Headlines News :
Home » » သာဂရမြို့ဟောင်းတူးဖော်မှုအခြေအနေကို အစီရင်ခံစာပြုစု

သာဂရမြို့ဟောင်းတူးဖော်မှုအခြေအနေကို အစီရင်ခံစာပြုစု

Written By Live100 on Thursday, February 25, 2016 | 11:38 PM



Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၂၄

လက်ရှိ ထားဝယ်မြို့နေရာသို့ မပြောင်းရွေ့မီ နောက်ဆုံးတည်ခဲ့သော သာဂရမြို့ဟောင်း တူးဖော်မှုအခြေအနေကို အစီရင်ခံစာပြုစုလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ်ဌာနခွဲ)ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ သာဂရမြို့ဟောင်းတွင် ကုန်းအမှတ် SGR 3 နှင့် SGR 4 တို့အပြင် ရှေးလူနေထိုင်ခဲ့သည်ဟုယူဆရသော Habitation Side တစ်ခုကိုလည်း စမ်းသပ်တူးဖော်ခဲ့ကြောင်း၊ ယင်းသို့တူးဖော်တွေ့ရှိချက်နှင့် ပတ်သက်၍ အစီရင်ခံစာပြုစုလျက်ရှိပြီး မတ်လအတွင်း ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက တူးပြီးလို့ အစီရင်ခံစာပြုစုနေပါတယ်။ နှစ်ပတ်သုံးပတ်ထဲမှာ ၀န်ကြီးဌာနကို တင်ဖို့ရှိပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ကုန်းအမှတ် SGR 3 တွင် မြေအိုးခြမ်းကွဲများ၊ တိုင်ကျင်းများနှင့် ခဲဒင်္ဂါးတို့ကို တွေ့ရှိခဲ့ရပြီး ဒေသအခေါ် ပျူသချိုင်္င်းဟု ခေါ်သည့် SGR 4 တွင် အရိုးအိုး အလုံး ၃၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

လူနေထိုင်ခဲ့သည်ဟု ယူဆရသည့် Habitation Side ကို စမ်းသပ်တူးဖော်ရာတွင် မြေအိုးခြမ်းကွဲများနှင့် ပုတီးစေ့များကို တွေ့ရှိခဲ့ကြောင်း ယင်းဦးစီးဌာန ထံမှ သိရသည်။

သာဂရမြို့ဟောင်း ဧရိယာအတွင်းရှိ ကုန်းအမှတ် SGR 1 ကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊ ကုန်းအမှတ် SGR 2 ကို ၂၀၀၀-၂၀၀၁ ခုနစ်တွင်လည်းကောင်းတူးဖော်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၁၅ နှစ်ကြာမှ ကုန်းအမှတ် SGR 3 ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ လတွင် ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ)ထံမှ သိရသည်။

သာဂရမြို့ကို သမန္တမင်းက သက္ကရာဇ် ၁၁၃ ခုနှစ်တွင် တည်ခဲ့ပြီး မင်းဆက် ၇ ဆက်ပြီးနောက် သက္ကရာဇ် ၂၇၀ တွင် မြို့ပျက်ခဲ့သည်။ ယင်းနောက် မြို့ကို ထပ်မံပြုပြင်ကာ ဇလွန်မြို့ အဖြစ် ထပ်မံတည်ခဲ့ပြီး မင်းဆက် ၂၀ ကျော်ပြီးနောက် မင်းနဲလှက လက်ရှိထားဝယ်မြို့နေရာတွင် ၁၁၁၆ ခုနှစ်တွင် မင်းနေပြည်တော်အသစ်တည်ခဲ့ကြောင်း ထားဝယ် ဆရာတော်တစ်ပါးဖြစ်သည့် အရှင်ဥာဏ၀ရ ပြုစုသော ထားဝယ်လူမျိုး၊ စကားနှင့် စာပေ စာတမ်းအရ သိရသည်။

Dawei Watch 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template