Headlines News :
Home » » ရုပ်သံလွှင့်လုပ်ငန်း တန်းတူညီမျှယှဉ်ပြိုင်ခွင့်ရရေး နည်းလမ်းရှာမည်ဟု ၀န်ကြီးပြော

ရုပ်သံလွှင့်လုပ်ငန်း တန်းတူညီမျှယှဉ်ပြိုင်ခွင့်ရရေး နည်းလမ်းရှာမည်ဟု ၀န်ကြီးပြော

Written By Live100 on Friday, May 27, 2016 | 1:20 PM

ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခွင့်အလမ်းတန်းတူညီမျှရှိရေးအတွက် ဖြစ်နိုင် သမျှ အကောင်းဆုံးဆောင်ရွက်နိုင်မယ့်နည်းလမ်း ရှာဖွေဖို့သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်ပါတယ်။
မေလ ၂၇ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးတိုးမှုဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“တန်းတူညီမျှယှဉ်ပြိုင်လုပ်ပိုင်ခွင့်ရရေး ဆိုတာကိုလည်း တောင်းဆိုလာတာတွေရှိပါတယ်။ ဒါကြောင့် နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပြည့်ပြည့်စုံစုံ ချမှတ် ဆောင်ရွက်နိုင်ခြင်း မရှိသေးခင် ကြားကာလမှာ ရုပ်သံလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနဲ့ အခွင့်အလမ်း တန်းတူညီမျှ ရှိရေးကို ဖြစ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာဖွေဖို့ဆိုပြီး ဒီကနေ့ ဆွေးနွေးပွဲကို ကျင်းပတာ” လို့ ဒေါက်တာဖေမြင့်က ပြောပါတယ်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေ၊ မြန်မာနိုင်ငံတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးတိုးမှု စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးနေကြပါတယ်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ရုပ်သံလောက ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ရုပ်သံလုပ်ငန်းတွေ ညီညွတ်မျှတစွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပေမယ့် လက်ရှိအခြေအနေမှာ ဘာတွေပြင်ဆင်သင့်တယ် ဆိုတဲ့ ဝေဖန်ထောက်ပြတာတွေ ရှိလာနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။
ဒီဥပဒေပြဋ္ဌာန်းပြီးနောက် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် ဥပဒေပြဋ္ဌာန်းပြီး ၆ လအတွင်း ရုပ်မြင် သံကြားနှင့် အသံလွှင့်ကောင်စီကို ဖွဲ့စည်းရမယ်ဆိုတဲ့အချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ဒီအတောအတွင်း အစိုးရအပြောင်းအလဲဖြစ်သွားတဲ့အတွက် ရုပ်သံဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ခက်ခဲသွားတယ်လို့ ဆိုပါတယ်။
ရုပ်သံလွှင့် ဥပဒေပါပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ၀န်ကြီးဌာန၊ အဖွဲ့တွေ၊ ကောင်စီတွေ ဒါတွေက စည်းမျဉ်းစည်းကမ်းတွေချပြီး ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒါတွေ ပြည့်စုံမှ ရေရှည်အတွက် ပိုမိုခိုင်မာအောင် လုပ်လို့ရမှာ ဖြစ်ကြောင်း၊  အချိန်ကြာမြင့်နိုင်ကြောင်းလည်း ဒေါက်တာဖေမြင့်က ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template