နိရဉ္စရာ၊ သြဂုတ် ၂၆
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရန်ဂါစေတီ ဒိုင်းနက်ကျေးရွာမှ ရွာသား ၂၁ ဦးသည် လုံခြုံရေး စိုးရိမ်ရရာမှ အောင်သပြေသို့ ထွက်ပြေးခိုလုံစဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး လူပေါင်း၂၀ ပျောက်ဆုံးနေသည်ဟု အောင်သပြေကျေးရွာ အရပ်လူကြီး တစ်ဦးက ပြောကြားသည်။
ရန်ဂါစေတီ ဒိုင်းနက်ရွာတွင် အိမ်ခြေ ၈ ဆောင်သာရှိသဖြင့် လုံခြုံရေး စိုးရိမ်ရရာမှ အာင်သပြေရွာသို့ ထွက်ပြေးစဉ် ကြောင်ထိုးတံတားအနီးတွင် ကြောင်ထိုးကျေးရွာမှ ဘင်္ဂလီ ရွာသား တစ်ရာခန့်က တုတ်ဓါးလက်နက်များဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ပြောဆိုသည်။
ထိုအထဲမှ အမျိုးသမီးများနှင့် ကလေးငယ်များ ထွက်ပြေးလွတ်မြောက်ခြင်း မရှိဘဲ ဒိုင်းနက် အမျိုးသား မောင်ဘစိန်နှင့် နောက်ခြောက်ဦးမှာ ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။
သို့သော်လည်း ဒဏ်ရာဖြင့် အောင်သပြေထွက်ပြေးရောက်ရှိလာသူမှာ မောင်ဘစိန် တစ်ဦးတည်းသာ ဖြစ်ပြီး နောက်ထပ် ထွက်ပြေးသွားသူ ၆ ဦးမှာလည်း ပျောက်ဆုံးနေသည်ဟု ပြောကြားသည်။