Headlines News :
Home » » ကေအိုင်အေက စစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တို့ ဆွေးနွေး

ကေအိုင်အေက စစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တို့ ဆွေးနွေး

Written By လွင့်မောင်မောင် on Wednesday, April 9, 2014 | 11:19 PM


ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အဓမ္မစစ်သားစုဆောင်းခံရသူများ ပြန်လွှတ်ပေးရေး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင်များ ဧပြီ ၆ ရက်က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲသို့ ဖမ်းဆီးခံရသူများ၏ မိဘငါးဦးကိုယ်တိုင် လိုက်ပါသွားပြီး စစ်သားအဖြစ် စုဆောင်းခံရသည့် အမျိုးသား အမျိုးသမီး ၃၃ ဦးကိုလည်း ပြန်လည်လွှတ်ပေးရန် ရှမ်းရေးရာအဖွဲ့က တောင်းဆိုခဲ့ကြောင်း သိရသည်။

ရှမ်းရေးရာအဖွဲ့မှ ခေါင်းဆောင် ဦးစိုင်းသာဇုံက "ကေအိုင်အိုင်နည်းပညာအကြံပေးအဖွဲ့ကိုဆွေးနွေးဖို့ ကမ်းလှမ်းတာက ကြာပါပြီ။ အခုမှ PCG အဖွဲ့နှင့် ဆွေးနွေးဖြစ်တာ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ကျွန်တော်တို့အဖွဲ့ကို အစိုးရရဲ့ လက်အောက်ခံအဖွဲ့လို့ထင်နေတာ၊၊ ကျွန်တော်တို့က ရှမ်းလူမျိုးအရေးကို ကိုယ့်အားကိုယ်ကိုးအဖွဲ့၊ အကြောက်တရားအောက်မှာ လုပ်နေရတဲ့အဖွဲ့ဆိုတာကိုပါ ရှင်းပြရတယ်။ ရှမ်းကချင်လူမျိုးရေး အတူယှဉ်တွဲနေထိုင်ရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့အထိ သုံးယောက်တော့ ပြန်လွတ်လာတယ်။ မိဘတွေအကြောင်းကြားလာတယ်။ ကျွန်တော်တို့ကောက်ယူထားတဲ့ စာရင်းအရ  ရှမ်းလူမျိုး ၂၉ ယောက်ကျန်သေးတယ်။ တခြားလူမျိုးတွေက ဒီကိစ္စနှင့်တောင်းဆိုလာရင်လည်း ဆောင်ရွက်ပေးဖို့ရှိပါတယ်။ အမျိုးသမီးတွေလည်းပါတော့ မိဘတွေစိတ်ထဲ ဘယ်လိုနေမယ်ဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ" ဟု ပြောကြားသည်။

ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ ရွှေလုပ်ကွက်တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်က အဖမ်းဆီးခံသွားရသူ မောင်ထွန်းထွန်းနိုင်၏ မိခင်ဖြစ်သူ ဒေါ်စင်းဝယ်က "ကျွန်မက သားကို တစ်ခေါက်သွားတွေ့ပြီးပြီ။ လွှတ်ပေးမယ်ပြောပြီး ငွေတစ်သိန်းတောင်းတာ နှစ်သိန်းပေးလိုက်တယ်။ ပြန်လည်းရောက်မလာဘူး။ အမြန်လာခေါ်ဖို့ ခဏခဏဆက်သွယ်ပြောနေတယ်။ အမေတစ်ခုသားတစ်ခုပဲရှိတာ။ စစ်သားတွေတက်သွားပြီကြားရင် အိပ်မပျော်တော့ဘူး" ဟု The Daily Eleven ကို ပြောကြားသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က "အဲဒီကိစ္စကို ကေအိုင်အို (ဗဟို) ကို ဖုန်းဖြင့်အကြောင်းကြားထားပါပြီ။ စာနှင့်လည်း အကြောင်းကြားဖို့ ရေးနေပါပြီ။ တာဝန်ထမ်းနေတာကြာပြီဆို အားလုံးနဲ့ညှိရဦးမယ်ထင်တယ်။ အရင်ကလည်း ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး အများကြီးလွှတ်ပေးခဲ့ပါတယ်။ အခုလည်း သူတို့ဆန္ဒနဲ့အခြေအနေကို မေးမြန်းပြီး ဆောင်ရွက်မယ်ထင်ပါတယ်။ ရှမ်းရေးရာအဖွဲ့နှင့်တွေ့တာတော့ ပထမအကြိမ်ပါ" ဟု ပြောကြားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template