Headlines News :
Home » » ပြည်တွင်းစစ်ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင်ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

ပြည်တွင်းစစ်ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင်ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

Written By လွင့်မောင်မောင် on Monday, April 7, 2014 | 10:58 PM


ရန်ကုန်မြို့တွင် ဧပြီ ၅ ရက်က စတင်ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
  April 6, 2014
နှစ်ပေါင်းများစွာ ကြာရှည်စွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ရပ်စဲရေးကို လက်ရှိကာလတွင် မလုပ်ဆောင်နိုင်ပါက အနာဂတ်တွင် ပိုမိုခက်ခဲသွားမည်ဟု ဧပြီ ၅ ရက်တွင် စတင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ၌ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ပြန်သုံးသပ်ပါက ယခင်ဖြေရှင်းမှုများတွင် လက်နက်ဖြုတ်သိမ်းရေးနည်းလမ်း လက်နက်ကိုင်အင်အားစုအားလုံး ကုန်သွားရေးနည်းလမ်းများကို နှစ်ဖက်လုံးမှ သုံးစွဲခဲ့ကြောင်း၊  လက်နက်ကိုင်တော်လှန် ပုန်ကန်မှုများ မည်သည့်အတွက်ကြောင့် ဖြစ်လာသည်ဆိုသည်ကို နိုင်ငံရေးအရ နည်းလမ်းရှာပြီး ဖြေရှင်းရမည့် အခြေခံကို မစဉ်းစားခဲ့ကြောင်း ထို့ကြောင့် လက်နက်ကိုင်အဖွဲ့ အချို့အား လက်နက်ဖြုတ်သိမ်း နိုင်ခဲ့သော်လည်း ထပ်မံပေါ်ပေါက်လာကြောင်း၊ ထိုသို့ ဖြေရှင်းနည်းသည် မပြေလည်နိုင်သည့်အတွက် အဓိကဖြစ်သည့် နိုင်ငံရေးအရ၊ စစ်ဘက်ရေးရာအရ အားလုံးပြေလည်မယ့် နည်းလမ်း ရှာဖွေရန် အစပြုနေခြင်းသည် များစွာကောင်းမွန်သည်ဟုမြင်ကြောင်း ဦးနိုင်ဟံသာက ပြောကြားသည်။

“အခု သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရခေတ်မှာမှ အခုလို ပြောင်းလဲလာတာ ဖြစ်ပါတယ်။ အခု အဲဒီလိုပြောင်းလဲမှု ဖြစ်ပေါ်လာတဲ့ ကာလမျိုးမှာဆိုရင် ကျွန်တော်တို့က အခုဒီမှာဒီလို နည်းလမ်းရှာတဲ့အခါမှာ အရင်ကာလရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေက ကျွန်တော်တို့ကြားမှာ မယုံကြည်မှုတွေ တော်တော်လေးများများ ရှိနေပါတယ်။ သံသယတွေ အတော်များများ ရှိနေပါတယ်။ ဒါက အရင်က မှားယွင်းတဲ့ကိုင်တွယ်မှု၊ ဖြေရှင်းမှုကြောင့်ပါပဲ။ ဒီလိုဖြစ်လာတဲ့ အပေါ်မှာ ကျွန်တော်တို့ကတော့ ဒါကိုနားလည်ပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းခံမှုရှိရှိနဲ့ ကျွန်တော်တို့က ဖြတ်ကျော်သွားမယ်” ဟု ပြောကြားသည်။

“ပြည်တွင်းစစ် ချုပ်ငြိမ်းပြီးတော့ ကျွန်တော်တို့နိုင်ငံ အေးချမ်းဖို့အတွက် နည်းလမ်းရှာဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့မှာ တာဝန်ကြီးကြီးမားမား ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ခေတ်မှာရော၊ ကျွန်တော်တို့ရဲ့ သားမြေးမြစ်ခေတ်မှာပါ ကျွန်တော်တို့နိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် ကျွန်တော်တို့အားလုံး ကြိုးစားဖို့ တာဝန်ရှိတယ်။ ကျွန်တော်တို့ ကြိုးစားသွားကြပါစို့လို့လည်း တစ်ဖက်က ပန်ကြားလိုပါတယ်” ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

ဦးနိုင်ဟံသာ၏ ပြောကြားမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က “ကျွန်တော်တို့တစ်တွေ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်များကို အများကြီး ခံစားခဲ့ပြီး ဖြစ်ပါတယ်။ ခုနတုန်းက ဥက္ကဋ္ဌကြီး ဦးနိုင်ဟံသာလည်း အများကြီး ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ပြောကြားချက်များ အားလုံးကို ကျွန်တော်အလေးအနက် ထောက်ခံပါတယ်။ အဲဒီတော့ ကျွန်တော်တို့တစ်တွေ ဒီဒဏ်ရာဒဏ်ချက်တွေကို ကုစားကြရတော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template