Headlines News :
Home » » အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်
Written By Live100 on Friday, August 25, 2017 | 11:29 PM
နေပြည်တော် ၊ သြဂုတ် ၂၅
ဖြစ်စဉ်များမှာ ယနေ့နံနက် ၁ နာရီခန့်မှစတင်၍ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာအနီး မိုင်း ၇ လုံးဖောက်ခွဲ၍ မောင်နီကျေးရွာအ၀င်တံတား၊ ပညောင်ပင်ကြီးကျေးရွာအနီးတံတား၊ စေတီပြင်ကျေးရွာအနီး တံတားနှင့် ကျောက်ပန္တုကျေးရွာအနီးရှိ ကွန်ကရစ်တံတား စုစုပေါင်းတံတား  ၄ စင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ တမန်းသား၊ နံ့သာတောင်၊ သင်္ဘောကွေ့၊ ကျီးကျွန်း၊ မီးတိုက်ချောင်းဝ၊ နတ်ချောင်း၊ ဇီးပင်ချောင်း၊ လောင်းဒုံ၊ မောင်းနီ၊ သီဟိုဠ်၊ ဇင်ပိုင်ညာ၊ ကျောက်ပြင်ဆိပ်၊ ပဒင်းခေါင်းတကာ၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ သရေကုန်းဘောင်၊ ချိန်ခါလီ၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း၊ နှာခေါင်းတိုချောင်းဝ၊ သ၀န်ချောင်း၊ ကိုးတန်ကောက်၊ တောင်ဘဇာနှင့် ဖောင်တော်ပြင်ရဲကင်းစခန်းများ၊ မောင်တောမြို့ပတ်ဝန်းကျင်ရှိ ရဲကင်းစခန်း ၅ ခု၊ စုစုပေါင်း ရဲကင်းစခန်း ၃၀ ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အလားတူ နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့်နှစ်ဖွဲ့ခွဲ၍ ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည်ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိပြီး ထွက်ပြေးသွားခဲ့သည်။
နံနက် ၇ နာရီ ၄၅ မိနစ်မှစတင်၍ ကျားခေါင်းတောင်ရဲကင်းစခန်းအား အစွန်းရောက်ဘင်္ဂါလီကြမ်းဖက်သမားများ ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိပူးပေါင်းနိုင်ခဲ့သဖြင့် ၎င်းအကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့နောက်သို့ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ လိုက်လံချေမှုန်းလျက်ရှိပြီး နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်၍ ယခုသတင်းရေးသားချိန်အထိ နတ်ချောင်းရဲကင်းစခန်းသို့ အင်အား ၃၀၀ ခန့်က မကြာခဏ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းခုခံကာကွယ်လျက်ရှိသည်။
ထို့ပြင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တို့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာနှင့် စေတီပြင်ကျေးရွာတို့မှ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး မြစ်နားဘင်္ဂါလီကျေးရွာ၊ ချင်းကျေးရွာနှင့် မေယုတောင်ကြော ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ပိတ်မိလျက်ရှိသည့် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင် ၂၆ ဦးတို့ကို နယ်မြေ(၁)ရှိ နယ်ခြားစောင့်ရဲတပ်ရင်းသို့လည်းကောင်း၊ မြင်းလွတ်မြို့ရှိ ၀န်ထမ်း ၁၇ ဦးကို မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးကို နယ်ခြားစောင့်ရဲမောရ၀တီစခန်းတို့သို့လည်းကောင်း၊ နံ့သာတောင်ကျေးရွာ ပရဟိတကျောင်းမှ ကလေးများနှင့် ရွာသူ/ရွာသားများ စုစုပေါင်း ၄၀၀ ကျော်ကို တောင်ပြို အထက်တန်းကျောင်းသို့လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာနှင့် ပီရွက်ကျေးရွာတို့မှာ ၀န်ထမ်းများ၊ ရွာသူ/ရွာသား များကို တောင်ဘဇာရှိ နယ်မြေခံတပ်ဌာနချုပ်နှင့် အောင်ဗလကျေးရွာမှ ရွာသူ/ရွာသားများကို ဘူးသီးတောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးတို့သို့လည်းကောင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေး လိုက်ပါ လျက် ခေတ္တရွှေ့ပြောင်းပေးခဲ့ပြီး မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ဌာနဆိုင်ရာ ၀န်ထမ်း ၁၆ ဦးကိုလည်း လုံခြုံစိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့ကယ်ထုတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
(Unicode Version)
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်
နေပြည်တော် ၊ သြဂုတ် ၂၅
ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ရဲကင်းစခန်း ၃၀ ကို ယနေ့နံနက် အစောပိုင်း ၁ နာရီမှ စတင်၍ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ဖောက်ခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များ၊ တုတ်၊ ဓားများ ကိုင်ဆောင်ထားသော အင်အားများဖြင့် တိုက်ခိုက်ခြင်း၊ တံတားများမိုင်းဖောက်ခွဲဖျက်ဆီးခြင်းနှင့် တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲတိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိသည်။
ဖြစ်စဉ်များမှာ ယနေ့နံနက် ၁ နာရီခန့်မှစတင်၍ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာအနီး မိုင်း ရ လုံးဖောက်ခွဲ၍ မောင်နီကျေးရွာအဝင်တံတား၊ ပညောင်ပင်ကြီးကျေးရွာအနီးတံတား၊ စေတီပြင်ကျေးရွာအနီး တံတားနှင့် ကျောက်ပန္တုကျေးရွာအနီးရှိ ကွန်ကရစ်တံတား စုစုပေါင်းတံတား  ၄ စင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ တမန်းသား၊ နံ့သာတောင်၊ သင်္ဘောကွေ့၊ ကျီးကျွန်း၊ မီးတိုက်ချောင်းဝ၊ နတ်ချောင်း၊ ဇီးပင်ချောင်း၊ လောင်းဒုံ၊ မောင်းနီ၊ သီဟိုဠ်၊ ဇင်ပိုင်ညာ၊ ကျောက်ပြင်ဆိပ်၊ ပဒင်းခေါင်းတကာ၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ သရေကုန်းဘောင်၊ ချိန်ခါလီ၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း၊ နှာခေါင်းတိုချောင်းဝ၊ သဝန်ချောင်း၊ ကိုးတန်ကောက်၊ တောင်ဘဇာနှင့် ဖောင်တော်ပြင်ရဲကင်းစခန်းများ၊ မောင်တောမြို့ပတ်ဝန်းကျင်ရှိ ရဲကင်းစခန်း ၅ ခု၊ စုစုပေါင်း ရဲကင်းစခန်း ၃၀ ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အလားတူ နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့်နှစ်ဖွဲ့ခွဲ၍ ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည်ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့့့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိပြီး ထွက်ပြေးသွားခဲ့သည်။
နံနက် ရ နာရီ ၄၅ မိနစ်မှစတင်၍ ကျားခေါင်းတောင်ရဲကင်းစခန်းအား အစွန်းရောက်ဘင်္ဂါလီကြမ်းဖက်သမားများ ၀ုိင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိပူးပေါင်းနိုင်ခဲ့သဖြင့် ၎င်းအကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့နောက်သို့ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ လိုက်လံချေမှုန်းလျက်ရှိပြီး နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်၍ ယခုသတင်းရေးသားချိန်အထိ နတ်ချောင်းရဲကင်းစခန်းသို့ အင်အား ၃၀၀ ခန့်က မကြာခဏ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းခုခံကာကွယ်လျက်ရှိသည်။
ထို့ပြင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများအား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာနှင့် နံနက် ၁၁ နာရီ ၅ မိနစ်တွင် ၀က်ကြိမ်းကျေးရွာတို့၌ ဆွဲမိုင်း ၂ ကြိမ်ဖောက်ခွဲ၍လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် အင်အား စိစစ်ဆဲအဖွဲ့က ကျောက်ပန္တုရဲကင်းစခန်းအား မီးရှို့ဖျက်ဆီး၍လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် တောင်ဘဇာရဲကင်းစခန်းအား အင်အား ၁၅၀ ခန့်က လက်နက်ငယ်များဖြင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီနှင့် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တို့တွင် မြင်းလွတ်ကျေးရွာအနီး၌ တပ်မတော်စစ်ကြောင်းများအား ကားမိုင်းနှင့် အဝေးထိန်းစနစ်မိုင်းဖောက်ခွဲ၍ လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် နယုန်တောင်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းအား ဆွဲမိုင်းဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မောင်တောမြို့နယ်၊ မင်းခမောင်းကျေးရွာ၌ ပိတ်မိလျက်ရှိသော အစိုးရဝန်ထမ်းများအား သွားရောက်ကယ်ဆယ်သော တပ်မတော် စစ်ကြောင်းများအား အင်အားစိစစ်ဆဲအဖွဲ့က လက်နက်ငယ်များဖြင့် လည်းကောင်း အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်များတွင် တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ ၀န်ထမ်း ၁ ဦးတို့ နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၆ လက် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနောက်ပါရှိသွားခဲ့သည်။ မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၂ ဦးအရှင်ဖမ်းမိခဲ့ပြီး အလောင်း ရ၇  လောင်း ရရှိခဲ့သည်။
ထို့ပြင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တိို့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာနှင့် စေတီပြင်ကျေးရွာတို့မှ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး မြစ်နားဘင်္ဂါလီကျေးရွာ၊ ချင်းကျေးရွာနှင့် မေယုတောင်ကြော ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ပိတ်မိလျက်ရှိသည့် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင် ၂၆ ဦးတို့ကို နယ်မြေ(၁)ရှိ နယ်ခြားစောင့်ရဲတပ်ရင်းသို့လည်းကောင်း၊ မြင်းလွတ်မြို့ရှိ ၀န်ထမ်း ၁၇ ဦးကို မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးကို နယ်ခြားစောင့်ရဲမောရဝတီစခန်းတို့သို့လည်းကောင်း၊ နံံ့သာတောင်ကျေးရွာ ပရဟိတကျောင်းမှ ကလေးများနှင့် ရွာသူ/ရွာသားများ စုစုပေါင်း ၄၀၀ ကျော်ကို တောင်ပြို အထက်တန်းကျောင်းသို့လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာနှင့် ပီရွက်ကျေးရွာတို့မှာ ၀န်ထမ်းများ၊ ရွာသူ/ရွာသား များကို တောင်ဘဇာရှိ နယ်မြေခံတပ်ဌာနချုပ်နှင့် အောင်ဗလကျေးရွာမှ ရွာသူ/ရွာသားများကို ဘူးသီးတောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးတို့သို့လည်းကောင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေး လိုက်ပါ လျက် ခေတ္တရွှေ့ပြောင်းပေးခဲ့ပြီး မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ဌာနဆိုင်ရာ ၀န်ထမ်း ၁၆ ဦးကိုလည်း လုံခြုံစိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့ကယ်ထုတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များသည် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာထုတ်ပြန်သည့်အချိန်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက် တိုက်ခိုက်မှုများဖန်တီးကာ တိုက်ကွက်များ ဖော်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တပ်​​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး
https://m.facebook.com/story.php?story_fbid=1436728626447998&id=526503167470553
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template