





21 02 2016
ဓာတ်ပုံ-ကိုဘုန်းထက်ကြယ် ဘိန်းခင်းများ သွားရောက်ဖျက်ဆီးမယ့် Pat Jasan အဖွဲ့ တွေကို ပိတ်ဆို့ တားဆီးထားတဲ့ ချီဖွေ - ဆဒုံး လမ်းခွဲ မှာ ဒီနေ့  မနက် ပြုလုပ်တဲ့ စုပေါင်း ၀တ်ပြု ဆုတောင်းခြင်း အစီအစဉ် မှာ Pat Jasan အဖွဲ့ ဝင်တွေ နဲ့ အတူ မြစ်ကြီးနား ၊ ၀ိုင်းမော် အစရှိတဲ့ မြို့ တွေက တက်ရောက်လာတဲ့ ကချင်လူထု မြို့ မိ မြို့ ဖ ဘာသာရေး ခေါင်းဆောင်များ အားလုံး စုစုပေါင်း အင်အား (၁၀၀၀၀ ) နီးပါး တက်ရောက် လာပါတယ် ။ Pat Jasan ရဲ့ ရည်ရွယ်ချက် အတိုင်း အောင်မြင်စွာ လုပ်ဆောင် နိုင်ဖို့  ဘုရားသခင်ထံ တညီတညွတ်တည်း ၀ိုင်းဝန်း ဆုတောင်းခွန်အားယူကာ ၀တ်ပြု ဆုတောင်းခြင်း အစီအစဉ်ကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါတယ် ။
ဘိန်းတိုက်ဖျက်ရေးကို ကချင်လူထုက အရှိန်မြင့် လုပ်ဆောင်လာကြပြီ။ အစတော့ လူအနည်းအပါး လောက်ပါဘဲ။ တဖြည်းဖြည်းနဲ့ လူတွေများလာပြီးတော့ အရှိန်မြင့် ဆန့်ကျင့်လာကြပြီ။ နှောင့်ယှတ်ဟန့်တားသူတွေ ပေါ်ပေါက်လာပေမယ့် ဂရုမစိုက်ပဲ ထိုးဖောက် ချီတက်လာကြပါပြီ !






Than Min Kyaw (Facebook)မှ