Headlines News :
Home » » DVB သတင်းထောက်နဲ့ သတင်းပေး ထောင် ၁ နှစ်စီချ

DVB သတင်းထောက်နဲ့ သတင်းပေး ထောင် ၁ နှစ်စီချ

Written By လွင့်မောင်မောင် on Monday, April 7, 2014 | 11:52 PM

 မကွေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ သတင်းထောက် ကိုဇော်ဖေ ခေါ် ကိုသူရသက်တင်နဲ့ သတင်းပေး ကိုဝင်းမြင့်လှိုင် ကို မကွေးမြို့နယ် တရားရုံးက ပုဒ်မ ၃၅၃၊ ဝတ္တရား နှောင့်ယှက်မှု၊ ပုဒ်မ (၄၄၈) ပိုက်နက် ကျူးလွန်မှုတွေနဲ့ ထောင်ဒဏ် ၁နှစ်စီ ချမှတ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် ကတည်းက မြို့နယ် ပညာရေးမှုးကနေ စွဲဆိုထားတဲ့အမှုကို ၂နှစ် နီးပါး ရှိကာမှ အခုလို စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကပေးတဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး မကွေးမြို့နယ်ပညာရေးမှူး ရုံးကို ဝင်ရောက် သတင်းယူ ရိုက်ကူးခဲ့တာမှာ မြို့နယ် ပညာရေးမှူးက တရားလို လုပ်ပြီး အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို သတင်းထောက် တစ်ဦးကို သတင်းယူမှု အတွက် ထောင်ဒဏ် ချမှတ် ခံရတာဟာ တရားမျှတမှု မရှိတဲ့ အတွက် ဥပဒေ ကြောင်းအရ အယူခံ အဆင့်ဆင့် ဝင်သွားမယ့်အကြောင်း ဒီဗီဘီ သတင်းဌာနရဲ့ မြန်မာပြည် တာဝန်ခံ ဦးတိုးဇော်လတ်က ပြောပါတယ်။

အခုနောက်ပိုင်း သတင်းထောက်တွေအပေါ် တရားစွဲဆို ထောင်ချတာတွေနဲ့ သတင်းရယူမှု ကန့်သတ် လာတာတွေဟာ ပြုပြင် ပြောင်းလဲရေးကို သွားနေပါတယ် ဆိုတဲ့ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ် လို့လည်း ဦးတိုးဇော်လတ်က မှတ်ချက်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌလို တာဝန်မျိုးတွေ ယူနေတဲ့ အခုလို အချိန်မျိုးနဲ့ အထွေထွေ ရွေးကောက်ပွဲ ကာလ တဖြည်းဖြည်း နီးကပ်လာချိန်မှာ အစိုးရ အနေနဲ့ နိုင်ငံအတွင်း သတင်း လွတ်လပ်ခွင့်တွေ ရှိတယ်ဆိုတာ ပိုမို ပြသဖို့ လိုအပ်တယ် ဆိုပြီး ဦးတိုးဇော်လတ်က ပြောပါတယ်။

အခုဆိုရင် နိုင်ငံခြားသား သတင်းထောက်တွေကို ပြည်ဝင်ခွင့် ဗီဇာ သက်တမ်းတိုးမပေးတာ သတင်းလွတ်လပ်ခွင့်ကို ချုပ်ကိုင်လာတွေနဲ့ သတင်းထောက်တွေကို တရားစွဲဆို ထောင်ချမှုတွေဟာ တိုင်းပြည်ရဲ့ စတုတ္တ မဏ္ဍိုင် ဆိုတဲ့ သတင်း မီဒီယာရဲ့ ရရှိလာကာစ လွတ်လပ်ခွင့်ဟာ ပြန်လည် ဆုံးရှုံးလာ နေပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
BBC
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template