Pages

Saturday, April 30, 2016

လမ်းဘေးတွင် ဖယ်ရီစောင့်နေသည့် မြန်မာ အလုပ်သမားများ ကားတိုက်ခံရ


ယာဉ်တိုက်ခံရပြီး အခြေအနေ မြင်ကွင်း ၊ ဓာတ်ပုံ - Dawei Watch

 မြိတ်၊ ဧပြီ ၃၀
ထိုင်းနိုင်ငံ ရနောင်းမြို့နယ်၊ စဖန်ပလားလမ်းတွင် ဧပြီလ ၃၀ ရက်က ဖယ်ရီစောင့်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအား ကားတစ်စီးက ၀င်တိုက်မိပြီး မြန်မာ အလုပ်သမား ၄ ဦး သေဆုံးခဲ့ကြောင်း (MWDA) ရွှေ့ပြောင်း အလုပ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရသည်။
ထိုင်းနိုင်ငံသား မောင်းနင်းလာသော မော်တော်ယာဉ်တစ်စီး ကားဘီးပေါက်ကာ ယင်းသို့ ၀င်တိုက်မိခြင်းဖြစ်ပြီး အတိုက်ခံရသည့် အလုပ်သမားများမှာ SIFCO GROUP အအေးခန်း စက်ရုံတွင် အလုပ်လုပ်နေသူများ ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ “လမ်းဘေးမှာ မြန်မာအလုပ်သမားတွေ အလုပ်သွားဖို့ ကားဖယ်ရီစောင့်နေတုန်း မော်တော်ယာဉ်ကားတစ်စီး ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာရှိတဲ့ အလုပ်သမားတွေကို ၀င်တိုက်သွားတာပါ”ဟု ယင်းအဖွဲ့မှ ကိုဟိန်းထက်က ပြောသည်။
ယာဉ်တိုက်မှုကြောင့် ၄ ဦးသေဆုံးသည့်အပြင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုဟိန်းထက်က ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိထားသူများအနက် ၂ ဦးမှာ စိုးရိမ်ရပြီး အရေပေါ် လူနာအဖြစ် ကုသခံနေရကြောင်း ကိုဟိန်းထက်က ပြောသည်။
လက်ရှိမှာ ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား ယာဉ်မတော်တဆဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
 |Dawei Watch|

အိမ်ခြံမြေ ဂရမ်လျှောက်ထားမှုအား ၄၅ရက်အတွင်း ဆောင်ရွက်ပေးရမည်ဆိုသည့်သတ်မှတ်ချက်ကို မေလ(၁)ရက်နေ့တွင် သတ်မှတ်ကြေညာသွားမည်



နေပြည်တော် ဧပြီ ၃၀

အိမ်ခြံမြေ ဂရမ်လျှောက်ထားမှုအား ၄၅ ရက်အတွင်း ဆောင်ရွက် ပေးရမည်ဆိုသည့် သတ်မှတ်ချက်ကို မေ၁ရက်တွင် သတ်မှတ်ကြေညာသွားမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၃ မှ ၁၇၃/၇ ကြားတွင်ကျင်းပပြုလုပ်သည့် ဆောက် လုပ်ရေးဝန်ကြီးဌာနဧ။် ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆဖြစ်ပွားမှုလျော့ချရေး ရက် ၁၀၀ စီမံချက် စတင်ဆောင်ရွက်သည့်အခန်းအနားဖွင့်ပွဲ၌ ပြောကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က" ပြည်သူတွေအရမ်းစိတ်ဝင်စားတာတစ်ခုရှိသေးတယ် အိမ်ခြံမြေ ဂရမ်သွားလျှောက်တဲ့အ ခါမှာ ပိုက်ဆံတွေကုန်ပြီးတော့ အဆင့်တွေများပြီးတော့ တော်တော်နဲ့လည်းမရဘူးပေါ့နော် ၊အဲဒါကို လည်းပြည်သူလူထု ကျွန်တော်လည်းပြည်သူလူထုပါဘဲ ကျွန်တော်လည်းခံစားခဲ့ရပါတယ် တော်တော် များများမေးကြည့်တော့လည်း အဲဒီလိုပါဘဲ အိမ်ခြံမြေ ဂရမ်သွားလျှောက်ရင် ပိုက်ဆံလည်းကုန်တယ် အချိန်လည်းကုန်တယ် ရချင်မှလည်းရမယ်ဆိုတော့ အနေအထားကိုဖြေဖျောက်ပြီးတော့ ရက်၁၀၀ စီမံ ကိန်းမှာလည်းကျွန်တော်တို့အိမ်ခြံမြေ ဂရမ်လျှောက်တဲ့ ဂရမ်အမျိုးအစားတွေရှိတယ် ၊အဲဒီအပေါ်မူတည်ပြီးတော့ မေလ (၁)ရက်နေ့ကစပြီးတော့ သတ်သတ်မှတ်မှတ်ကြေညာပါမယ် ၊သတင်းစာထဲမှာလည်းကြေညာပါမယ် ပြည်သူတွေအားလုံးသိအောင်လည်းကြေညာပါမယ် ရုံးရှေ့တွေမှာလည်းကပ်ထားပါမယ် ဒီလို ဂရမ်းမျိုး (၇)ရက်ကြာရမလား (၇))က်ပါဘဲ နှစ်ပတ်ဆိုရင် နှစ်ပတ် ၊ ၁၅ ရက်ဆိုရင် ၁၅ ရက် ၊ ၂၂ ရက်ဆိုရင် ၂၂ ရက် စသည်ဖြင့် ပေါ့ ကျွန်တော်ကတော့ ၄၅ ရက် မကျော်စေရလို့ပြောထားပါတယ် ဒါကိုလည်း ကျွန်တော်တို့ဝိုင်းဆောင်ရွက်ပါမယ် ဒါဆိုရင် တော်တော်များများ ဂရမ်နဲ့ပတ်သက်တဲ့ ပြည်သူလူထု တွေ အများကြီး စိတ်ထဲမှာ အစိုးရဌာနတွေအပေါ်မှာ ရှိနေတဲ့စိတ်ထဲမှာသိပ်ပြီးတော့ ၀မ်းမသာတဲ့ကိစ္စတွေကိုဝမ်းသာတာတွေဖြစ်အောင်ကျွန်တော်တို့ကြိုးစားပြီးတော့ဆောင်ရွက်ထား တယ်ဆိုတာကိုလည်းပြောချင်ပါတယ် "ဟု ပြောကြားခဲ့သည်။

အိမ်ခြံမြေ ဂရမ်လျှောက်ထားမှုအား ၄၅ ရက်အတွင်း ဆောင်ရွက် ပေးရမည်ဆိုသည့် သတ်မှတ်ချက်ကိုလည်း ပြည်သူအများသိရှိရန်အတွက် မေလ(၁)ရက်နေ့မှစတင်၍သတင်းစာ ထဲမှကြေညာခြင်း၊အစိုးရရုံးများဧ။် ရှေ့ကြေညာဘုတ်များ၌ကပ်ထားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက သတင်း မီဒီယာများအား တရားဝင်ပြောကြားခဲ့သည်။

ဖိုးသားကြီး
china.com Myanmar

ရခိုင်ပြည်နယ်တိုင်ပွဲတွင် (AA) ဘက်မှ ပူးပေါင်းတိုက်ပွဲဝင်နေဟု (DKBA) တပ်မှူးပြောကြား


ဧပြီ - ၃၀ - ၂၀၁၆

ရခိုင်ပြည်နယ်ဘက်တွင်ဖြစ်ပွားနေသည့်တိုက်က်ပွဲတွင် (DKBA) တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု ဗိုလ်မှူးကြီးအဆင့်ရှိ စောဆန်းအောင်က ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

၎င်းက ' ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ (AA) တပ်ဖွဲ့ဝင်တွေက ကျနော်တို့ဘက်ကနေ ပူးပေါင်းပါဝင်ခဲ့သလို ကျနော်တို့တပ်ဖွဲ့ဝင်တွေကလည်း ဘ၀တူတိုင်းရင်းသားတွေအတွက် ပူးပေါင်းတိုက်ပွဲဝင်နေတာဖြစ်တယ် " ဟု ကရင်အမျိုးသား မီဒီယာ ကို ယနေ့တွင် အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်သည်တော်များအချင်းချင်း တိုက်နေကြသည့် တိုက်ပွဲဖြစ်သောကြောင့် အရပ်သားများ ထိလိုက်စေမည့်လုပ်ရပ်များကို လုပ်ဆောင်မည်မဟုတ်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

(DKBA) နှင့် (AA) တပ်ဖွဲ့ဝင်များသည် ယခင်ကလည်း နယ်စပ်ဒေသများတွင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောဆိုသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ (facebook)

မွန်ဝန်ကြီးချုပ် သတင်းရယူခွင့် ကန့်သတ်မှုအပေါ် ဒေသခံ မီဒီယာသမားများ ဝေဖန်


 မော်လမြိုင်၊ ဧပြီ ၂၉
မွန်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်အနေက အစိုးရ လုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ကို တစ်လတစ်ကြိမ်သာ သတင်းရယူခွင့်ပေးမည်ဟု ကန့်သတ်လိုက်သည့်အပေါ် မဖြစ်သင့်ဟု မွန်ပြည်နယ် အခြေစိုက် သတင်းမီဒီယာသမားများက ဝေဖန်သည်။
ဧပြီလ ၂၇ ရက်က ၀န်ကြီးချုပ်ထံ သွားရောက် မေးမြန်းခဲ့သည့် သတင်းထောက်များကို ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သတင်းမီဒီယာတို့နှင့် တွေ့ဆုံရန် အချိန်အခက်ခဲရှိနေခြင်းကြောင့် အစိုးရ လုပ်ငန်းများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး တစ်လတစ်ကြိမ်သာ မီဒီယာတို့နှင့် တွေ့ဆုံသွားမည်ဟု ၀န်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆိုခဲ့သည်။
“ဒီမီဒီယာကို တစ်လတစ်ကြိမ် ကန့်သတ်လိုက်တဲ့ကိစ္စကတော့ မဖြစ်သင့်ဘူး၊ လူထုအတွက် သတင်းထုတ်ပြန်ဖို့က ဘယ်နည်း နဲ့မှ အဆင်မပြေနိုင်ဘူး” ဟု မော်လမြိုင် အခြေစိုက် သံလွင်တိုင်းမ်သတင်းဌာနမှ အယ်ဒီတာ ဦးကြည်ဇော်လွင်က ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် အချိန်မပေးနိုင်ပါက သတင်းထုတ်ပြန်ရေးအတွက် မည်သူ့ကို တာဝန်ပေးမည်ကို စဉ်းစားသင့်သည်ဟု ဦးကြည်ဇော်လွင် ပြောသည်။
“သတင်းထောက်တွေဆိုတာက နေ့စဉ်နဲ့အမျှ သတင်းတင်နေရတယ်။ တချို့သတင်းတွေဆို အချိန်နဲ့တပြေးညီ တင်နေရ တာလဲ ရှိတယ်။ ဝန်ကြီးချုပ်အနေနဲ့ တလတခါဘဲ သတင်းမေးခွင့်ပေးမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဒါ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု မွန်ပြည်နယ်အခြေစိုက် 7 Days သတင်းထောက် မသက်သန္တာလှိုင်က ပြောသည်။
အစိုးရအဖွဲ့တစ်ခုအနေဖြင့် သတင်းရယူခွင့်ကန့်သတ်လိုက်ခြင်းသည် သတင်းရယူခွင့်၊ ပြည်သူလူထု သတင်းသိရှိပိုင်ခွင့် နောက်ကျ သွားမည်ဖြစ်သည့်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့် ဆန့်ကျင်သွားစေသည်ဟု BNI ခေါ် နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ ဒါရိုက်တာ နိုင်ကဆုမွန်က ပြောသည်။
“ဝန်ကြီးချုပ် ပြောထားတာကတော့ အစိုးရတခုလုံးနဲ့ ပတ်သက်တဲ့ကိစ္စဆိုရင် မပြောဖို့ပေါ့နော် ကိုယ့် ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ ကိစ္စဆိုရင်တော့ ပြောလို့ရပါတယ်။ အစိုးရတစ်ဖွဲ့လုံးကိုယ်စား သတင်းထုတ်ပြန်ပေးတဲ့နေရာ ဖွင့်ပေးထားသင့်တယ် အခုတော့ ဖွင့်ထားပေးတာမရှိသေးဘူး တစ်လမှတစ်ခါဆိုတော့ up to date တော့မဖြစ်ဘူးပေါ့ ဥပမာဆို မေလ ၁ ရက်နေ့မှာ ဖြစ်တဲ့ သတင်းကို မေလကုန်မှ ထုတ်ပြန်ရမယ်ဆိုတော့ နောက်ကျသွားတာပေါ့” မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။
အစိုးရက ယင်းသို့ သတင်းယူခွင့် ကန့်သတ်ထားသော်လည်း မွန်ပြည်နယ် လွှတ်တော်အနေဖြင့်မူ အချိန်မရွေး လွတ်လပ်စွာ သတင်းယူခွင့်ပေးထားပြီး မကြာမီ သတင်းထုတ်ပြန်သည့် ဌာနလည်း ထားသွားရန် အစီအစဉ် ရှိသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့် အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက်သွား လာခွင့် တို့ရှိသည်ဟု သတင်းမီဒီယာ ဥပဒေ အခန်း(၃) ပုဒ်မ ၄ (ဃ) တွင် ဖော်ပြထားသည်။
 |Dawei Watch|

ပညာရေးစနစ်ပြောင်းလာပါက ပညာရေးဝန်ဆောင်မှု ဘော်ဒါများ ရေရှည်ရပ်တည်ရ ခက်ခဲလာနိုင်


 ထားဝယ်၊ ဧပြီ ၂၉
အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပညာရေးစနစ်ပြောင်းလာပါက ရေရှည်တွင်ရပ်တည်ရန် ခက်ခဲမှုများရှိလာနိုင်ကြောင်း ထားဝယ်မြို့ရှိ ကျောင်းပြင်ပ  ပညာရေးဝန်ဆောင်မှု စာသင်ဝိုင်းဆရာ အချို့က ပြောသည်။
အစိုးရသစ်က ပညာရေးစနစ်နှင့်ပက်သက်သော ပြုပြင်ပြောင်းလဲမှုများ အချိန်အတိုင်းအတာတစ်ခုတွင် တည်ငြိမ်၍ ခိုင်မာ သွားလျှင် ကျောင်းပြင်ပ ပညာရေးဝန်ဆောင်မှု ဘော်ဒါများ၊ စာသင်ဝိုင်းများအနေဖြင့် ရပ်နားရသည့် အခြေအနေ ဖြစ်လာ နိုင်ကြောင်း ဆုပြည့် ပညာရေးဝန်ဆောင်မှုမှ တာဝန်ရှိသူ ဆရာဦးရာဇာစိုးက ပြောသည်။
“အစိုးရကျောင်းတွေ သင်ကြားရေးပိုင်း ပိုမိုကောင်းမွန်လာမယ်ဆိုရင် ကျူရှင်တွေနဲ့ ပြင်ပပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ နည်းပါး လာနိုင်မယ်” ဟု ဆရာဦးမိုးဒီက ပြောသည်။
ပြောင်းလဲလာမည့် ပညာရေးစနစ်ကိုလိုက်ပြီး ပြောင်းသင်မည့် အစီအစဉ်ရှိသောကြောင့် ရပ်တည်မှု ခက်ခဲလာမည့် အချိန်အနေ ကို စိုးရိမ်မှုမရှိကြောင်း ရွှေဂုဏ်ထူးအဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူ ဆရာဦးဇော်ညွန့်က ပြောသည်။
“လာနေတဲ့သူတွေကလည်း နယ်က ကျောင်းသားတွေပဲ များတော့ ကျောင်းသားတွေကို စောင့်ရှောက်ဖို့ နဲ့ ကျောင်းသားတွေရဲ့ ၀ါသနာပါတာကို စောင့်ကြည့်ပြီး ဘေးက ပံ့ပိုးပေးမယ့် ပုံစံနဲ့သွားဖို့ ဖြစ်တဲ့အတွက် စိုးရိမ်မှုတော့ မရှိပါဘူး”ဟု ရွှေဂုဏ်ထူး အဆင့်မြင့် ၀န်ဆောင်မှုလုပ်ငန်းမှ ဆရာဦးဇော်ညွန့်က ပြောသည်။
အစိုးရကျောင်းများက ပြောင်းသင်သည့် ပညာရေးစနစ်ကို အခြေခံကာ ယင်းထက်ပိုကောင်းသည့် နည်းလမ်းကို ရှာဖွေသင်ကြား မည်ဖြစ်သည့်အတွက် ဘော်ဒါရပ်တည်မှုအတွက် စိုးရိမ်စရာမရှိဟု ဆရာဦးဇော်ညွန့်က ဆိုသည်။
လက်ရှိ ထားဝယ်မြို့တွင် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းနှင့် ပညာရေးဝန်ဆောင်မှုဘော်ဒါ ၄၀ ခန့် ရှိကြောင်း သိရသည်။
|Dawei Watch|

Friday, April 29, 2016

အိုင်အက်စ် ထိပ်တန်း စစ်ဆင်ရေး ခေါင်းဆောင် တစ်ဦး လက်ဘနွန် စစ်ဆင်ရေးတွင် သေဆုံး


လက်ဘနွန်နိုင်ငံ အာဆယ်မြို့တွင် တပ်သားများ ကင်းလှည့်နေစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဘေရွတ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

    ဆီးရီးယား နယ်စပ်မြို့ တစ်မြို့သို့ စစ်တပ်မှ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အိုင်အက်စ် ထိပ်တန်း စစ်ဆင်ရေး ခေါင်းဆောင် တစ်ဦး သေဆုံးသွားခဲ့ကြောင်း လက်ဘနွန် တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်က ပြောသည်။

နေယဲ့ဖ် ရှာလန်း (Nayef Shaalan) အမည်ရှိ အိုင်အက်စ် စစ်ဆင်ရေး ခေါင်းဆောင်သည် နိုင်ငံ အရှေ့မြောက် နယ်စပ်မြို့ အာဆယ်တွင် ပြုလုပ်သည့် စစ်ဆင်ရေး၌ အသတ် ခံခဲ့ရကြောင်း စစ်တပ်ဘက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးတွင် ရှာလန်း၏ ကိုယ်ရံတော် တစ်ဦးလည်း သေဆုံးခဲ့ပြီး အခြားသူများလည်း ဖမ်းဆီးမိ ခဲ့ကြောင်း National News Agency က သတင်း တင်ပြထားသည်။

လက်ဘနွန်သည် ၂၀၁၄ ခုနှစ် သြဂုတ်လ ကတည်းက ဆီးရီးယား နယ်စပ်အနီး၌ စစ်သွေးကြွ အဖွဲ့များနှင့် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

 (Xinhua)

အကြမ်းဖက်သမားများက ၎င်းအားပြန်ပေးဆွဲရန်အစီအစဉ်ရှိသည်ဆိုခြင်းကြောင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအို အထိတ်တလန့် ဖြစ်



အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ Abu Sayyaf က လက်ဝှေ့ကျော် မန်နီပက်ကွီအိုကို ပြန်ပေးဆွဲရန် အစီအစဉ်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဘစ်နစ်နိုအာကွီနိုက ဧပြီ ၂၇ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းသတင်းကြောင့် သန်းကြွယ်သူဌေး မန်နီပက်ကွီအို အထိတ်တလန့်ဖြစ်ခဲ့ရပြီး သမ္မတ အာကွီနိုအနေနှင့် ထိုသို့သော သတင်းမျိုးကို လူသိရှင်ကြား မထုတ်ပြန်သင့်ဟု ပက်ကွီအို က ပြောသည်။

ပြန်ပေးဆွဲငွေညစ်ခြင်းများ ပြုလုပ်လေ့ရှိသော Abu Sayyaf အကြမ်းဖက်အဖွဲ့သည် ပက်ကွီအိုကိုသော်လည်ကောင်း ပက်ကွီအို၏ရင်သွေးများကိုသော်လည်းကောင်း ပြန်ပေးဆွဲရန်အစီအစဉ်ရှိကြောင်း သမ္မတ အာကွီနိုက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Abu Sayyaf အဖွဲ့သည် ယခုသီတင်းပတ်အတွင်း ပြန်ပေးကြေးမရသဖြင့် ကနေဒါနိုင်ငံသား ဓါးစာခံတဦးကို ခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။

“အာဘူဆာယက်ဖ်က ကျွန်တော်ကို ပြန်ပေးဆွဲမလို့လုပ်နေတဲ့ကြောင်း အာကွီနိုက ထုတ်ပြန်ကြေငြာလိုက်တော့ ကျွန်တော် ထိန်လန့်သွားခဲ့တယ်။ အံ့အားလည်းသင့်မိတယ်။ ကျွန်တော်ကတော့ ဖိလစ်ပိုင်နိုင်ငံသားအားလုံး ကျွန်တော် မိတ်ဆွေတွေပဲလို့ ထင်ထားတာ။ ကျွန်တော်သူတို့ကို ချစ်ပါတယ်။ အထူးသဖြင့် မွတ်စလင်တွေကိုပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါသတင်းကြောင့် General Santos မြို့တွင် နေထိုင်လျက်ရှိသော ပက်ကွီအို၏ ၎င်းနှင့်မိသားစုဝင်များအတွက် လုံခြုံရေးကို တိုးမြှင့်ထားသည်ဟုဆိုသည်။

“အထူးသဖြင့် ကျွန်တော် သူတို့နဲ့အတူမရှိနေတဲ့ အခုလိုအချိန်မှာ ကလေးတွေနဲ့ မိသားစုလုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ တောင်းခံထားပါတယ်”ဟု ၎င်းက ပြောသည်။

General Santos မြို့သည် ပဋိပက္ခများဖြစ်ပွားလျက်ရှိသော ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသတွင်း၌ တည်ရှိပြီး ယင်းဒေသတွင် အစ္စလာမ်စ်စစ်သွေးကြွအဖွဲ့များစွာ အခြေစိုက်ထားကြပြီး ခွဲထွက်ရေးသမားများနှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် လူပေါင်း ထောင်ချီ အသက်ဆုံးရှုံးခဲ့ရသည်။

ပက်ကွီအိုသည် ချန်ပီယံခါးပတ်ရှစ်ခု ရရှိဖူးသူဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏အချမ်းသာဆုံးစာရင်းဝင် တဦးဖြစ်သည်။

Ref;AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အလုပ်သမား ၁၀၀ နီးပါးနေပြည်တော်ချီတက်



စစ်ကိုင်းမြို့ Veneer သစ်စက်ရုံ အလုပ်ရှင်က အလုပ်ရှင် နဲ့ အလုပ်သမားကြား သဘောတူညီချက်ကို ချိုးဖေါက်သလို အလုပ်သမား ၁၂၈ ယောက်ကို အလုပ်ထုတ်လိုက်တာကြောင့် အစိုးရထံ တောင်းဆိုဖို့ အလုပ်သမားတွေဟာ နေပြည်တော်ကို ဒီကနေ့စတင် ချီတက်နေကြပါတယ်။


သူတို့ဟာ မန္တလေး နေပြည်တော်လမ်းဟောင်းအတိုင်း ချီတက်ကြမှာဖြစ်ပြီး မကြာသေးခင်က မြစ်ငယ်မြို့ကို ရောက်ရှိပါတယ်။


အလုပ်သမား ၁၂၈ ယောက်ဟာ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက အလုပ်ထုတ်ခံရပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ၂ လကျော်နေပါပြီ။

ဓါတ်ပုံ ဆက်ပိုင်တိုး၊ RFA
RFA Burmese

စတော့ အိတ်ချိန်းတွင် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို မေလ ဒုတိယပတ်တွင် စတင် အရောင်းအဝယ် ပြုလုပ်နိုင်မည်

ရန်ကုန်မြို့ရှိ စတော့ အိတ်ချိန်းရုံးအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

    စတော့ အိတ်ချိန်းတွင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်၏ ရှယ်ယာများကို မေလ ဒုတိယပတ်မှ စတင် အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ယနေ့ ဧပြီလ ၂၉ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

“ကျွန်တော်တို့ စတော့ အိတ်ချိန်းမှာ ပါဝင် ရောင်းချနိုင်ဖို့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ကျန်နေလို့ပါ။ မေလ ဒုတိယပတ်မှ စတင် ဝင်ရောက်နိုင်မှာပါ။ စတော့အိတ်ချိန်းမှာ ဝင်ရောက်တဲ့အခါ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရှယ်ယာ တန်ဖိုးတွေကို မျှတအောင် ပြင်ဆင် သတ်မှတ်နိုင်ဖို့ လုပ်နေပါတယ်”ဟု မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

ယခင်က မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ လီမိတက်၏ အစု ရှယ်ယာများကို စတော့ အိတ်ချိန်းတွင် ဧပြီလ ၂၉ ရက်မှ စတင် အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြား ထားသော်လည်း လုပ်ငန်းစဉ်များ မပြီးပြတ်သေးသည့် အတွက် ရွှေ့လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

စတော့ အိတ်ချိန်းတွင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ရာတွင် အဓိက အကြံပေး ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် CB Securities ကုမ္ပဏီမှ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီ၏ ရှယ်ယာများကို တာဝန်ယူ ဝန်ဆောင်မှု ပေးမည့် ကုမ္ပဏီမှာ  CB အပါအဝင် ၅ ခု ရှိကြောင်း သိရသည်။

မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများကို စတင် ရောင်းချခဲ့စဉ်က ရှယ်ယာ တစ်စုကို ကျပ် ၁၀,၀၀၀ နှင့် ရောင်းချခဲ့ကြောင်း လက်ရှိအချိန်တွင် အစုရှယ်ယာရှင်ပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး ရှယ်ယာ ရောင်းချထားမှုမှ တစ်ဆင့် ရရှိသည့် အရင်းအနှီး ငွေကျပ် သန်းပေါင်း ၄၀ ရှိကြောင်း သိရသည်။

ယခုအချိန်တွင် စတော့ အိတ်ချိန်းမှ တစ်ဆင့် ရှယ်ယာ ထုတ်ရောင်းရန် အများပိုင် ကုမ္ပဏီ ၆ ခု အား ခွင့်ပြုထားပြီး FMI ကုမ္ပဏီသည် အရောင်းအဝယ် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

(Xinhua)

တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ ခုရက်ပိုင်း ရာသီဥတု ဆိုးရွားနိုင်


ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ထားတဲ့ ထူးခြားမိုးလေဝသ အခြေအနေ သတင်းအစီရင်ခံစာကို တွေ့ရစဉ်။ Photo: Zaw Htay Facebook
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ဒီနေ့ကနေစပြီး မေလ ၅ ရက်နေ့ အထိ ကာလအတွင်း လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ကြောင်း အစိုးရက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ ဖြစ်နိုင်တဲ့အတွက် သတိထားနိုင်ကြဖို့ ထုတ်ပြန်တာဖြစ်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

“ဒီ ၂၉ ရက်ကနေပြီးတော့ မေလ ၅ ရက်နေ့အထိပေါ့နော်၊ မွန်းလွဲပိုင်း ညနေပိုင်းတွေမှာဖြစ်နိုင် ပါတယ်၊ ဒီလိုမျိုး မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လာပြီဆိုရင် ပြည်သူလူထုအနေဲ့ ဘေးလွတ်ရာမှာ အခိုင်အမာရှိတဲ့ အမိုးအောက်မှာ ခိုလှုံသင့်ပါတယ်၊ ဒီလိုဖြစ်စဉ်က အကြာကြီးမဖြစ်တတ်ဘူး၊ ၁၅ မိနစ် နာရီဝက်လောက်ပဲ ပုံမှန်ဖြစ်တယ်ပေါ့နော်၊ မိုးတိမ်တောင်ဖြစ်ထွန်းမှုက ပိုပြီးတော့ များတဲ့ဒေသတွေမှာ တစ်နာရီ၊ တစ်နာရီခွဲလောက်ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ စပြီးဖြစ်လာပြီဆိုရင် မိမိတို့ ဘေးအန္တရာယ် လွတ်တဲ့နေရာတွေမှာ ကြိုတင်ရှောင်ရှားနိုင်ဖို့အတွက် အကြံပြုပါတယ်”

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီစတဲ့ တိုင်းဒေသကြီးတွေနဲ့ ရှမ်း၊ ချင်း၊ ကယားနဲ့ ရခိုင်စတဲ့ ပြည်နယ်တွေမှာ အဲ့ဒီဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် နေ့အပူချိန်တွေ မြင့် တက်ပြီး လေထုမငြိမ်သက်တာတွေကြောင့် အခုလို ရာသီဥတုဆိုးရွားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တာ လို့ ပြောပါတယ်။

RFA Burmese

USDP ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ပေးဖို့ တောင်းဆို

ဓါတ်ပုံ - (ကြံခိုင်ဖွံ့ဖြိုးရေးပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ဗဟိုကော်မတီဝင်ဟောင်း ဦးဇော်မြင့်ဖေ ကို တွေ့ရစဉ်)
ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို လာမယ့် မေလကုန်ပိုင်းလောက် ခေါ်ယူပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ၁၃၆ ဦးက လက်မှတ်ရေးထိုးပြီး ပါတီဥက္ကဌ ဦးသိန်းစိန်ထံ တောင်းဆိုလိုက်ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၂ ခုနှစ်က စတင်ပြီး တစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပပေမယ့် ဒီနှစ်မှာကျင်းပမယ့် အခြေအနေမရှိတာကြောင့် အခုလိုတောင်းဆိုရတာ ဖြစ်တယ်လို့ ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ဗဟိုကော်မတီဝင်ဟောင်း ဦးဇော်မြင့်ဖေက ပြောပါတယ်။

“နှစ်စဉ်ကျင်းပတာ အခု စတုတ္ထအကြိမ်အထိလုပ်ပြီးပြီ ဒါကပုံမှန်ကျင်းပသွားတာကိုး၊ အခုဟာက ဗဟိုကော်မတီအစည်းဝေးကို ခေါ်မှာမဟုတ်ဘူးလေ၊ ဘာဖြစ်လို့လဲဆိုရင် လက်ရှိဗဟိုကော်မတီက ရွေးထားတဲ့လူတွေနဲ့ မလုပ်ချင်လို့နေမှာပေါ့၊ ကော်မတီအသစ်တင်ချင်လို့နေမှာပေါ့၊ အခုကျနော်တို့ကို အနားပေးတယ်ဆိုတဲ့စာကလွဲလို့ သူတို့ပါတီအဖွဲ့အစည်းက ဘာမှဆက်သွယ်မှုမလုပ်ဘူး၊ အဲ့ဒါကြောင့် ပါတီနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးဖြစ်နေတယ်၊ အမှောင်ထဲလမ်းလျှောက်ရတဲ့ လူလိုဖြစ်နေတဲ့အတွက် ပါတီဝင်တစ်ယောက်ရဲ့ ရပိုင်ခွင့်အရ အဘတို့ကတောင်းဆိုတာပါ”

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ပါတီဗဟိုကော်မတီဝင် တစ်ဝက်ကျော်က ဗဟိုကော်မတီအစည်းအဝေး ကျင်းပပေးဖို့ တောင်းဆိုမယ်ဆိုရင် ကျင်းပနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ပါတီဥက္ကဌ ဦးသိန်းစိန်ထံ စာပေးပို့တောင်းဆိုတဲ့အထဲမှာ မကြာသေးခင်ရက်ပိုင်းက ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ သူရဦးရွှေမန်း၊ ဦးဇော်မြင့်ဖေ၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း စတဲ့ ပုဂ္ဂိုလ် ၁၇ ဦးစလုံး ပါဝင်ပါတယ်။

ဒါ့အပြင် လက်ရှိကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ စတဲ့ပုဂ္ဂိုလ်တွေ လည်း ပါဝင်ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုကော်မတီဝင် ၂၁၉ ဦးရှိပြီး လက်မှတ်ရေးထိုးတောင်းဆိုသူ ၁၃၆ ဦးရှိတာ ဖြစ်ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၅ ခုနှစ်မေလ ၃၀ ရက်နေ့က နောက်ဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

RFA Burmese

Thursday, April 28, 2016

ရိုဟင်ဂျာ လို့ခေါ်တာနဲ့ပတ်သက်ပြီး အမေရိကန်သံအမတ်ကြီး ရှင်းလင်း


(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်) Photo: Htet Arkar/RFA
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန် အစိုးရအနေနဲ့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးစွဲတာဟာ နိုင်ငံရေးအရမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုက သူတို့ကို ဘယ်လိုအမည်နဲ့ ခေါ်ပါလို့ တောင်းဆိုတဲ့အတိုင်း အသိအမှတ်ပြုခေါ်ဆိုတာ ဖြစ်ကြောင်း ပြောပါတယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ သံအမတ်ကြီး Scot Marciel က အမေရိကန်အစိုးရရဲ့ သဘောထားကို ပြောခဲ့တာဖြစ်ပါတယ်။

" အမေရိကန် အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုပ်ရိုးလုပ်စဉ်က ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင်တဲ့ အမည်အတိုင်း အသိအမှတ်ပြု ခေါ်ဆိုတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ သူတို့ကို ဘယ်လိုခေါ်စေချင်တယ်ဆိုပြီး ပြောပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ သူတို့ခေါ်စေချင်တဲ့အတိုင်းသာ အမည်ကို ခေါ်ကြရတာပါ။ အဲ့ဒီလို ခေါ်ဆိုတာဟာ နိုင်ငံရေးအရ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ သာမန်လုပ်ရိုးလုပ်စဉ် အလေ့အထသာဖြစ်ပါတယ်" လို့ Mr. Marciel က ပြောပါတယ်။

ရိုဟင်ဂျာအမည်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာကို မိမိတို့အနေနဲ့ သိရှိနားလည်ကြောင်းလည်း ပြောပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံက Mr. Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး ဒီကနေ့ သတင်းမီဒီယာတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

ဒါ့အပြင် သံတမန်တွေကြားမှာ မြန်မာနိုင်ငံကို ခေါ်ဆိုသုံးစွဲတာနဲ့ ပတ်သက်ပြီး အင်္ဂလိပ်လို Myanmar လား ၊ Burma လားဆိုရာမှာ ၂ မျိုးသုံးစွဲနေကြတာရှိပြီး အမေရိကန်အစိုးရ အနေနဲ့ လက်ရှိအချိန်ထိ Burma လို့ ခေါ်ဝေါ်သုံးနေကြောင်းနဲ့ မကြာခင် သီတင်းပတ်တွေအတွင်းမှာ Burma နဲ့ Myanmar ဘယ်လိုခေါ်မယ်ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

RFA Burmese

ရိုဟင်ဂျာ အသုံးအနှုန်းကြောင့် အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်


အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ ထုတ်ဖော်သူများအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

    ရခိုင်အရေးနှင့် ပတ်သတ်ပြီး အမေရိကန် သံရုံးထုတ်ပြန်သော ထုတ်ပြန်ချက်၌ ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်း သုံးစွဲမှုအပေါ် လူ ၃၀၀ ကျော် ယနေ့ နေ့လည် ၂ နာရီခန့်တွင် သံရုံးရှေ့၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ အမေရိကန် သံရုံး ထုတ်ပြန်ချက်၌ ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာ လူမျိုးဟု ဖော်ပြမှု အပေါ်  အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) သံဃာတော် ဦးပါမောက္ခ၊ သံဃာတော် အချို့နှင့် မျိုးချစ်အမျိုးသား ကွန်ရက် အဖွဲ့ဝင်များ စုစုပေါင်း ၃၀၀ ကျော်ခန့်က တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ကန့်ကွက် ရှုံ့ချစာကို သံရုံးသို့ ပေးပို့ခဲ့သည်။

အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ ထုတ်ဖော်သူများအား တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်သူများကို ဗိုလ်စိန်မှန်ကွင်း နေရာ၌သာ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုထားသော်လည်း သံရုံးရှေ့ လာရောက်ပြသမှုကြောင့် အရေးယူသွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှ ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။

 (Xinhua)

ပြည်ပခရီးစဉ် လုပ်ငန်းလိုင်စင် မရှိဘဲ ဆောင်ရွက်နေသော ခရီးသွား ကုမ္ပဏီများကို မေလမှ စတင် အရေးယူသွားမည်


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြည်ပသို့ ထွက်ခွာနေသော ခရီးသွားများအား တွေ့ ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

    ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေသော ခရီးသွား ကုမ္ပဏီများအား မေလမှ စတင်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ယနေ့ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အချို့သော ခရီးသွားကုမ္ပဏီများမှာ ပြည်ပခရီးစဉ် (Outbound Tour) လိုင်စင် လျှောက်ထား ရယူခြင်း မရှိသေးသော်လည်း သတင်းစာများတွင် ပြည်ပခရီးစဉ်များကို ကြော်ငြာ ဆောင်ရွက်နေသည်ကို တွေ့ရှိ ရကြောင်း ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေတွင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း တစ်ခုခုကို ဥပဒေအရ ထုတ်ပေးထားသော လိုင်စင်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရန် ပြဌာန်း ထားရှိသဖြင့် ပြည်ပခရီးစဉ် လုပ်ငန်း ဆောင်ရွက်မည် ဆိုပါက လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။

ယခုအခါတွင် ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ငန်း လိုင်စင်များ ခွင့်ပြု ပေးလျက်ရှိရာ ဧပြီလ ၂၈ ရက်အထိ လိုင်စင် ၁၈၂ ခုကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး ထပ်မံ တင်ပြလာသော ကုမ္ပဏီများကိုလည်း စိစစ် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)

လားရှိုးတွင် လူငယ်တစုက ဓားဖြင့် လိုက်ခုတ်၊ ၆ ဦး ဒဏ်ရာရ


ရှမ်းပြည်နယ် လားရှိုးမြို့မှာ အမည်မသိ လူငယ်တစုက လမ်းပေါ်ကလူတွေကို ဓားနဲ့ လိုက်ခုတ်တဲ့ အတွက် လူငယ် ၆ ဦး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ မသင်္ကာသူတွေကို ခေါ်စစ်နေတယ်လို့ လားရှိုး မြို့နယ်ရဲတပ်ဖွဲမှူး ဦးတင်ဖေ၀င်းက ဒီဗွီဘီကို ပြောပါတယ်။
“ဓားခုတ်မှုက ညဘက်မှာလည်း ဖြစ်တယ်။ ခိုက်ရန်ဖြစ်ပွားတာလည်း မဟုတ်တော့ အစအန သဲလွန်စလည်း မကျန်ခဲ့ဘူး။ ဒါပေမယ့် ရပ်ကွက်ထဲက လူငယ်တွေကို ပိုက်စိပ်တိုက် စိစစ်နေပါ တယ်။ အထူးသဖြင့် အရင်တုန်းက ရန်ဖြစ်လေ့ဖြစ်ထ နာမည်ရှိဖူးတဲ့ လူငယ်တွေ၊ မိုက်မိုက်ကန်းကန်းနေတယ်လို့ နာမည်ထွက်နေတဲ့လူငယ်တွေ ကျနော်တို့ ခေါ်ပြီးတော့ စစ်ပါတယ်။ ပြီးခဲ့တဲ့ လက ရန်ဖြစ်ပြီး သူများကို ဓားနဲ့လိုက်ခုတ်ခဲ့တဲ့ လူငယ်တယောက်လည်း ဖမ်းထားတယ်။ သူ့ကို အရေးယူဖို့ရှိပါတယ်။ မနေ့တနေ့က ကျူးလွန်တဲ့လူတွေလည်း မကြာခင် ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။”
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် နဲ့ ၂၇ ရက်နေ့ ညဘက်အချိန်က ၁၂ ရပ်ကွက် နဲ့ ၇ ရပ်ကွက်တွေအတွင်း အဆိုပါလူငယ် ၆ ဦး ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အခုတ်ခံရသူတွေအားလုံး လားရှိုးပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနဲ့ အရိုးအကြော ကုသဆောင်မှာ တက်ရောက်ကုသနေကြောင်း၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိကြောင်း ဒဏ်ရာရသွားတဲ့ လူငယ်တွေကို ဆေးရုံမှာ လူနာသွားကြည့်ခဲ့သူ လားရှိုးမြို့ခံ တဦးက ပြောပါတယ်။
“သူတို့အခုတ်ခံရတာက ည ၇ နာရီ နဲ့ ၈ နာရီကြားမှာ။ ရပ်ကွက် ၇ ရွှေညောင်ပင်နား ဖြစ်သွားတဲ့ဟာကျတော့ ဆိုင်ကယ် ၂ စီးနဲ့ လူ ၅ ယောက် ကနေပြီးတော့မှ ဆိုင်ကယ် တစီးပေါ် စီးလာတဲ့ လူ ၂ ယောက်ကို ခုတ်တယ်။ နောက် ရပ်ကွက် ၁၂ မန်ဆူဘုရားခြေရင်းနား အခုတ်ခံရတာကျတော့ လူ ၂ ယောက်ပါတဲ့ ဆိုင်ကယ် တစီးက လူ ၂ ယောက်ကို ခုတ်သွားတာ၊ နောက်တယောက်ကျတော့ အိမ်ရှေ့မှာ ထိုင်ပြီး ဖုန်းပြောနေရင်း အခုတ်ခံရတာ၊ သူတို့ ၆ ယောက်လုံးက ဒဏ်ရာရတဲ့ပုံစံတွေက အတူတူဘဲ၊ ဦးခေါင်းမှာ ဒဏ်ရာရတယ်။ လုပ်တဲ့လူတွေက တဖွဲ့တည်းလို့ ယူဆရတယ်။ သူတို့နဲ့ ရန်ညှိုးရန် စလည်းမရှိ၊ တခါမှလည်း မသိဖူးဘူးတဲ့၊ ပစ္စည်းတွေဘာတွေ လုယူတာလည်း မရှိဘူး။ ဆေးကြောင်ပြီး လိုက်ခုတ်တဲ့ ပုံစံဘဲလို့ ပြောတယ်။”
ဓားခုတ်ခံရသူတွေဘက်ကတော့ လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းထား ပါတယ်။
လားရှိုး မြို့နယ်ရဲတပ်ဖွဲမှူး ဦးတင်ဖေ၀င်းကတော့ လားရှိုးမှာ တာဝန်ကျတာ ၂ နှစ်ကျော်ပြီဖြစ်ပြီး လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားတဲ့ အမှုတွေ မကြာခဏဖြေရှင်းနေရကြောင်း၊ အဆိုပါလူငယ် အများစုမှာ တရုတ်သွေးပါပြီး စရိုက်ကြမ်းသူတွေဖြစ်ကြောင်း၊ သူတို့ အုပ်စုဖွဲ့ ရန်ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ၅ လလောက်က အရေးယူနှိမ်နင်းခဲ့လို့ ခဏငြိမ်သွားကာ အခုတခါ ဓားခုတ်မှုတွေ ပြန်ပေါ်လာတာလို့ ပြောပါတယ်။
လမ်းသွားလမ်းလာ ပြည်သူတွေအနေနဲ့လည်း ညဥ့်ဘက်အမှောင်ထဲသွားလာတာ သတိထားဖို့၊ မသင်္ကာမှုတွေ့ရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ရဲမှူးက သတိပေးပြောပါတယ်။ ဒါပေမယ့် မြို့ခံတွေကြားမှာတော့ ညအချိန်အပြင်ထွက်ရမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေပါတယ်။
DVB

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တစ်သိန်းခန့်ကို ထိုင်းအစိုးရ နေရပ်ပြန်ပို့မည်ဟု သတင်းထွက်ပေါ်



ဧပြီ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်ဒုက္ခသည်စခန်း ၃ခုဖြစ်သော မယ်လ၊ နို့ဖိုးနှင့် အုန်းဖျန်တို့ရှိ ဒုက္ခသည်တစ်သိန်းခန့်ကို မြန်မာနိုင်ငံ နေရပ်သို့ ပြန်ပို့မည့်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေမှုနှင့်ပတ်သက်၍ လတ်တလော သတင်းမီးဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းပေါ်ထွက်လျှက်ရှိသည်။

ဧပြီ ၂၇ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ အထူးစီးပွားရေးဇုန် ခန်းမအတွင်း ကျင်းပခဲ့သည့် ဒုက္ခသည်များဆိုင်ရာအစည်းအဝေးအပြီးတွင် ဒုက္ခသည်တစ်သိန်းခန့်ကို နေရပ်ပြန်ပို့ရန် ပြင်ဆင် နေကြောင်း ထိုင်းသတင်းမီးဒီယာတစ်ခုဖြစ်သည့် INN က တာ့ခ်ဒုခရိုင်ဝန် နိုင်းဆုထဒ် ဆိုင်းဝမ်းချိုင်း၏ ပြောဆိုချက်ကို ကိုးကားပြီး ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတင်းထွက်ပေါ်ခြင်းအပေါ် အုန်းဖျန်ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူတစ်ဦးက “ထိုင်းအစိုးရရဲ့ သဘောထားက အပြည့်မဟုတ်ဘူးလေးနော်။ ဒီဒုက္ခသည်ပြန်ပို့မယ့် အာဘော်တွေက အမြဲတမ်း ရှိနေတာပဲ။ ဒါပေမယ့် ဒီထွက်ပေါ်လာတဲ့ သတင်းအရတော့ သုံးသပ်ဖို့ ခက်တယ်။ သို့သော်လည်း အမိမြေကို ပြန်တဲ့ကိစ္စက အမိမြေကို အုပ်ချုပ်တဲ့ သူတွေအပေါ်မှာလည်း မူတည်တယ်လို့ ခံယူတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များအနေဖြင့် စခန်းတွင်းတာဝန်ရှိသူများနှင့် တစုံတရာ ဆွေးနွေးမှုမရှိသေးသလို အမှန်တကယ် ပြန်ပို့မယ်ဆိုပါက ဒုက္ခသည်တာဝန် ရှိသူများပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှုတော့ရှိရမည်ဖြစ်သည်လည်း သူက ဆက်ပြောသည်။

ထို့အပြင် မဲဆောက်မြို့နယ်ရှိ အထူးစီးပွားရေးဇုန် ခန်းမ၌ ကျင်းပခဲ့သည့် ဒုက္ခသည်များဆိုင်ရာအစည်းအဝေး တွင် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR၊ အုန်းဖျန်၊ နို့ဖိုး နှင့် မယ်လစခန်းတို့မှ ထိုင်းအစိုးရ၏ စခန်းတွင်း လုံခြုံရေးတပ်မှူးများ သွားရောက်တက်ရောက်ခဲ့ကြသော်လည်း စခန်းတွင်း ဒုက္ခသည်ကော်မတီဝင် များ၊ ကရင်ဒုက္ခသည်ကော်မတီ-KRC မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

KRC တွဲဖက်အတွင်းရေးမှူး နော်ဘလူးမင်းနိုင်ဇံက “ကျမတို့ ရုံးက တာဝန်ရှိသူတွေ ဘယ်သူမှမသွားဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ဆွေးနွေးပွဲတစ်ခုကနေ ကျမတို့ ဒုက္ခသည်အရေးကို ဒုတိယတာဝန်ယူတဲ့ ထိုင်းအာဏာပိုင် က ကျမတို့ကို သူကိုယ်တိုင်ပြောထားတာ လုံးဝပြန်ပို့ဖို့ အစီအစဉ်မရှိသေးပါ။ အခြေအနေမကောင်းသေးလို့ မပြန်နိုင်သေးဘူးဆိုတာ သူတို့ လက်ခံထားတယ်။ ဒါပေမယ့် ကိုယ်သဘောဆန္ဒနဲ့ပြန်ရင်တော့ သူတို့မတားဘူး ဆိုတာ တော့သေသေချာချာ ပြောထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းအစိုးရဘက်မှ ဒုက္ခသည်များအား နေရပ်ပို့ဆောင်မည့် ကိစ္စအပေါ် KRC အား တစုံတရာ အသိပေး အကြောင်းကြားခြင်းမရှိသေးကြောင်းနှင့် ထိုင်းအစိုးရသည် ဒုက္ခသည်များကို အတင်းအဓမ္မ ပြန်တွန်းပို့မည့် ပေါ်လစီ မရှိကြောင်းလည်း နော်ဘလူးမင်းနိုင်ဇံက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများကို ထိုင်းအစိုးရက နေရပ်ပြန်လည်ပို့ဆောင်ရန် ရှိသည်ဟု သတင်းထွက်ပေါ်မှုများ ရှိခဲ့သော်လည်း ယခုလို ဒုက္ခသည်စခန်း အမည်နှင့် လူဦးရေ အတိအကျ ပြောဆိုမှုများ မရှိခဲ့ကြောင်း သိရသည်။

 စအိုင်ဆူး
ကေအိုင်စီ - KIC

မိုးသီးမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း မိုး/ဇလ သတိပေး


ယနေ့မြန်မာစံတော်ချိန်(၁၄း၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ နေ့အပူချိန်များ မြင့်တက်၍ လေထုမငြိမ်သက်မှုများကြောင့် လည်းကောင်း(၂၉.၄.၂၀၁၆)ရက်နေ့မှ (၅.၅.၂၀၁၆)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မွန်းလွဲညနေပိုင်းတို့၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

 မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရခိုင် လွတ်မြောက်ရေးပါတီ သတိပေးခံရ


 ရခိုင်စစ်ရျောင် ဒုက္ခသသည်တွေ
ရခိုင်ပြည်နယ်တွင်း အစိုးရစစ်တပ်နဲ့ အေအေ ရခိုင်တပ်မတော်ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ခံစားနေရတာတွေနဲ့ပတ်သက်လို့ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဧပြီလ ၂၄ ရက် ထုတ်ပြန်ချက်ဟာ မှန်ကန်မှုမရှိရင် အရေးယူမယ်လို့ (ALP)ကတာဝန်ရှိသူတွေကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက မနေ့က ခေါ်ယူသတိပေးခဲ့ပါတယ်။

ရခိုင်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ရှောင်ဒုက္ခသည်တွေဖြစ်နေကြပြီး၊ ပေါ်တာဆွဲခံ ရတာ၊ နေအိမ် တွေအဓမ္မပြောင်းရွေ့ခံရတာ၊ စစ်သုံ့ပန်းတွေကို ရိုင်းရိုင်းစိုင်းစိုင်း သတ်ဖြတ်၊ ဓားစာခံအဖြစ်စစ်မြေမှာ အသုံးချခံရတာတွေကို တွေ့မြင်နေရတယ်လို့ ဖေါ်ပြထားပါတယ်။

နောက်ပြီး ဒီလိုလုပ်ရပ်တွေဟာ ဂျနီဗာသဘောတူညီချက်တွေ အပါအဝင် နိုင်ငံတကာပစ်မှုဆိုင်ရာဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အတိအလင်း ချိုးဖောက်လိုက်တယ်လို့လည်း ဖော်ပြထားပြီး စစ်တပ်ကို ဒီလို လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့ တောင်းဆိုထားတာပါတယ်။

ဒီသဘောထားထုတ်ပြန်ချက်ပါ စစ်တပ်အပေါ် စွပ်စွဲချက်တွေဟာ အထောက်အထားခိုင်ခိုင်လုံလုံ မရှိရင် အရေးယူမယ်ဆိုပြီး ခေါ်ယူတွေ့ဆုံခဲ့တဲ့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဦးထိန်လင်းက ပြောခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ALP ဗဟိုကော်မီတီဝင်၊စည်းရုံးရေးနဲ့ ပြန်ကြားရေး ဒု ဥက္ကဋ္ဌ ခိုင်မျိုးထွန်းက ပြောပါတယ်။

အထောက်အထားခိုင်လုံရင် စစ်တပ်ဘက်က ကျူးလွန်သူတွေကို အရေးယူမှာလားလို့ ALP ဘက်ပြန်မေးရာမှာ နယ်စပ်ရေးရာဝန်ကြီးက အရေးယူမယ်လို့ ပြန်ဖြေခဲ့ကြောင်း ဦးခိုင်မျိုးထွန်းက ပြောပါတယ်။

အထောက်အထားတွေအရ စစ်ပွဲတွေ အတွင်း ဒေသခံတွေကို ပေါ်တာဆွဲတာ စစ်သုံပန်းတွေအဖြစ် ခေါ်တာမျိုးတွေကို အစိုးရစစ်တပ်ဘက်က အများဆုံး ကျူးလွန်တာတွေ့ရပြီး အေအေဘက်က ကျူးလွန်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ သူက ပြောပါတယ်။

မနေ့က ရခိုင်လွတ်မြောက်ရေးပါတီ (ALP)နဲ့ တွေ့ဆုံရာမှာ နယ်လုံဝန်ကြီး ဦးထိန်လင်း၊ ရဲမှူးကြီးစိန်လွင်နဲ့ စစ်တပ်က အရာရှိတချို့လည်းပါဝင်တယ်လို့ သိရပါတယ်။ ရခိုင်လွတ်မြောက်ရေးပါတီဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၈ ဖွဲ့ထဲမှာ ပါဝင်ပါတယ်။

BBC Burmese

တနင်္သာရီတိုင်းရှိ ကရင်တိုင်းရင်းသားဒေသများရှိ သိမ်းဆည်းမြေများ ပြန်ပေးရန်တောင်းဆို


|Dawei Watch| ထားဝယ်၊ ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသားဒေသများရှိ အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသည့် မြေများ ပြန်လည်စွန့်လွှတ်ပေးရန် ဒေသခံ ကရင်တိုင်းရင်းသားများက တိုင်းအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးထံ တောင်းဆိုခဲ့ကြသည်။
ဧပြီလ ၂၇ ရက်က ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်း အနားတွင် ဒေသခံ ကရင်တိုင်းရင်းသားများက သိမ်းဆည်းမြေကိစ္စနှင့် ပက်သက်၍ ဆွေးနွေးခဲ့ရာ ၀န်ကြီးက စာဖြင့်ထပ်မံ တင်ပြ ရန်ပြောဆိုခဲ့သဖြင့် ဆွေးနွေးပွဲအပြီးတွင် ဒေသခံများက စာဖြင့် ချက်ခြင်း တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
မြိတ်ခရိုင်အတွင်း ကျွန်းစုမြို့နယ် ကတန်ကျွန်းတွင် ကြိုးပြင်ကာကွယ်တောအဖြစ်သိမ်းဆည်းထားသည့် မြေဧက ရှစ်သောင်း ကျော်၊ ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲရှိ ၀ါးဇွင်းအုပ်ကျေးရွာတွင် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ သိမ်းဆည်းထားသော မြေဧက ခြောက်ရာကျော်၊ တနင်္သာရီမြို့နယ်၊ သိမ်ပြင်ကျေးရွာတွင် MSPP ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသည့် ဧက လေးသောင်းကျော်နှင့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု ထုံမခါကျေးရွာအနီးတွင် CKB ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရထားသည့် မြေဧက ၂၀၀၀ တို့ကို ပြန်လည်စွန့်လွှတ်ပေးရန် ယင်းဒေသခံများက တောင်းဆိုကြခြင်းဖြစ်ကြောင်း ၎င်းတို့၏ တင်ပြစာများအရ သိရသည်။
ထို့အပြင် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ နှမ်းကျဲကျေးရွာအုပ်စု၊ ကျေးဇူးတော်ကျေးရွာတွင်လည်း ရွှေပဒုမ္မာ ဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားသည့် မြေဧက ခြောက်ရာကျော် တို့ကို ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
“သက်ဆိုင်ရာ ၀န်ကြီးနဲ့ ညှိနှိုင်းပြီးလုပ်ဆောင်သွားမယ်” ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာ က ပြောကြားသည်။
ကရင်တိုင်းရင်းသားဒေသများမှ ဒေသခံများနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့တွေ့ဆုံပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီး ဦးမြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်း လွှတ်တော်တွင် ကော်မတီ ၅ ခုနှင့် ကော်မရှင် ၃ ခုဖွဲ့စည်းမည်

တနင်္သာရီတိုင်း လွှတ်တော်တွင် ကော်မတီ ၅ ခုနှင့် ကော်မရှင် ၃ ခုဖွဲ့စည်းမည်
|Dawei Watch| ထားဝယ်၊ ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် ရေးရာ ကော်မတီ ၅ ခုနှင့် ကော်ရှင် ၃ ခုတို့ကို လာမည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းအတည်ပြုမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။
ကော်မတီ ၅ခုမှာ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ၊ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၊ ဒေသန္တရစီမံကိန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီများတို့ဖြစ်ကြောင်း အထက်ပါ ရုံးမှ သိရသည်။
ကော်မရှင် ၃ ခုမှာ ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၊ ဘဏ္ဍာငွေအရ/သုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မရှင်နှင့် လုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
“ရေးရာကော်မတီတွေကို ဒီလိုဖွဲ့စည်းအတည်ပြုပြီးဆောင်ရွက်မယ်ဆိုရင် ပြည်သူအတွက် ပိုအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။
ကော်မတီများကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ကော်မရှင်များကို လွှတ်တော်ကိုယ်စားလှယ်များက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင်များကို ပြင်ပပညာရှင်များဖြင့်ဖွဲ့စည်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဌမမြောက်နေ့ကို မေလ ၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့ကို အတည်ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ရုံးထံမှ သိရသည်။
ယခင်လွှတ်တော်သက်တမ်းက တနင်္သာရီတိုင်းလွှတ်တော်တွင် ကော်မတီ ၃ခု (လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ) နှင့် ကော်မရှင် ၂ ခု (ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၊ ငွေစာရင်းဆိုရာကော်မရှင်)တို့ကို ဖွဲ့စည်း ခဲ့သည်။

ရေးရာကော်မတီနှင့် ကော်မရှင်များဖွဲ့စည်းမည့် ကိုယ်စားလှယ်နှင့် ပြင်ပပညာရှင်များ အရေအတွက်စာရင်း

စဉ်
ကော်မတီနှင့် ကော်မရှင်များ
အဖွဲ့ဝင်
လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ
၅ ဦး
ဥပဒေပြုရေးဆိုင်ရာကော်မတီ
၅ ဦး
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ
၅ ဦး
အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ
၅ ဦး
ဒေသန္တရစီမံကိန်းများနှင့် ဘဏ္ဍာငွေဆိုင်ရာ ကော်မတီ
၅ ဦး
ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်
၉ ဦး
ဘဏ္ဍာငွေအရ/သုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မရှင်
၉ ဦး
လုပ်ငန်းအရည်အသွေးစစ်ဆေးရေးကော်မရှင်
၁၀ ဦး

Wednesday, April 27, 2016

အမေရိကန်သံအမတ်ကြီးသစ် ခန့်အပ်လွှာပေးအပ်

မန်မာသမ္မတ ဦးထင်ကျော်ထံမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ခန့်အပ်လွှာပေးအပ်

27.04.2016
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ဒီကနေ့မှာပဲ သံအမတ်ခန့်အပ်လွှာကို မြန်မာသမ္မတ ဦးထင်ကျော်ထံ အခန်းအနားနဲ့ ပေးအပ်လိုက်ပါသည်။
အမေရိကန်သမ္မတနဲ့ အစိုးရတို့ရဲ့ တရားဝင်ကိုယ်စားလှယ် ဖြစ်လာတဲ့ သံအမတ်ကြီး အနေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ် ချီးကျုးစကား ပြောကြားခဲ့ကြောင်းလည်း အမေရိကန်သံရုံး တာဝန်ခံအရာရှိက ဗွီအိုအေကို ပြောပါတယ်။
ဦးထင်ကျော် ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက် ခံရတဲ့အတွက် သံအမတ်ကြီး မာစီရယ်လ် က ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သလို၊ မတ်လ ၃၀ ရက်က နိုင်ငံတော်သမ္မတ ရာထူးတာဝန် စတင်ထမ်းဆောင်တာဟာ မြန်မာပြည်သူတွေ၊ အင်စတီကျူးရှင်းတွေ၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှု သက်သေ ဖြစ်တဲ့အကြောင်း သမ္မတ ဘရက်ခ်အိုဘားမားရဲ့ ကြေညာချက်ကိုလည်း ထပ်လောင်းပြောဆိုခဲ့တဲ့အကြောင်း အမေရိကန်သံရုံး တာဝန်ရှိသူက ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာလည်း အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်သွားမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကိုလည်း အလေးထား ပြောကြားခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။ သံအမတ်ကြီး Marciel ဟာ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုမှာ အကြီးတန်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာလည်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ အရှေ့တောင်အာရှဒေသနဲ့ ဆက်ဆံရာမှာ အဓိကတာဝန်ယူရတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုရဲ့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံရေးရာ သံအမတ်ကြီး စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတဲ့ ၀ါရင့်သံတမန်တဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံပေါ် လက်နက်ပိတ်ဆို့မှု အီးယူ သက်တမ်း ၁ နှစ်ထပ်တိုး

ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ဆို့မှု လာမယ့် ၂၀၁၇ နှစ် ဧပြီ ၃၀ ရက်အထိ သက်တမ်းနောက်ထပ် တနှစ်ထပ်တိုး လိုက်ပါတယ်။
မြန်မာနိုင်ငံကို စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချတာနဲ့ တင်ပို့တာတွေကို ကန့်သတ်ပိတ်ပင်ထားမှာဖြစ်ပြီး လူကိုမသေစေနိုင်တဲ့ စစ်ပစ္စည်းတွေတော့ ကင်းလွတ်ခွင့်ရမှာ ဖြစ်တယ်လို့ အီးယူရဲ့ ဧပြီ ၂၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံ အပြင် ရုရှားနိုင်ငံကလည်း စစ်လက်နက်တွေနဲ့ စစ်လေယာဉ်တွေ ပါဝယ်ယူအသုံးပြုနေတာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အီးယူက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ကျင့်သုံးခဲ့တာဖြစ်ပြီး ၂၀၁၃ ဧပြီလမှာ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးပြီး လက်နက်ပိတ်ဆို့မှုတွေကိုတော့ ဆက်လက်ထားရှိတာပါ။
DVB

၂၁ ရာစုပင်လုံညီလာခံ အချိန်မဆွဲဘဲကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား



၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကြီးကို လပိုင်းအတွင်း အချိန်မဆွဲပဲ ကျင်းပသွားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ JMCU နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ကတော့ ဒီခေတ်ဒီအခါနဲ့ ဆီလျော်အောင်လို့ ၂၁ ရာစုနှစ် ပင်လုံတခု၊ ဒီလိုပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက်ဆိုရင်တော့ ကျမကတော့ သိပ်အချိန်မဆွဲချင်ပါဘူး။ တလနှစ်လအတွင်းမှာတော့ ဒီအစီစဉ်တွေကို ပြီးမြောက်စေချင်ပါတယ်။ ဒါမှ ကျမတို့ ဒီတလနှစ်လ လောက်မှာ စပြီးတော့ ငြိမ်းချမ်းရေးညီလာခံကို လုပ်နိုင်အောင်လို့ ကြိုးစားချင်ပါတယ်”လို့ ပြောပါတယ်။
ဒ့ါအပြင် အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့ခိုင်မြဲခြင်းမရှိနိုင်ရင် တကယ်ငြိမ်းချမ်းရေး ကို ဆက်သွားလို့မရတဲ့အကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်သင့်တဲ့အဖွဲ့တွေ အားလုံး ပါဝင်စေချင်ပြီး မပါသေးတဲ့အဖွဲ့တွေ ပါဝင်လာအောင်ကြိုးစားမှာဖြစ်တယ်လို့ လည်းပြောဆိုသွား ပါတယ်။
“ငြိမ်းချမ်းရေးညီလာခံဖြစ်မြောက်ရေးနဲ့ အပစ်ခတ်ရပ်စဲရေးမှာ ပါဝင်သင့်တဲ့အဖွဲ့ဝင်တွေအားလုံး ပါဝင်ရေးဟာ နှစ်ခုစလုံး မျဉ်းပြိုင်အနေနဲ့ လုပ်သွားဖို့သင့်တဲ့ကိစ္စလို့ ကျမထင်ပါတယ်။ တခုပြီးမှ တခုလုပ်မယ်ဆိုပြီးတော့ အဲလိုမျိုးမဖြစ်ပါဘူး။ အဲဒါကြောင့်မို့လို့ ကျမတို့ဟာ အခုကတည်းကနေ စပြီးတော့ အပစ်ခတ်ရပ်စဲရေး ခိုင်မြဲအောင် လုပ်ခြင်းအားဖြင့် အပစ်ခတ်ရပ်စဲရေးခိုင်မြဲခြင်းရဲ့ အကျိုးဆက်ကို ပြည်သူကနေပြီးတော့ ဘယ်လိုအကောင်းခံစားရလဲဆိုတာကို ရှင်းရှင်းလင်းလင်း ထင်သာမြင်သာအောင် ပြနိုင်ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေးအတွင်းမှာ တခြားမပါသေးတဲ့ အစုအဖွဲ့တွေ ပါလာအောင်လို့လည်း ကျမတို့က စွဲဆောင်နိုင်မယ်။ တချိန်ထဲမှာ ကျမတို့က တကယ့်ကို ထာဝရငြိမ်းချမ်းရေး ရစေမယ့် ညီလာခံတခုကျင်းပဖို့ကို ကျမတို့ စပြီးတော့ အစပျိုးနိုင်မှာဖြစ်ပါတယ်။”
ဒီအစည်းအဝေးကို တက်ရောက်ခဲ့ သိက္ခာတော်ရဆရာတော် စောမက်သယူးအေးက “မကြာမြင့်မီမှာတော့ သူလည်း ငြိမ်းချမ်းရေးညီလာခံကို ဒီတလနှစ်လအတွင်းမှာ မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့တော့ ကျနော်တို့ကို အားပေးစကားပြောသွားတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားဖို့ သူရည်မှန်းချက်ရှိပါတယ်ဆိုတာကို သူပြောသွားတယ်။ ဒီကြားထဲမှာတော့ ကြိုးစားရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဓိက သူ ဦးတည်တာကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့ ပြောလို့ရှိရင် အစုအဖွဲ့တိုင်း ပါဝင်စေချင်တာပေါ့။ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးပါဝင်ဖို့ ကိုလည်းသူ အာရုံစိုက်တဲ့သဘောရှိပါတယ်။ သဘောက အဲဒီညီလာခံကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့ကတော့ ရှိနေတယ်။ ကျန်တဲ့လူတွေပါ ပါနိုင်ဖို့ ဒီကြားထဲမှာတော့ အာရုံပြုသွားမှာပေါ့လေ။ ”လို့ပြောပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်ကတော့ တလနှစ်လအတွင်း ၂၁ ရာစုပင်လုံ ညီလာခံ ဖြစ်လာ နိုင်ပေမယ့် ပင်လုံညီလာခံလို့ ခေါ်ဝေါ်သုံးနှုန်းတာကိုတော့ လက်မခံဘူးလို့ ပြောပါတယ်။
“ဖြစ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ ဒုတိယအကြိမ် ပင်လုံတို့ ၂၁ ရာစုပင်လုံတို့ ဆိုတာ တော့ ကျနော်တို့ မထောက်ခံဘူး။ အသုံးအနှုန်းကို၊ ပထမအကြိမ်လုပ်ခဲ့တဲ့ ပင်လုံညီလာခံ ကြောင့် ကျနော်တို့ တိုင်းရင်းသား အားလုံးဟာ ပြည်မက ဗမာတိုင်ရင်းသားရဲ့ ကျေးကျွန်ဖြစ်သွား တယ်ဆိုတဲ့ ကျနော့်ရဲ့ ရင်ထဲခံစားချက်ကြောင့် အဲ့ဒီ အသုံးအနှုန်းကို မကြိုက်ဘူး။”
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ ၂ ရက်ကြာ အစည်းအဝေးကို မနေ့ကတည်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ စတင်ကျင်းပနေတာဖြစ်ပြီး သမ္မတ ဦးထင်ကျော် လက်ထက်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။
DVB

ပါတီမှထုတ်ပယ်ခြင်းသည် စည်းမျည်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိဟု သူရဦးရွှေမန်း ပြော



ဧပြီ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခြင်းခံလိုက်ရသော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ၎င်းအနေနှင့် မည်သည့်ပြစ်ချက်ဖြင့် စွဲချက်တင်ပြီး ပါတီမှ ထုတ်ပယ်ခံရခြင်းကို မသိရှိကြောင်း၊ ယင်းသို့ ထုတ်ပယ်ခြင်းသည် ပါတီ၏စည်းမျည်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်နေ့ အစည်းအဝေးအပြီး ထုတ်ပယ်ခြင်းခံရသူ စုစုပေါင်း ၁၇ ဦးရှိပြီး သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်သည့် ကော်မရှင်အဖွဲ့ဝင် ၁၁ ဦးလုံး ပါဝင်သည်။

ယင်းနှင့်ပတ်သက်၍ သူရဦးရွှေမန်းက“ဘာအပြစ်တွေနဲ့ စွဲချက်တင်ထားသလဲ မသိဘူး။ ပြီးတဲ့အခါမှာ ဘယ်လို စုံစမ်းသလဲ မသိဘူး။ ဘယ်လို ဆုံးဖြတ်သလဲလည်း မသိဘူး။ ဘယ်လို အရေးယူတယ်ဆိုတာက အစ ဂဃနဏ မသိဘူး”ဟု ပြောကြားသည်။

ယင်းအပြင် ပါတီမှထုတ်ပယ်ခြင်းခံရသူ ၁၁ ဦးမှ သတင်းစာရှင်းလင်းပွဲမတိုင်မီ ထုတ်ပြန်ချက်၌ “၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၂)ရက် ည(၁၀)နာရီခွဲအချိန်ခန့်တွင် လုံခြုံရေး အဖွဲ့အင်အား အသုံးပြုပြီး ပါတီဌာနချုပ်ရုံးကို စီးနင်းနေရာယူ သိမ်းပိုက်ရှာဖွေပြီးနောက် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ အား ပြင်ဆင်ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါသည်။ ပါတီ ညီလာခံနှင့် ပါတီဗဟို
ကော်မတီကရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအလုပ်အမှု
ဆောင် ကော်မတီဝင်များကို ဖယ်ရှားပြီးရက်ပိုင်းအတွင်းမှ ပါတီဝင်ဖြစ်လာသူများနှင့် သာမန် ပါတီဝင်အချို့တို့ကို ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း တို့သည် တည်ဆဲဥပဒေနှင့် ပါတီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ/မရှိ အလွယ်တကူ သိမြင်နိုင်မည်ဖြစ်ပါသည်”ဟု ဖော်ပြပါရှိသည်။

ဧပြီ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ၁၇ ဦးမှာ
၁-သူရဦးရွှေမန်း
၂-ဦးဇော်မြင့်ဖေ
၃-ဦးမောင်တိုး
၎-ဦးကြည်သာ
၅-ဦးအေးမောက်
၆-ဦးကိုကိုနိုင်
၇-ဦးမြင့်ထွန်း
၈-ဦးတင်မောင်ဦး
၉-ဦးလှမြင့်ဦး
၁၀-ဦးစိုးမြင့်
၁၁-ဦးမောင်သိန်း
၁၂-သူရဦးအောင်ကို
၁၃-ဦးမျိုးမြင့်
၁၄-ဦးဆန်းဆင့်
၁၅-ဦးဝင်းသန်း
၁၆-ဦးခင်ရွှေ
၁၇-ဦးစံရွှေအောင်

တို့ဖြစ်သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Tuesday, April 26, 2016

ကြည့်မြင်တိုင်မြို့နယ် ဓါးထောက်အနုကြမ်းစီးဖြစ်စဉ်မှာ ရဲတွေရဲ့ ပူးပေါင်းပါဝင်မှုကို အားမရဘူးလို့  ကာယကံရှင်မိသားစုပြော



ရန်ကုန်၊ဧပြီ၊၂၆

ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ် သီတာရုပ်ရှင်ရုံအနီး ဦးနီလမ်းထဲက အိမ်အမှတ် (၂၂) မှာ နေထိုင်တဲ့ မိသားစုတစ်စုကို ဓားထောက်အနုကြမ်းစီးပြီး ငွေတောင်းခံခဲ့တဲ့ ဖြစ်စဉ်မှာ ရဲတွေရဲ့ ပူးပေါင်းပါဝင်မှုကို ကာယကံရှင် မိသားစုတွေက အားမရဘူးလို့ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ မနက် အိမ်ရှင်ဖြစ်သူဦးရွှေပြည်ကမိသားစုနဲ့အတူ ရေကူးကန်ကနေပြန်အလာ ၁၂နှစ်အရွယ်သမီးငယ် မရွှေပြည် အိမ်ပေါ်တက်သွားခဲ့တယ်။အဲဒီနောက်မှာ ဆူညံသံကြားလို့ မိခင်ဖြစ်သူက တက်ကြည့်လိုက်တော့သမီးဖြစ်သူကို ပါးစပ်ပိတ်ကြိုးတုတ်ပြီး လည်ပင်းကိုဓါးထောက်ကာ ငွေသိန်း၅၀ ပေးဖို့တောင်းဆိုတယ်လို့ ကာယကံရှင်မိသားစုဝင်ရဲ့ အိမ်ထောင်ဦးစီးဖြစ်သူဦးရွှေပြည်ကပြောပါတယ်။

သူက “ အသက် ၃၀ အရွယ် အကျီင်္အနက် ပုဆိုးအနီ ၀တ်ဆင်ထားတဲ့လူက တောင်းတဲ့ငွေမပေးရင် သမီးအသက်ကို ရန်ရှာမှာကြောင့် အသက်ကိုရန်မရှာဖို့ပြောဆိုပြီး ငွေ ၄၉ သိန်းကိုထုတ်ပေးခဲ့တယ် “ လို့ဆိုပါတယ်။

ဦးရွှေပြည်တို့အိမ်အတွင်း အခုလိုအနကြမ်းစီးမှုဖြစ်နေချိန်မှာ ဘေးပတ်ဝန်းကျင်မှာနေထိုင်သူများနဲ့အကူညီပေးဖို့ အကြောင်းကြားထားတဲ့ ရဲများရောက်လာပြီးကူညီဖို့ ကြိုးစားပေမဲ့ ကလေးငယ်ရဲ့လည်ပင်းကို ဓါးနဲ့ထောက်ထားပြီး လှိုင်သာယာဘက်ကို ကားနဲ့မောင်းပြီးလိုက်ပို့ခိုင်းခဲ့တယ်လို့ပြောပါတယ်။

"ရဲလုပ်ငန်းကို ဘာမှ သိပ်မတွေ့ရဘူး လုပ်တော့လုပ်တယ် အားမရဘူးပေါ့ ကျနော့် ကားကြီးကသည်အတိုင်းထွက်သွားတယ် သည်လောက်ပိတ်ကျပ်နေတဲ့ လမ်းကြီး ကားတစ်စီးတည်းထွက်ပြေးလို့ရတာမှ မဟုတ်တာ စဉ်းစားကြည့်လေ ကားတစ်စီးထွက်ပြေးဖို့မလွယ်ဘူး ကားထွက်သွားတော့ ကျန်ခဲ့တဲ့ ရဲတွေရှိတယ် သူတို့က လမ်းတွေပိတ်ဆြို့ပီးလုပ်တာမရှိဘူး ကျတော်ကတော့ ကျနော်သမီးဇောပဲ သည်ကောင်ဆင်းပြေးသွားတာကိုပဲ ကျေးဇူးတင်နေရတယ် "လို့ ဦးရွှေပြည် ကပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်မှာ ဖောက်ထွင်းခံရတာ ၃အိမ်ရှိပြီ ။ ရဲ က ခုထိမဖေါ်နိုင်သေးဘူး ခိုးမှုဆိုရင်လည်း အိမ်ထဲအထိလာပြီးခိုးတဲ့အထိရှိတယ်။ မုဒိန်းမှု တစ်ခုပဲကျန်တော့တယ်။ ရဲ က ဘာမှ စွမ်းဆောင်နိုင်မှုမရှိဘူး အားကိုးရှာလို့တိုင်တာ ရဲတွေက ဘာမှ မဖေါ်ထုတ်ပေးနိုင်သေးဘူး “ လို့ အနုကြမ်းစီးခံရတဲ့ ရပ်ကွက် ထဲမှာ အနှစ်၃၀ကျော် နေထိုင်သူ ကိုအောင်ကျော်ထွန်း က ပြောပါတယ်။

သမီးငယ်ကို ဓားထောက်ပြီး လှိုင်သာယာကို ကားမောင်းခိုင်းလို့ ကြည့်မြင်တိုင် မြို့မ ရဲစခန်းအနီးက လမ်းအတိုင်းမောင်းနှင်လာရာ ဟံသာဝတီ ဘူတာနားမရောက်ခင်မှာ အနုကြမ်းစီးသူက ကားပေါ်ဆင်းသွားခဲ့ပြီး အင်းစိန်ဘက်သွားတဲ့လမ်းကို ထွက်ပြေးသွားခဲ့တယ်လို့ ဦးရွှေပြည် ကပြောပါတယ်။

အဆိုပါအနှုကြမ်းစီးတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြည်ြ့မင်တိုင်မြို့မရဲစခန်းမှာ (ပ)၂၃၅/၁၆ ပုဒ်မ ၃၉၂ အမှုဖွင့်ထားပြီး အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ တရားခံဖမ်းမိဖို့အတွက် လုပ်ဆောင်နေတယ်လို့ ကြည်ြ့မင်တိုင်မြို့မရဲစခန်းမှုး ခင်မောင်ထွေး က ပြောပါတယ်။


သူက “ စီအိုင်ဒီ ကနေလည်း ခြေဗွေ လက်ဗွေလာရောက်စစ်ဆေးပေးထားတယ်။အသေးစိတ်ပြောလို့မရသေးဘူး သည်အိမ်ကို ခြံစည်းရိုးကျော်ဝင်တဲ့ သဘော ရှိတယ် “ လို့ ဆိုပါတယ်။

အဆိုပါအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးတဲ့အပြင် ရန်ကုန်မြို့မှာ ယခုလိုဖြစ်ရပ်မျိုးဖြစ်ပေါ်ခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေး ရှိဖို့အတွက် ပြည်သူတွေကမျှော်လင့်နေကြပါတယ်။

Author/စရာဇာအောင်
Photo/စစ်ထက်အောင်
Kumudra
https://www.facebook.com/newsKumudra/

သူရဦးရွှေမန်း facebook ရေးသားချက် တပ်မတော်ကန့်ကွက်

သူရဦးရွှေမန်းအား အနားပေးထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တင်ပြနေစဉ် (Photo-Thura U Shwe mann Facebook)


ပြည်ထောင်စုလွှတ်တော် နာယကဟောင်းဖြစ်သူ သူရဦးရွှေမန်းရဲ့ ဖေ့ဘုတ်လူမှု ကွန်ယက်ပေါ်က ကြေညာချက်တခုဟာ၊ တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည်သက်ရောက်စေပြီး အမျိုးသားရင်ကြားစေ့ရေးရည်မှန်းချက်ကို ထိခိုက်နိုင်တဲ့အတွက် တပ်မတော်အနေနဲ့ ကန့်ကွက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၁ ရဲ့ ၄၇ ကြိမ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် ဆိုပြီး ရေးသားတဲ့ သူရဦးရွှေမန်းရဲ့ ဖေ့ဘုတ်ပေါ်က စာထဲမှာပါတဲ့ “ပြည်သူများက ရွေးချယ် တာဝန်ပေးအပ် ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း” ဖော်ပြချက်ဟာ အရင့် မြန်မာအစိုးရအဆက်ဆက်က နိုင်ငံနဲ့ ပြည်သူ့အတွက် မည်သည့်အကျိုးစီးပွားကိုမှ ဖော်ဆောင်လုပ်ကိုင်ပေးခြင်းမရှိတဲ့သဘော သက်ရောက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ သူရဦးရွှေမန်းရဲ့ ရေးသားချက်ပါ “ တို့ညီနောင်များကလည်း ၀မ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည်” ဟူသော ဖော်ပြချက်ကလည်း တပ်မတော်အနေနဲ့ ပြည်သူကရွေးချယ်တဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အစဉ်တစိုက် ပြောဆိုချက်ကို လစ်လျုပ်ပြုပြီး၊ တပ်မတော်က ပူးပေါင်းဆောင်ရွက်မရှိသယောင် မြှောင့်ပင့်ပေးတဲ့သဘော သက်ရောက်တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
သူရဦးရွှေမန်းရဲ့ ဒီလို ရေးသားဖော်ပြချက်အပေါ်မှာ သတင်းမီဒီယာတွေက ထပ်ဆင့် ရေးသားဖော်ပြမှုဟာ တပ်မတော်ရပ်တည်ချက်အပေါ် ပြည်သူတွေဖက်က အထင်မှားအမြင်မှားဖြစ်စေနိုင်သလို၊ အမျိုးသားရင်ကြားစေ့ရေးကိုပါ ထိခိုက်နိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တပ်မတော်ပြောခွင့်ရသူကတော့ ဒီသတင်းအပေါ် ထပ်ဆင့်အသေးစိတ် ရှင်းလင်းချက်မပေးသလို၊ သူရဦးရွှေမန်းဆီကလည်း သီးခြားတုန့်ပြန်ချက် ထွက်မလာသေးပါဘူး။ သူရဦးရွှေမန်းအပါအ၀င် ကြံခိုင်ရေးပါတီက အကြီးတန်းခေါင်းဆောင်အချို့ကို ပါတီကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်၊ တပ်မတော်ဖက်က သူရဦးရွှေမန်းနဲ့ပတ်သက်လို့ အခုလို တရားဝင် ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်အကြား အားပြိုင်မှုတွေကနေတဆင့် ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်အကြား ပါတီတွင်း တင်းမာမှုတွေရှိခဲ့သလို၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေဘက်က သူရဦးရွှေမန်းနဲ့ပတ်သက်လို့ အမြင်မကောင်းဘူးဆိုတဲ့ သတင်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းရဲ့ရေးသားဖော်ပြချက်ဟာ တပ်မတော်ပြိုကွဲရေးကို ဦးတည်သက်ရောက်စေတယ်ဆိုတဲ့ တပ်မတော်ဘက်က ပြင်းထန်တဲ့ ကန့်ကွက်မှုမျိုး ကတော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။
VOA

မွန်ပြည်နယ်လွှတ်တော် သုံးလအတွင်း တိုင်စာပေါင်း ၈၀ ကျော်ရောက်ရှိ



Dawei Watch| မော်လမြိုင်၊ ဧပြီ ၂၆

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှ ၃ လနီးပါးသက်တမ်းအတွင်း ပြည်သူများထံမှ တိုင်ကြားလာသည့် တိုင်ကြားစာပေါင်း ၈၄ စောင်ရောက်ရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး စတင်ကျင်းပခဲ့သော ဖေဖော်ဝါရီ ၈ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အတွင်း ပြည်သူလူထုထံမှ တိုင်ကြားစာပေါင်း ၈၄ စောင် လက်ခံရရှိထားပြီး အများစုသည် လယ်ယာမြေသိမ်းဆည်းခံရမှူ၊ လယ်ယာမြေအရှုပ်အရှင်းပြဿနာများ ဖြစ်ကြောင်း ဒေါ်တင်အိက ဆိုသည်။

“Public နဲ့ဆိုင်တဲ့ဟာဆို ချက်ချင်းသွားဖြေရှင်းပေးတယ် ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တာကျတော့ နောက်ကျချန်ထားတယ်၊ ပြန်လည်စိစစ်တယ် ဥပမာ ပေါင်က ကျောက်မိုင်းကိစ္စဆို ပြည်သူတွေရဲ့အသံကိုလည်း ကိုယ်တိုင်သွားနားထောင်တယ် တဘက်မှာလည်း ကုမ္ပဏီရဲ့အသံကို နားထောင်တယ် အဲဒါကို ဆောင်ရွက်နေဆဲပဲ” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်လွှတ်တော်သို့ ရောက်ရှိလာသည့် တိုင်ကြားစာများတွင် လာဘ်ပေး လာဘ်ယူမှုကိစ္စ၊ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး တိုင်ကြားထားသည့် တိုင်ကြားစာ မရှိသလောက်နည်းပါးပြီး မြေယာနှင့် ပတ်သက်သည့် ပြဿနာ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကျောက်မီးသွေးစက်ရုံ ကျောက်မိုင်းစက်ရုံကိစ္စ အများစုပါဝင်သည်ဟု ဒေါ်တင်အိက ပြောဆိုသည်။
လွှတ်တော်အနေဖြင့် ရောက်ရှိလာသည့် တိုင်ကြားစာများကို ရေးရာကော်မတီတို့နှင့် သက်ဆိုင်သည့် စာများကို ရေးရာကော်မတီက ကွင်းဆင်းစိစစ်ပြီးနောက် ဖြစ်ရပ်များ အပေါ်အခြေခံကာ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ ဖြေရှင်းပေးရန် စီစဉ်နေသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောကြားသည်။
 “တိုင်ကြားစာတွေကို ကျွန်တ်ာတို့ တစ်လတစ်ကြိမ် စိစစ်ပြီးတော့ ဖြေရှင်းသွားပေးဖို့ စီစဉ်နေပါတယ်။ လောလောဆယ်ကတော့ ဖြေရှင်းပေးတာမရှိသေးဘူး။ စိစစ်နေဆဲပဲဖြစ်ပါတယ်။ တိုင်ကြားစာတွေက အရင်လွှတ်တော်က တိုင်ကြားခဲ့ဖူးတဲ့ကိစ္စတွေလည်းရှိတယ်။ အသစ်တက်လာတဲ့ကိစ္စတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
အများဆုံး တိုင်ကြားထားသည့် လယ်ယာမြေပြဿနာနှင့် ပတ်သက်သည့် တိုင်ကြားစာများကိုမူ အချိန်ယူ စိစစ်ပြီးမှသာ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မွန်လွှတ်တော်ရေးရာကော်မတီတွင် ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ တိုင်းရင်းသား လူမျိုးများရေးရာကော်မတီ၊ ဥပဒေအကြံပြုစီစစ်ရေးကော်မတီ၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ စသည့် ကော်မတီ ၆ ရပ်ကို ဖွဲ့စည်းခဲ့သည်။
ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင် ကြားလာသည့် တိုင်ကြားစာ စုစုပေါင်း ၁၆၆၁ စောင်ရှိခဲ့သည်ဟု ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။
အဆိုပါတိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြားစာ ၃၇၀ စောင်ကို ဖြေရှင်းနိုင်ခဲ့သည်ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းအရ သိရသည်။

ရေးတွင် လက်ပစ်ဗုံးနှင့် ဆေးပြားများ ဖမ်းမိ



Dawei Watch| ရေး ၊ ဧပြီ ၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာတွင် ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက စိတ်ကြွဆေးပြား
၂၂၈ ပြားနှင့်အတူ လက်ပစ်ဗုံးတစ်လုံးသိမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ် မူးယစ်တပ်ဖွဲ့စု (၃၉)ထံမှ သိရသည်။
ယင်းနေ့နံနက်ပိုင်းတွင် ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု(၃၉)မှ ဒုရဲမှူးသန်းဇော် ဦးစီးအဖွဲ့သည်
တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ အစင်စံပြကျေးရွာ၊ နယ်မြေ(၃)ရှိ စိုးမိုးဦးဆိုသူ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ၄င်းနေအိမ် အိပ်ယာနံဘေးတွင် အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၁၅ ပြား၊ R စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား
၁၃ ပြား စုစုပေါင်း ဆေးပြား ၂၂၈ ပြား (အလေးချိန် ၂၂.၈ ဂရမ်ခန့်) နှင့်အတူ MG 1 အမျိုးအစား ပလပ်စတစ် လက်ပစ်ဗုံး တစ်လုံး (ဖြူးစ်မပါ) တို့အား သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

တရားခံအား စစ်ဆေးချက်အရ ၄င်းဆေးပြားများကို အဘော်ကျေးရွာ၊ ရေးမြို့နယ်နေမှ အမျိုးသားတစ်ဦးထံမှ  လွန်ခဲ့သော ၄ ရက်ခန့်က သွားရောက်ဝယ်ဆောင်ခဲ့ပြီး ဆေးပြား ၁ ပြားလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဆေးပြား
၄၀၀ ၀ယ်ဆောင်ခဲ့ကာ ယခုဆေးပြားများမှာ ရောင်းချ၍ ကျန်ခဲ့သော ဆေးပြားများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်း မှတ်တမ်းအရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများနှင့် လက်ပစ်ဗုံးတစ်လုံးနှင့်အတူ တွေ့ရှိသူ စိုးမိုးဦးနှင့် ကွင်းဆက်တရားခံ ၏တို့အား အမှုဖွင့်အရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိသည်ဟု ရေးမြို့နယ်မူးယစ်တပ်ဖွဲ့စု(၃၉)ထံမှ သိရှိရသည်။

ဒီရေတော ခုတ်ထွင်ခြင်း ရပ်ဆိုင်းရန် တိုင်းဝန်ကြီးချုပ် ညွှန်ကြား



Dawei Watch| မြိတ်၊ ဧပြီ ၂၅

မြိတ်ခရိုင်အတွင်းရှိ ဒီရေတော ခုတ်ထွင်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဧပြီလ ၂၅ ရက်နေ့က မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးသို့ ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်/ကွက် အုပ်ချုပ်ရေးမှူးများနှင့်
အထောက်အကူပြုအဖွဲ့ဝင်များတို့မှ ဧပြီလ ၂၅ ရက်နေ့တွင် မြိတ်မြို့ ကမ်းနားလမ်း ပုလဲရတနာခမ်းမ၌ ပြုလုပ်သည့်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

 “ဒီရေတောကို တတ်နိုင်သလောက် ထိန်းသိမ်းရမှာပါ။ သဘာဝပတ်ဝန်းကျအရရော ရာသီဥတုအရပါ ပင်လယ်ကမ်းခြေဖြစ်ပြီး ဒီလောက်ပူနေတာ ကျွန်မတို့ သဘာဝပတ်ဝန်းကျင်မှာ အားနည်းချက်တစ်ခုဖြစ်နေပြီလို့ သုံးသပ်ပါတယ်။ အခုချိန်ကစပြီး ခုတ်ထွင်ခြင်းကို ရပ်ဆိုင်းပေးပါ စာထုတ်ပေးပါ”ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံတစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက တရားဥပဒေစိုးမိုးမှု၊ ရေအောက်သံယဇာနှင့် ပင်လယ်သားငါးများ ရှားပါးလာမှု၊ သစ်တောများပြုန်းတီးနေမှုနှင့် ဆင်းရဲသားလျော့ချရေး စသည့်ကဏ္ဍတို့တွင်
ချမှတ်ထားသည့် မူဝါဒများကို ပြည်သူများအားတင်ပြပေးရန် တင်ပြလာသည့်အပေါ်တွင် ဝန်ကြီးချုပ်က ဒီရေတော ကိစ္စကို ပြန်လည်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲထံမှ သိရသည်။

မြိတ်အခြေစိုက် ငါးအမှုန့်စက်ရုံများတွင် ဒီရေတောထင်းများကို လောင်စာအဖြစ် အဓိကထားသုံးစွဲနေရကြောင်း ယင်းစက်ရုံအသိုင်းအဝိုင်းထံမှ သိရသည်။

ထို့ပြင် ကုန်းဘောက်ရပ်ကွက်ရှိ ထူးထူးတိုးကြက်မွေးမြူရေးခြံကို ရွာပြင်တွင် နေရာချထားရန် စည်ပင်ဋ္ဌာနသို့ ညွှန်ကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများရှိနေသည့် မြစ်ချောင်းများအတွင်း
သဲစုတ်ခြင်းလုပ်ငန်းများကို ပြန်လည်စိစစ်သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင်
လိုင်စင်များထုတ်ပေးမည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် နောက်ပိုင်းမှ စတင်၍ ထားဝယ်ခရိုင်အတွင်း စတင်သွားရောက်ကွင်းဆင်းခဲ့ပြီး မူးယစ်ဆေး အသုံးပြု နေသည်ဟု ယူဆရသော ထားဝယ်တက္ကသိုလ်အတွင်းရှိ ခြုံပုတ်များကို ရှင်းလင်းရန်၊ တနင်္သာရီတိုင်းအတွင်းရှိ အလုံပိတ် စားသောက်ဆိုင်များ ပိတ်သိမ်းရန် ညွန်ကြားခဲ့သည်။

ရက် ၁၀၀ အတွင်း တနင်္သာရီတိုင်းအတွင်းတွင် ရေကောင်းရေသန့်ရရှိရေးကိစ္စ၊ မူးယစ်ဆေးဝါး ကင်းစင်ရေး ကိစ္စနှင့် ကျန်းမာရေး ကိစ္စတို့ကို အဓိက ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှု ဂျာမန်ခရီးသွား ၂ ဦးထိမှန်

မြေမြုပ်မိုင်း
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာတခုမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဂျာမန် နိုင်ငံခြားခရီးသွား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ တဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး စစ်ရေး လှုပ်ရှားမှုတွေ ရှိလာတာကြောင့် ဒေသခံတွေအကြား မြေမြုပ်မိုင်း အန္တရာယ်တွေ တိုးလာနေပါတယ်။ မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့တဲ့ ဂျာမန်ခရီးသွားနှစ်ဦးအပါအ၀င် အခြားဒေသခံ မိုင်းဒဏ်သင့်သူတွေကို ကိုယ်တိုင်အကူအညီပေးနေသူ ကျောက်မဲမြို့ရဲ့ ဇီဝိတ လူမှုကူညီရေး အသင်းရဲ့ ဥက္ကဌ ဦးတင်မောင်သိန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစဖြေပါတယ်။
“ဦးတင်မောင်သိန်း။ ။ကျောက်မဲမြို့နယ်ပေါ့ ၊ ကွန် ကော် ကျေး ရွာအုပ်စု၊ တော့ဖယ်ဆိုတဲ့ ရွာမှာ နေ့လည် ၂ နာရီ လောက်ကနေ တိုက်မိုင်းလို့ယူဆရတဲ့ မိုင်းတလုံးကွဲပါတယ်ခင်ဗျ။ ဂျာမန်အမျိုးသား တယောက်၊ အမျိုးသမီးတယောက် လူငယ်လေးတွေပါပဲ အသက် ၂၀ ကျော်လေးတွေ၊ နောက် စကားပြန်တယောက်ပေါ့နော် ရှမ်းတိုင်းရင်းသားလေးတွေ စကားပြန် ၁ ယောက်၊ စုစုပေါင်း ၃ ယောက်ပေါ့နော် ၃ ယောက်က အဲဒီတိုက်မိုင်းထိတာပါ။
မေး။ ။ သူတို့က သာမန်ခရီးသွားတွေပဲလား တခြား NGO တို့လား။
ဦးတင်မောင်သိန်း။ မဟုတ်ပါဘူးဗျ။ သူတို့က သာမန် ကမ္ဘာလှည့်ခရီးသွားလေးတွေပါ။ သူတို့က သီပေါမြို့က ဟော်တယ်မှာ တည်းပါတယ်ခင်ဗျ။ အဲဒီကနေပြီးတော့မှ tracking tour လေးတခုပါပဲ။ သူတို့အဲဒီဘက်မှာပေါ့ Tourist တွေသွားနေကြလမ်းကြောင်းလေးရှိပါတယ်။ ပြီးတော့ အဲဒီမှာ ရူ့ခင်းတွေလည်းကောင်းတယ်၊ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေလည်း ကြည့်ချင်တယ်ဆိုတော့ guide တွေကခေါ်ခေါ်သွားတက်တယ်။ အဲဒီရွာတွေကလည်း tourist တွေအရောက်အပေါက် ရှိတဲ့ရွာပါဗျ။
မေး။ ။ အခုမိုင်းက ဘယ်သူထောင်တယ်လို့ယူဆရပါသလဲ TNLA ဘက်ကလား၊ အစိုးရဘက်ကလား။ တခြားလက်နက်ကိုင်အဖွဲ့အစည်း ဘယ်သူဖြစ်နိုင်ပါသလဲ။
ဦးတင်မောင်သိန်း။ အဲဒါကတော့ ကျနော်တို့ အတိအကျမပြောနိုင်ပါဘူးခင်ဗျ။
မေး။ ။ အခုနိုင်ငံခြားခရီးသွားတွေတောင်မှ မလုံခြုံဘူးဆိုတော့ ဒေသခံတွေအဖို့ မကြာမကြာကြုံရလေ့ရှိလား အဲဒီ landmine က။
ဦးတင်မောင်သိန်း။ ကျနော်တို့ဒီဘက် စစ်မဖြစ်ခင်နဲ့ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ အဲဒီ ဧရိယာမှာတော့ မြေမြှပ်မိုင်းတွေကျန်ပါတယ်ခင်ဗျ။ ကျန်တဲ့အခါမှာ ကျနော်တို့ကျေးရွာသားတွေ မကြာခဏဆိုသလိုပဲ ထိခိုက်ဒဏ်ရာရတာရှိပါတယ်ခင်ဗျ။ ရှိတဲ့အခါမှာ ကျနော်တို့ လူနာတွေသွားကယ်ကြပါတယ်။ ဆေးဆက်ပြီးကုသဖို့လည်း ကျနော်တို့ ကူညီပေးသင့်သလောက် ကူညီပေးခဲ့တာရှိပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်ပဲ ကျနော်တို့ စစ်ဖြစ်ပွားတဲ့ ဧရိယာမှာ လက်ဖက်ခင်းထဲမှာ လက်ဖက်ခူးနေတဲ့ ရွာသူလေး ၄ ယောက်ဟာ စစ်လက်ကျန် ဘုံးပုံသဏ္ဌာန် ပေါ့ ၊ မိုင်းတော့မဟုတ်ပါဘူး၊ အဲဒါရှိနေတာ သူတို့မသိဘူး။
အဲတော့ လက်ဖက်ခူးပြီးတော့မှ မောလို့ထိုင်လိုက်မယ်ဆိုတဲ့အချိန်မှာ လက်ကလေးနဲပထိလိုက်တော့ ပေါက်ကွဲပြီးတော့မှ အမျိုးသမီးတယောက်ဆုံးပါတယ်။ နောက်အမျိုးသမီးငယ်လေး ၂ ယောက်ကတော့ မိုင်းစတွေ အများကြီးမှန်ပြီးတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးပေါ့။ အဲတော့ အဲလိုဖြစ်စဉ်တွေ မကြာခဏဖြစ်နေတာကို မြင်ရတဲ့အခါမှာ ကျနော်တို့ဧရိယာမှာ မိုင်းအန္တရာယ်ရှိနေပြီဆိုတာကို ကျနော်တို့သတိထားမိတယ်ပေါ့။ စိတ်လည်းမကောင်းဘူးပေါ့။
မေး။ ။ သူတို့ထိခိုက်မှုရော ပြင်းထန်လား၊ စိုးရိမ်ရတဲ့အနေအထားမှာရှိလား။
ဦးတင်မောင်သိန်း။ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားကတော့မရှိဘူး။ သို့သော်လည်း ဂျာမန်အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တယ်ခင်ဗျ။ ပြင်းထန်တယ်ဆိုတော့ သူကညာဘက်လက်မောင်းအုံမှာ ဖောက်ဝင် ဒဏ်ရာတချက်ရှိတယ်။ ညာဘက် လက်မောင်းမှာ ဖောက်ဝင်ဒဏ်ရာ တချက်ရှိတယ်။ ညာဘက် တံတောင်ဆစ်မှာ ဖောက်ဝင်ဒဏ်ရာ တချက်ရှိပါတယ်ခင်ဗျ။ နားထင်မှာလည်း ပေါက်ပြဲဒဏ်ရာတချက်ရှိပါတယ်ခင်ဗျ။ ပြီးတော့သူ့ကို ကျနော်တို့ကျောက်မဲဆေးရုံရောက်တဲ့အချိန်မှာ ဓါတ်မှန်ရိုက်လိုက်တဲ့အခါမှာ နားထင်စမှာတော့ နားထင်မှာတော့ ဘောစေ့လေး ၂ စေ့ကွဲနေတာကို တွေ့တယ်ခင်ဗျ။ ဒါပေမယ့် သူ့ရဲ့အနေအထားကိုကြည့်လိုက်တဲ့အခါကျတော့ လက်မောင်းက နာကျင်နေတာကိုပဲ သူခံစားနေရတယ်ပေါ့။ အဲဒီတော့ ကျနော်တို့ ကျောက်မဲမှာ အရေးပေါ်ကုသပြီးတော့ မန္တလေးကို ကျနော်တို့လွှဲလိုက်တယ် ည ၇ နာရီမှာ မန္တလေးဆေးရုံကိုထွက်သွားပါပြီ ကျနော်တို့ကားတွေက။
မေး။ ။ ဟုတ်ကဲ့ သက်ဆိုင်ရာ သံရုံးတွေနဲ့ကောအဆက်အသွယ်ရပြီလားခင်ဗျ။
ဦးတင်မောင်သိန်း။ အဲဒါတော့ ကျနော်မပြောတက်ပါဘူး။ သို့သော်ကျနော်တို့ ကျောက်မဲဆေးရုံကိုရောက်တဲ့အချိန်မှာ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး အပါအ၀င်ပေါ့နော် နောက်ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ နောက်လ၀ကနေတာဝန်ရှိသူအဆင့်ဆင့်ပေါ့ အားလုံးရောက်ရှိပြီတော့မှ သက်ဆိုင်ရာတွေကို ကြေးနန်းတွေပို့ကြပါတယ်၊ သတင်းတွေပို့ကြပါတယ်။ လိုအပ်တာကို ကူညီဖို့လုပ်ကြပါတယ်ခင်ဗျ။ ကျနော်ထင်ပါတယ် အခုလောက်ဆို သံရုံးလည်းရောက်သွားလောက်ပြီလို့။
မေး။ ။ အဲဒီနေရာက ခုနက ဦးတင်မောင်သိန်းပြောသလိုဆိုရင် တားမြစ်နယ်မြေသဘောမျိုးတော့မဟုတ်ဘူးဆိုရင်တော့ တခြားနိုင်ငံခြားသားတွေအရင်ကရော သွားလေ့သွားထရှိရဲ့လား အဲဒီနေရာ ပတ်ဝန်းကျင်မှာ။
ဦးတင်မောင်သိန်း။ ရှိတယ်ဗျ။ အဲဒီရွာလေးကို များသောအားဖြင့် သီပေါဘက်ကသွားကြတယ်ခင်ဗျ။ ကျောက်မဲဘက်ကတော့ သိပ်မသွားဘူး။ ကျောက်မဲမှာလည်း tourist အ၀င်ရှိသော်လည်း သီပေါလောက်မများဘူး။
မေး။ ။ အခုကော အဲဒီနေရာ လုံခြုံရေးနဲ့ပတ်သက်လို့ ဘယ်သူတာဝန်ယူပါသလဲခင်ဗျ။
ဦးတင်မောင်သိန်း။ အဲဒီနေရာကတော့ လောလောဆည် လက်တလောသိတာကတော့ TNLA အဖွဲ့ရှိနေတယ်လို့သိရတယ်ခင်ဗျ။ လုံခြုံရေးနဲ့ပတ်သက်လို့ကတော့ အစိုးရဘက်က စိုးမိုးနိုင်တဲ့အခြေအနေမရှိပါဘူး။”
ဒါကတော့ ကိုသားညွှန့်ဦးက ကျောက်မဲမြို့ရဲ့ ဇီဝိတ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။
 
VOA