Headlines News :
Home » » ကြားဖြတ်ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးမရသေးသည့် နေရာများနှင့် အခြေစိုက်ပါတီအဖွဲ့အစည်း မရှိသည့် နေရာများမှလွဲ၍ နေရာအများစုတွင် တစညပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးမရသေးသည့် နေရာများနှင့် အခြေစိုက်ပါတီအဖွဲ့အစည်း မရှိသည့် နေရာများမှလွဲ၍ နေရာအများစုတွင် တစညပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်

Written By လွင့်မောင်မောင် on Monday, April 7, 2014 | 11:16 PM


ကြားဖြတ်ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေး မရသေးသည့်နေရာများနှင့် အခြေစိုက်ပါတီ အဖွဲ့အစည်းမရှိသည့် နေရာများမှလွဲ၍ ကျန်သည့်နေရာ အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်ရွှေက ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးပြည်နယ်လွှတ်တော် ၃၁ နေရာ လစ်လပ်နေပြီး အဆိုပါနေရာများအတွက် တည်ငြိမ်အေးချမ်းမှု မရှိသည့်နေရာများမှလွဲကာ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

“ဘယ်နေရာတွေ ၀င်ပြိုင်မယ်ဆိုတာတော့ ပြည်နယ်နဲ့ တိုင်းတွေနဲ့ ညှိနှိုင်းပြီးမှ သဘောထားထုတ်မယ်။ ကျွန်တော်တို့ရဲ့ အခြေစိုက်ပါတီ အဖွဲ့အစည်းမရှိတဲ့နေရာတွေမှာ ၀င်မပြိုင်ဘူး။ နောက်ပြီး တချို့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတဲ့နေရာမျိုးတွေဖြစ်တဲ့ ကရင်ပြည်နယ်တို့၊ ကချင်ပြည်နယ်တို့ဆိုရင် စဉ်းစားရမယ်။ သင်္ကြန်ပြီးမှ သေချာဆွေးနွေးမယ်။ အများစုတော့ ၀င်ပြိုင်မယ်”ဟု ဦးဟန်ရွှေက ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးနောက် ဒုတိယမြောက် မဲဆန္ဒနယ် အများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

 ၂၀၁၀ ရွေးကောက်ပွဲတွင် ၉၉၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ၌ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ငါးနေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၄၅ နေရာ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ၆၄ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template