July 5, 2012 at 11:37 am
မောင်ရမ္မာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန
လက်အောက်ရှိ လမ်းအထူးအဖွဲ့ (၈)မှ ၀န်ထမ်းများမှာ လစာ မရရှိသည်မှာ ၁၅ လခန့်
ရှိနေပြီ ဖြစ်သဖြင့် အထူး အခက်အခဲကြုံတွေ့နေကြရသည်ဟု ၀န်ထမ်းများက
နိရဉ္စရာသို့ ပြောသည်။
တောင်ကုတ်- မအီလမ်း (ဓါတ်ပုံ နိရဉ္စရာ)
လစာ မရရှိသော ၀န်ထမ်းစုစုပေါင်း ၁၉ ယောက်ဖြစ်ပြီး
တောင်ကုတ်-မအီလမ်းတွင် အလုပ် လုပ်ကိုင် နေကြသော လမ်းအထူးအဖွဲ့ (၈)မှ
စက်မောင်းသူနှင့် ကားမောင်းသူများ ဖြစ်ကြသည်။
လစာ မရသဖြင့် သူတို့ အခက်အခဲ ကြုံတွေ့နေရပုံကို ကားဒရိုင်ဘာတစ်ဦးဖြစ်သူ ကိုကြည်ရွှေက နိရဉ္စရာသို့ ပြောသည်။