ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''မြန်မာနိုင်ငံမှာ မြေဈေး တွေကြီးနေတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ မြေဈေးတွေကြီး နေတာကို အခွန်နည်းလမ်းများနဲ့ လဲထိန်းပြီး လုပ်ဆောင်ဖို့တွေရှိပါ တယ်။ တစ်ပေပတ်လည်ဈေးနှုန်း တွေကိုလဲ ပုံသေသတ်မှတ်ပေးဖို့လဲ ရှိတယ်''ဟုပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန် မြို့ရှိအဓိကလမ်းများ၏ မြေဈေး များသည် တစ်ပေပတ်လည်လျှင် ၁ဝသိန်းနှင့် ၁၅သိန်းဝန်းကျင် ဈေးများပေါက်နေပြီး တောင်ဥက္က လာနှင့် သင်္ဃန်းကျွန်းမြို့နယ်များ ရှိမြေဈေးများသည်လည်း တစ် ပေပတ်လည်လျှင် တစ်သိန်းခွဲမှ လေးသိန်းဝန်းကျင်အထိ ဈေးများ ပေါက်နေကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာမောင်မောင် သိန်းက ''မြေဈေးတွေကြီးတာ တွေကိုထိန်းချုပ်ဖို့၊ ဒီလိုထိန်း ချုပ်တဲ့နေရာမှာလဲ တံဆိပ်ခေါင်း ခွန်တွေကို ကြပ်မတ်စွာဆောင် ရွက်ရမယ်''ဟု ပြောသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေအ သင်းအတွင်းရေးမှူးဦးခင်မောင်အေး က ''မဆလခေတ်တုန်းကတောင် ကုန်စည်ဈေးနှုန်းတွေကို တရားဝင် ထိန်းချုပ်ဖို့တွေတောင် မလုပ်နိုင် ခဲ့တာ အခုလိုမျိုး အိမ်ခြံမြေဈေး နှုန်းကို တရားဝင်ပုံသေသတ်မှတ် ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဒီလို ပုံသေဈေးသတ်မှတ်ဖို့က မဖြစ် နိုင်ဘူး။ နိုင်ငံတကာမြေပေါက်ဈေး တွေနဲ့ သူတို့ဆီက နည်းပညာ တွေကိုလဲ လေ့လာမှအဆင်ပြေ မယ်''ဟု သုံးသပ်ပြောသည်။
သန်းနိုင်ဦး ၊ အောင်သူ (ဒေးဒရဲ)
Yangon Media Group