Headlines News :
Home » » “တရားမ၀င်ဝင်ရောက်လာသည့်မြန်မာအလုပ်သမား၃၅ဦးအား ထိုင်းစစ်တပ်မှဖမ်းမိ”

“တရားမ၀င်ဝင်ရောက်လာသည့်မြန်မာအလုပ်သမား၃၅ဦးအား ထိုင်းစစ်တပ်မှဖမ်းမိ”

Written By Live100 on Monday, February 22, 2016 | 6:21 PM



၂၀၁၆ ဖေဖေါ်ဝါရီ ၂၂ ရက်
မောင်သန့်

ထိုင်းနိုင်ငံတောင်ပိုင်းကာဘူရီနယ်မြေ တောထဲတစ်နေရာတွင် ထိုင်းစစ်တပ်မှ တရားမ၀င် ၀င်ရောက် လာသည့် မြန်မာအလုပ်သမား ၃၅ ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းdailynews
သတင်း တွင်ဖေါ်ပြထားသည်။
အမျိုးသမီး ၇ဦးနှင့် အမျိုးသား၂၈ ဦးတို့သည် မြန်မာနိုင်ငံ
ကော့သောင်းခရိုင်၊ ခမောက် ကြီးမြို့ နယ်၊ ဆိပ်ဖူးနှင့် အောင်ချမ်းသာရွာ အခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းမှ တစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီအခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းနှင့် ဆက်သွယ်၍ တင်ပို့ခြင်း ဖြစ်ကြောင်းသိရသည်။ လူကုန်ကူးသူများအား အလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ ၇၀၀၀ မှ ၁၅၀၀၀ အထိ ပေးချေခဲ့ရသည်ဟု အလုပ်သမားများကပြောသည်။
ထိုင်းနိုင်ငံတွင် ပန်းရောင်ဘတ်ကဒ် ပြုလုပ်ပေးမည်ကို အကြောင်းပြ ၍ မြန်မာလူကုန်ကူး ဂိုဏ်းများက ထိုင်းနိုင်ငံသို့လာရောက် အလုပ်လုပ် ကိုင်လိုကြသည့် မြန်မာလူငယ်များကို စုဆောင်းခေါ်ဆောင်နေကြသ ဖြင့် ထိုင်းစစ်တပ်က သတိထားစောင့်ကြည့်နေစဉ် သတင်းရရှိ သဖြင့် ယခုကဲ့သို့ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများ စစ်တပ်စစ်ဆေးရေးဂိတ်အား ရှောင်ကွင်းသည့် အနေဖြင့် တောထဲတွင် လမ်းလျှောက်နေစဉ် စစ်တပ်က ဖမ်းမိခဲ့သဖြင့် လူကုန်ကူးသည့် ဂိုဏ်းသားများအား မဖမ်းမိ လိုက်ချေ။ အလုပ်သမားများ၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံတောင်ပိုင်းသို့သွားရောက် အလုပ်လုပ်ကိုင်ကြ မည်ဟုသိရကြောင်း သတင်းတွင်ရေးသားထားသည်။
မောင်စိုးလင်း အောင် Facebook
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template