 |
(ABSDF)ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်း ဇာတိမြေထားဝယ်သို့ခေတ္တရောက်ရှိဝဲကျွန်းရပ် ကမ္မဋ္ဌာန်းကျောင်း၌ ရဟန်းဘောင်သို့ခေတ္တ၀င်ရောက်ခဲ့သည် |
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး
ဆွေးနွေးရန် ရန်ကုန်မြို့သို့ တရားဝင်ရောက်ရှိခဲ့ပြီး
နောက် မွေးဇာတိ ထားဝယ်မြို့သို့ သြဂုတ်လ ၁၂ ရက်နေ့က ရောက်ရှိနေသော
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင
်းသားများဒီမိုကရက်တစ်တပ်ဦး(AB
SDF)ကျောင်းသား
တပ်မတော် ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်းသည် ထားဝယ်မြို့မှပြန်လည်မထွက်ခွာမီ
ယနေ့နံနက်ပိုင်းတွင် ၀ဲကျွန်းရပ် ကမ္မဋ္ဌာန်းကျောင်း၌ ရဟန်းဘောင်သို့ခေတ္တ၀င်ရောက်
ခဲ့သည်။၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း
နယ်စပ်သို့
ထွက်ခွာသွားခဲ့ပြီးနောက် ၂၅ နှစ်အကြာတွင်မှ ဇာတိမြေသို့ ပြန်လည်ခြေချနိုင်ခဲ့ခြင်း
လည်းဖြစ်သည်။ရဲဘော်မျိုးဝင်းသည် ထားဝယ်တွင်ခေတ္တနေထိုင်စဉ်ကာလအတွင်း ထားဝယ်ဒေသရှိနိုင်ငံရေးအဖွဲ့အစည်းများ၊လူမှုအခြေပြုအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး
သြဂုတ်လ ၁၈ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်
ထွက်ခွာမည်ဖြစ်သည်။ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊မဲဆောက်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။








သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)