Headlines News :
Home » , » မြန်မာစာကို ရုံးသုံးအဖြစ်ထားရှိရန် တိုင်းရင်းသားတပ်ဖွဲ့များအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

မြန်မာစာကို ရုံးသုံးအဖြစ်ထားရှိရန် တိုင်းရင်းသားတပ်ဖွဲ့များအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

Written By လွင့်မောင်မောင် on Monday, April 7, 2014 | 11:22 PM

April 07, 2014

၂၀၁၄ ဧပြီလ ၆ ရက်နေ့က ‘တိုင်းရင်းသားများပြားသည့်မြန်မာနိုင်ငံအတွက် ဘုံဘာသာစာ​ပေမှာ မြန်မာ ဘာသာ စာပေသာဖြစ်သင့်သည်’ ဟု သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအား လက်ခံတွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဧပြီလ ၆ ရက် ယမန်နေ့နံနက်ပိုင်း က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် (ရမခ) စစ်တိုင်းရုံး ရွှေလီရိပ်သာ၌ ပြည်သူ့စစ်တပ်ဖွဲ့များ၊ အပစ်ရပ်တပ်ဖွဲ့များအား စစ်ဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီးခြားစီလက်ခံတွေ့ဆုံရာ မြန်မာ့တပ်မတော်မှချမှတ်ထားသည့် မူ ၆ ရပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး မြန်မာစာပေ စကားသာ ဘုံအဖြစ် အသုံးပြု ဖို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။


SSPP/SSA နှင့် တပ်မတော်စစ်ဦးစီးချုပ်တို့ လားရှိုးမြို့၌တွေ့ဆုံကြစဉ်

“စဝ်လွယ်မောဝ်း၊ စဝ်ကိုင်ဖ တို့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့  အရင်တွေ့တယ်။ သူတို့လဲ သီးသန့်ဘဲ မိနစ် ၂၀ လောက်ပဲကြာတယ်။ ပြီးတော့ ကျနော်တို့ SSPP/SSA က ၈. ၄၅ ကနေ ၉. ၃၀ နာရီအထိ သီးခြားတွေ့ တယ်။ တခြားတပ်ဖွဲ့တွေလဲ သီးခြားစီဘဲတွေ့ကြတယ်၊ အဓိက ကတော့ တပ်မတော်မူ ၆ ချက် ပြော တယ်။ နောက်ပိုတာက ဗမာစာပေစကားပဲ ဘုံအဖြစ် အဓိကထားအသုံးပြုဖို့ ပြောတယ်” - ဟု လိုက်ပါ တွေ့ဆုံသည့် အရာရှိတဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က   ဗိုလ်ချုပ်ခေးတိုင်းဦးဆောင်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ် ၅ ဦးအား ‘ ၎င်းတပ်မှူးဘ၀ က SSPP/SSA ဌာနချုပ်ဘက် အခြေချ လှုပ်ရှားခဲ့ဘူး ကြောင်း၊ တပ်မတော်မူခြောက်ရပ်ကို တဦးတဖွဲ့အတွက် ရည်ရွယ်ပြောဆိုခြင်းမဟုတ်ဘဲ၊ တွေ့သည့် အဖွဲ့တိုင်းအား ရှင်းပြခြင်းဖြစ်ကြောင်း’  ပြောခဲ့သည်ဟုဆိုပါသည်။

‘တရုတ်ပြည်မှာလဲ တိုင်းရင်းသားများတယ်။ ဒါပေမယ့်ဘုံက တရုတ်စာပဲသုံးတယ်။ အန္ဒိယ မှာလဲ အဲဒီသလိုဘဲ။ ထိုင်းမှာလဲ တိုင်းရင်းသားများတာဘဲ။ ဒါပေမယ့် ထိုင်းစာ ထိုင်းစကားကိုဘဲ ဘုံသုံး သုံးတယ် ။ ဒါကြောင့် တိုင်းရင်းသားများတဲ့ ကျနော်တို့နိုင်ငံမှာလဲ မြန်မာစာ မြန်မာစကားဘဲ ဘုံအဖြစ်အသုံး ပြုရလိမ့်မယ်” - ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားသွားသည်ဟု ဝမ့်ဟိုင်းအရာရှိတဦး ကပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့် တပ်မတော် မူ ၆ ရက်မှာ - တပ်သားသစ်မစုဆောင်းရ၊ အခွန်မကောက်ရ၊ ခွင့်ပြုချက်မရဘဲ တပ်စခန်း သစ်တိုးချဲ့ဆောက်လုပ်ခြင်းမပြုရ၊ ခွင့်ပြုချက်မရဘဲ သွားလာလှုပ်ရှားခွင့်မရ၊ အစိုးရအုပ်ချုပ်ရေးပိုင်း နှင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုရ၊ ပြည်သူ့စစ် တပ်ဖွဲ့အားရန်ရှာတိုက်ခိုက်ခြင်းမပြုရ စသည်တို့ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သျှမ်းပြည်ခရီးစဉ်တွင် လားရှိုးမြို့တွေ့ဆုံမှု အပြင် သျှမ်းပြည်မြို့ တော် တောင်ကြီးတွင်လည်း သျှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ်တပ်ဖွဲ့ ၂၇ ဖွဲ့မှ  ခေါင်းဆောင် များနှင့်  တွေ့ဆုံခဲ့ကြောင်း သိရပါသည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template