နည်းပညာ တက္ကသိုလ်များတွင် A.G.T.I အောင်မြင်ပြီး တစ်ဆင့်မြင့်
သင်တန်းများသို့ တက်ရောက်ခွင့် မရရှိသော ကျောင်းသားကျောင်းသူများအတွက်
အဆင့်မြင့်ပညာရေး ကဏ္ဍ၌ ဆက်လက်ပညာသင်ယူခွင့် ပြုရာတွင် အဝေးသင် တက္ကသိုလ်တွင်
တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ဘာသာတွဲအလိုက် ခွင့်ပြုထားသော
အထူးပြုဘာသာရပ် သင်တန်းများတွင် တတိယနှစ်မှ စတင်ကာတက်ရောက်ခွင့် ရနိုင်သည့်
အခွင့်အလမ်းရှိကြောင်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကိုကိုဦး၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး၊ န၀မနေ့တွင် ထန်းတပင် မဲဆန္ဒနယ်မှ
ဦးသိန်းရီ၏ "နည်းပညာ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော B.E ဘွဲ့ပညာ
မမီ၍ ကျောင်းထွက်သွားရသော A.G.T.I ဘွဲ့ရ ကျောင်းသားကျောင်းသူများအတွက်
မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း" မေးမြန်းသည့်
မေးခွန်းအပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြေကြားချက်နှင့် ပတ်သက်၍ "B.E ဘွဲ့ကို ပေါင်းကူးပြီးတော့
တက်ရောက်ဖို့အတွက် နိုင်ငံတော်ဘက်က၊ ၀န်ကြီးဌာနဘက်က ဘာလုပ်ပေးရမလဲ၊
ဘယ်တော့လုပ်မလဲ အဲဒါတွေကို ကျွန်တော်တို့ သိချင်ပါတယ်။ ဒါ့ကြောင့်
ဒီမေးခွန်းကို မေးတာပါ။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့
ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေ ခံစားနရတာကို ဆောင်ရွက်ပေးစေချင်ပါတယ်"
ဟု မေးခွန်းရှင် ဦးသိန်းရီကလည်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
ယခင်က A.G.T.I မှ B.Tech၊ B.Tech မှ B.E သို့ အဆင့်ဆင့် ပေါင်းကူးစနစ်
ကျင့်သုံးသည့် စာသင်နှစ်များ၌ တစ်ဆင့်မြင့် သင်တန်းများသို့
ပေါင်းကူးတက်ရောက်ခွင့် ပြုရာတွင် လူဦးရေဖြင့် ကန့်သတ်သတ်မှတ်ခြင်း
မဟုတ်ဘဲ တစ်ဆင့်မြင့် သင်တန်းသို့ တက်ရောက်ရန် သတ်မှတ်ထားသည့်
ရမှတ်ပြည့်မီသူ အားလုံးကို တက်ရောက်ခွင့်ပြုသည့် စနစ်ကို
ကျင့်သုံးခြင်းဖြစ်သည်။ ပေါင်းကူးအရည်အချင်း မပြည့်မီသဖြင့် တစ်ဆင့်မြင့်
သင်တန်းများသို့ တက်ရောက်ခွင့် မရရှိသူများအတွက် ပေါင်းကူးအရည်အချင်းစစ်
စာမေးပွဲများကို လိုအပ်ချက်အရ အခါအားလျော်စွာ ကျင်းပပြုလုပ်ခဲ့သော်လည်း
နည်းပညာ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော B.E ဘွဲ့ပညာ မမီ၍
ကျောင်းထွက်သွားရသည့် A.G.T.I ဘွဲ့ရ ကျောင်းသားကျောင်းသူများရှိခဲ့ပြီး
ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းပြီးဆုံးခဲ့ကြရသည့် ဖြစ်ရပ်များလည်း
အများအပြားရှိခဲ့သည်။
"ကျွန်တော်က A.G.T.I အောင်ပြီးလို့ B.Tech ကို တက်ခဲ့တယ်၊ ပြီးတော့
နှစ်ကြိမ်ကျပြီး ကျောင်းထွက်ခဲ့ရတယ်၊ ကျွန်တော့မှာ A.G.T.I ဒီပလိုမာ
လက်မှတ်ပဲ ရခဲ့ပြီး ပညာတစ်ပိုင်းတစ်စ ဖြစ်သွားခဲ့တယ်။ အခုဒီလိုပုံစံမျိုး
အဝေးသင်တက္ကသိုလ်ကို တတိယနှစ်ကနေ စတက်ရပြီးတော့
ဘွဲ့တစ်ခုရသွားမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အဆင်ပြေသွားတာပေါ့ဗျာ" ဟု
နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးက ပြောပြခဲ့ပါသည်။
နည်းပညာတက္ကသိုလ်များတွင် ယခင် ၂၀၁၁-၁၂ ပညာသင်နှစ်အထိ အင်ဂျင်နီယာနှင့်
ဗိသုကာပညာရပ်များကို လေ့လာသင်ယူရာ၌ A.G.T.I သင်တန်း ၂ နှစ်
အောင်မြင်ပြီးဆုံးသည့် အချိန်တွင် A.G.T.I ဒီပလိုမာ လက်မှတ်အား လည်းကောင်း၊
A.G.T.I ဒုတိယနှစ်တွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက B.Tech ပထမနှစ်သို့
ဆက်လက်တက်ရောက်ခွင့်ပြုပြီး B.Tech အောင်မြင်ပြီးမြောက်သည့်အခါ ဒုတိယနှစ်
သင်တန်းတွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက B.E တစ်နှစ် သင်တန်းသို့
တက်ရောက်ခွင့်ပြုပြီး အောင်မြင်ပြီးမြောက်ပါက B.E ဘွဲ့ကိုလည်းကောင်း
ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင်ကာ ရန်ကုန်နည်းပညာ
တက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်တို့ကို အဆင့်မြင့်နည်းပညာ
တက္ကသိုလ်များအဖြစ် ဖွင့်လှစ်၍ အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများကို
ဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီး သင်တန်းကာလ (၆) နှစ် အောင်မြင်ပြီးဆုံးပါက
သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် အင်ဂျင်နီယာဘွဲ့ (B.E)
ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group
Pages
▼
Saturday, February 2, 2013
ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားဦးရေ ထက်ဝက်လျော့ချထားသည်မှာ ရေတိုစီမံချက်သာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
ယင်းပြောကြားချက်ကို ဖေဖော်ဝါရီလ၂ ရက်နေ့က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာသင်ကြားရေးမှာ အရည်အသွေး တိုးတက်လာစေဖို့အတွက် ဆေးတက္ကသိုလ် လေးခုကို ကျောင်းသားဦးရေ ၂၄၀၀ လက်ခံရာကနေ ၁၂၀၀ အထိ လျော့ချခဲ့ကြောင်း၊ ဒါသည် ရေတိုစီမံချက်သာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်လာတဲ့လူဦးရေ အရ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည့်အတွက် ပြန်လည်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ဆရာဝန်ဦးရေမှာ တစ်နှစ်ကို ၂၄၀၀ နှင့်အထက် လိုအပ်ကြောင်း၊ သို့သော် ဆေးကျောင်းသား ၂၄၀၀ ကို ဆေးတက္ကသိုလ် ၁၀ ခု သို့မဟုတ် ၂၀ ခုလောက်က မွေးထုတ်ပေးနိုင်မယ် ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ဆေးကျောင်းလေးကျောင်းမှ ကျောင်းသားဦးရေ ၂၄၀၀ ဆိုပါက တစ်ကျောင်းကို ၆၀၀ နှုန်း ဖြစ်နေသည့်အတွက် အရည်အသွေး လျော့သည့်ဘက်သို့ အနည်းငယ်ရောက်နေကြောင်း၊ ကျောင်းသားဦးရေ ၂၄၀၀ ကို ဆက်လက်မွေးထုတ်နိုင်ဖို့အတွက် ဆေးကျောင်းများကို တိုးချဲ့ဆောက်လုပ်သင့်ပေမယ့်လည်း လတ်တလော လုပ်ရန် အဆင်မပြေသေးသည့်အတွက် ကျောင်းသားဦးရေကို ခေတ္တလျော့ချထားခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကျောင်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် ဆေးပညာသင်ကြားရေးတွင် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာ အဆင့်မီနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ မြန်မာလူမျိုး၏ အဓိက ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အခြေခံဆရာဝန်များ မွေးထုတ်ပေးနိုင်ဖို့အတွက် လက်ရှိသင်ကြားနေတဲ့ ဆရာဆရာမများကို မေတ္တာရပ်ခံလိုပါကြောင်း၊ အခြေခံဆရာဝန်ကောင်းများ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့် သင်တန်းကြီးတစ်ခုအဖြစ် ဦးတည်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ စာမေးပွဲအောင်ဖို့ အတွက်ကိုပဲ ဦးစားပေးသင်ကြားမည် ဆိုပါက လုပ်ငန်းကျွမ်းကျင်မှုတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ ၁၀ တန်းလို အမှတ်ကောင်းဖို့ စာမေးပွဲအောင်ဖို့ပဲ သင်ကြားသည့် တက္ကသိုလ်မဟုတ်ဘဲ နိုင်ငံ၏ ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် အခြေခံဆရာဝန်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
Eleven Media Group
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နှင့် တောင်ကိုးရီယား ခရီးစဉ်များမှ ပြန်လည်ရောက်ရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံသို့ ၈ ရက်ကြာခရီး သွားရောက်ခဲ့ရာ ဖေဖော်ဝါရီလ ၁ ရက် ည ၁၀ နာရီ ၃၅ မိနစ်တွင် တောင်ကိုရီးယားနိုင်ငံမှ Korean Air KE 471 လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သတင်းရရှိသည်။
အဆိုပါ ခရီးစဉ်များကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၄ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်သို့ ဦးစွာ သွားရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီတွင် ၃ ရက်ကြာ နေထိုင်ခဲ့ကာ ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဟာဝိုင်ယီ အထက်တန်း ကျောင်းသားများနှင့်အား မိန့်ခွန်းပြောကြားခြင်း၊ မြန်မာ မိသားစုများနှင့် သီးခြားတွေ့ဆုံခြင်း၊ ဟိုနိုလူလူမြို့၌ပင် ပြုလုပ်သော ရိုထရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ (Rotary Peace Forum) သို့တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ခြင်းအပြင် ဟာဝိုင်ယီ ငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကိုလည်း လက်ခံရယူခဲ့ကြောင်း သိရသည်။
နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိကာ ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြောက် ခံထားရသော မစ္စပတ်ဂွန်းဟေးတို့နှင့် သီခြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံ ကျင်းပပြုလုပ်သည့် ဖျောင်ချန်း အထူးအိုလံပစ်ပွဲတွင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်း ပြောကြားခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ထိပ်သီးညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊ ကွမ်ကျူးမြို့ရှိ ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ကျဆုံးသွား သူများအတွက် အမှတ်တရ တည်ဆောက်ထားသော အာဇာနည်ဗိမာန်သို့ သွားရောက် ဂုဏ်ပြုခြင်းနှင့် မေ ၁၈ အမှတ်တရ ဖောင်ဒေးရှင်း ညီလာခံသို့ တက်ရောက်ကာ ကွမ်ကျူး လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့ပြီး ဂုဏ်ထူးဆောင် ကွမ်ကျူးမြို့တော်သူ ဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးလ်အမျိုးသား တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ကာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း လက်ခံရယူခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းရုပ်ရှင် သရုပ်ဆောင်များနှင့်အတူ ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်းနှင့် ကိုရီးယား မြန်မာများနှင့်လည်း တွေ့ဆုံခဲ့ပြီး ၅ ရက်ကြာ နေထိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် တောင်ကိုရီးယား ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်တွင် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ဒုတိယမြောက် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်သော ခရီးစဉ်လည်း ဖြစ်သည်။
Eleven Media Group
လက်ပံတောင်းတောင် စုံစမ်းရေး ဒေါ်စုအတွက် စိန်ခေါ်မှု
![]() |
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ |
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာတစောင် ဇန်န၀ါရီလကုန်မှာ ထုတ်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမဲ့ ထွက်ပေါ် မလာနိုင်ပဲ ဖြစ်နေရတာပါ။ စစ်တပ်ပိုင် မြန်မာဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ဘောင် ကုမ္ပဏီတို့ရဲ့ ပူးတွဲ စီမံကိန်းကြောင့် ဒေသခံတွေ လယ်မြေတွေ နစ်နာဆုံးရှုံးရသလို၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ရတယ်ဆိုပြီး ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့နောက် ၂ လအတွင်း အပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ စီမံကိန်း ရပ်ဆိုင်းရေး ကန့်ကွက် ဆန္ဒပြမှုတွေ လနဲ့ချီ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေး အာဏာပိုင်တွေက သွေးထွက်သံယို နှိမ်နင်းခဲ့တာပါ။
မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်ရဲ့ ဥပဒေရေးရာကော်မီတီက ဦးသိန်းသန်းဦး ကတော့ လုံခြုံရေး တပ်ဖွဲ့တွေက မီးလောင်ဗုံးတွေကို အသုံးပြုပြီး လိုအပ်တာထက်ပိုပြီး အင်အားသုံး နှိမ်နင်းခဲ့တဲ့ အထောက်အထားတွေကို တွေ့ရတဲ့အကြောင်းနဲ့ နောက်ပိုင်းမှာလည်း ဒီဒေသမှာ လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်တဲ့အကြောင်း ပြောပါတယ်။
“လူတွေကို ဘာမှ မထိဖို့ မကိုင်ဖို့ သတိပေးခံခဲ့ရတယ်၊ ဒါဟာ ဦးပိုင်လီမိတက်ပိုင်ဖြစ်တယ်၊ ထိလို့မရဘူးဆိုပြီး ပြောတယ်။ နောက်တခုကတော့ လူတွေကို ချောက်ထားတာပါ။”
ရှေ့နေ ကွန်ယက် အနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို အပြင်းအထန် နှိမ်နင်းဖို့ ဘယ်သူက ညွှန်ကြားသလဲ ဆိုတာကို သိချင်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။ သံဃာတော်တွေ အပါအ၀င် ဆန္ဒပြသူတွေ ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရပြီးတဲ့နောက်မှာတော့ သမ္မတက စီမံကိန်းနဲ့ ပတ်သက်လို့ရော နှိမ်နင်းမှု အတွက်ပါ ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ညွှန်ကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စီမံကိန်း လုပ်ငန်းတွေကိုသာ စစ်ဆေးဖို့ ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ် အဖွဲ့ဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ David Mathieson ကတော့ စုံစမ်းစစ်ဆေးရေး အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ အရပ်သား တဖြစ်လဲ အစိုးရအတွက်တော့ အသစ်အဆန်းတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဆန္ဒပြပွဲတွေ၊ နှိမ်နင်းမှုတွေနဲ့ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ တခြားကိစ္စတွေ၊ ကြေးနီထုတ်လုပ်ရေး စီမံကိန်း ကိစ္စတွေ ဒါတွေအားလုံးဟာ သူ့အတိုင်းအတာနဲ့သူ အရေးကြီးပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဏာပိုင်တွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေ၊ မြေယာပိုင်ဆိုင်မှု ကိစ္စတွေမှာ ဘယ်လို ရင်ဆိုင် ကိုင်တွယ်မလဲ ဆိုတဲ့ စမ်းသပ်မှု တခုအဖြစ်နဲ့လည်း အင်မတန်မှ အရေးကြီးပါတယ်။”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ အရင်စစ်အစိုးရ လက်ထက်မှာ စတင်ခဲ့တာမို့ ပွင့်လင်းမြင်သာမှုတွေ အားနည်းခဲ့တာပါ။ အခုအခါ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေသခံတွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးဖို့ လိုအပ်ကြောင်း အသိအမှတ်ပြု ပြောဆိုထားပေမဲ့၊ ပြည်ပလုပ်ငန်းတွေနဲ့ ချုပ်ဆိုထားတဲ့ ကတိက၀တ်တွေကို အိမ်ရှင်တိုင်းပြည် အနေနဲ့ လေးစားဖို့ လိုမယ်လို့လည်း ပြောဆိုထားတာပါ။ လူ့အခွင့်အရေး အဖွဲ့က သုတေသီ Mathieson ကတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စမ်းသပ်မှုတခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“အင်မတန် အရေးကြီးတဲ့ ကိစ္စတခုကို စုံစမ်းစစ်ဆေးတဲ့သူ တဦးအဖြစ်နဲ့ သာမကပါဘူး၊ သူနဲ့အတူ နိုင်ငံရေး အသွေးအရောင်စုံ အဖွဲ့ဝင်တွေလည်း ပါဝင်နေကြတာပါ။ ဒါကြောင့်လည်း ဒီလုပ်ငန်းစဉ်မှာ နိုင်ငံရေး ခေါင်းဆောင် တယောက် အဖြစ်နဲ့ ဘယ်လောက် ထိရောက်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း တွေ့ရလိမ့်မယ် ထင်ပါတယ်။”
အကဲခတ် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကော်မီတီထဲ ထည့်သွင်းတာဟာ လူလက်ခံအောင် လုပ်တာသာ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကို တွေ့ရမှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
“ဘယ်လို ဖိအားတွေ ရှိမလဲ၊ လက်ပံတောင်း ဒေသခံတွေ အကျိုးခံစားရအောင် ဘာတွေ လုပ်နိုင်သလဲ ဆိုတာတွေကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့ အချိန်အထိ စောင့်ကြည့်ရမှာပါ။”
တချိန်တည်းမှာပဲ လက်ပံတောင်း ဒေသခံတွေနဲ့ တက်ကြွသူတွေကတော့ စီမံကိန်း အဆုံးသတ်ရေး ဆက်လက် ဆန္ဒပြခဲ့ကြသလို၊ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီသီတင်းပတ်တွင်း တွေ့ဆုံချိန်မှာ ဖိအားပေး ပြောဆိုတာတွေ ရှိခဲ့တာပါ။ တရုတ်သံရုံးရဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံ သတ္ထုတွင်း ၀န်ကြီးဌာန ၀န်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ ပြဿနာတွေ ရှိတယ်ဆိုရင်လည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ကိုအောင်လွင်ဦး (ဗီအိုအေ)
Friday, February 1, 2013
မတရားမှုကို မတရားမှုအဖြစ် သမိုင်းမှတ်တမ်းတင်ဖို့ လိုပါတယ်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ပြောကြား

“သမိုင်းဟာ သမိုင်းအဖြစ်၊ မတရားမှုဟာ မတရားမှုအဖြစ် မှတ်တမ်းတင်ထားဖို့ လိုပါတယ်” ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သော ၁၉၈၉ခုနှစ် သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။ ၁၉၈၈ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင် အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား များမှာ နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်း ပမ်းမှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရကြောင်း၊ ၁၉၈၉ ထောင် တွင်းတိုက်ပွဲဆိုသည်မှာ ၁၉၈၉ ခုနှစ် ရန်ကုန် အင်းစိန်အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်ကို သာယာဝတီ ထောင်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် ယင်းထောင်သို့ ပြောင်းရွှေ့လာသော နိုင်ငံရေးကျောင်းသားလူငယ် ၈၃ ဦးနှင့် ယခင်သာယာဝတီထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးတို့၏ ထောင်တွင်း အလုပ် စေခိုင်းမှုအား လက်မခံဆန့်ကျင်ကြောင်း၊ ထောင်တွင်းအကြမ်း ဖက် ရိုက်နှက်ညှင်းပန်းမှုများ ရပ်တန့်ပေး ရန် တောင်းဆိုမှုများကြောင့် ဖြစ်ပေါ် လာသော တိုက်ပွဲတစ်ခု ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
“ဒီနေ့ ဒီအဖြစ်အပျက်တွေကို ပြန်ပြောနေတာဟာ လက်စား ချေဖို့ မဟုတ်ဘူး၊ မေ့နိုင်ဖို့ ခွင့်လွှတ်ဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မယ်၊ မေ့နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး၊ အပြောင်းအလဲကို သွားနေတဲ့ခေါင်းဆောင်တွေ ဒါကိုသိဖို့လိုပါတယ်၊ အသစ်ကို ပြောင်းချင်ရင် အဟောင်းကနေ သင်ခန်းစာယူဖို့လိုပါတယ်” ဟု မန္တလေးအကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရင်း အသက် ဆုံးရှုံးသွားသူတစ်ဦး၏ အကိုဖြစ်သူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောကြားသည်။
“ဒီပွဲဟာ ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြလိုက်တဲ့ပွဲ၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါလွန်းတဲ့ အခမ်းအနားတစ်ခု လည်း ဖြစ်တယ်၊ စစ်အာဏာရှင်လက် ထက်က သာယာဝတီမှာ ငရဲပျက်ခဲ့ရတဲ့ ထောင်တွင်းတိုက်ပွဲတွေ၊ မြင်းခြံမှာ ဖြစ်ခဲ့တဲ့ ထောင်တွင်း လူ သတ်မှုတွေ၊ သရက်ထောင်မှာ နံရိုးတွေ၊ သွားတွေကျိုးအောင် မျက်လုံးတွေ ကျွတ်ထွက်တဲ့အထိ အောင် ရိုက်နှက်ခံခဲ့ရသူတွေ ရှိပါတယ်၊ အမှောင်ခေတ်ကြီး တစ်ခေတ်မှာ ဒီလောက်တောင် ဆိုးရွားလှပါလား၊ မတရားမှု ဟာ ရှက်ဖို့ကောင်းပါလားဆိုတာ မျိုးဆက်သစ်တွေကို သိစေ ချင်တယ်” ဟု ကိုဌေးကြွယ်က ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ရွှေတွံတေးဆရာတော် ဦးဝါယမမှ အဖွင့်အမှာစကားပြောကြားခဲ့ပီး ကိုမင်းကိုနိုင် အပါအဝင် (၈၈)ကျောင်းသားများ၊ တွေ့ကြုံခံစားခဲ့ရသူများ၊ မိသားစုဝင်များ၊ ပရိတ်သတ်(၁၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထောင်ကျစဉ်ကာလများတွင် လူဆိုးဂိုဏ်းတစ်ဂိုဏ်းသို့ ရောက်ရှိသွားသလို ၀ိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း၊ ဥပဒေဆိုသည်မှာ ဘာမှန်းပင် မသိခဲ့ရကြောင်း၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် မည်မျှထိ ပေးဆပ်ခဲ့ရသည်ဆိုတာကို မျိုးဆက်သစ်တို့ သိစေချင်ကြောင်း၊ ဤမျှလောက် ဆိုးရွားသော အဖြစ်အပျက်များ ရှိခဲ့သည်ကို မရှက်မကြောက်ဘဲ သမိုင်း မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။
သာယာဝတီထောင်သည် ခေတ်အဆက်ဆက် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် အကျဉ်းထောင်ဖြစ်ပြီး ကိုလိုနီခေတ်နယ်ချဲ့ တော်လှန်ရေး ကာလတွေမှာ မြန်မာသူရဲကောင်းတွေကို ဖိနှိပ်အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့သည့်နေရာ ဖြစ်ကာ (၁၉၂၈)ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။
ရည်မွန်(Myanma Age)
ကော်ဘရာဂိုးလ် Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ မြန်မာမှ အရာရှိနှစ်ဦးစေလွှတ်မည်

ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၁။
ယခုလအတွင်း ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ကော်ဘရာဂိုးလ် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူနိုင်ငံအဖြစ် ဖိတ်ကြားခံထားရ သော မြန်မာမှ အရာရှိနှစ်ဦး စေလွှတ်သွား ရန် ရှိနေကြောင်း ထိုင်းစစ်တပ် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဖေဖေါ်ဝါရီ ၁၁ မှ ၂၁ အထိပြုလုပ်မည့် ယင်းစစ်ရေးလေ့ကျင့်မှုသို့ မြန်မာသည် ပထမဆုံးအကြိမ်အဖြစ် ပါဝင် လေ့လာမည်ဖြစ်သည်။ ထိုင်းတပ်မတော်၏ ပူးတွဲစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တန်ချီယန် ဆရီဆူဝမ်က မြန်မာသည် ယခုစစ်ဆင်ရေးသို့  လေ့ လာရေးကိုယ်စားလှယ် စေလွှတ်သော နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ တစ်ခုအပါအဝင် ဖြစ်ကြောင်း ဆိုသည်။
ယခုနှစ် ကော်ဘရာဂိုးလ်စစ်ဆင်ရေးတွင် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့မှ စစ်သားဦးရေ ၁၂,၇၀၀ ဦး ပါဝင်မည် ဖြစ်ကာ ချွန်ဘူရီနှင့် ရာယွန် ပြည်နယ်များတွင် ကမ်းတက်စစ်ဆင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်ကြမည် ဖြစ်သည်။ ထိုင်းနှင့် အမေရိကန် ပူးတွဲ၍ နှစ်စဉ်ပြုလုပ်သော ကော်ဘရာဂိုးလ် စစ်ဆင်ရေးသည် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနှင့် သဘာဝဘေး အန္တရာယ် စောင့်ရှောက်ရေး လေ့ကျင့်မှုများကို အဓိကပြုလုပ်သော စစ်ဆင်ရေးဖြစ်သည်ဟု သိရသည်။
The Myanma Age
Ref: Bangkok Post
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် ၆/၂၀၁၃ ကို
ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြား
သတင်းဌာနများမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် KIO ဗဟိုကော်မတီမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ကို သိရှိရပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့နေဖြင့်လည်း အများပြည်သူ လိုလားတောင်းတနေသည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု အလေးအနက် ယုံကြည်ထားပါကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား ညီနောင် လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် အခြားသော အဖွဲ့အစည်းများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီလုပ်ဆောင် ကြိုးပမ်းနေမှုများကို အသိအမှတ်ပြု ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်၍ KIO/KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ကြေညာချက်တွင် ပါဝင်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း
http://m.president-office.gov.mm/zg/briefing-room/news/2013/02/01/id-2536 မှ တိုက်ရိုက်
ကူးယူဖော်ပြပါသည်။
ကူးယူဖော်ပြပါသည်။
မနက်ဖန် ၁-၂-၂၀၁၃ နေ့ မှာသမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်းပြောမယ်

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ နိုင်ငံသားတွေကို ရေဒီယို မိန့်ခွန်း ပြောကြား မှာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ
နိုင်ငံတော်သမ္မတက မိဘပြည်သူများကို ပြောကြားတဲ့ရေဒီယိုမိန့်ခွန်းအား
မြန်မာ့အသံနဲ့ အက်ဖ်အမ်အသံလွှင့်ဌာနများက ထုတ်လွှင့်ပေးပါ့မယ်။
ထုတ်လွှင့်ချိန်များက မနက် ၀၇၀၀ နာရီ၊ ၁၁၀၀ နာရီသတင်းအပြီး၊ ညနေ ၆
နာရီသတင်းအပြီးနဲ့ ၈ နာရီသတင်းအပြီးချိန်များဖြစ်ပါတယ်။
ဧရာဝတီ
Thursday, January 31, 2013
ဇန္န၀ါရီ ၂၉ ရက်နေ့က အမေရိကန် သံအမတ် ရခိုင်ခေါင်းဆောင်များကို ရန်ကုန်တွင် တွေ့ဆုံ
မောင်အေး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell သည် ရန်ကုန်မြို့ အမေရိကန် သံရုံးသို့ ရခိုင်ခေါင်းဆောင် တစ်ချို့ကို ဖိတ်ခေါ်ပြီး ရခိုင် အရေးကိစ္စနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အမေရိကန် သံအမတ်မှ ရခိုင်ခေါင်း ဆောင်တစ်ချို့ကို ခေါ်ယူတွေ့ဆုံသည့် အကြောင်းမှာ ရခိုင်တွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ခေါင်းဆောင်များ၏ အမြင်သဘောထားကို သိလို၍ ဖြစ်သည်ဟု သူက ဆိုသည်။
“ ကျွန်တော်ထင်တာက ဟိုတနေ့က မောင်တောမှာဖြစ်တဲ့ ကိစ္စနဲ့ပတ်သတ်လို့ ဘင်္ဂလီအုပ်စုက သံရုံးကို ၀င်ပြီး အရင် တွေ့တယ်လို့ ထင်ပါတယ်။ ပြီးမှ ကျွန်တော်တို့နဲ့တွေ့တာပါ။ သံရုံးက ပြောတာကတော့ လူမျိုးနှစ်ခု ပြန်လည်နေရာချ ထား ရေး၊ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ နောက်ပြီး အမေရိကန်ကကူညီမဲ့ ဒေါ်လာ ၄ ဒဿမ ၂ သန်းကို မျှမျှတတ သုံးစွဲဖို့ ဆိုတဲ့အ ကြောင်းတွေကို ပြောကြတာပါ။ ပြောပြီးသား အကြောင်းတွေကို ထပ်ပြောကြတာပါ” ဟုဆိုသည်။
ဇန်န၀ါရီလ ၂၈ ရက်နေ့က မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာအနီးတွင် ဖြစ်ပွားသော ဆူပူမူတွင် စစ်တပ်မှ ပစ်ခတ်သည့် အတွက် ဘင်္ဂလီတစ်ဦး သေဆုံးခဲ့ပြီး ၎င်းနေ့ည ၉ နာရီခန့်တွင် ဝေသာလီကျေးရွာအနီး ဂေါက်ကွင်းရှိ အစိုးရ အဆောက်အဦးတခု မီးရှို့ခံခဲ့ရသည်။
တွေ့ဆုံပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးသာဘန်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးဦးလှစော၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်အမျိုးသားကွန် ယက်မှ အတွင်းရေးမှူး(၁) မသန်းသန်းရွှေတို့ ပါဝင်ခဲ့သည်။
အမေရိကန် သံအမတ်မှ လက်ရှိရခိုင်ပြည်နယ် အခြေအနေတချို့ကို မေးမြန်းခဲ့သည့်အတွက် ၀န်ကြီးဇော်အေးမောင်မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဦးဦးလှစောက ယခုကဲ့သို့ ဆက်ပြောသည်။
“ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေဘက်က ငြိမ်းချမ်းရေးအတွက် နောက်ဆုံးသည်းခံနိုင်တဲ့ အနေအထားထိ သည်းခံနေ တယ်ဆိုတဲ့အကြောင်း၊ ဘင်္ဂလီတွေဘက်က နောက်ထပ် ပြဿနာအကြီးအကျယ် ဖြစ်လာအောင် အမြဲရန်စနေတဲ့ အကြောင်းတွေကို ပြောပြတယ်။ နောက်တခုက သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ကို ပြောလိုက်တဲ့အချက် ၃ ချက်ကို ကျွန်တော်တို့ ရခိုင်တွေဘက်က သဘောတူတယ်။ ဒါပေမဲ့ သမ္မတက ပြောသာပြောပြီး အ ကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ ကြန့်ကြာနေတယ်၊ ဒါကြောင့် ဒီပြဿနာတွေ ဖြစ်နေရတယ်ဆို တဲ့ အကြောင်းတွေကို တင်ပြခဲ့ပါတယ်” ဟု ဆိုသည်။
၎င်းပြင် ဦးလှစောက သူတို့အထဲမှ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ စိစစ်ပြီး နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပြီး သူတို့ကို လူ့အခွင့်အရေး အပြည့်အ၀ ပေးကာ မြန်မာနိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်လိုကြောင်း၊ နိုင်ငံသား မဖြစ်သူများကို သမ္မတကြီး ဦးသိန်းစိန် ပြောသကဲ့သို့ UNHCR အကူအညီဖြင့် စခန်းဖွင့်လှစ်ပြီး လက်ခံမည့် နိုင်ငံများ ရှိက ပေးပို့သင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကတွေ့ ဆုံစဉ် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ်ထားရှိပြီး UNHCR က ကျွေး မွေးစောင့်ရှောက်ပေးရန်နှင့် တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဟု ပြောကြားခဲ့သည်။
၎င်းပြင် ဆွေးနွေးပွဲတွင် ဦးဦးလှစောမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လက်ရှိ ပြဿနာများမှာ ရခိုင်ပြည်နယ်အစိုးရမှ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ရာတွင် အလွန်အားနည်းချက်များ ရှိနေ၍ ဖြစ်ကြောင်း အမေရိကန် သံအမတ်အား တင်ပြ ပြောဆိုခဲ့သည်ဟု ဆိုသည်။
နိရဉ္စရာ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell သည် ရန်ကုန်မြို့ အမေရိကန် သံရုံးသို့ ရခိုင်ခေါင်းဆောင် တစ်ချို့ကို ဖိတ်ခေါ်ပြီး ရခိုင် အရေးကိစ္စနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အမေရိကန် သံအမတ် Derek Mitchell စစ်တွေတွင် ရခိုင်လူငယ်များနှင့် တွေ့ဆုံစဉ်က။
တွေ့ဆုံပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်
သံရုံးတွင် ဇန္န၀ါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်ဟု ဆွေနွေးပွဲတွင်
ပါဝင်ခဲ့သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး
ဦးဦးလှစောက ပြောသည်အမေရိကန် သံအမတ်မှ ရခိုင်ခေါင်း ဆောင်တစ်ချို့ကို ခေါ်ယူတွေ့ဆုံသည့် အကြောင်းမှာ ရခိုင်တွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ခေါင်းဆောင်များ၏ အမြင်သဘောထားကို သိလို၍ ဖြစ်သည်ဟု သူက ဆိုသည်။
“ ကျွန်တော်ထင်တာက ဟိုတနေ့က မောင်တောမှာဖြစ်တဲ့ ကိစ္စနဲ့ပတ်သတ်လို့ ဘင်္ဂလီအုပ်စုက သံရုံးကို ၀င်ပြီး အရင် တွေ့တယ်လို့ ထင်ပါတယ်။ ပြီးမှ ကျွန်တော်တို့နဲ့တွေ့တာပါ။ သံရုံးက ပြောတာကတော့ လူမျိုးနှစ်ခု ပြန်လည်နေရာချ ထား ရေး၊ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ နောက်ပြီး အမေရိကန်ကကူညီမဲ့ ဒေါ်လာ ၄ ဒဿမ ၂ သန်းကို မျှမျှတတ သုံးစွဲဖို့ ဆိုတဲ့အ ကြောင်းတွေကို ပြောကြတာပါ။ ပြောပြီးသား အကြောင်းတွေကို ထပ်ပြောကြတာပါ” ဟုဆိုသည်။
ဇန်န၀ါရီလ ၂၈ ရက်နေ့က မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာအနီးတွင် ဖြစ်ပွားသော ဆူပူမူတွင် စစ်တပ်မှ ပစ်ခတ်သည့် အတွက် ဘင်္ဂလီတစ်ဦး သေဆုံးခဲ့ပြီး ၎င်းနေ့ည ၉ နာရီခန့်တွင် ဝေသာလီကျေးရွာအနီး ဂေါက်ကွင်းရှိ အစိုးရ အဆောက်အဦးတခု မီးရှို့ခံခဲ့ရသည်။
တွေ့ဆုံပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးသာဘန်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးဦးလှစော၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်အမျိုးသားကွန် ယက်မှ အတွင်းရေးမှူး(၁) မသန်းသန်းရွှေတို့ ပါဝင်ခဲ့သည်။
အမေရိကန် သံအမတ်မှ လက်ရှိရခိုင်ပြည်နယ် အခြေအနေတချို့ကို မေးမြန်းခဲ့သည့်အတွက် ၀န်ကြီးဇော်အေးမောင်မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဦးဦးလှစောက ယခုကဲ့သို့ ဆက်ပြောသည်။
“ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေဘက်က ငြိမ်းချမ်းရေးအတွက် နောက်ဆုံးသည်းခံနိုင်တဲ့ အနေအထားထိ သည်းခံနေ တယ်ဆိုတဲ့အကြောင်း၊ ဘင်္ဂလီတွေဘက်က နောက်ထပ် ပြဿနာအကြီးအကျယ် ဖြစ်လာအောင် အမြဲရန်စနေတဲ့ အကြောင်းတွေကို ပြောပြတယ်။ နောက်တခုက သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ကို ပြောလိုက်တဲ့အချက် ၃ ချက်ကို ကျွန်တော်တို့ ရခိုင်တွေဘက်က သဘောတူတယ်။ ဒါပေမဲ့ သမ္မတက ပြောသာပြောပြီး အ ကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ ကြန့်ကြာနေတယ်၊ ဒါကြောင့် ဒီပြဿနာတွေ ဖြစ်နေရတယ်ဆို တဲ့ အကြောင်းတွေကို တင်ပြခဲ့ပါတယ်” ဟု ဆိုသည်။
၎င်းပြင် ဦးလှစောက သူတို့အထဲမှ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ စိစစ်ပြီး နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပြီး သူတို့ကို လူ့အခွင့်အရေး အပြည့်အ၀ ပေးကာ မြန်မာနိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်လိုကြောင်း၊ နိုင်ငံသား မဖြစ်သူများကို သမ္မတကြီး ဦးသိန်းစိန် ပြောသကဲ့သို့ UNHCR အကူအညီဖြင့် စခန်းဖွင့်လှစ်ပြီး လက်ခံမည့် နိုင်ငံများ ရှိက ပေးပို့သင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကတွေ့ ဆုံစဉ် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ်ထားရှိပြီး UNHCR က ကျွေး မွေးစောင့်ရှောက်ပေးရန်နှင့် တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဟု ပြောကြားခဲ့သည်။
၎င်းပြင် ဆွေးနွေးပွဲတွင် ဦးဦးလှစောမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လက်ရှိ ပြဿနာများမှာ ရခိုင်ပြည်နယ်အစိုးရမှ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ရာတွင် အလွန်အားနည်းချက်များ ရှိနေ၍ ဖြစ်ကြောင်း အမေရိကန် သံအမတ်အား တင်ပြ ပြောဆိုခဲ့သည်ဟု ဆိုသည်။
နိရဉ္စရာ
တိုင်ကြား ခံရသည့် အကောက်ခွန် ဝန်ထမ်း ၃၅ ဦး အရေးယူ ခံရ

အကောက်ခွန် ဝန်ထမ်းများ တာဝန် ပျက်ကွက်ခြင်း၊ မမှန်မကန် လုပ်ခြင်းကို စီးပွားရေး လုပ်ငန်းရှင် များက သက်သေ အထောက် အထားနှင့် တိုင်ကြားသည့် အတွက် ၂၀၁၂ ခုနှစ် အတွင်း အကောက်ခွန် အဆင့်မြင့် အရာရှိ နှစ်ဦး အပါအဝင် ဝန်ထမ်း ၃၅ ဦးကို ယင်း ဦးစီး ဌာနက အရေး ယူပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က ဇန်နဝါရီ ၃၀ ရက်နေ့ တွင် The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
အရေးယူ ခံရသည့် အကောက်ခွန် ဝန်ထမ်း များတွင် ညွှန်ကြားရေးမှူး နှစ်ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ အခြား အဆင့် ဝန်ထမ်း ၃၃ ဦး ကို ရာထူး တစ်ဆင့်လျှော့ အပြစ် ပေးခြင်း၊ ဌာန ပြောင်းခြင်း ပြုလုပ်ကာ အရေးယူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း ယင်း ဦးစီးဌာန ၏ အဆင့်မြင့် အရာရှိကြီး တစ်ဦးက The Voice Weekly ၏ မေးမြန်းချက် ကို ဖြေကြားသည်။
"အရင် နှစ်တွေ ထက် ၂၀၁၂ ခုနှစ်မှာ အရေးယူ ခံရတာ အများ ဆုံးပဲ" ဟု ၄င်းက ပြောပြသည်။
အရေးယူ ခံရသည့် အဆိုပါ ဝန်ထမ်း များကို အထူး စုံစမ်း စစ်ဆေးရေး ဦးစီး ဌာနက ခေါ်ယူ စစ်ဆေးကာ ထိုမှ တစ်ဆင့် သမ္မတရုံး သို့ တင်ပြခြင်း ဖြစ်ပြီး သမ္မတရုံး ထံမှ အရေးယူ ဆောင်ရွက်ရေး ညွှန်ကြားချက် အတိုင်း အကောက်ခွန် ဦးစီး ဌာနက အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
"ဒါက တင်သွင်းသူ စီးပွားရေး သမား အချင်းချင်း မတည့်လို့ တိုင်ကြ တာလည်း ပါတယ်။ တခြား ကဏ္ဍ တွေမှာတော့ ဘယ်လို ရှိမယ် မသိဘူး။ ကား တင်သွင်းတဲ့ ဘက်မှာတော့ မမှန် မကန် လုပ်တာထက် လုပ်ထုံး လုပ်နည်း အခက် အခဲတွေ ရှိတာပါ" ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူ နှင့် ကုန်သည် လုပ်ငန်း ရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပြသည်။
မမှန်မကန် လုပ်ခြင်း၊ လာဘ်ယူခြင်း များကို အကောက်ခွန် ဦးစီး ဌာနသို့ ခိုင်လုံသည့် သက်သေ အထောက် အထား များနှင့် တိုင်ကြားရန် လိုအပ်ကြောင်း၊ ယင်းသို့ တိုင်ကြား လာပါက ဌာနတွင်း အစည်းအဝေး လုပ်ကာ စုံစမ်းရေး ခုံရုံးဖွဲ့၍ စစ်ဆေး မေးမြန်း ပြီးနောက် ဌာန ဆိုင်ရာ အစည်း အဝေး ပြုလုပ်ပြီး၊ မမှန်မကန် လုပ်ကြောင်း ထင်ရှားပါက နိုင်ငံ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများ အတိုင်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယင်း ဦးစီးဌာန ထံမှ စုံစမ်း သိရှိ ရသည်။
စစ်ငြိမ်းသူ(The Voice Weekly )
ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ကို သာသနာရေး ဝန်ကြီး ခန့်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု
နေပြည်တော်၊ ဇန်နဝါရီ ၃၁
ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ ကျင်း ပသော ပြည်ထောင်စု လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် အား လုံးက သဘောတူသဖြင့် အတည် ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက
ဦးခင်အောင်မြင့် ကပြောကြားသည်။
ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီး ခန့်အပ်ရန် ကာယကံ ရှင်၏ ဆန္ဒ သဘောထားကို အရင်ဆုံးမေးမြန်း ပြီးမှ ဆုံးဖြတ်သင့်ကြောင်း ပန်းတနော်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင် ဉာဏ် က လွှတ်တော် သို့ အကြံပြု ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်က ခန့်အပ်ခြင်း မခန့်အပ်ခြင်းမှာ နိုင်ငံတော်သမ္မတ နှင့်ဆိုင်ပြီး မိမိတို့ တာဝန်မှာ သဘောတူ ခြင်း မတူခြင်း ဆုံးဖြတ်ပေးရန်သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဆန်းဆင့် ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ် ရန်
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် သို့ သဝဏ်လွာပေးပို့
ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဂွမ်းဂျုးလူ့အခွင့်ရေးဆု နှင့် ဂွမ်ဂျုး မြို့တော်သူဆုလက်ခံ
![]() |
၂၀၀၄ခုနှစ်တွင်ရရှိခဲ့သော ဂွမ်းဂျုးလူ့အခွင့်ရေးဆု လက်ခံရယူစဉ် |
![]() |
ဂွမ်ဂျုး မြို့တော်သူဆု လက်ခံရယူစဉ် |
ဒေါ်အောင်ဆန်းစုကြည်ဟာဆိုလို့ရှိရင် မနေ့တုန်းက ဖျောင်းချန်းမြို့မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် မသန်မစွမ်းသူများရဲ့ အထူး အိုလံပစ်ပွဲတော်နဲ့ တတွဲတည်း ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီး ဆွေးနွေးပွဲကနေတဆင့် ဂွမ်ဂျူးမြို့ကို မနေ့ညနေ ကတည်းက ရောက်ရှိသွားတာပေါ့ခင်ဗျာ။ ဒီကနေ့ မနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီ တော်လှန်ရေးအထိမ်းအမှတ် သုဿန်ကိုသွားပြီး လွမ်းသူ့ပန်းခွေ ချမှာပါ။ အဲဒါကတော့ သမ္မတ ချန်ဒူးဝှမ်လက်ထက်တုန်းက ဂွမ်ဂျူးမြို့မှာ ဒီမိုကရေစီရေး ဆန္ဒပြကြသူတွေကို အင်အားသုံး နှိမ်နင်းခဲ့တာမှာ သေဆုံးသွားခဲ့ရသူတွေအတွက် အထိမ်းအမှတ်ပြုလုပ်ထားတဲ့ သုဿန်ဖြစ်ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဂွမ်ဂျူးမြို့တော်သူဆုကိုလည်း တက်ရောက်ပြီးတော့ ရယူမှာပါ။ နောက်ပြီးတော့ အခုနတုန်းက ဒီမိုကရေစီရရှိရေး ဂွမ်ဂျူးမြို့ကနေ အပြင်းအထန်ကြိုးပမ်းခဲ့လို့ ဂွမ်ဂျူးအရေးတော်ပုံ လို့ လည်း ခေါ်ကြတဲ့ အထူးသဖြင့် ကျောင်းသားတွေ ကျဆုံးသွားခဲ့တာပေါ့- အဲဒီတော့ အဲဒီအထိမ်းအမှတ်နဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီးတော့ နှစ်စဉ်နှစ်တိုင်း ထူးချွန်သူတွေကို ဆုချီးမြှင့်တယ်။ ၂၀၀၄ ခုနှစ်တုန်းက ဂွမ်ဂျူးမြို့ကနေပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကို ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဆိုပြီးတော့ ချီးမြှင့်ခဲ့တာ ရှိပါတယ်။ အဲဒီ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ချီးမြှင့်တဲ့ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး ဒီဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။
![]() |
အမှတ်တယဓာတ်ပုံ |
အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေ ၂ နာရီခွဲလောက်မှာ ဂွမ်ဂျူးမြို့ကနေ ဆိုးလ်မြို့တော်ကို ဆက်ပြီးထွက်ခွာသွားမှာပါ။ ဆိုးလ်မြို့တော်ကို ရောက်တဲ့အခါမှာ ညနေပိုင်း မှာ ကိုရီးယား လွှတ်တော်အမတ်တွေက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မှာ ဖြစ်ပါတယ်ခင်ဗျား။
မေး။ ။ ဟုတ်ကဲ့၊ ဦးရော်နီ- ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခွင့်ရတယ်လို့ လည်း ပြောပါတယ်။ အဲဒါ ဘယ်မှာလဲရှင့်။
ဖြေ။ ။ ကျနော်က မနေ့တုန်းကပေါ့နော်- ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ မသန်မစွမ်းသူတွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ ဆွေးနွေးပွဲမှာ သတင်းထောက်တွေ မေးခွန်းမေးခွင့်ရတဲ့အခါမှ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို ဗမာနိုင်ငံ မှာ စစ်ပွဲတွေနဲ့ပတ်သက်လို့ ဆက်စပ်ပြီး ဖြစ်ပေါ်လာရတဲ့ မသန်မစွမ်းသူတွေရဲ့ ကိစ္စကို မေးတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်ဖြေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ။ ။ မသန်မစွမ်းသူတွေရဲ့ ပြဿနာဟာ လူမျိုးရေးကြောင့်လို့ ကျမကတော့ မထင်ပါဘူး။ ဒါက လူမှုရေး၊ နိုင်ငံ ရေးတွေနဲ့ ဆက်စပ်နေတာပါ။ မသန် မစွမ်းသူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ရုံနဲ့ ကျမတို့ရဲ့ တိုင်းရင်းသား ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်မယ်လို့လည်း ကျမအတွက်တော့ မသေချာပါဘူး။ အားလုံးအနေနဲ့ ခြုံပြီးပြောရရင်တော့ ငြိမ်းချမ်းရေးဆိုတာအတွက် ကျမတို့တွေဟာ ရိုးသားရမယ်၊ လိုက်လိုက် လျောလျောရှိရမယ်၊ မေတ္တာရှေ့ထားတာနဲ့ မဆုတ်မနစ်စိတ်ထားတွေ ရှိရမယ်၊ မတူကွဲပြားခြားနားမှုတွေ ရှိကြတာဟာ တစုံတရာချွတ်ယွင်းမှု ရှိနေ လို့ မဟုတ်ဘူးဆိုတာကို နားလည်ကြရမယ်။ လူတွေဟာ ဘာကြောင့် တယောက်ကိုတယောက်၊ ဘာကြောင့် ရုပ်ပိုင်းခန္ဓာကိုယ် အနေအထားကို ကြည့်ပြီး ခွဲခြားဆက်ဆံနေကြရတာလဲ။ လူတွေဟာ အခြေခံအားဖြင့် မတူကွဲပြားခြားနားမှုတွေအပေါ်မှာ ကြောက်တတ်ကြတယ်။ ဒါကြောင့် လူလူချင်းကြားမှာ အသားအရောင်အရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာတွေ လုပ်လာကြတာပဲ။
ဒီနေရာမှာ အဓိကကျတာကို ကျမပြောချင်ပါတယ်။ လူတွေက တယောက်နဲ့တယောက်ကြားက မတူကွဲပြားခြားနားကြတာကို ကြောက်နေကြတယ်။ ဒါကြောင့် မတူကွဲပြားခြားနားမှုကို ကိုယ့်ကိုခြိမ်းခြောက်နေမှု တစ်ရပ်လို့ မြင်လာကြတယ်။ တကယ်တော့ ဒါဟာ ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ လူလူချင်းကြားမှာ မတူကွဲပြားခြားနားကြတာဟာ လူသားရဲ့ ဖြစ်တည်မှုပါပဲ။ ဒါက မတူကွဲပြားမှုတွေကို ဘ၀အတွေ့အကြုံပါ ထပ်ပေါင်းထည့် ပေးလိုက်ရပါမယ်။ ဒါကို ကျမတို့ နိုင်ငံအပါအ၀င်မှာ လေ့လာသင်ယူကြရလိမ့်မယ်။ မတူကွဲပြားခြားနားကြတဲ့ လူမျိုးစုတွေ ရှိနေကြလို့ ပြဿနာတွေ ရှိလာရတာမဟုတ်ပါဘူး၊ အဲလိုသာပြောရရင် လူမျိုးစုတွေ များပြားတဲ့ ကျမတို့နိုင်ငံမှာ အထူး ပြဿနာတစ်ရပ် ဖြစ်နေမှာပေါ့။ ကျမတို့ဟာ မတူကွဲပြားခြားနားမှုကနေ ဘ၀မှာ သင်ယူနိုင်တဲ့ အထူးအခွင့် အရေးကို ရကြတာပါပဲ။ သိပ်မကြာတော့တဲ့ အချိန်မှာ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှမှုကို ကျမတို့ ရရှိကြမယ်ဆိုတာ ကျမကတော့ သေချာပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ ဦးရော်နီ- အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးရော်နီ ဘာများ ထပ်ဖြည့်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကတော့ အလွန်အောင်မြင်တဲ့ခရီးစဉ်ပါပဲ။
အမေစု ဂွမ်ဂျုးလေဆိပ်မှ ၁၄နာရီလေယဉ်ဖြင့် ဆိုးလ် ကင်မ်ပို လေဆိပ်သို့ပြန်လည်ထွက်ခွာပါ |
သတင်း-VOA -
ဓာတ်ပုံ-ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
၂၀၁၃ SEA GAMES မှာ တင်းနစ် နဲ့ ကျွမ်းဘား ပယ်ထုတ်
![]() |
Burma prepares for SEA Games-Photo-by Mizzima |
မြန်မာနိုင်ငံမှာ အခုနှစ်နှောင်းပိုင်းကျရင် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကမ္ဘာ့ထိပ်တန်း အိုလံပစ်အားကစားနည်း ၂ ခုဖြစ်တဲ့ တင်းနစ်၊ ကျွမ်းဘားနဲ့ အင်ဒိုနီးရှားသိုင်း အားကစားနည်းကို ထည့်သွင်းမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံက ပြောလိုက်ပါ တယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက် အင်္ဂါနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖယ်ဒရေးရှင်း ကောင်စီရဲ့ ဒုတိယအကြိမ် အစည်းအဝေးအတွင်း အခုလို သဘောတူ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ တင်းနစ်နဲ့ကျွမ်းဘားလို ကမ္ဘာ့ထိပ်တန်း ကစားနည်း ၂ ခုကို ဖယ်ထုတ်လိုက်တဲ့အပေါ်မှာ မြန်မာ့လက်ရွေးစင်တင်းနစ် ကစားသမားဟောင်း ဦးထွန်းအောင်က အခုလို ပြောပါတယ်။
“ဖယ်ထုတ်လိုက်တာတော့ ကျနော်တော့ မကောင်းဘူးထင်ပါတယ်။ ဘာလို့တုန်းဆိုတော့ ပြည့်စုံတာက ကောင်းပါတယ်။ တင်းနစ်စ်က အိုလံပစ်မှာ အခု ထည့်ထားပီးသား တော်တော်အရေးကြီးပါတယ်။ လူစိတ်ဝင်စားမှုကလည်း တော်တော်ကြီးမားပါတယ်။ နောက်ပြီး ကျွမ်းဘားကတော့လေ ကမ္ဘာမှာတော်တော့်ကို စိတ်ဝင်စားတယ်။ မွန်ထရီရယ်လ် (Montreal) အိုလံပစ်ကို ကျနော် သွားဖူးပါတယ်။ အဲဒီတုန်းကဆိုရင် ကျွမ်းဘားနော်၊ နာဒီယာတို့၊ ဘာတို့ဆိုရင် လက်မှတ်တောင် ၀ယ်လို့ မရဘူး။ အဲဒီလောက်အထိကို ကြည့်ကြပါတယ်။ အာရှမှာလည်း ကျွမ်းဘားကို တော်တော်လေး ၀ါသနာကြီးကြပါတယ်။

အစောပိုင်းမှာတုန်းကတော့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းအားကစားပြိုင်ပွဲမှာ တင်းနစ်နဲ့ ကျွမ်းဘားအပြင်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်နဲ့ ဟော်ကီပြိုင်ပွဲ စတာတွေကို ပြိုင်ပွဲကနေ ဖယ်ထုတ်ဖို့ မြန်မာနိုင်ငံဘက်က စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် အပါအ၀၀် တခြားအဖွဲ့ဝင် နိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက် နေပြည်တော်မှာ အင်္ဂါနေ့က အပြီးသတ် ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ကြက်တောင်၊ စားပွဲတင် တင်းနစ်နဲ့ ဟော်ကီကစားနည်းတွေကို ပြန်လည်ထည့်သွင်းခဲ့တာပါ။ မြန်မာဘက်ကတော့ တချို့ အားကစားနည်းတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိသလို အကျိုးမရှိစေတဲ့ ကစားနည်းတွေဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဒါပေမဲ့လည်း ကျန်အဖွဲ့ဝင်နိုင်ငံတွေကတော့ အခုလို ဆုံးဖြတ်ခဲ့တာဟာ အိမ်ရှင် မြန်မာနိုင်ငံကို အသာစီးရစေဖို့အတွက် လုပ်တာဖြစ်တယ်လို့ မကျေမနပ်ပြောဆိုပါတယ်။
တင်းနစ်ပြိုင်ပွဲကို ဖယ်ထုတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ တင်းနစ်ကွင်း ကောင်းကောင်း မရှိတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံက ပြောပါတယ်။ ဒါပေမဲ့ ထိုင်းအိုလံပစ်ကော်မတီရဲ့ ဒု-ဥက္ကဋ္ဌကတော့ တင်းနစ်ဟာ အိုလံပစ်အားကစားပွဲဖြစ်တဲ့အတွက် ထည့်သင့်ကြောင်း၊ မြန်မာနိုင်ငံက မထည့်တာဟာ ကွင်းကြောင့်မဟုတ်ဘဲ ကစားသမားမရှိတာကြောင့်ဖြစ်တယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက တင်းနစ်ကွင်းအခြေအနေနဲ့ ပတ်သက်ပြီး ဦးထွန်းအောင် ပြောတာကတော့-
“တင်းနစ်ကွင်း ကြည့်ပြီးရုံတင် မကပါဘူး။ ကျနော် သိမ်ဖြူကွင်းမှာရိုက်ခဲ့ပါတယ်။ နောက်ပြီး တက္ကသိုလ်ကွင်းမှာလည်း ရိုက်ခဲ့ပါတယ်။ ကွင်းတွေ အခြေအနေကတော့ ကမ္ဘာ့အဆင့်တော့ မမီသေးဘူးပေါ့။ ပစ်ထားတာပေါ့လေ။ အသေအချာတော့ လုပ်ထားတာ မတွေ့ဘူး။ ကွင်းပြင်ပေါ့လေ အဲဒါက အဆင့်အတန်းမမီသေးပါဘူး။ ဒါပေမဲ့ အဲဒါက လုပ်လို့ရပါတယ်။ အခုက နှစ်စပဲ ရှိသေးတာပဲ။”
တင်းနစ်ကစားနည်းကို ဖြုတ်ချဖို့ စီစဉ်တာဟာ တင်းနစ်ကွင်းမရှိတာထက် နိုင်နိုင်ခြေမရှိ တာကြောင့်ဖြစ်တယ်လို့ ဦးထွန်းအောင်က ပြောပါတယ်။ အခုလို ကစားနည်းတွေ ဖြုတ်ချ လိုက်တာကြောင့် တခြားနိုင်ငံတွေကလည်း အလားတူလုပ်လာပြီး အားကစားပွဲကို ထိခိုက်လာနိုင်တယ်လို့ ဦးထွန်းအောင်က သုံးသပ်ပါတယ်။
“အထူးသဖြင့်က နောက်လုပ်မယ့်နိုင်ငံက ဟား- ဗမာနိုင်ငံကတောင်မှ တင်းနစ်နဲ့ ကျွမ်းဘားကို ဖယ်ထားတာပဲ။ တို့လည်း နိုင်ခြေမရှိတဲ့ဟာကို ဖယ်မယ့်ဥစ္စာကို အကြောင်းတွေ ပြလာမှာ၊ အစဉ်အလာဖြစ်လာမယ့်အကျိုးဆက်က ရှိပါတယ်။”
၁၉၅၉ ခုနှစ်က ကျင်းပတဲ့ ပထမဆုံးအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကျင်းပခဲ့တာဖြစ်ပြီး နောက် ၂ နှစ်ကြာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခါမှာ ထိုင်းနိုင်ငံက အတွေ့အကြုံတွေကို ယူပြီး မပြည့်စုံတဲ့ကြား ကပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်လို့ အဲဒီတုန်းက အတွေ့အကြုံကို ဦးထွန်းအောင်က ပြောပါတယ်။
“ဗမာပြည်မှာလုပ်တုန်းကတော့ သိမ်ဖြူကွင်းမှာလုပ်ပါတယ်နော်။ အဲဒါလည်း ကျနော်တို့ ထိုင်းနိုင်ငံက အတွေ့အကြုံကို ရလာပြီးတော့ စည်းရုံးပြီးလုပ်လိုက်တော့ အောင်မြင်သွားပါတယ်။ အဆင်ပြေပါတယ်။ court number one မှာ ယာယီစင်ကြီးထိုးပေးပါတယ်။ အကြီးကြီး ပါပဲ။ ဘေးမှာတော့ အရံကုတ်တွေ ရှိပါတယ်။ အဲဒီမှာလည်း ယှဉ်ပြိုင်ပြီးကစားကြပါ တယ်။ နောက်ပြီး ဗော်လန်တီယာတွေပေါ့လေ။ ဝိုင်းဝန်းကူညီ လုပ်ကြတဲ့အတွက် အောင် လည်း အောင်မြင်ပါတယ်။”
ပထမဆုံး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် တင်းနစ် ကစားသမားဟောင်း ဦးထွန်းအောင် ပြောပြသွားတာ ဖြစ်ပါတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကို ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင် စတဲ့မြို့တွေမှာ ကျင်းပမှာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံအနေနဲ့ တတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၆၁ ခုနှစ်မှာတော့ ရွှေ ၃၅ ခုအပါအ၀င် ဆုတံဆိပ်စုစုပေါင်း ၁၀၄ ခုရပြီး ၁၉၆၉ ခုနှစ်မှာတော့ ရွှေ ၅၇ ခု နဲ့ စုစုပေါင်း ၁၄၉ ခု ရရှိခဲ့ပါတယ် ခင်ဗျာ။
တောင်ကိုရီးယား ဂြိုဟ်တုတစင်း အာကာသထဲလွှတ်တင်
တောင်ကိုရီးယားနိုင်ငံသားတွေ ဂြိုဟ်တု လွှတ်တင်တာကို တယ်လီဗီးရှင်းမှ စောင့်ကြည့်နေကြစဉ်။ (ဇန်နဝါရီ ၃၀၊ ၂၀၁၃။) |
တောင်ကိုးရီးယားနိုင်ငံက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အာကာသအတွင်းကို ဂြိုဟ်တု တစင်း အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။
နိုင်ငံ့တောင်ပိုင်း Naro အာကာသ စူးစမ်းလေ့လာရေးဌာနက လွှတ်တင်ခဲ့တာဖြစ်ပြီး ဒါဟာ တောင် ကိုးရီးယား ပြည်သူလူထုရဲ့ အောင်မြင်မှုပဲလို့ သိပ္ပံဆိုင်ရာ ၀န်ကြီး အီဂျူးဟိုက ပြောပါတယ်။
၂၀၀၉ ခုနှစ်အတွင်း တောင်ကိုးရီးယားက လွှတ်တင်တဲ့ဒုံးပျံဟာ အာကာသထဲရောက်ခဲ့ပေမဲ့ ဂြိုဟ်တု ကို ဖြုတ်ချလို့ မရခဲ့ပါဘူး။ ၂၁၀၁ မှာ လွှတ်တင်တဲ့ဒုံးပျံကတော့ စတက်ပြီး နှစ်မိနစ် အကြာမှာ မီးလောင်ပျက်စီးခဲ့ပါတယ်။
အခု တောင်ကိုးရီးယားက အောင်မြင်ခဲ့တဲ့ ဒုံးပျံလွှတ်တင်မှုကတော့ မြောက်ကိုးရီးယားက ဒုံးပျံ လွှတ် တင်မှုနဲ့ အချိန်တလပဲ ကွာပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက တာဝေးပစ် ဒုံးပျံစမ်းသပ်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်ခဲ့တဲ့အပေါ် နိုင်ငံတကာက အသိုင်းအ၀ိုင်းက ရှုတ်ချကြပါ တယ်။ မြောက်ကိုးရီးယားကတော့ သူတို့လွှတ်တင်တဲ့ ဂြိုဟ်တုဟာ ရာသီဥတုလေ့လာရေး အတွက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

VOA
သူပုန်တွေရဲ့ မြောက်ပိုင်းမာလီခြေကုပ်စခန်း ပြင်သစ်သိမ်း
vမာလီနိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ်မစ် သူပုန်တွေကို တိုက်ခိုက်ပေးနေသော ပြင်သစ်တပ်ဖွဲ့ဝင်များ။ |
ပြင်သစ်တပ်တွေဟာ Kidal မြို့ လေဆိပ်ကို သိမ်းယူလိုက်ပါပြီ။ မနှစ်တုန်းကတည်းက မာလီ မြောက်ပိုင်းကို အစ္စလာမ်မစ်သူပုန်တွေ သိမ်းပိုက်ထားရာမှာ သူပုန်တွေဘက်က လက်လွှတ်လိုက်ရတဲ့ အဓိကကျတဲ့ နောက်ဆုံး နယ်မြေဖြစ်ပါတယ်။
သူတို့တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကို တညလုံး သိမ်းယူထားခဲ့တယ်လို့ ပြင်သစ်တပ်က ပြောပါ တယ်။ Kidal ဒေသ လွှတ်တော်ရဲ့ အကြီးအကဲ Haminy Maiga ကတော့ တပ်ဖွဲ့တွေဟာ လေ ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ရောက်ရှိလာပြီး သူတို့ရောက်ရှိလာချိန်မှာတော့ ဘာမှ အခုအခံ ရင်မဆိုင်ရဘူးလို့ ပြောပါတယ်။
ဘာသာရေးကို အခြေခံမထားတဲ့ Tuareg သူပုန်အဖွဲ့ MNLA ကတော့ သူတို့အနေနဲ့ Kidal မြို့ကို အစ္စလာမ်မစ်သူပုန်တွေ လက်ထဲက သိမ်းယူနိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာထား ပါတယ်။ MNLA တပ်တွေဟာ မြို့ပတ်ပတ်လည်မှာရှိနေပြီး အစ္စလာမ်မစ်သူပုန်တွေကတော့ အနီးအနား ကျေးရွာတွေကို ရှောင်ပြေးနေတယ်လို့ Maiga က ပြောပါတယ်။
ဒီ အတောအတွင်းမှာပဲ Timbuktu မြို့မှာရှိတဲ့ ရှေးဟောင်း ပေပုရပိုဒ်တွေ အတော်များများ လုံလုံခြုံခြုံရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အစောပိုင်းတုန်းက အဲဒီမြို့ကို သူပုန်တွေ သိမ်းထားစဉ်က ပေပုရပိုဒ်အတော်များများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
VOA
ဘင်္ဂလားဒေ့ရှ်ဖက်က ကူးပြောင်းအခြေချသူ ရခိုင်နဲ့ မာရမာကြီးတွေကို နေထိုင်ခွင့်ပြု
Photo: RFA
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ လူဝင်လူထွက် စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်။
|
ခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းခိုလှုံလာကြတဲ့ အဲဒီမိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနဲ့ ကော့ဘဇားခရိုင်အတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ မာရမာကြီး လူမျိုးတွေဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ဒီမိသားစုတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက သူတို့နေထိုင်ခဲ့တဲ့ ဒေသဖက်မှာ အကြမ်းဖက်သမားအချို့ရဲ့ ရန်ပြုမှုအန္တရာယ်ကြောင့် ထွက်ပြေးခိုလှုံလာကြတာ ဖြစ်တယ်လို့သိရပါတယ်။
အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိနေတဲ့ ရခိုင်မျိုးနွယ်စုတွေကို ရခိုင်ပြည်နယ်ထဲကို ခိုလှုံခွင့်လျှောက်ထားလာပါက မည်သူမဆို ခွင့်ပြုသွားမှာဖြစ်ပြီး မောင်တောမြို့နယ်အတွင်းမှာ နေထိုင်စရာအိမ်တွေနဲ့ လယ် ၂ ဧကစီကို အစိုးရရဲ့အစီအစဉ်နဲ့ အခမဲ့ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။
RFA
ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကိုသုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖေါ်ပြောဆို
Photo Courtesy/Aung Nay Myo
နိုဝင်ဘာ ၂၈ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို စောင့်ကြည့်နေသည့် လုံထိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ အဖြူရောင် Phosphorousပါတဲ့ မီးလောင်ဗုံးကိုသုံးစွဲကြောင်း အမေရိကန်အခြေစိုက် နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ဇန်န၀ါရီလ ၃၀ရက်နေ့ ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။
အမေရိကန်နိုင်ငံသား လူ့အခွင့်အရေး ရှေ့နေတွေနဲ့
မြန်မာနိုင်ငံသားရှေ့နေတွေ ပူးပေါင်းတဲ့အဖွဲ့ဟာ သပိတ်စခန်းတွေ
အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ မုံရွာခရိုင် ကြေးနီတောင် စီမံကိန်းနေရာမှာ
စုံစမ်းစစ်ဆေးထားတဲ့ တွေ့ရှိချက်တွေကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။
အဲဒီ သပိတ်စခန်းဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ အဖြူရောင် Phosphorous ဟာ စစ်မြေပြင်တွေမှာသာ သုံးစွဲလေ့ရှိတယ်လို့ သတင်းစာက ရေးသားပါတယ်။ ဒေသခံတွေပြောဆိုချက်ကို ကိုးကားပြီးဖေါ်ပြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့ မီးလောင်ဗုံးလိုမျိုးအခွံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဓါတ်ခွဲခန်းတစ်ခုမှာ စမ်းသပ်ကြည့်ရာမှာ အဲဒီလို အတည်ပြု ပြောနိုင်တာလို့ဆိုပါတယ်။
၁၉၉၃ ခုနှစ်နိုင်ငံတကာ ပဋိညာဉ်ပြဌာန်းချက်မှာ Phosphorus အမျိုးအစားကို ဓါတုလက်နက်လို့ သတ်မှတ်ထားတာမရှိပေမယ့် ထိခိုက်ဒဏ်ရာရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲခွင့်ကိုတော့ ပိတ်ပင်ထားကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး လေ့လာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောကြောင်း နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ရေးသားပါတယ်။

နိုင်ငံပိုင် သတင်းစာက ဖြတ်ကပ်ညှပ်ဓာတ်ပုံ ဖော်ပြမှု ဦးရဲထွဋ် ဖြေရှင်း
ဒီကနေ့ထုတ် သတင်းစာတွေမှာ ကချင်ပြည်နယ်မှ ကေအိုင်အေက မိုင်းခွဲလို့ ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့တာ၊ အရပ်သား သေဆုံးခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဓာတ်ပုံဖော်ပြမှုဟာ မကြာသေးခင်က အဲပုဂံလေယာဉ်ပျက်ကျစဉ်က ထိခိုက်ပျက်စီးသွားတဲ့ ဆိုင်ကယ်ပုံကို ဖြတ်ကပ် ညှပ်လုပ်ပြီး နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့တာကြောင့် ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ အောက်ပါအတိုင်း တုံ့ပြန်ဖြေရှင်းထားပါတယ်။
မြန်မာ့အလင်း သတင်းစာ ဖော်ပြပုံ
ကြေးမုံ သတင်းစာ ဖော်ပြပုံ
The New Light of Myanmar အင်္ဂလိပ်ပိုင်း သတင်းစာဖော်ပြပုံ
အဲပုဂံ လေယာဉ်ပျက်ကျစဉ် ထိခိုက်ပျက်စီးခဲ့သည့် ဆိုင်ကယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘုတ်က ဒီဇင်ဘာ ၂၅၊ ၂၀၁၂ က ဖော်ပြထားသည့်ပုံ
ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှာ
ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုဖြစ်စဉ်သတင်းမှာ
အသုံးပြုထားတဲ့ ဓာတ်ပုံဟာ မြန်မာတိုင်းမ် ( အင်္ဂလိပ်) မှာ ဖော်ပြထားတဲ့
အဲပုဂံ လေယာဉ်ပျက်ကျမှုသတင်းမှာ ဖော်ပြထားတဲ့ဓာတ်ပုံဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးက ဒီနေ့ ညနေ ၆ နာရီလောက်မှာ ကျွန်တော့်ဆီကို ဆက်သွယ်အကြောင်း ကြားလာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက တာဝန်ရှိသူများနဲ့
စိစစ်မှုများ ချက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ စိစစ်ချက်အရ အခုလိုသိရှိရပါတယ်။
အဲဒီဗုံးကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက် ပြီး သတင်းအရင်းအမြစ်ထံကနေ သတင်း အရင်ရပါ တယ် ။ နောက် ညဘက်ကျမှဓာတ်ပုံတွေရောက်လာလို့ ထည့်သုံးလိုက်ပါတယ်။ အဲဒီပုံကို
သတင်း စာသုံးစောင်လုံးက သုံးလိုက်မိပါတယ်။ အခုထောက်ပြ
ချက်ရမှသတင်းပို့တဲ့တဲ့သူကို ပြန်စစ်တဲ့အခါ ဆိုင်ကယ်ပုံ က
မှားပို့လိုက်တာပါလို့ ပြောပါတယ်။
ဒါပေမယ့် သတင်းဖြစ်စဉ်ကတော့ မှားယွင်းခြင်းမရှိပါဘူး။ မှန်ကန်ကြောင်း ထပ်ပြီး အတည်ပြု လို့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအယ်ဒီတာများကို တိုက်ပွဲပုံများ၊
မတော်တဆထိခိက်မှုဖြစ်စဉ်များ၊ သဘာ ၀ဘေးဒဏ်များနဲ့ပတ်သက်ရင် သတင်းရော၊
ပုံစာပါ သေသေချာချာစိစစ်ဖို့၊ သတင်း ဓာတ်ပုံ ကို မသေချာရင် လုံးဝ မထည့်ဖို့
ဦးဆောင်ညွှန်ကြားရေးမှူးက ထပ်မံညွှန်ကြားပြီးဖြစ်ပါတယ်။
သတင်းပေးပို့သူကိုလည်း နောင် ဒါမျိုးဖြစ်ရင် သူ့ကို မသုံးတော့ဘူးလို့လည်း
သတိပေးထားပါတယ်။
ဒီဖြစ်စဉ်ဟာ အင်မတန်အရေးကြီးတဲ့ ကေအိုင်အေ တိုက်ခိုက်မှုဖြစ်စဉ်နဲ့ 
ပတ်သက်ပြီး မှားယွင်းခဲ့တာဖြစ်တဲ့ အတွက် သတင်းစာများအပေါ်ပြည်သူများရဲ့ ယုံကြည်မှုကို
ထိခိုက်စေပါတယ်။
နောက်ပြီး ပြည်သူ့ဝန်ဆောင်မှု သတင်းစာ များအတွက် သတင်းစာ အုပ်ချုပ်ရေးအဖွဲ့က
ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်မှာ ပါတဲ့ ပုံနှိပ်ခြင်းမပြုမီမှာ
သတင်းမှန်ကန်မှုကို တတ်စွမ်းသမျှ စစ်ဆေးရမည် ဆိုတဲ့ အချက်ကို အလေး
ထားဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီလိုပျက်ကွက်မှုအတွက် စာဖတ်ပရိသတ်များကို တောင်းပန်အပ်ပါတယ်။
နောင်အလားတူမဖြစ်စေဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားပါ့မယ်။
ပြည်ထောင်စုဝန်ကြီးကလည်း သတင်းစာများအနေနဲ့ တရားဝင်တောင်းပန်ဖို့ညွှန်ကြားထား
ပါတယ်။ နောင်မှာလည်း ပြဋ္ဌာန်းပြီးဖြစ်တဲ့ စာနယ်ဇင်းကျင့်ဝတ်များ၊
လုပ်ငန်းဆောင်ရွက်ပုံ နည်းစနစ်များအတိုင်း တိတိကျကျဆောင်ရွက်ဖို့၊
သတင်းမှန်ကန်မှုနဲ့ မြန်ဆန်မှုကို ဟန်ချက် ညီအောင်ဆောင်ရွက်ဖို့
ကျွန်တော်တို့အားလုံးကို ညွှန်ကြားခဲ့ပါတယ်။
Wednesday, January 30, 2013
ရေနန်းသဘင်၊ ရွှေမန်းတွင်၊ ငွေငန်းဆင်ခေါင်းစဉ်ဖြင့် မန္တလေးသင်္ကြန်ပုံရိပ်များကို ပြန်လည်သရုပ်ဖော်မည်
မန္တလေး၊ ဇန်နဝါရီ၂၉။
ဖေဖော်ဝါရီလ ၄၇က်နေ့တွင် မန္တလေးမြို့ရှိ အိုရီယန်တယ်
ဟောက်ခန်းမတွင် မန္တလေးမြို့မှ စာရေးဆရာဆရာ ဆူးဌက်က မန္တလေးသင်္ကြန်နှင့် ပတ်သက်သော စာတမ်းဖတ်ပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစာတမ်းဖတ်ပွဲကို “ရေနန်းသဘင်၊ ရွှေမန်းတွင်၊
ငွေငန်းဆင်”ခေါင်းစဉ်ဖြင့် စာတမ်းဖတ်သွားမည်ဖြစ်ပြီး ၁၉၃၀ခုနှစ်မှ၁၉၈၀ခုနှစ်ထိ နှစ်(၅၀)ဖြတ်ပိုင်းပုံရိပ်များကို ဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ထို စာတမ်းဖတ်ပွဲတွင် ရတနာပုံခေတ်၊ စစ်ကြိုခေတ်၊ စစ်အတွင်း ပြည်တော်ဝင်ခေတ်၊ စစ်အပြီး ၁၉၄၇ရွှေမန်း
တောင်ရိပ်ခိုခေတ်၊ ၁၉၅၀ ငြိမ်း ချမ်းရေးခေတ်၊ ၁၉၅၁ခုနှစ်
ပြည်ထောင်စုသင်္ကြန်၊ ၁၉၇၀ဝင်းဦးနှင့် မြို့မသင်္ကြန်၊ ၁၉၈၀
သင်္ကြန်မိုး သင်္ကြန်စသည့် ခေတ်အဆက်ဆက် သင်္ကြန်ပွဲတော် ကျင်းပလာခဲ့ပုံကို ထိုခေတ်က ကျော်ကြားခဲ့သော သင်္ကြန်
သီချင်းများ၊ အကအလှများနှင့် ပုံဖော်ကာ စာတမ်းဖတ်ကြား
သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးသင်္ကြန်နှင့် ခွဲထား၍မရသော မြို့မတူရိယာ
အသင်း၊ နန်းတော်ရှေ့ မင်္ဂလာစည်တော်ကြီးအဖွဲ့၊ သဘင်
ပညာရှင် ဘိသိတ်ပညာ ရှင် ငါးမည်ရတင်သိန်း၊ မြို့မတူရိယာ
အသင်းမှ ပင်တိုင်အဆိုတော်များကလည်း ပါဝင်ကူညီ အားဖြည့် သွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ပြတဲ့ မြန်မာသင်္ကြန်ရဲ့
ပြယုဒ်ထဲမှာ မန္တလေးသင်္ကြန်ဆိုတာ ပါဝင်ခဲ့တယ်။ အဲတော့
ကြာလာရင် မန္တလေးသင်္ကြန်ကို အရင်က ဘယ်လိုဆင်နွဲခဲ့ကြ
သလဲဆိုတာ နောက်လူငယ်တွေ တော်တော်များများ မသိကြ
တော့ဘူး။ အဲတော့ မန္တလေး သင်္ကြန်၊ ရိုးရာယဉ်ကျေးမှု သင်္ကြန် ကာလကို ဖြတ်သန်းခဲ့ကြတဲ့ ကနေ့ လူကြီးတွေလည်း ပျောက်
ပျက်သွားတဲ့ နှောင်းခေတ်သင်္ကြန်ကို ပြန် လည်တမ်းတ လွမ်း
ဆွတ်တာက တစ်ကြောင်း၊ အခုခေတ်လူငယ်တွေလည်း အရင်က ဘယ်လိုရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခဲ့ကြတယ်။ ဘယ်လိုပျော် ရွင်ခဲ့ ကြတယ်ဆိုတာသိစေချင်တာကတစ်ကြောင်းသိစေချင်လို့ 
ဒီပွဲကိုလုပ်တာပါ”ဟု စာရေးဆရာဆရာဆူးဌက်က ပြောကြားသည်။
ယနေ့ခေတ် နောက်ပိုင်းသင်္ကြန်ကျမှုနှင့် ပတ်သက်၍လည်း “ဆယ်နှစ်လောက်ရှိပြီ။ သင်္ကြန်ရောက်မှာ ကြောက်နေတာ။ သင်္ကြန် မြန်မြန်ပြီး ပါစေ ဆုတောင်းနေရတယ်။ ကိုယ်အရမ်း
ကြိုက်တဲ့ မိန်းကလေး သူခိုးဓားပြနဲ့ အိမ်ထောင်ကျသွားသလိုပဲ။ ခံစားလိုက်ရတယ်။ မနှစ်က သင်္ကြန် နားနီးတော့ ကျွန်တော့်
မိတ်ဆွေတွေက ကျွန်တော်ကို မန္တလေးသင်္ကြန်သွားမလို့
လိုက်ဦးမလားလို့ လာခေါ်တယ်။ မန္တလေးသားကို ဘယ်နှယ့် မန္တလေးသင်္ကြန် ခေါ်ရသလဲပေါ့။ သေချာမေးကြည့်တော့မှ တရုတ်ပြည်နားမှာ မန္တလေးသင်္ကြန်ကဲ့သို့ ကျင်းပတာမျိုး
ရှိမှန်းသိရတယ်။ အဲဒီ နေရာမှာ နိုင်ငံခြားဧည့်သည်သန်းချီပြီး လာကြည့်ကြတယ်။ တကယ့်တန်ဖိုးရှိတဲ့ မန္တလေးကျုံးမြို့ရိုးကြီး
ကိုကျတော့ ဗီနိုင်းတွေနဲ့ ကာထား တယ်။ မနှစ်က သင်္ကြန်ပြီး
ကတည်းက ဒီပွဲကို အရမ်းလုပ်ချင်တာ။ အိုရီယန်တယ်ကလည်း အကူအညီပေးလို့ လုပ်ဖြစ်သွားတာပါ”ဟု ထပ်မံပြောကြားသည်။
အဆိုပါပွဲကို ဖေဖော်ဝါရီလ ၄၇က်နေ့တွင် မနက်၉နာရီမှ စတင်ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ သတ်မှတ်
ထားကြောင်း သိရသည်။
____________________________________
Reference and Credit to -သဲထွေး(Myanmar Age)
ကမ္ဘာ့ဘဏ်အုပ်စုမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည်
အဆိုပါအဖွဲ့ကို အိုင်အက်ဖ်စီ အမှုဆောင် ဒုတိယဥက္ကဋ္ဌ နှင့် စီအီးအို Jin-Yong Cai ဦးဆောင်ကာ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် တွေ့ဆုံ ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီပေးမှု ပြန်လည်စတင်သည့် အချိန်တွင် ကမ္ဘာ့ဘဏ်အုပ်စုမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများ၏ဘ၀ တိုးတက်မြင့်မားရေး အတွက် ပြုပြင်ပြောင်းလဲမှုများကို ကမ္ဘာ့ဘဏ်အုပ်စုအနေနှင့် မည်ကဲ့သို့ ထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်မည်ကို သိရှိရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊အရပ်ဖက် လူ့အဖွဲ့အစည်း၊ ပညာရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အုပ်စုမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ကို ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
Eleven Media Group
လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားသင့်ကြောင်း လယ်ဆည်ဝန်ကြီး အကြံပြု

ရန်ကုန်၊ဇန်န၀ါရီ-၂၈
လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ် သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စား သင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။
“ယခင်ရှိရင်းစွဲ အကြွေးတွေကိုလည်း စားစရာမရှိ လျော်စရာရှိ ဆိုသလိုပေါ့။ ငါ့အကြွေးမြန်မြန် ကျေအောင် ထမင်းတစ်နပ်လျှော့စားမယ်။ ဒီလိုဆို တစ်လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ။ ခြောက်လပြည့် ဘယ်လောက် ဆပ်နိုင်မလဲ။ ငါ့မိသားစုနှင့်အတူ လျှော့စားမယ်။ ဥပုသ်စောင့်တဲ့ သဘောပေါ့။ ကုသိုလ်လည်းရ၊ ၀မ်းလည်း ၀ပေါ့။ ဥပုသ်စောင့်မယ်ဆိုတဲ့ စိတ်နဲ့ဆို အကြွေးကျေသွားမယ်။ အကြွေးမကျေရင် သံသရာထဲက မလွတ် နိုင်ဘူး။ နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားရန် အကြံပေးခြင်းထက် ပြည်ထောင်စု ၀န်ကြီးတစ်ဦး အနေဖြင့် ထို့ထက်ကောင်းမွန်သော နည်းလမ်း ကောင်းများ ရှာပေးသင့်ကြောင်း မြန်မာနိုင်ငံဆန် စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိ သူများကဆိုသည်။
“အကြွေးကျေဖို့ဆိုရင် ထမင်းတစ်နပ် လျှော့စားရုံတင်မကဘူး။ ဆန်ပြုတ် သောက်ဆိုရင်လည်းသောက်မယ်” ဟု ဓနုဖြူမြို့နယ် နှဲကျိုးကျေးရွာအုပ်စုမှ လယ်သမားကြီး ဦးသိန်းအောင်ကလည်း ဆိုသည်။
လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည် ပြန်ဆပ်မှသာ လာမည့် မိုးရာသီတွင် တစ်ဧကကို ကျပ်တစ်သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေ မှတ်ပုံတင်ကိုလည်း အကြွေး ကျေမှ ထောက်ခံပေးမည်ဟု သတင်းရရှိသည်။
“ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျွန်တော် ဆရာဦးမောင်အေးဆီသွားတော့ သံသရာကြွေးမပါအောင် လယ်သမားတွေ ဒုက္ခမရောက်အောင်လုပ်ဖို့ ပြောလိုက်တယ်” ဟု ဦးမြင့်လှိုင်ကဆိုသည်။
ပြည်ထောင်စုဝန်ကြီးက ကြွေးကင်းစွာ နေထိုင်နိုင်ခဲ့သော ၎င်း၏ ငယ်ဘ၀ အကြောင်းကို လယ်သမားများအား ရှင်းပြသည်။ ထို့အပြင် ကြွေးကင်းသူများ ဖြစ်အောင်လည်း လယ်သမားများကို တိုက်တွန်းခဲ့သည်။ ကုမ္ပဏီများ၏ အကြွေးနှင့် ပတ်သက်၍လည်း အကျေအလည် ပြန်ပေးဆပ်ရန် လယ် သမားများကို ပြောကြားခဲ့သည်။ သို့မှသာ စေတနာဖြင့် လယ် သမားများ အကျိုးလာရောက် ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များ အတွက် ပိုအဆင်ပြေ လုပ်နိုင်ကိုင်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
“တောင်သူများအတွက် ဖြစ်နိုင်ရင် ၀င်ဆပ်ပေးချင်တယ်။ လယ်သမားတွေ ဆင်းရဲတာ ကျွန်တော်လည်း စိတ်မချမ်းသာဘူး” ဟု ဦးမြင့်လှိုင်ကဆိုသည်။
လယ်သမားများ အကြွေးကျေ၍ လယ်ယာမြေ မှတ်ပုံတင်ရရှိပါက ဘဏ်များ၌ လယ်ယာမြေပေါင်နှံနိုင်ရန် ထောက်ခံပေး မည်ဟုလည်း ပြောကြားသည်။
လယ်ယာမြေကို ဘဏ်များ၌ ပေါင်နှံခွင့်ရမည်ဆိုပါက ဒေသပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းခန့် ချေးခွင့်ရရန် ထောက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။
“နေပြည်တော်က လယ်တွေဆို တစ်ဧက ကျပ်သိန်း ၁၀၀ လောက်ရတယ်။ အဓိက လယ်တွေကို မြေပြင်ဖို့လိုတယ်” ဟု ဦးမြင့်လှိုင်က လယ်သမားများ အား ပြောကြားသည်။
လက်ရှိအချိန်တွင် လယ်မြေပြုပြင်မှုစရိတ်မှာ တစ်ဧကလျှင် ကျပ်သိန်း များစွာ ကုန်ကျသောကြောင့် လယ်သမားအများစုမှာ မပြုလုပ်နိုင်ကြပေ။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေရယူထားသော ဧရာဝတီတိုင်း ဒေသကြီးမှ လယ်သမားများမှာ အကြွေးပြန်ဆပ်ငွေ အပြည့် အ၀ရခဲ့ပြီး ယခုနှစ်အတွက်မူ စိုက်ပျိုးစရိတ်များ မသိမ်းရသေး၍ မသိရသေး ကြောင်းလည်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် ဆန်စပါး အထူးပြုကုမ္ပဏီများမှ ချေးငွေများကိုမူ ဧရာဝတီတိုင်းဒေသကြီးရှိ ဓနုဖြူမြို့ နယ်မှ လယ်သမားများ ပြန်ပေးဆပ်နိုင်မှုမှာ ယခုနှစ်တွင် ၆၀ ရာခိုင်နှုန်း ၀န်းကျင်သာ ရှိသေးကြောင်းလည်း သတင်းရရှိသည်။
7Day News Journal
7-Eleven သက်သာစတိုးဆိုင်များ မြန်မာပြည်မှာ ဖွင့်မည်

ထိုင်းနိုင်ငံ၏ အကြီးဆုံး သက်သာ စတိုးဆိုင်များ တည်ထောင်ရေး ကုမ္ပဏီ CP All က ကြီးထွားလာနေသော ဈေးကွက်၏ တောင်းဆိုချက်ကြောင့် မြန်မာ၊ လာအိုနှင့် ကမ်ဘောဒီးယားနိုင်ငံများတွင် 7-Eleven သက်သာစတိုးဆိုင်များ ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။ CP All ကို ထိုင်းတွင် အချမ်းသာဆုံး သူဌေးကြီး ထာ့နင်ချီရာဗာနွတ်က ထိန်းချုပ်ထားပြီး မြန်မာနိုင်ငံတွင်လည်း ကြက် ဝက် မွေးမြူရေးနှင့် အစာသွပ်လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံထားသည်။
The Irrawaddy (Burmese Version)
ပုသိမ်ခရိုင် ရွှေသောင်ယံကမ်းခြေတွင် အလျား ၃၆ ပေ၊ လုံးပတ် ၁၆ ပေရှိ ဝေလငါးသေတစ်ကောင်ကို တွေ့ရှိ

ချောင်းသာကမ်းခြေ မြောက်ဘက် ရွှေသောင်ယံမြို့နယ်ခွဲ မကျီးစဉ်
ကျေးရွာကမ်းခြေတွင် ဝေလငါးသေတစ်ကောင်အား ဇန်န၀ါရီလ ၂၅ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဝေလငါးသည် ပင်လယ်တွင်း သေဆုံးကာ ပင်လယ်ရေနှင့် အတူ မျောပါလာခဲ့ခြင်းဖြစ်ပြီး မကျီးစဉ် ကျေးရွာနှင့် ဂျိုင်လယ်ကျေးရွာ
အနီး၊ ဘုရားတောင်နှင့် ကျောက်မောင်နှမကြားရှိ ကျောက်ဖျာပေါ်တွင် တင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။
ဝေလငါးသည် အလျား ၃၆ ပေ၊ လုံးပတ် ၁၆ ပေ ၊အောက်မေးရိုး ကိုးပေ၊ရှေ့ရေယက် သုံးပေနှင့် အမြီးတစ်ခြမ်းလျင် လေးပေခွဲခန့်ရှိပြီး၊
ဝေလငါးအပြာအုပ်စုမှ ငါးအထီး ဖြစ်သည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဆိုသည်။
''၁၉၇၈ ခုနှစ်လောက်တုန်းက ပေ ၂၀ အရှည်လောက်ရှိတဲ့ ငါးတစ်ကောင်ကို မကျီးစဉ်အုပ်စု ကုလားချောင်းရွာနားက ဆင်သေချိုင် သောင်ပြင်မှာ တစ်ခါတွေ့ရဖူးတယ်။ ခါးစစ်ရိုးအ၀က ငါးလက်မလောက်ရှိမှာပေါ့။ ဒီလိုပဲ ပင်လယ်ထဲမှာသေတဲ့ သတ္တ၀ါတော်တော်များများ လှိုင်းလေနဲ့အတူ ကမ်းခြေကို ပါလာတတ်
တာ သဘာဝပါပဲ''လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ဦးမြင့်အောင်က ပြောပြသည်။
လွန်ခဲ့သည်နှစ်က ရွှေသောင်ယံဒေသတွင် ရေ၀က်ခေါ် ၀က်နှင့်တူသော ငါးတစ်ကောင်အား မှိန်းဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ငါးသည် ပိဿာချိန် ၃၆၀ ခန့်ရှိပြီး၊ ရှားပါငါးဖြစ်၍ ငါးလုပ်ငန်းသို့ လွဲပြောင်းပေး
ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ပုပ်ပွနေသော ဝေလငါးအသေအား
မြေမြှုပ်ပစ်ရန် စီစဉ်ထားသော်လည်း ကျောက်ဖျာပေါ်တွင်ရှိ၍ သယ်ယူရန်ခက်ခဲသဖြင့် ခွေးအပါအ၀င် တိရစ္ဆာန်များ မဖျက်ဆီးစေရန် ပိုက်များဖြင့် မူလနေရာမှာပင် ကာရန်ထားပြီး၊ ရက် ၃၀ အကြာတွင် အရိုးခြစ်ယူခြင်းဖြင့် ထိန်းသိမ်းသွားမည် ဖြစ်သည်ဟု ဆိုသည်။
ယင်းဝေလငါးအသေအား မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ
ကျောင်းသား၊ ကျောင်းသူများမှလာရောက်သုတေသနပြု လေ့လာ
သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Reference and Credit to -Eleven Media Group
နိုင်ငံပိုင်ငွေ အလွဲသုံးသံသယဖြင့် ဆက်သွယ်ရေး အဆင့်မြင့်အရာရှိ အချို့ စစ်ဆေးခံနေရ
နေပြည်တော်၊ ဇန်နဝါရီ ၂၉
နိုင်ငံပိုင်ငွေ အလွဲသုံးခြင်းဟုဆိုကာ မြန်မာ့ ဆက်သွယ်ရေးမှ အဆင့်မြင့်အရာရှိကြီး ၈ ဦးအပါအဝင် ဝန်ထမ်းအချို့ကို စစ်ဆေးလျက်ရှိကြောင်း CID အရာရှိတစ်ဦးထံမှ သိရသည်။ အဆင့်မြင့် အရာရှိကြီး ၈ဦး အပါ အဝင် ဝန်ထမ်းစုစုပေါင်း ၁၅ ဦးကျော်တို့အား မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်း များအတွက် လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေ တင်ပြတောင်း ခံရာတွင် ပိုမိုတွက်ချက် တင်ပြထုတ်ယူခြင်းနှင့် စက်ကိရိယာ ဝယ်ယူရာတွင် ဈေးလျှော့ဝယ်ယူသည်ဟုဆိုကာ စစ်ဆေးခြင်း နေခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။ အဆိုပါပုဂ္ဂိုလ်များကို နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်း ရဲစခန်းတွင် (ပ) ၆/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉ဖြင့်အမှုဖွင့် ကာ အထူးစုံစမ်း စစ်ဆေးရေးမှ စစ်ဆေး လျက်ရှိကြောင်း၊ ၄င်းတို့၏ အိမ်များသို့ပါ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ”အမှုတည်ဆောက်လို့ မပြီးသေး ဘူး၊ စစ်ဆေးပြီးလို့  တရားခံ၊ တရားလို သက်သေတွေနဲ့ အထောက်အထား တွေခိုင်လုံမှ တရားရုံးမှာ စွဲချက်တင်သွား ရမှာပါ။ မခိုင်လုံဘဲနဲ့တော့ တရားစွဲလို့ မရဘူးပေါ့။ လောလောဆယ် ပုဒ်မတစ်ခု တပ်ပြီး စစ်ဆေးနေ တဲ့သဘောပဲ။ သေချာ ခိုင်လုံတဲ့အချက်တွေ ထွက်လာပြီဆိုမှ အမှုစွဲချက်ပုဒ်မ ပြောင်းသွားနိုင်တဲ့ သဘောရှိပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ လက်ရှိတွင် ပြည်ထောင်စု စာရင်း စစ်ချုပ်မှ စစ်ဆေးတွေ့ ရှိ ချက်အပေါ် အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်း များက ပူးပေါင်း စစ်ဆေးနေ ခြင်းဖြစ်ပြီး စစ်ဆေးချက်များကို ရက်အကန့်အသတ် မထားကြောင်းသိရသည်။ ယင်းသို့ စစ်ဆေးရာတွင် ပေါ်ပေါက်သည့် အချက်အလက် များအရသာ တရား ဥပဒေအရ စွဲ ချက် တင်သွားရမည်ဖြစ်ကြောင်း သိရသည်။ ယခု စစ်ဆေးနေသော ပုဂ္ဂိုလ်များအပြင် လိုအပ်ပါက ဆက်သွယ်ရး ဝန်ထမ်းအချို့ကိုပါ ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၆ ရက်နေ့ တွင် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း မိမိဆန္ဒအလျောက် နုတ်ထွက်ခဲ့ သည်။
http://popularmyanmar.com

“တင်ဒါအသစ်ခေါ်ယူထားသည့် ဆက်သွယ်ရေးအော်ပရေတာတစ်ခု လေးနှစ်အတွင်း ဖုန်းလိုင်း ၇ သန်းခွဲ ရောင်းခွင့်ရမည်”
တင်ဒါခေါ်ယူထားသည့် ဆက်သွယ်ရေးအော်ပရေတာ တစ်ခုလျှင် လေးနှစ်အတွင်း
ဖုန်းလိုင်း ၇ ဒသမ ၅ သန်းအထိ ရောင်းချခွင့်ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ သိရသည်။
အဆိုပါ ကုမ္ပဏီတစ်ခုသည် ယခုနှစ် ၂ဝ၁၃-၂ဝ၁၄ တွင် ဖုန်း လိုင်း တစ်သန်း၊ ၂ဝ၁၄-၂ဝ၁၅ တွင် ဖုန်းလိုင်း ၃ သန်း၊ ၂ဝ၁၅-၂ဝ၁၆ တွင် ဖုန်းလိုင်း ၃.၅ သန်းဖြင့် စုစုပေါင်း ၇.၅ သန်း ရောင်းချခွင့် ရရှိမည်ဖြစ်သည်။
ထိုသို့ရောင်းချခွင့်ရရှိရန်အ တွက် ဆက်သွယ်ရေးသည် အော်ပရေတာနှစ်ခုကို ယခုလတွင် တင် ဒါ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အောင်မှ သာ ရောင်းချခွင့်ရရှိမည့် ဖုန်းလိုင်း ၇ သန်းကျော်သည် မြန်မာ့တယ် လီကွန်းနှင့် ရတနာပုံတယ်လီကွန်း အော်ပရေတာ နှစ်ခုထက် ရောင်းချခွင့်များစွာ နည်းပါးပြီး ဖုန်းလိုင်း အများဆုံးကို မြန်မာ့ဆက်သွယ်ရေး အသွင်ပြောင်း မြန်မာ့တယ်လီကွန်း မှသာ လုပ်ကိုင် ရောင်းချခွင့်ရရှိ ထားကြောင်း သိရသည်။
”အသစ်ခေါ်ထားတဲ့ အော်ပ ရေတာ နှစ်ခုကတော့ စမ်းသပ်လုပ် ကိုင်ခွင့်ပေးတဲ့သဘောနဲ့ ဖုန်းလိုင်း ဒီလောက်ပဲပေးတာပါ။ ဖုန်းလိုင်း တော်တော်များများကတော့ မြန်မာ့ တယ်လီကွန်းပဲ ရောင်းချသွားမှာ ပါ”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဆက်သွယ်ရေးကဏ္ဍအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ ဖုန်းများရောင်းချခြင်းကို ယခုနှစ်မှ စတင်ကာ အော်ပရေတာ ၄ ခုဖြင့် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးတော့မည်ဟု သိရပြီး ၃ နှစ်အတွင်းမိုဘိုင်း ဖုန်းလိုင်း ၃၉ ဒသမ ၅ သန်းကို ရောင်းချမည်ဟုလည်း သိရှိရ သည်။
အဆိုပါ ဖုန်းလိုင်း ၃၉ ဒသမ ၅ သန်းတွင် ပထမနှစ် ၂ဝ၁၃- ၂ဝ၁၄ တွင် ဖုန်းလိုင်း ၁ဝ သန်း ရောင်းချသွားမည်ဖြစ်ရာ မြန်မာ့တယ်လီကွန်းမှ ၄ သန်းနှင့် ရတနာပုံ တယ်လီကွန်းမှ ၄ သန်း ရောင်းချမည်ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ၌ ရောင်းချမည့် ဖုန်းလိုင်း ၁၄ သန်း တွင် မြန်မာ့တယ်လီကွန်းမှ ၅ သန်း၊ ရတနာပုံတယ်လီကွန်းမှ ၃ သန်း ရောင်းချမည် ဖြစ်သည်။ ၂ဝ၁၅-၂ဝ၁၆ တွင် မြန်မာတယ်လီကွန်း ၅ သန်း၊ ရတနာပုံတယ်လီကွန်း မှ ၃ ဒသမ ၅ သန်းအသီးသီး ဖုန်းလိုင်းများ ရောင်းချခွင့် ရရှိထား ကြောင်း သိရသည
http://popularmyanmar.com မှ

တပ်မတော်မှ သိမ်းယူထားသော လယ်ယာမြေများအတွက် ကာလပေါက်ကြေးအတိုင်း လျော်ကြေးငွေများ ဆက်လက် ပေးအပ်သွားမည်ဟု တွဲဖက်စစ်ထောက်ချုပ် ပြောကြား
တပ်မတော်မှ သိမ်းယူထားသော လယ်ယာမြေများအတွက် လျော်ကြေးငွေများ ဆက်လက်
ပေးအပ်သွားမည် ဖြစ်ကြောင်း စစ်ထောက်ချုပ်ရုံး တွဲဖက် စစ်ထောက်ချုပ်
ဗိုလ်ချုပ်မင်းနိုင်က ဇန်န၀ါရီလ ၂၈ ရက်တွင် လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
တပ်မတော်မှ သိမ်းယူထားသော လယ်ယာမြေများအတွက် စစ်ထောက်ချုပ်ရုံးနှင့် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လိပ်မူ၍ တိုင်ကြားစာနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်းသည့် အကြိမ် စုစုပေါင်း ၂၈၀ ရှိကြောင်း သိရသည်။
ထိုသို့ တိုင်ကြားစာများပေါ်တွင် မူတည်၍ ပြန်လည် ဖြေရှင်းမှုများ ပြုလုပ်ပေးလျက်ရှိပြီး ၂၀၁၂ ခုနှစ် အတွင်း တပ်ပိုင်မြေအဖြစ်သိမ်းဆည်းခဲ့သည့် အပေါ် တိုင်စာများအရ ပြန်လည်စိစစ်၍ လယ်မြေ ၉၇၉ ဒသမ ၅ဧက၊ ယာမြေ ၉၆၁ ဒသမ ၄၇ဧက၊ လယ်ယာ ကျူးကျော်မြေ ၁၀ ဒသမ ၈၅ ဧကနှင့် လမ်းမြေ ၀ ဒသမ ၆၂ ဧက စုစုပေါင်း ၁၉၅၁ ဒသမ ၉ ဧက နှင့် သီးနှံလျော်ကြေးငွေ ကျပ်သန်းပေါင်း ၉၉၉ ဒသမ ၂၅၈ သန်းကို ပြန်လည် ပေးလျော်ခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အလားတူ တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာမြေများနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြားစာ ၅၅၁ စောင် ရောက်ရှိခဲ့ကြောင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်မှ ဖြေရှင်းပြီးထဲမှ ထပ်တူကျသော အမှု ၄၂ မှု ရှိသောကြေင့် ဖြေရှင်းရန် ၃၈၉ မှု ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
ထိုသို့ တိုင်ကြားစာများနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်မှ ပြည်နယ်နှင့်တိုင်း အလိုက် အဖွဲ့ ၁၀ ဖွဲ့ခွဲ၍ စုံစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေ ကြောင်းလည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က ပြောကြားခဲ့ပါသည်။
ထို့အပြင် စုံစမ်းမှုများအရ တပ်မြေနှင့် မဆိုင်သော၊ တပ်အဆောက်အဦ ဆောက်ရန် မဟုတ်ဘဲ စီးပွားဖြစ် သိမ်းယူမှုများ ရှိကြောင်းနှင့် ထိုသို့ သိမ်းယူမှုများအတွက် စစ်ထောက်ချုပ်ဘက်မှ ပြန်လည်စိစစ် သုံးသပ်ပေးပါ ရန်လည်း ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့ပါသည်။
“ပြည်သူအချို့က ဘာပြောလဲဆိုရင် တိုင်းပြည် တစ်ပြည်မှာ တပ်မတော်ဆိုတာ ရှိသင့်ပါတယ်။ တိုင်းပြည်ကာကွယ်ရေး တာဝန်ဟာ တပ်မတော် ရှိမှပါ။ တပ်မတော်ရဲ့ အဆောက်အဦတွေ ဆောက်ဖို့ဆိုရင် ကျွန်တော်တို့မြေကို အလကားယူသွားပါ။ တစ်ပြားမှ မပေးပါနဲ့ ဒီလိုတောင် ပြောပါတယ်။ ဒါပေမယ့် တပ်ဝင်းနဲ့ မဆိုင်တဲ့ ဝေးလံတဲ့ နေရာတွေမှာ လိုက်ပြီး ခြံတွေ မြေတွေကို စီးပွားဖြစ် သိမ်းတာမျိုးကိုတော့ ခံစားရ ခက်ပါတယ်။ အဲဒီတော့ အဲဒီလို နေရာမျိုးတွေကို စစ်ထောက်ချုပ် ကြီးတို့ဘက်က ပြန်ပြီးစဉ်းစား သုံးသပ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၈၉၄ ခုနှစ် ပြဋ္ဌာန်းခဲ့သော Burma Land Acquisition Act ပုဒ်မ ၄ အရ မြေသိမ်းလိုသည့် မြေနေရာများကို မြေသိမ်းလိုသည့် အကျိုးအကြောင်းများကို ဖော်ပြ၍ မြေသိမ်းဖွယ်လိုရာ ရှိသည်ဟု အများပြည်သူ သိရှိအောင် ဖော်ပြပေးရကြောင်း သိရသည်။

အမျိုးသားလွှတ်တော်၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးချက်အချို့အပေါ် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်
အမျိုးသားလွှတ်တော်၌ ပြည်တွင်းငြိမ်းချမ်းရေး အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက် အချို့အပေါ် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၂၈ ရက်က ပြု လုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်အဆိုအား ဆွေးနွေးရာတွင် 'ရွှေလက်နဲ့ ခေါ်တုန်းလာပါ။ bullet နဲ့ ခေါ်တာ မလိုချင်ပါနဲ့' ဟူသော စကားနှင့် တရားသော စစ်ကို ဆင်နွှဲရန် စသည့် ထည့်သွင်းဆွေးနွေးချက်များသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးစေနိုင်ကြောင်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက ဆိုပါသည်။
ယင်းစကားလုံး အသုံးအနှုန်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးလှဆွေနှင့် ဦးမန်းကံညွန့်က ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အချင်းချင်း သံသယဖြစ်စေတဲ့ အကြောင်းအရာတွေ၊ အချင်းချင်း မယုံသင်္ကာ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်... |
ထိုသို့ ပြောဆိုဆွေးနွေးချက်သည် တစ်သီးပုဂ္ဂလ ခံစားချက်ဖြစ်နိုင်သော်လည်း လွှတ်တော်အတွင်း၌ ပြောဆိုခြင်းမှာ လူထုကိုယ်စားပြု ပြောဆိုသကဲ့သို့ ဖြစ်သောကြောင့် လူနည်းစုတိုင်းရင်းသားများအကြားတွင် အထင်အမြင် လွဲမှားသွားနိုင်ကြောင်းလည်း တိုင်းရင်းသား ကိုယ်စားလှယ်များက ဆိုပါသည်။
''နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားလာတဲ့ ပဋိပက္ခအပေါ်မှာ ဒီလိုစကားဟာ တိုင်းရင်းသားတွေရဲ့ကြားမှာ နာလိုခံခက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အချင်းချင်း သံသယဖြစ်စေတဲ့ အကြောင်းအရာတွေ၊ အချင်းချင်း မယုံသင်္ကာ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်။ ဒီလိုစကားမျိုးကိုတော့ မပြောသင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် စားပွဲဝိုင်းမှာပဲ အဖြေရှာသင့်ပါတယ်''ဟု ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါသည်။
မြောင်းမြမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက ''ဒီဆွေးနွေးချက်ကို လုံးဝကန့်ကွက်ပါတယ်။ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ရော တိုင်းရင်းသား တစ်ယောက်အနေနဲ့ရော လုံးဝလက်မခံနိုင်ပါဘူး။ ဒီလိုအပြတ်တိုက်မယ်ဆိုရင် နိုင်သွားတဲ့သူကရော ငါနိုင်တယ်ဆိုပြီး ဂုဏ်ယူရမှာလား။ နိုင်ငံကရော ဂုဏ်ယူမှာလား။ ကမ္ဘာကရော ဂုဏ်ယူမှာလား။ အားလုံးက တိုင်းရင်းသားတွေပဲဟာ။ ရှုံးသွားတဲ့ဘက်ကလည်း အင်အားပြန်ကြီးလာရင် ပြန်ချမှာပဲ။ ဒီတော့ ဘယ်တော့မှ ငြိမ်း ချမ်းရေးရမှာ မဟုတ်ဘူး။ ညှိယူရမှာ။ ဘယ်အရာမျိုးမဆို ညှိယူလို့ မရတာ မရှိဘူး''ဟု ပြောကြားခဲ့သည်။
ပြည်သူများ လိုလားသည့် ငြိမ်းချမ်းရေးကို နှစ်ဖက်စလုံးမှ လိုလိုလားလားနှင့် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးကြရန်လိုကြောင်း၊ ယင်း နှင့် ပတ်သက်၍ မျှတစွာ ပြောဆိုသင့်ကြောင်း၊ ထိုသို့ ပြောဆိုဆွေးနွေးမှုကို ကေအိုင်အေဘက်မှလည်း အမြင်မစောင်းစေလိုကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ရန် တိုက်တွန်းကြောင်းလည်း တိုင်း ရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
Eleven Media Group
ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ
ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက်တာပါ။
အဲဒီ့သဘောထားထုတ်ပြန်ချက်ကို အပေါင်းလက္ခဏာဆောင်လို့ ကြိုဆိုတယ်လို့ ကေအိုင်အေ တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA က တဆင့် အခုလို တုံ့ပြန်လိုက်ပါတယ်။
“ဒါမျိုးထုတ်ပြန်လာတယ် ဆိုကတည်းကတော့ အကောင်းဘက်မှာ ရည်ညွှန်းပြီးတော့ ထုတ်ပြန်တယ်လို့ ယူဆတယ်၊ ဒီမနက်ဖြန် သဘက်ခါဆိုရင် ကျနော်တို့ ကေအိုင်အို အနေနဲ့လည်း ထုတ်ပြန်ကြေညာချက်တစ်ခု ရောက်လာမယ်လို့ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုရင် တပ်မတော်က ဒီလိုမျိုးထုတ်ပြန်တယ်ဆိုလို့ရှိရင် ကျနော်တို့ဘက်ကလည်း မထုတ်ပြန်နိုင်စရာ အကြောင်းတော့မရှိပါဘူး၊ အခုလို ပွင့်ပွင့်လင်းလင်း လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့တော့ အားလုံးကြိုဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဘက်မှာ အပေါင်းလက္ခဏာဆောင်ဖို့ များပါတယ်ဆိုတဲ့ အပိုင်းကို ကျနော်ကလက်ခံပါတယ်”
ဒီကနေ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အစိုးရတပ်မတော်အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တာမျိုးမှအပ ပစ်ခတ်တိုက်ခိုက်တာတွေ မပြုလုပ်ပဲ သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်တိုင်း တိတိကျကျ လိုက်နာမယ်လို့လည်း ဖော်ပြထားပါတယ်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
![]() |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် တို့ ဆိုလ်းမြို့ရှိ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ |
တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ ဆိုးလ်မြို့က သမ္မတအိမ်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ မစ္စပတ်ဂွန်းဟေးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ဒေသတွင်း လွတ်လပ်မှု အခွင့်အရေးတွေနဲ့ ငြိမ်းချမ်းရေးတွေအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတသစ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေမှာ ဖြောင်ချန်းပြည်နယ်ကို သွားရောက်ပြီး ဆောင်းရာသီ အထူးအိုလံပစ်ပွဲတော်ကို ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။
မနက်ဖြန်မှာတော့ ဖြောင်ချန်းပြည်နယ်က ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) ကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်သလို ကွမ်ကျူးမြို့မှာ ကျင်းပမယ့် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံကို တက်ရောက်ပြီး ကွမ်ကျူးလူ့အခွင့်အရေးဆုကို လက်ခံရယူမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုးလ်အမျိုးသား တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားမယ့်အပြင် ညနေပိုင်းမှာ ကိုရီးယားရောက် မြန်မာတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။RFA
တပ်မတော်အားကစားကွင်းဖွင့်ပွဲ လေထီးစစ်သည်များ Free Fall ဖြင့် ဂုဏ်ပြု
အဆိုပါအခမ်းအနားသို့ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည် ထောင်စုဝန်ကြီးများနှင့် နေပြည် တော်ကောင်စီအဖွဲ့ဝင်များ၊ ဖိတ် ကြားထားသူများနှင့် အားကစား သမားများ စုစုပေါင်းအင်အား ၂၀၀၀၀ ခန့် တက်ရောက်ခဲ့ကြ သည်။
ဦးစွာပထမ လေထီးဆင်း အရာရှိ/စစ်သည် ၂၀ တို့က အမြင့်ပေ ၈၀၀၀ မှ တပ်မတော် အလံ၊ သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်အလံများ ကိုင်ဆောင်ပြီး အလွတ်လေထီးခုန်(Free Fall) ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုကြသည်။ ထို့နောက် လှံစွပ်ထိုး၊ တိုက်ပွဲဝင် ကိုယ်လက်ကြံ့ခိုင်ရေး၊ လက်နက် ဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး၊ မြန်မာ့ သိုင်း၊ တိုက်ကွမ်ဒိုစွမ်းရည်များ ပြသကြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ““နိုင်ငံတကာ ပြိုင်ပွဲ များတွင် အောင်မြင်မှုများ အကြိမ်ကြိမ်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းများ တွင် တပ်မတော်သားများ အများ အပြားပါဝင်ခဲ့ကြောင်း၊ အထူး သဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်း ကိုယ် လက်အင်္ဂါ အစိတ်အပိုင်းများ စွန့် လွှတ်ခဲ့ကြသည့် တပ်မတော်သား များသည် နိုင်ငံတကာမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆု တံဆိပ်များစွာ ရရှိခဲ့ကြကြောင်း၊ မသန်သော်လည်း စွမ်းသူများဖြစ် ကြောင်း၊ မကြာမီကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးကို အစိမ်းရောင်အားကစားပွဲ၊ သန့် ရှင်းသောအားကစားပွဲ၊ ချစ်ကြည် ရင်းနှီးသော အားကစားပွဲဖြစ်စေ ရန် မဟာဗျူဟာရည်မှန်းချက် ထားရှိ ဆောင်ရွက်လျက်ရှိ ကြောင်း””ဖြင့် ပြောကြားသွား သည်။
၂၀၁၃ ခုနှစ် တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင် ပွဲကို ယနေ့ ဇန်န၀ါရီလ ၂၈ ရက် မှ လာမည့်ဖေဖော်ဝါရီလ ၆ ရက် နေ့အထိ အားကစား ၁၅ မျိုးဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ်ပြီး နေ့ပိုင်းတွင်သာမက ညပိုင်းတွင် ပါ အားကစားပြုလုပ်နိုင်အောင် လျှပ်စစ်မီးဆိုင်းကြီးများ တပ်ဆင် ထားသည်။ ယနေ့ ဖွင့်လှစ်သည့် တပ်မတော်အားကစား ကွင်းကြီး သည် နိုင်ငံတကာဘောလုံးပွဲများ နှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပ နိုင်သည့် ခေတ်မီအားကစား ကွင်းကြီးတစ်ခုဖြစ်သည်။
မောင်ကျော်
ကိုးကား-Sky Net......Hot News Weekly မှ
ကိုးကား-Sky Net......Hot News Weekly မှ