Headlines News :
Home » » ထားဝယ်တက္ကသိုလ် ကာယဗလမောင်ပြိုင်ပွဲကျင်းပပြီးစီး

ထားဝယ်တက္ကသိုလ် ကာယဗလမောင်ပြိုင်ပွဲကျင်းပပြီးစီး

Written By လွင့်မောင်မောင် on Monday, August 19, 2013 | 10:29 AM









ထားဝယ်တက္ကသိုလ် ကာယဗလမောင်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပရာ 
အကဲဖြတ်ဒိုင်များအဖြစ် ဦးညွန့်ရွှေ ၊ ဦးထွေးလှ ၊ဦးကြင်လှိုင် ၊ဦးရန်ရှင်းနှင့် ဦးနေဇာဦး တို့က ဆောင်ရွက်ပေးခဲ့ကြသည်။
ပြိုင်ပွဲကျင်းပအပြီးတွင် အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူဦးညွန့်ရွှေက
“ထားဝယ်တက္ကသိုလ်သည် ကာယဗလမောင်မွေးထုတ်ပေးရာ ရေခံမြေခံကောင်းဖြစ်ကြောင်း ၊
အာရှအဆင့် ကာယဗလပြိုင်ပွဲဝင်ခဲ့သည့် ၀င်းလွင်ကို ယင်းပြိုင်ပွဲများမှပင်မွေးထုတ်နိုင်ခဲ့ကြောင်း ”မှတ်ချက်ပြုပြောကြားသည်။ 
ယနေ့ကျင်းပသောပြိုင်ပွဲ အပြီးတွင် ယခင်နှစ်က ကာယဗလမောင်ဆုရရှိခဲ့သော ပထ၀ီဝင်အထူးပြု
ကျောင်းသား မောင်သူသူအောင်က ကာယအလှသရုပ်ပြခဲ့သည်။




















 ဆုရရှိသူများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို
တက်ရောက်အားပေးကာဆုချီးမြှင့်ခဲ့သည်။
ယနေ့ကျင်းပသည့် ကာယဗလမောင်ပြိုင်ပွဲတွင် -
ပထမဆုကို ဓာတုဗေဒအထူးပြုကျောင်းသား မောင်ဝိုင်ဘိုဘိုအောင်၊
ဒုတိယဆုကို ရူပဗေဒအထူးပြုကျောင်းသားမောင်စည်သူမောင်နှင့်
တတိယဆုကိုသင်္ချာအထူးပြုကျောင်းသား မောင်သန်းအုပ်စိုး တို့ကအသီးသီးရရှိခဲ့ကြသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)


သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template