နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နေ ဦးမင်းဦးပိုင်ဆိုင်သော
ခိုင်လင်းစိုး(၁၈၀)အမည် ရှိငါးကဲ့လှေသည် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၎
နာရီခွဲခန့်တွင် ကော့သောင်းမြို့မှ ပင်လယ်ပြင်သို့ ငါးကဲ့ခြင်းလုပ်ငန်း
ဆောင်ရွက်ရန် ထွက်ခွာလာစဉ် ဘုတ်ပြင်းမြို့ အနောက်ဘက် ၃၅ မိုင်ခန့်အကွာသို့
အရောက်၌ ရေယာဉ်ရှိစက်မကြီး၏ Turbo အပူရှိန်လွန်ကဲပြီး စက်ခန်းအတွင်း
မီးစတင်လောင်ကျွမ်းရာမှ ရေယာဉ်တစ်စင်းလုံး မီး
လောင်ကျွမ်းနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
ရေယာဉ်မီးလောင်ရာနေရာသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်တစ်စင်းသွားရောက်၍
ရှာဖွေကူညီကယ်ဆယ် မှုများဆောင်ရွက်ပေးခဲ့ရာ လှေသား ၁၆ ဦးအား
ကယ်ဆယ်နိုင်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင် ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook မှ