယ်။

DVB

ကိုးကန့်ဒေသ တိုက်ပွဲပြင်းထန်



 တပ်မတော်က မနေ့မနက်အရုဏ်မတက်ခင်ကစလို့ နန်ထင်မန်ရှန်းရှိ ကိုးကပ် တပ်မတော်စခန်းကို ထိုးစစ်မှာ လက်နက်ကြီးတွေနဲ့သာမက ဓာတုဗုံးတွေ သုံးစွဲတိုက်ခိုက်တယ်လို့ ကိုးကန့်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှောက်လူချန်း၊ ရှီကော်လင်၊ ရှီတုန်ရွှေနဲ့ ချီရှုရာခုတ်စတဲ့ ဒေသ လေးခုကနေ လူအင်အားအမြောက်အမြားသုံးစွဲပြီး ည ၉ နာရီခန့်အထိ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပေမယ့် မအောင်မြင်ပဲ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်မတော် ပြောခွင့်ရသူ ဦးစောမြတ်လင်းက “မနက်ကနေမိုးလင်းတဲ့အထိ လက်နက်ကြီးနဲ့ ပစ်တယ်။ မိုးလင်းတော့ မြေပြင်ကြည်းတပ်က ထိုးစစ်ဆင်ပါတယ်။ ထိုးတက်တက်။ တက်လို့မရတော့ ပြန်ဆုတ်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခေါက်ခေါက်အခါခါပဲ။ မနေ့က သူတို့ ဗုံးသီး ၁၅၀၀ လောက်ပစ်တဲ့အထဲမှာ ၅ လုံး (ဓာတုဗုံး) လောက်ပါတယ်။ သူက ထွက်လာတဲ့မီးခိုးအရောင်က သာမန်ဗုံးနဲ့မတူဘူးဗျ။ ပြီးတော့ အရမ်းစူးရှ မွှေးတဲ့အနံ့လည်းရတယ်။ ရှုမိတဲ့ရဲဘော်တွေဆို အော့အန်ကြတယ်” လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲဟာ လောက်ကိုင်အရှေ့မြောက်ဘက်မှာဖြစ်ပြီး ပြင်းထန်သလို ကျဆုံးဒဏ်ရာရသူများပြားတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ဘက်က ၂ ယောက်ကျတယ်။ ၁၂ ယောက် ဒဏ်ရာရတယ်။ တစ်ဖက်က (တပ်မတော်က)တော့ တော်တော်လေး အသေအပျောက်များပါတယ်။ သေတာကတော့ ၉၀ အထက်မှာရှိပါတယ်။ တချို့ပြောတော့ ၁၄၀ လောက်ဖြစ်မယ်တဲ့ မနေ့က ဗမာ့တပ်မတော်ဘက်က ကျတာ။ ဒဏ်ရာရတာကတော့ ၂၀၀ ပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ တပ်မ ၃၃ ပါ။ ကျနော်သိသလောက်တော့ သုံးရင်းပေါ့။ တပ်ရင်း ၁၁၁ ပါမယ်။ ၁၁၉၊ ၁၂၀ ပေါ့။ အားလုံးပေါင်း ၆ ရင်း ၇ ရင်းလောက်နဲ့ ထိုးတယ်ထင်တယ်” လို့ ပြောပါတယ်။

ဒီဗွီဘီအနေနဲ့ ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မပေးနိုင်သလို ဒီသတင်းနဲ့ပတ်သက်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် မြ၀တီသတင်းဌာန တွေကလည်း တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဦးထွန်းမြတ်လင်းက လက်ရှိမှာ အစိုးရဘက်က တပ်အင်အား တိုးမြှင့်တင်ပို့လာနေ တာကြောင့် တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ဦးမယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်တဲ့ ကိုးကန့်တပ်မတော်နဲ့ အစိုးရအကြားတိုက်ပွဲမှာ တပ်မတော်က လူအင်အား၊ လက်နက်အင်အား အမြောက်အမြားနဲ့ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

 By အေးနိုင် (ဒီဗွီဘီ)

Friday, April 24, 2015

မြန်မာတပ် ဓာတုဗုံးသုံး ဟု ကိုးကန့် စွပ်စွဲ


ကိုးကန့်တပ်ဖွဲ့
 အရင်ရက်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကိုးကန့်ဒေသမှာ ဒီကနေ့မှာတော့ ငြိမ်သက်နေပေမဲ့ တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်တဲ့ အခြေအနေရှိနေပါတယ်။ ဒီလ ၂၃ရက်နေ့ တိုက်ပွဲအတွင်းမှာတော့ အစိုးရတပ်ဖက်က သုံးစွဲတဲ့လက်နက်ဟာ သာမာန်လက်နက်နဲ့မတူဘဲ ထူးခြားနေတာကြောင့် ဓါတုလက်နက်နဲ့ ပစ်ခတ်တယ် လို့ ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ကိုးကန့်ဒေသရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂လကျော်ကြာ ရှည်ကြာလာတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့သီတင်းပတ် အတွင်းမှာ အတန်ငယ် ငြိမ်သက်နေရာ က မနေ့ကတော့ လောက်ကိုင်မြို့ရဲ့ အရှေ့မြောက်ဖက်ခြမ်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေ ဟာ ဒီကနေ့မှာတော့ ငြိမ်သက်နေတယ်လို့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"ဒီကနေ့ကတော့ ငြိမ်နေပါတယ်။ မနေ့တုန်းကတော့ တော်တော်ပြင်းထန်ပါတယ်။ မနေ့တုန်းက သုံးနာရီခွဲက စဖြစ်တယ်။ မိုးမလင်းခင်၊ ညကိုးနာရီလောက် လက်နက်ကြီးနဲ့ ပစ်ပြီးတော့မှ ကြည်းတပ် မြေပြင် ကြည်းတပ် ထိုးပါတယ်။"

ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်ဖက်က အသုံးပြုတဲ့ လက်နက်နဲ့ ပတ်သက်ပြီး ဦးထွန်းမြတ်လင်းက အခုလို ဆက်ပြောပါတယ်။

"သူတို့က သာမာန်ဗုံးနဲ့ မတူတာက သာမာန်ဗုံးက ကွဲသွားရင်တောင် မီးခိုးပဲ ထွက်တာပေါ့။ သာမာန်မီးခိုး၊ အခုဟာက သာမာန်မီးခိုးထွက်ပြီးတဲ့နောက် အရောင်တွေ ပါလာတယ်။ တချို့တွေကျတော့ အနီရောင်၊ တချို့တွေကျတော့ အဝါရောင်၊ အပြာရောင် တချို့ကျတော့လည်း အရမ်းဖြူတဲ့ အဖြူရောင်လည်း ရှိတယ်။ ပြီးတော့ စူးရှတဲ့ မွှေးကြိုင်တဲ့ အနံ့ရှိပါတယ်။ အဲ့ဒီ့အနံ့ကို ရှုမိတဲ့ ရဲဘော်တွေ၊ ကျနော်တို့ဘက်က ရဲဘော်တွေ အော့်အန်ကုန်ကြတယ်။ ထမင်းစားလည်း အန်တယ်။ ရေသောက်လည်း အန်တာပဲ။ ဆိုတော့ တိုက်ခိုက်မှု အင်အား မရှိတော့ဘူးလို့ ပြောရမှာပဲ။"

ဒီလက်နက်နဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က ဓါတုလက်နက် အဖြစ် ကြေညာချက် ထုတ်ပြန်ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ကိုးကန့်တပ်ဖွဲ့အနေနဲ့လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေမရှိကြောင်း ပြောဆိုပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ဒီကနေ့ ငြိမ်သက်နေပေမဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ ကိုးကန့်တပ်က ခန့်မှန်းထားသလို ကိုးကန့်ရဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ တအာန်းခေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ TNLAရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်ကြာင်း ပြောပါတယ်။

"ကိုးကန့်ဘက်ကတော့ တိုက်ပွဲအခြေအနေ ပြင်းတယ်။ မနေ့ကတော့ စစ်ကြောင်းကြီး သုံးကြောင်းနဲ့ တပ်ပြီးတော့ ထိုးတာ အကျအဆုံး တော်တော်များ တယ်လို့ ကျနော်တို့သိရတယ်။ ဒုကာကွယ်ရေးဦးစီးချုပ် ကိုးကန့်ဘက် လာကြည့်တယ်ပြောတယ်။ ပြီးတော့ ပြန်သွားပြီ။ နောက်ထပ် အင်အားတွေ ထပ်ဖြည့်မယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ တိုက်ပွဲအခြေအနေက နည်းနည်းပြင်းလိုက်မယ်ဆိုတဲ့ သဘောကျနော်တို့ သိရတယ်။ "

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကတော့ တရုတ်မြန်မာနယ်စပ်၊ တရုတ်နိုင်ငံနဲ့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ရှောင်ဒုက္ခသည် ၆၀ ၀၀၀ လောက် ဟာ နေရပ်ရင်း ပြန်လာနေပြီး အစိုးရက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး ကူညီထောက်ပံ့ထားခဲ့ပါတယ်။

ကွမ်းလုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်း ကတော့ လောက်ကိုင်မြို့အခြေအနေက လုံးဝ မတည်ငြိမ်သေးဘူး လို့လည်း ပြောပါတယ်။

" အခုအခြေအနေကတော့ ဘယ်လိုလဲ။ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။ စစ်ပွဲလုပ်တယ်။ တချို့တဝက် ပြန်လာတယ်။ ပြန်လာပြီးတော့မှ အရပ်သားလည်း ပြန်လာတယ်။ ပြန်လာတော့ အိမ်တွေ သိပ်မဝင်ရဲသေးဘူး ခင်ဗျ။ လောက်ကိုင် အနောက်ခြမ်းက တိုက်နေတယ်။ မနက်ကလည်း တိုက်တယ်။ လောက်ကိုင်နဲ့ အနောက်မြောက်၊ အနောက်မြောက် တိုက်နေတယ်။ အဲ့တော့ လူထုကလည်း မပြန်ရဲဘူးလေ။ တိုက်ပွဲရှိတော့ မအေးချမ်းသေးဘူးလေ နော့်။"

တရုတ် မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်းမှာ အခုလို တိုက်ပွဲတွေဖြစ်ပွားနေ ချိန်မှာပဲ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက မေလအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့လကုန်ကတော့ အပစ်ရပ် စာချုပ်နောက်ဆုံး မူကြမ်းကို နှစ်ဖက် ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်သမ္မတ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတမြို့မှာ ကျင်းပတဲ့ အာရှ အာဖရိက ထိပ်သီးညီလာခံမှာ ညီလာခံအတွင်း တရုတ်သမ္မတ ရှီ ကျင့်ဖျင် နဲ့ နိုင်ငံတော်သမတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တဆင့် ပြဿနာကိုဖြေရှင်းဖို့ ကြိုးပမ်းနေတာကို တရုတ်က ထောက်ခံကြောင်းနဲ့ တိုးတက်မှု အသစ်တွေကိုမြင်ရဖို့ မျှော်လင့်ကြောင်း တရုတ်သမ္မတက ပြောဆိုခဲ့ပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

ဒို့တောရွာအမြန်ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ပြုတ်ကျ သေဆုံး


|Dawei Watch| မြိတ်၊ ဧပြီ ၂၃
မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ ပြေးဆွဲနေသည့် ဒို့တောရွာအမြန်ရေယာဉ်ပေါ်မှ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က အနောက် သာရဖုံကျေးရွာ အဝင်ဝတွင် အသက်(၅၀)နှစ် ကျော်ရှိ ခရီးသည် အမျိုးသားတစ်ဦး ရေထဲ ပြုတ်ကျပြီး သေဆုံးခဲ့သည်ဟု အမြန်ရေယာဉ်အသိုင်းအဝိုင်းမှ သိရသည်။
တနင်္သာရီမြို့နယ် အနောက်သာရဖုံ ကျေးရွာ အထက်ဆိပ်ကမ်းသို့ ကပ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒို့တောရွာ အမြန်ရေ ယာဉ်မှ လှေစာရေး ကိုဟိန်းငယ်က ပြောသည်။
“ယာဉ်နောက်ဘက် အိမ်သာနားက  ပြုတ်ကျသွားတာပါ။ မြင်တဲ့သူတွေက လာပြီးအသိပေးချိန်က ရွာဆိပ်ကမ်း နှစ်ခုမြောက်လောက်မှ သိရတာပါ”ဟု ကိုဟိန်းငယ်က ဆိုသည်။
အလောင်းကို လက်ရှိအချိန်အထိ ရှာမတွေ့သေးဟု အနောက်သာရဖုံကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဂွမ်ကြည်က ပြောသည်။
ခရီးသည်၏အလောင်းကို ရှာဖွေတွေ့ရှိသည့်အခါ သေမှုသေခင်းအရ အမှုဖွင့်ဆောင်ရွက်သွားမည်ဟု တနင်္သာရီမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြိတ်- တနင်္သာရီ အမြန်ရေယာဉ်များပေါ်တွင် လိုက်ပါစီးနှင်းကြသည့် ခရီးသည် အမျိုးသားတစ်ချို့တို့သည် ရေယာဉ်ခေါင်မိုး အပေါ်တွင် လိုက်ပါလေ့ရှိကြကြောင်း ခရီးသည်တစ်ချို့ထံမှ သိရသည်။
မြိတ်မှ တနင်္သာရီမြို့နယ်သို့ ဒို့တောရွာနှင့် ကြံတိုင်းအောင် အမြန်ရေယာဉ်နှစ်စီးဖြင့်  နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။

Dawei Watch

အိန္ဒိယတွင် လယ်သမားအရေးတောင်းဆို ဆန္ဒပြပွဲအတွင်း လယ်သမားတဦး ကြိုးဆွဲချသေဆုံး

 ကြိုးဆွဲချသေဆုံးသည့် လယ်သမား ဈာပန ပို့ဆောင်စဉ်
 ကြိုးဆွဲချသေဆုံးသည့် လယ်သမား ဈာပန ပို့ဆောင်စဉ်

အိန္ဒိယနိုင်ငံမှာ လယ်သမားအရေး တောင်းဆိုဆန္ဒပြပွဲအတွင်း လယ်သမားတဦး ကြိုးဆွဲချ သေဆုံးမှု ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က မြို့တော် နယူးဒေလီမှာ ဖြစ်ပွားခဲ့ပါတယ်။
မြို့တော်အုပ်ချုပ်ရေးမှူး ကာဂျရီဝလ်က ၀န်ကြီးချုပ် နာရင်းဒရာ မိုဒီရဲ့ အငြင်းပွားဖွယ် မြေယာပိုင်ဆိုင်မှု ဥပဒေကြမ်းကို ဆန့်ကျင်ဟောပြောပွဲအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဘ၀အကျပ်အတည်းဆိုက်နေတဲ့ ရာဂ်ျစတန်ပြည်နယ်က လယ်သမားတဦးက သစ်ပင်ပေါ် တက်ပြီး အဆုံးစီရင်ခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ တရားဟောပွဲတွေမှာ လူတွေဟာ သစ်ပင်တွေပေါ် တက်ပြီး အားပေးကြတာကြောင့် သူကို လူတွေက သတိမထားဖြစ်ခဲ့တာပါ။
၁၉၉၅ ခုနှစ် နောက်ပိုင်း ဆင်းရဲကျပ်တည်းတဲ့ အိန္ဒိယလယ်သမား ၃ သိန်းကျော် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဧပြီ ၂၃ ရက်နေ့က မိမိကိုယ်ကို သတ်သေသွားတဲ့ လယ်သမားရဲ့ အသုဘ အခမ်းအနားကို သူရဲ့ ဇာတိမြေမှာပဲ ပြုလုပ်ခဲ့ပြီး သမီးဖြစ်သူက ဆန္ဒပြပွဲ ကျင်းပခဲ့တဲ့ အတိုက်အခံ အေအေပီပါတီအဖွဲ့ဝင်တွေကို အပြစ်တင်ခဲ့ပါတယ်။
အဲဒီလယ်သမားသေဆုံးခဲ့အပြီး အိန္ဒိယနိုင်ငံရေးသမားတွေအကြား ပြစ်တင်ဝေဖန်မှုတွေ လည်း ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီရဲ့ မြေယာပိုင်ဆိုင်မှုဥပဒေဟာ လယ်သမားတွေဘ၀ကို ပိုမို ကျပ်တည်းစေမယ်လို့ အတိုက်အခံပါတီတွေက ဝေဖန်နေကြပြီး အိန္ဒိယအစိုးရကတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်စေမယ့်အစီအစဉ်လို့ ပြောဆိုပါတယ်။
အဲဒီဥပဒေကြမ်းကို အိန္ဒိယအောက်လွှတ်တော်က အတည်ပြုထားပြီး ဖြစ်ပေမယ့် အထက်လွှတ်တော်ကတော့ အတည်မပြုရသေးပါဘူး။
ကွယ်လွန်သွားတဲ့ လယ်သမားကြီးမှာ ကလေး ၃ ဦးရှိပြီး ပြီးခဲ့တဲ့နှစ် ရာသီဥတုကြောင့် ကောက်ပဲသီးနှံတွေ ဆုံးရှုံးခဲ့တဲ့အတွက် အိမ်ကနေ နှင်ချခံရတယ်လို့ စာတိုတကြောင်း ရေးသား ထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
DVB

အသက် ၁၂၂ နှစ်အရွယ် ဗီယက်နမ်အဖွားအို ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရ

Nguyen Thi Tru ကို အသက် ၇၂ နှစ်အရွယ်ရှိသားအငယ်ဆုံးနဲ့ တွေ့ရစဉ် (Photo: Vietkings)
Nguyen Thi Tru ကို အသက် ၇၂ နှစ်အရွယ်ရှိသားအငယ်ဆုံးနဲ့ တွေ့ရစဉ် (Photo: Vietkings)

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ နေထိုင်တဲ့ အသက် ၁၂၂ နှစ်အရွယ် Nguyen Thi Tru (ငုယင်သီတရု) ဟာ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးဖြစ်ကြောင်း စိစစ်ပြီးစီးပြီလို့ ဟောင်ကောင်အခြေစိုက် the World Records Association က ကြေညာပါတယ်။
လာမယ့် ဇွန်လကျရင် ဗီယက်နမ် အဖွားအိုဆီသွားရောက်ပြီး အသိအမှတ်ပြု လက်မှတ်အပ်သွားမယ်လို့ အဲဒီအဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောဆိုချက်ကို ဗီယက်နမ် သတင်းစဉ် Thanh Nien News က ဖော်ပြပါတယ်။ အဖွားအိုကို ၁၈၉၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိ မြို့တော်ဆင်ခြေဖုန်းမှာ နေထိုင်နေပါတယ်။
ဗီယက်နိုင်ငံနိုင်ငံထုတ် Vietkings မှတ်တမ်းစာအုပ်အရ အဖွားအိုဟာ ဗီယက်နမ်နိုင်ငံရဲ့ အသက်ကြီးဆုံးအဖြစ် ဖော်ပြခံထားရသူဖြစ်ပါတယ်။
သူနှစ်ခြိုက်တဲ့ အစားအစာကတော့ အုတ်ဂျုံယာဂုနဲ့ ၀က်သား၊ နွားနို့နဲ့ အချိုပွဲဖြစ်တယ်လို့ဆိုပါတယ်။ အဖွားအိုရဲ့ မိသားစုတွေအဆိုအရ အဖျာအနာမရှိသလို ဆေးရုံတက်ဖူးခြင်းမရှိဘူးလို့ဆိုပါတယ်။
WRA က ကနဦးပိုင်းက ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသမီးအဖြစ် အတည်ပြုခဲ့သူဟာ ဂျပန်နိုင်ငံသူ Misao Okawa ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
DVB

ထိုင်းတွင် ယာဉ်တိုက်မှုဖြစ်၊ မြန်မာ ၃ ဦးဒဏ်ရာရ

 558000004850405
ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာအလုပ်သမားတွေစီးလာတဲ့ မှန်လုံကားက ပလောပီနံတင် ဆယ်ဘီးကားကို နောက်ကနေ ၀င်တိုက်ရာမှာ ထိုင်းယာဉ်မောင်း သေဆုံးပြီး မြန်မာ ၃ ဦး ဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့မနက် အရုဏ်မတက်ခင် ဘန်ကောက်ကနေ နယ်စပ်က တာ့ခ်ခရိုင် မဲဆောက်မြို့ကို ပြန်တဲ့ စင်းလုံးငှား မှန်လုံယာဉ်ဟာ ယာဉ်မောင်းသမား အိပ်ငိုက်ပြီး ပလောပီနံတင် ဆယ်ဘီး ကားကို ၀င်တိုက်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ကားပေါ်မှာအသက် ၃ နှစ်ရွယ် ကလေးတစ်ဦးအပါအ၀င် ၁၁ ဦး စီးနင်းလိုက်ပါလာပြီး အားလုံးမှာ အလုပ်သမား လက်မှတ်ကိုင်ဆောင်ထားကြတယ်လို့ဆိုပါတယ်။
ခါနုဝေါရပူရီမြို့နယ်ရဲအရာရှိအဆိုအရ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ပျက်စီးနေတဲ့ အဖြူရောင်မှန်လုံ ကားထဲမှာ သေဆုံးသူ ယာဉ်မောင်းအလောင်းနဲ့ ဒဏ်ရာရ ခရီးသည် ၃ ဦးကို တွေ့တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းဟာ အသက် ၄၀ ကျော်အရွယ် နိုင်းဆုမ်ဝန်းဝမ်ဆီ ထိုင်းလူမျိုးဖြစ်ပြီး ဒဏ်ရာရသူ မြန်မာ ၃ ဦးကို ကမ်ဖိုင်ဖစ်ဆေးရုံပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
DVB

လွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်နှင့်အမေရိကန် သွားမည်


Thura U Shwe Mann
ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဘယ်နေ့ဘယ်ရက်မှာသွားရောက်မယ်ဆိုတာနဲ့ ခရီးစဉ်အသေးစိတ် အကြောင်းအရာတွေကို တော့သတင်းမှာ ဖော်ပြခြင်း မရှိပါဘူး။
ပြည်သူ့လွှတ်တော်ရုံးက အရာရှိတဦးကတော့ သူရဦးရွှေမန်းဟာ ဧပြီလ ၂၅ ရက်နေ့ တရုတ် နိုင်ငံကို အရင်သွားရောက်မှာဖြစ်တဲ့ အကြောင်းနဲ့ တရုတ်ခရီးစဉ်အပြီးမှာ အမေရိကန်ခရီးစဉ် သွားရောက်မှာဖြစ်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒီခရီးစဉ်မတိုင်ခင် သူရဦးရွှေမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်းဟိုလန်နဲ့ ဧပြီလ ၂၃ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းယား လမ်းရှိ လွှတ်တော်ရုံးခွဲမှာ တွေ့ဆုံခဲ့ပါတယ်။

By ဒီဗွီဘီ

ဗကသကျောင်းသူ မပိုပိုကို ရုံးထုတ်ပြီး အမှုမစစ်ဘဲ ရုံးပြန်ချိန်း

 po po
လှည်းတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။
ဒါပေမယ့် အမှုစစ်ဆေးခြင်းမရှိဘဲ သူ့နဲ့အမှုတွဲတွေမပါလို့ဆိုပြီး မေလ ၅ ရက်နေ့ကို ရုံးပြန်ချိန်း ဆိုလိုက်တယ်လို့ မပိုပိုရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“ဒီနေ့ ရုံးထုတ်ပါတယ်။ ဒါပေမယ့် စွပ်စွဲခံရသူတွေမစုံလင်တဲ့အတွက် မေလ ၅ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ ကိုကျော်ကိုကို၊ ထက်ခိုင်စိုးရယ်၊ ဂျိမ်းရယ် ၃ ယောက်ကျန်နေတယ်။ နန္ဒစစ်အောင်ကတော့ သာယာဝတီထောင်မှာ မြန်းနေရတဲ့အတွက် မလာနိုင်ဘူး။ အဲတော့ ဒီမှုတွေကတော့ မဆုံးနိုင်တဲ့ သံသယလမ်းခရီးစဉ်ကို လျှောက်လှမ်းရမယ့် အမှုတွေပဲ။”
ဒီကနေ့ မပိုပိုနဲ့ ကိုဝင်းကျော့မှူး တို့ ၂ ယောက်ကို ရုံးထုတ်ခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ထိမ်းသိမ်းထားပါတယ်။
သူတို့တွေဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသား ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု) နဲ့ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
 By နော်နိုရင်းBVB

အမြဲတမ်းအတွင်းဝန်များကို ထပ်ဆောင်းချီးမြှင့်ငွေ ကျပ် ၂ သိန်းပေးမည်

11084300_832325976815140_4692417044994154430_n

အစိုးရ၀န်ကြီးဌာနတွေမှာ မကြာသေးခင်ကမှ အမြဲတမ်းအတွင်းဝန်တွေအဖြစ် အသစ်ခန့် အပ်လိုက်သူတွေကို လစာအပြင် ကျပ် ၂ သိန်း ချီးမြှင့်ငွေအဖြစ် ခံစားခွင့် ပြုလိုက်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်စာအရ သိရပါတယ်။
ဧပြီလ၁၀ ရက်နေ့ စွဲနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သန်းသင်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးခံရသူတွေဟာ ညွန်ကြားရေးမှူးချုပ်အဆင့်နဲ့တူညီတဲ့ အဆင့်တာဝန် ထမ်းဆောင်ရတဲ့အပြင် ၀န်ကြီးဌာနရုံး တာဝန်တွေကို တာဝန်ခံဆောင်ရွက်ရတဲ့အတွက် နိုင်ငံဝန်ထမ်းနည်းဥပဒေနဲ့အညီ လစဉ် ကျပ် ၂ သိန်းတိတိကို လက်ရှိခံစားနေတဲ့ လစာစရိတ်အပြင် ချီးမြှင့်ငွေအဖြစ် ခံစားခွင့်ပြုတယ်လို့ ဖော်ပြပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ၀န်ကြီးဌာန ၃၀ ကျော်ရှိတဲ့အထဲမှာ ဌာန ၁၁ ခုမှာ အမြဲတမ်း အတွင်းဝန်တွေအဖြစ် ပထမအသုတ် ခန့်အပ်လိုက်တာပါ။
အမြဲတမ်းအတွင်းဝန်ဖြစ်လာသူတွေကတော့ ပြန်ကြားရေးဌာနက ဦးတင့်ဆွေ၊ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဌာနက ဦးခင်မောင်သက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာနက ဦးခင်မောင်ရီ၊ စက်မှုဌာနက ဦးသွင်မြင့်မောင်၊ စီးပွားကူးသန်းဌာနက ဦးတိုးအောင်မြင့်၊ ကျန်းမာရေးဌာနက ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာ သက်ခိုင်ဝင်း၊ သတ္တုတွင်းဌာနက ဦးဌေးအောင်၊ ဆောက်လုပ်ရေးဌာနက ဦးကျော်လင်း၊ အလုပ်သမားဌာန ဦးမျိုးအောင်၊ ရထားပို့ဆောင်ရေးဌာနက ဦးဇော်မင်းဦးနဲ့ သိပ္ပံနှင့် နည်းပညာဌာနက ဦးကျော်စွာစိုးတို့ဖြစ်ပါတယ်။

By ဒီဗွီဘီ

ကရင်ဒုက္ခသည်ကြောင့် သြစီမြို့မှာ စီးပွားဖြစ်ထွန်း

နေးလ် မြို့မှာ အလုပ်လုပ်တဲ့ ကရင်လူမျိုးတချို့ 
မြန်မာနိုင်ငံကနေ ​ရောက်ရှိလာတဲ့ ​ဒုက္ခသည်တွေကြောင့် ​သြစတြေးလျ ​နိုင်ငံက ​မြို့တစ်မြို့မှာ ​စီးပွားရေး ​တိုးတက်မှုတွေ ​ဖြစ်နေပါတယ်။

ဒါကတော့ ​ဗစ်တိုးရီးယားပြည်နယ် ​Nhill ​နေးလ် ​လို့ခေါ်တဲ့ ​မြို့မှာ ​ကရင်ဒုက္ခသည် ​အယောက်ပေါင်း ​၁၇၀ ​နေထိုင်ပြီးတဲ့နောက် ​စီးပွားရေး ​တိုးတက်လာတာပါ။

ကရင် ​ဒုက္ခသည်တွေက ​၂၀၁၀ ​ပြည့်နှစ်နောက်ပိုင်းမှာ ​စတင်နေထိုင်လာတာ ​ဖြစ်ပြီး ​အခုဆိုရင် ​ကရင်တွေကြောင့် ​ဒေါ်လာ ​၄၁.၅ ​သန်း ​စီးပွားရေး ​အကျိုးအမြတ် ​ရရှိစေတယ်လို့ ​ဆိုပါတယ်။

နေးလ်မြို့မှာ ​လူဦးရေ ​၂၃၀၀ ​ပဲ ​ရှိပြီး ​စိုက်ပျိုးရေးနဲ့ ​မွေးမြူရေးကို ​အဓိကထားတဲ့ ​မြို့ဖြစ်ပါတယ်။

ကရင်ဒုက္ခသည်တွေ ​ရောက်မလာရင် ​အဲဒီမြို့က ​မွေးမြူရေးခြံတွေ၊ ​စိုက်ပျိုးရေး ​လုပ်ငန်းတွေကို ​ပိတ်လိုက်ရမယ့် ​အခြေအနေမှာ ​ရှိခဲ့ပါတယ်။

မြို့က ​လူငယ်တွေက ​မဲလ်ဘုန်းလို ​မြို့ကြီး ​ပြကြီးကို ​သွားပြီး ​အလုပ်လုပ်တာကြောင့် ​အလုပ်လုပ်မယ့်လူတွေ ​ရှားပါးတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​ကရင်ဒုက္ခသည်တွေက ​အလုပ်အကိုင်မရွေးပဲ ​ရရာအလုပ် ​ဝင်လုပ်ရာက ​လုပ်ငန်းတွေကို ​ဆက်လက် ​လည်ပတ်နိုင်ခဲ့တာပါ။

အများအားဖြင့်တော့ ​Luv-a-Duck ​ဆိုတဲ့ ​မွေးမြူရေးခြံမှာ ​အလုပ်လုပ်တာဖြစ်ပြီး ​ကြက်စာကျွေးတာတွေနဲ့ ​ကြက်ဥကောက်တဲ့ ​အလုပ်ကို ​လုပ်ကိုင်ကြတာပါ။

အဲဒီ ​မွေးမြူရေးခြံမှာ ​ကရင်လူမျိုး ​၅၄ ​ယောက် ​အလုပ်လုပ်နေပြီး ​အဲဒီ ​မွေးမြူရေးနဲ့ ​ဆက်စပ်ပြီး ​တခြား ​လုပ်ငန်းတွေလည်း ​တိုးတက်လာတာ ​ဖြစ်တယ်လို့ ​The ​Guardian ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia

ရုပ်ရှင်ဇာတ်ကားတွင် အသုံးပြုရန် မြန်မာငွေစက္ကူအတု ၃၆၉ သိန်းကို ထိုင်းလေယာဉ်ဖြင့် သယ်ဆောင်လာသည့် အိန္ဒိယနိုင်ငံသားများကို စုံစမ်းစစ်ဆေး


ရန်ကုန် ၊ ၂၃-၄-၂၀၁၅

မြန်မာနိုင်ငံ၌ အမေရိကန် နိုင်ငံ FOX ကုမ္ပဏီက လာရောက် ရိုက်ကူးသည့် Rangon ရုပ်ရှင် ဇာတ်ကားတွင် အသုံးပြုရန် မြန်မာငွေ စက္ကူအတု ငွေကျပ် ၃၉၆ သိန်းကို ထိုင်းလေယာဉ်ဖြင့် သယ်ဆောင် လာသည့် အိန္ဒိယ နိုင်ငံသား များကို စုံစမ်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ် ၂၃ ရက်က ထိုင်းလေကြောင်း လိုင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိ လာသည့် အိန္ဒိယနိုင်ငံသား ၂၃ ဦးထံမှ တစ်ထောင်ကျပ်တန် ငွေစက္ကူ အတု ငွေကျပ် ၃၉၆ သိန်းကို သိမ်းဆည်း ရမိခဲ့သည်။

ထို ငွေစက္ကူအတု သယ်ဆောင် လာမှုဖြင့် ၄င်းအဖွဲ့မှ အိန္ဒိယနိုင်ငံသား အသက် ၄၅နှစ် အရွယ်ရှိ Mr. Senthilkumar Balaraman နှင့် Mr.Megarej Chandrasekaran တို့ကို မင်္ဂလာဒုံ မြို့မ ရဲစခန်းက ၂ဝ၁၃ ခုနှစ် မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အက်ဥပဒေပုဒ်မ - ၁ဝ၅/ ၁ဝ၆ ဖြင့် အမှုဖွင့်ခဲ့ သည်ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ ထံမှ သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ ငွေစက္ကူအတု များသည် ပုဂံ - ညောင်ဦးတွင် Rangon ဇာတ်လမ်း အမည်ဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အိန္ဒိယနိုင်ငံ FOX ကုမ္ပဏီမှ ရိုက်ကူးရေး အဖွဲ့က ရိုက်ကူးရေးတွင် အသုံးပြုမည့် ငွေစက္ကူ အတုများ ဖြစ်ကြောင်း အမေရိကန် အခြေစိုက် FOX ကုမ္ပဏီ ဘက်မှ ခိုင်လုံသည့် သက်သေ အထောက်အထားများ တင်ပြနိုင် ခဲ့သောကြောင့် ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက ပြန်လည် ပိတ်သိမ်း စေခဲ့သည့် အမှုလည်း ဖြစ်ကြောင်း သိရသည်။

“FOX ကုမ္ပဏီက ရုပ်ရှင်ရိုက်ကူး ရာမှာ အသုံးပြုမယ့် နိုင်ငံတကာရဲ့ ဘယ် အသုံးအဆောင် ပစ္စည်းကို မဆို နမူနာပုံစံ အတုလုပ် အသုံးပြုခွင့် ရထားတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင် ရိုက်ကူးရေး အတွက် ငွေစက္ကူ အတုတွေ ယူလာမယ် ဆိုတာကို ကြိုတင် အကြောင်းမကြား ခဲ့လို့ရဲက ဖမ်းဆီးခဲ့တာပါ။ နိုင်ငံတော်ရဲ့ ငွေကြေးကိုလဲ အတုလုပ် အသုံးပြုခွင့် မရှိပါဘူး။ ဒါပေမဲ့ ရိုက်ကူးရေး အတွက် နမူနာပုံစံ အတုလုပ် အသုံးပြု ခဲ့ကြောင်းကို သူတို့ဘက်က သက်သေ ခိုင်လုံစွာ တင်ပြနိုင်တယ်။ ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးလဲ ရှိတာကြောင့် ဒီအမှုကို ပြန်ရုပ် သိမ်းပေးခဲ့ တာပါ '' ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''ဖမ်းမိတဲ့ တစ်ထောင်တန် ငွေစက္ကူအတု အားလုံးက နံပါတ်တူ တွေချည်း ရိုက်နှိပ်ထားပြီး Sample ဆိုတဲ့ တံဆိပ်ရိုက် ထားတာ တွေ့ရတယ်။ စစ်ပြီးခေတ် ဒီနိုင်ငံမှာ ကျန်ခဲ့တဲ့ အိန္ဒိယ နိုင်ငံသားတွေကို သူ့ မိသားစုဝင် တွေက အိန္ဒိယကနေ ချမ်းသာကြွယ်ဝသူ အဖြစ် မြန်မာပြည် အလည်လာပြီး သရုပ်ဆောင်မယ့် ဇာတ်ဝင်ခန်းကို ရိုက်ဖို့ ငွေစက္ကူ အတုတွေ ယူလာတာလို့ သိရပါတယ်။ မသမာတဲ့စိတ်နဲ့ ယူဆောင် ခဲ့တာ မဟုတ်သလို သူတို့ ရုပ်ရှင် ကုမ္ပဏီကြီးမှာ အတုလုပ် အသုံးပြု ခွင့်ကို တခြားနိုင်ငံ တွေကပါ ခွင့်ပြုထားတာ တွေရှိမှန်း စုံစမ်းသိရှိရ တာကြောင့် ဧပြီ လဆန်းပိုင်းက ဒီအမှုကို ပြန်ရုပ်သိမ်း ပေးခဲ့တာပါ '' ဟု မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပြသည်။

PyiChitThar

ရခိုင်ပြည်မှာ တိုက်ပွဲဆက်

Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်။ Photo: Arakan Army
မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မှာ အရင်ကထက်ပိုပြီး အင်အားကောင်းလာနေပြီလို့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

အရင်က အင်အားသုံးရာ ဝန်းကျင်သာရှိခဲ့ရာက မနှစ်ကစပြီး အင်အား နှစ်ထောင်ကျော်ဖြစ်လာခဲ့ကြောင်း၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဆီက စစ်ရေးသင်တန်းတွေ ရရှိခဲ့ကြောင်းလည်း ပြောပါတယ်။

မြောက်ပိုင်းဒေသ တရုတ်နယ်စပ် ကိုးကန့်နယ်မှာ MNDAA ကိုးကန့်တပ်တွေနဲ့ အစိုးရ တပ်ကြား ဖေဖေါ်ဝါရီ လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း ရက္ခိုင့် တပ်မတော် AA ဟာ ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အစိုးရငြိမ်းချမ်းဖေါ်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ကြား အပစ်ရပ်ရေးသဘောတူညီချက် မူကြမ်းလက်မှတ်ရေးထိုးအပြီးမှာတော့ ရက္ခိုင့်တပ်မတော်ဟာ မြောက်ပိုင်းဒေသကနေ ရခိုင်ပြည်နယ်ကို ပြန်ပြီး ဦးလှည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

"ကျနော်တို့ ရခိုင်တပ်မတော်က အဲ့ဘက်မှာလှုပ်ရှားနေတာကြာပြီ၊ ထိပ်တိုက်တွေ့ရင်တော့ တိုက်ပွဲဖြစ်သွားတာပေါ့နော်၊ မတ်လ ၂၉ ရက်နေ့မှာဖြစ်တယ်၊ အဲ့မှာတော့ ဗမာ့တပ်မတော်ဘက်က ဗိုလ်ကြီးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက်ကျတယ်၊ နှစ်ယောက်ကို ကျနော်တို့ဖမ်းဆီးမိတယ်၊ နောက် ဧပြီလ ၁ဝ ရက်နေ့မှာ တစ်ခါဖြစ်တယ်၊ နောက်ဧပြီ ၁၇၊ ၁၈ ပေါ့နော်"

ဒါပေမဲ့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကတော့ ရက္ခိုင့်တပ်မတော်ဟာ ကိုးကန့်တပ်လို တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ သေးငယ်တဲ့အဖွဲ့လေးသာဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒီအတွင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA အခြေစိုက်ရာ ပန်ဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ AA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို UWSA က ဖိတ်ကြားထားပါတယ်။ ဒီအပေါ် အစိုးရတပ်မတော်က AA၊ TNLA နဲ့ MNDAA တို့ကို အမြင်မကြည်လင်တာတွေရှိတာကြောင့် မဖိတ်ကြားဖို့ နှုတ်နဲ့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ AA အနေနဲ့ အစည်းအဝေးကို တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း၊ ရက္ခိုင့်တပ်မတော်အနေနဲ့ NCCT အဖွဲ့ဝင်ဖြစ်လိုပေမဲ့ အစိုးရကအသိအမှတ်မပြုတဲ့အတွက် စိတ်မကောင်းကြောင်း ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

RFA Burmese

Miss World Myanmar 2015 အလှမယ်ရွေးချယ်ပွဲ စတင်တော့မည်



ဓာတ်ပုံများ- တင်ထက်ပိုင်/ The Irrawaddy

ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေမှာ ဒုတိယလူစိတ်ဝင်စားမှုအများဆုံးပြိုင်ပွဲတခုဖြစ်တဲ့ Miss World 2015 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် Miss World Myanmar 2015 ရွေးချယ်ပွဲကို ပြုလုပ်တော့မှာပါ။

ဒီအစီအစဉ်ကို Channel 7 နဲ့ Forever BEC-TERO တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး မနှစ်တုန်းက 2014 Miss World Myanmar အဖြစ် ၀ိုင်းလေးကို ရွေးချယ်ခဲ့ကာ သွားရောက်ယှဉ်ပြိုင်စေခဲ့ပြီးပါပြီ။ ဒီနှစ်အတွက် Miss World Myanmar 2015 ရွေးချယ်ပွဲကို ဧပြီ ၂၄ရက်ကနေ ၃၀ရက်နေ့အထိ ရန်ကုန်မြို့ ရှင်စောပုဘုရားလမ်းမှာရှိတဲ့ MEP မှာ အလှတကိုယ်လုံး ဓာတ်ပုံ၂ ပုံ ယူဆောင်လာကာ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒုတိယအကြိမ်ပြုလုပ်တဲ့ ပွဲနဲ့ ပတ်သက်လို့ Forever BEC-TERO ရဲ့ Country Manager ကိုစိုးသူရက  “ဒီနှစ်လည်း မနှစ်ကလိုပဲ ကျင်းပသွားမှာပါ။ ဒါပေမယ့် မနှစ်က ဖြစ်ခဲ့တဲ့ အခက်အခဲတွေ ၊ တယောက်နဲ့တယောက် ကြားက မပြေလည်မှုလေးတွေကို ညှိနှိုင်းဖြေရှင်းပြီးတော့ ဒုတိယနှစ်ကို လုပ်မှာ ဖြစ်ပါတယ်။
ဒီပွဲလေးက အရည်အချင်းပြည့်ဝတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အလှကို ကမ္ဘာကို ပြသချင်တဲ့သဘောပါ။ ကျနော်တို့နဲ့ Forever BEC-TERO အနေနဲ့ ဘယ်လိုအတွေ့အကြုံ့မျိုးကိုမဆို သင်ပေးနိုင်ပါတယ်။

ကျနော်တို့ လိုအပ်တာက စိတ်ထားလှတဲ့ မြန်မာ အမျိုးသမီးတွေကို ကမ္ဘာ့အလည်မှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ထင်ရင် လာရောက် ယှဉ်ပြိုင်စေချင်ပါတယ်။ ကျနော်တို့ လိုအပ်တာက ယှဉ်ပြိုင်ခြင်းဆိုတဲ့ စိတ်ဓာတ်လေး တခုပါပဲ” လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။

သတ်မှတ်ထားတဲ့ အသက်အရွယ်ကတော့အသက်၁၈နှစ်အတွင်းကနေ ၂၃နှစ်အတွင်းဖြစ်ပြီး  ဧပြီလကုန်မှာ လူရွေးပွဲစတင်မှာဖြစ်ကာ ဇူလိုင်လ ၁၁ ရက်နေ့မှာ Miss Myanmar World 2015 ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ စကာတင် အယောက်၂၀ ထဲမှာ Miss World Myanmar Winner ၊ first Runner Up ၊ Second Runner Up များကို ရွေးချယ်ပေးကာ Winner အတွက် ဆုငွေကျပ်သိန်းတရာနဲ့အတူ တခြားဆုများအကျိုးခံစားခွင့်များကို ရရှိမှာ ဖြစ်ပါတယ်။




2014 Miss World Myanmar ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သူ ၀ိုင်းလေးကပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်လို့  “၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ညီမလေးတွေကိုပြောချင်တာက Miss World ဆိုတာကလည်း မှတ်တိုင်တခုပါပဲ၊ ဒီပွဲလေးကိုပြိုင်ရင် ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကြောက်ရွံ့စရာလည်းမလိုဘူး။  အဓိက ကိုယ်က ဒီလိုပွဲမှာ Participate လုပ်နိုင်တယ်ဆိုတာ ပြရမယ်၊ ၀ိုင်းလေးတို့ကလည်း အတွေ့အကြုံတွေ ၀ိုင်းပြီး Sharing လုပ်သွားမှာပါ။ ကူညီသွားမှာပါ၊ ကြိုဆိုပါတယ်။ ပြိုင်ပွဲမှာ လိုအပ်တာ အဓိက စိတ်ဓာတ်ပါပဲ၊ ပြီးတော့ Body Beauty Building ပေါ့။ ပြီးတော့ Team Work ရှိဖို့လိုအပ်တယ်။ နိုင်ငံတကာနဲ့သွားတဲ့အခါမှာ အချိန်တိကျဖို့ လိုအပ်တယ်။ စည်းကမ်းကလည်း သိပ်အရေးကြီးတယ်။ ပြိုင်ပွဲတခုမှာ ဆုရဖို့ဆိုတာက အဘက်ဘက်က ပြည့်စုံနေမှ ရမှာပါ။ အများကြီး ကြိုးစား စေချင်တယ်။ ၀ိုင်းလေးတို့လည်း Perfect ဖြစ်တယ် မဟုတ်ပေမယ့်လည်း Participate လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါကြောင့် ဒီနှစ်မှာ လာရောက်ပြိုင်မယ့် ညီမတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ သူများတွေ လုပ်နိုင်သလို ၀ိုင်းလေးတို့လည်း လုပ်နိုင်တယ်ဆိုတဲ့ဟာကို ပြနိုင်ဖို့ လာရောက်ယှဉ်ပြိုင်စေချင်ပါတယ်လို့” ပြောပြပါတယ်။

ဝိုင်းလေးက ရွေးချယ်ခံရတဲ့ Miss World Myanmar 2015  ပြိုင်ပွဲကို သွားရောက် မယှဉ်ပြိုင်ခင်မှာ အတွေ့အကြုံများနဲ့ လိုအပ်မှုများကို Trainning ကာလအတွင်းမှာ ကူညီပံ့ပိုးပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဧရာဝတီ blog

မဝယ်လ်သာနှင့် ပက်ကွိုင်ယိုတို့၏ လက်ဝှေ့ပွဲလက်မှတ် တစ်စောင်တန်ဖိုး ဒေါ်လာ ၁ဝဝဝဝ အထိ စံချိန်တင်မြင့်တက်


လက်စ်ဗီးဂက်စ် ၊ ၂၄-၄-၂၀၁၅

လက်ဝှေ့ လောကတွင် ထိုးသတ်ကြေး အမြင့်ဆုံး အဖြစ် စံချိန်တင်မည့် အမေရိကန် လက်ဝှေ့ကျော် ဖလွိုက် မေဝယ်လ်သာ နှင့် ဖိလစ်ပိုင်နိုင်ငံ မှ မန်နီပက်ကွိုင်ယို တို့၏ လက်ဝှေ့ပွဲ လက်မှတ်များ၏ ဈေးနှုန်းမှာ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပွဲစဉ်အား လာရောက် ကြည့်ရှုမည့် ပရိသတ်များ အနေဖြင့် ကြိုးဝိုင်း အနီးရှိ ထိုင်ခုံ တစ်ခုံအား ဒေါ်လာ ၁ဝဝဝဝ အထိ ပေးဝယ်၍ ကြည့်ရှုရမည် ဖြစ်ပြီး ယင်း လက်ဝှေ့အတွက် ပရိသတ် များအား ရောင်းချမည့် လက်မှတ် အရေအတွက် မှာလည်း စောင်ရေ ၅ဝဝ ခန့်မျှသာ ဝယ်ယူရရှိ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်မှတ် တစ်စောင်၏ ဈေးနှုန်းမှာ ဒေါ်လာ ၁၅ဝဝ အထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။

အမေရိကန် လက်ဝှေ့ကျော် မေဝယ်လ်သာ သည် ပြိုင်ပွဲပေါင်း ၄၇ ပွဲထိုးသတ် ထားရာတွင် ယခု အချိန်အထိ ရှုံးပွဲမရှိ စံချိန်တင် ထားနိုင်ပြီး ပြိုင်ဘက် လက်ဝှေ့ကျော် ၂၆ ဦးကို အလဲထိုးသတ် ထားကြောင်း သိရသည်။

အလားတူ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွိုင်ယို မှာ လက်ဝှေ့ ပွဲပေါင်း ၆၄ ပွဲ ထိုးသတ်ထားပြီး နိုင်ပွဲ ၅၇ ပွဲ၊ သရေနှစ်ပွဲနှင့် ငါးပွဲသာ ရှုံးနိမ့်ထားသော အတွေ့အကြုံ ရင့်ကျက်သည့် လက်ဝှေ့သမား တစ်ဦး ဖြစ်သောကြောင့် မေ ၂ ရက်တွင် ၄င်းတို့ နှစ်ဦး၏ ထိုးသတ်မည့် ပွဲကို တစ်ကမ္ဘာလုံးမှ ပရိသတ် များက စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

PyiChitThar

ကလေးကုန်ကူးဂိုဏ်း ၆ ဂိုဏ်းကို တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး


 တရုတ်ရဲတပ်ဖွဲ့က လူမမယ်အရွယ် ကလေးကုန်ကူး ဂိုဏ်းတွေကို ခြေရာခံနို်င်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း လူ ၁၇၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

စုံစမ်းမှုတွေကို မနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးလိုက်တဲ့ လူတွေဟာ  စီချွမ်း၊ ဟီဘိုင်း၊ ဟီနမ်၊ ရှန်ဒေါင်း၊ ရှန်ဇီး၊ ရှန်စီ တို့က ရာဇ၀တ်ဂိုဏ်း ၆ ဂိုဏ်းနဲ့ ပတ်သက်တဲ့လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လူကုန်ကူးသူတွေဟာ ဆိုခဲ့တဲ့ ပြည်နယ်တွေမှာ လူမမယ်အရွယ်တွေကို ခိုးယူတဲ့နည်း၊ ဖမ်းဆီးတဲ့နည်း၊ မွေးကင်းစကလေးတွေကို ရောင်းစားချင်တဲ့ မိခင်တွေကို စုဆောင်းပြီးတော့ စီးပွားရှာနေတာပါ။

အခု ဖမ်းဆီးလိုက်တဲ့ သူတွေကို လူကုန်ကူးမှု၊ ဒါမှမဟုတ် ကလေးတွေကို ၀ယ်ယူတဲ့ အမှုနဲ့ ပတ်သက်နေပြီး အမှုကို ဆက်လက်စုံစမ်းနေပါတယ်။

တရုတ်ပြည်မှာ ကလေးကုန်ကူးတာဟာ ရာဇ၀တ်မှု ပုံစံသစ် ဖြစ်နေပြီး ဒါတွေကို ဖော်ထုတ်သွားမယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ကလေးဝယ်တဲ့လူတွေနဲ့ ကလေးရောင်းတဲ့ မိဘတွေကို ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်မယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

 By ဒီဗွီဘီ

နွားသေသားကိုဝိုင်းကိုင်ပြီး လှီးဖြတ်ရာမှ အနာများဖြစ်လာ



ကျွဲ၊ နွားထောင့်သန်းရောဂါမဖြစ်ရေးနှစ်စဉ် ကာကွယ်ဆေးထိုးနှံပေး နွားသေသားကိုဝိုင်းကိုင်ပြီး လှီးဖြတ်ရာမှ အနာများဖြစ်လာ

မြင်းခြံ ဧပြီ ၂၃

မြင်းခြံမြို့နယ် သာပေါင်းအုပ်စု အနိမ့်ကျေးရွာ၌ ဧပြီ ၂၁ ရက်က လူရှစ်ဦးသည် အနာများဖြစ်လာ၍ မြင်းခြံဆေးရုံသို့ပြသခဲ့ရာ ဆေးစစ်ခြင်း၊ အနာမှ ပိုးအားဓာတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၇ ရက်က အနိမ့်ကျေးရွာမှ နွားမတစ်ကောင် သည် ရွာ၏အနောက်ဘက်မြစ်ဘေး အနီးဆီးခြံအောက်တောထဲ၌ အခြား နွား ၂၅ ကောင်နှင့်အတူထားရှိရာမှ သေဆုံးနေခဲ့ရာ ကိုယ်ဝန်ဆောင် ထားသည့် နွားမငယ်လေးပါတွေ့ရှိ ရကြောင်း၊ အဆိုပါ နွားမကိုလူ ၁၃ ဦးကဝိုင်းဝန်းလှီးဖြတ်ခဲ့ရာ ပိဿာ ချိန် ၃ဝ ခန့်ရရှိ၍ ရွာထဲရှိ နီးစပ် ရာသို့ ဝေငှရောင်းချခဲ့ကြကြောင်း၊ တစ်ပတ် ခန့်အကြာတွင် လှီးဖြတ်သူ ၁၃ ဦးထဲမှ ရှစ်ဦးမှာ အဖုငယ်များ ထွက် လာပြီး အနာများဖြစ်လာ၍ ဆေးရုံ သို့ပြသခဲ့ခြင်းဖြစ်ပြီး စားသုံး သူများမှာ ထူးခြားမှုမပြခဲ့ကြောင်း သိရသည်။ ယခင်က ယခုဖြစ်စဉ်မျိုး မကြုံတွေ့ခဲ့ရသည့်အတွက် အသား လှီးဖြတ်ကိုင်ခဲ့သည့် လူများ၏ တစ်ကိုယ်ရေမသန့်ရှင်းမှု၊ အရက် သောက်သုံးမှု၊ ရာသီဥတု ပြင်းထန် မှုစသည့် ဒေသအတွေး အသိအမြင် များဖြင့်သာ ပေါ့လျော့စွာ သုံးသပ် ခဲ့ကြသည်။

''ရွာမှာ နွားကောင်ရေ ၄ဝဝ လောက် ရှိတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ မတ် ၂၃ ရက်မှာ မြင်းခြံ တိမွေးကုဌာနက ခွာနာလျှာနာ ကာကွယ်ဆေးနှစ်ကြိမ် လာရောက် ထိုးပေးခဲ့ပါတယ်။ အခုသေတဲ့နွား က ရွာအပြင် တောထဲမှာထားတော့ ကာကွယ်ဆေးထိုးမထားဘူး။ ရွာမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။ ဒါပထမဆုံးအကြိမ်ပဲ၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိမွေးကုဌာနက တာဝန်ရှိသူတွေလည်း လာရောက် စစ်ဆေးသွားပါပြီ''ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာ တွင် ထောင့်သန်းရောဂါဖြစ်ပွားသည် ဟု ယူဆပါကြောင်း၊ စားသုံးသူများ လည်းဖြစ်ပွားနိုင်ပြီး အသေကောင်မှ အသား၊ သွေး၊ ကိုယ်တွင်းအင်္ဂါနှင့် အရည်တို့သည်ရောဂါပိုးများ ပါဝင် နေသဖြင့် အန္တရာယ်ရှိ၍ လုံးဝအသုံး မပြုသင့်ဘဲ သက်ဆိုင်ရာတိမွေးကု ဌာနသို့ အကြောင်းကြားပြီး ရွှေ့ ပြောင်းခြင်း၊ လှီးဖြတ်ခြင်း၊ ခွဲစိတ် ခြင်းများ မပြုလုပ်ဘဲ ယင်းတိရစ္ဆာန် နှင့်ထိတွေ့သော တိရစ္ဆာန်များပါ ခွဲထားပြီး စောင့်ကြည့်ရမည်ဖြစ် ကြောင်း ပြောကြားသည်။

အဆိုပါရောဂါသည် ဗက်တီးရီး ယားပိုးကြောင့်ဖြစ်ပြီး ယခုလိုမိုးဦးကျ တွင်ဖြစ်တတ်၍ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ပုံမှန်ကာကွယ် ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင် ကြောင်း၊ ဌာန၏ညွှန်ကြားချက် နှင့်အညီ ခရိုင်အတွင်းမြို့နယ်များမှ ကျေးရွာများသို့လည်း ရောဂါများ နှင့်ပတ်သက်၍ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာ၊ ကာကွယ်ကုသ ခြင်း၊ ထိန်းချုပ်ခြင်း၊ ပြုစုစောင့် ရှောက်ခြင်း စသည်တို့ကို ကျေးရွာ အရောက်အသိပေးဟောပြောခြင်း၊ စစ်ဆေးခြင်း၊ စာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဆောင်ရွက်ကုသပေး သည့် အချိန်ကာလမှသာမဟုတ်ဘဲ အရေးပေါ်လိုအပ်ပါက ဆက်သွယ် အကြောင်းကြား၍ စုပေါင်းထိုးနှံပေး လျက်ရှိကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ အခမဲ့ဆေးဝါး များဖြင့် ကုသပေးလျက်ရှိရာ ကျေးလက်ဒေသများမှ ကျန်းမာရေး လုပ်သားဝန်ထမ်းများ၏ အကူအညီ ကိုရယူလျက် ဒေသခံများက ကာကွယ်ဆေးထိုးနေမှုကို လျစ်လျူ ရှုပေါ့ဆစွာမနေဖို့ လိုကြောင်း၊ လုပ်ငန်းခွင်မပျက် ထိုးနှံနိုင်၍ မိမိတို့ဌာန၏ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကာ ကျန်းမာ ရေးအသိဖြင့် လူတိုင်းပူးပေါင်းပါဝင် ရန် လိုအပ်မည်ဖြစ်ကြောင်း သိရ သည်။

လင်းလက်ကြယ်(တောင်သာ)
Myanmaalinn