Pages
Saturday, November 8, 2014
၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်
 Saturday, 08 November 2014 11:39
စားစရာမရှိ၍ဟုဆိုကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သံပြားများကို အုပ်စုဖွဲ့လုယက်
 Saturday, 08 November 2014 13:15
ဟံသာဝတီလေဆိပ် တည်နေရာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြဿနာ အဓိက ကြုံတွေ့နိုင်ဟုဆို
 Saturday, 08 November 2014 12:04
လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တိုင်းရင်းသားပါတီ ၂၂ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကကန့်ကွက်
ရန်ကုန်၊ နိုဝင်ဘာ ၎
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလျက်ရှိသော လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တိုင်းရင်းသားပါတီ ၂၂ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကကန့်ကွက်ကြောင်း အဆိုပါ အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။
အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပြုလုပ်သော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ၏ အစည်းအဝေးတွင် ယင်းသို့ ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံရေး အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် အတိုက်အခံ ပါတီခေါင်းဆောင်သာမက ကျန်တိုင်းရင်းသား အစုအဖွဲ့များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့ အလျော့အတင်းလုပ် ညှိနှိုင်းရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
“အခုထိ ရပ်စဲနိုင်ခြင်း မရှိသေးတဲ့ ပြည်တွင်းစစ် အကြောင်းရင်းခံ ဖြစ်နေတဲ့ တိုင်းရင်းသား အရေးကလည်း အရေးကြီးပါတယ်။ အခြေခံဥပဒေအကြောင်း ပြောလည်း တိုင်းရင်းသား ပါရပါမယ်။ ဒါကြောင့် တိုင်းရင်းသားတွေကို ကိုယ်စားပြု အစုအဖွဲ့ကိုလည်း နိုင်ငံရေး ဆွေးနွေးတဲ့ နေရာမှာ ချန်ထားလို့ မရပါဘူး။ လေးပွင့်ဆိုင်ပဲ တွေ့ကြမယ်ဆိုရင် ဗမာကိုယ်စားပြုပဲ ဖြစ်နေမှာပါ။ အခုလည်း ကန့်ကွက်သလို၊ နောက်လည်း NBF က ဆက်လက် ကန့်ကွက်သွားမယ်” ဟု ၎င်းကဆိုသည်။
လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုခြင်းသည် နိုင်ငံအတွက် လိုအပ်နေသော အကျပ်အတည်းများကို အချိန်တိုတိုအတွင်း ညှိနှိုင်း ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် ဖြစ်ပြီး တိုင်းရင်းသား ပါတီများ အနေနှင့်လည်း သဘောထားချင်း မတိုက်ဆိုင်ပါက ကန့်ကွက်ပိုင်ခွင့် ရှိကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။
“NLD က လေးပွင့်ဆိုင်ကို တောင်းဆိုနေပေမယ့် တကယ်တမ်း ခေါ်တာက အစိုးရက ခေါ်မှတွေ့လို့ ရတာပါ၊ ဘယ်သူမဆို ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်၊ ဒါပေမဲ့ ဆွေးနွေးပွဲတွေမှာ လူအများကြီးသွားပြီး ဘာမှဆုံးဖြတ်လို့ မရတာမျိုးတွေက ကြုံခဲ့ရပေါင်း များလှပါပြီ” ဟု ၎င်းကဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်နာယကတို့ သီးသန့် တွေ့ဆုံရန် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တောင်းဆိုခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် လူထုဟောပြောပွဲများ၊ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည်။
ယင်းသို့ လေးပွင့်ဆိုင် တွေ့ဆုံရေးကို အစိုးရက လက်ခံခြင်း မရှိသော်လည်း၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NDF နှင့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် FDA၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ အပါအဝင် နိုင်ငံရေး ခေါင်းဆောင် ၁၄ ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံအပြီးတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ယခုကဲ့သို့ အဖွဲ့အစည်း စုံစုံလင်လင် ပါဝင်မည့် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသည် NLD ပါတီက တောင်းဆိုထားသော လေးပွင့်ဆိုင် တွေ့ဆုံပွဲ ပုံစံမဟုတ်ကြောင်း၊ လေးပွင့်ဆိုင် မှုဝါဒကို ဆက်လက်စွဲကိုင်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။ သို့သော်လည်း ဆွေးနွေးချက်များမှာ တိကျသည့် အဖြေမရရှိခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သော အင်အားစုအဖွဲ့ဝင် အသီးသီးက ထုတ်ပြန် ပြောကြားခဲ့ကြသည်။
အဆိုတော် လွှတ်တော်ကိုယ်စားလှယ် ဇေယျာသော် စေ့စပ်ပြီ
အဆိုတော် ဇေယျာသော်၊  လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်က   မသင်းဂျူလိုင်ကျော်နဲ့ စနေနေ့မနက်မှာ  စေ့စပ်ကြောင်းလမ်းလိုက်တဲ့အတွက် သူတို့ရဲ့ မိတ်ဆွေများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖေ့စ်ဘုတ်မှာ ရေးနေကြပါတယ်။
ကိုဖြိုးဇေယျာသော်က သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်စဉ်ဖြန့်ဝေတဲ့ လက်ကမ်းကြော်ငြာမှာ ဖော်ပြထားချက်အရ ဆိုရင် အသက် ၃၃ နှစ် ရှိပါပြီ။
မသင်းဂျူလိုင်ကျော်က အသက် ၃၁ နှစ် ရှိပြီိလို့ ယူဆရပါတယ်။  အသက်က မတိမ်းမယိမ်းတွေလို့ ဆိုရပါမယ်။
သူတို့နှစ်ယောက်စလုံး နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။
 Kyaw Min Yu (Jimmy)   ဖေ့စ်ဘုတ်စာမျက်နှာ
မှာ တွေ့ရတဲ့ ဓာတ်ပုံများကို ကူးယူ ဖော်ပြလိုက်ပါတယ်။
စည်သူလင်း- ဧရာဝတီ
အီရတ်ကို အမေရိကန်က တပ်သား၁၅၀ဝထပ်လွှတ်
ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီက ဒါဟာ လက်ရှိအမေရိကန် တပ်ဖွဲ့တွေကို ထပ်ချဲ့ပြီး အိုင်အက်စ်တွေကို အီရတ်က တိုက်ရာမှာ အကူအညီပေးဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။
အီရတ် အစိုးရရဲ့ မေတ္တာရပ်ခံချက် အီရတ်တပ်တွေရဲ့ စစ်မြေပြင်မှာ တိုးတက်မှုနဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အရေးကြီး နေရာတွေကို ကာကွယ်ဖို့အစီအစဉ် နောက်ပြီး အိုင်အက်စ်ကို တိုက်ရေးစတဲ့ ကိစ္စတွေ အတွက် ကာကွယ်ရေး ဝန်ကြီး ချပ်ဟေဂယ်က သမ္မတထံ တပ်သားထပ်တောင်းတာဖြစ်ပါတယ်။
အီရတ်နဲ့ ဆီးရီးယားတို့မှာ အိုင်အက်စ်က နေရာ အတော်များများ ထိန်းချုပ်ထားပြီး အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေက သြဂုတ်လကတဲက လေကြောင်းမှ အကြိမ်၄၀ဝပကျော် အိုင်အက်စ် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ပင်တဂွန်ရဲ့ဆိုအရ အီရတ်တပ်ဖွဲ့နဲ့ ကဒ် တပ်ဖွဲ့၁၂ခုတို့ကို လေ့ကျင့်ပေးဖို့ နိုင်ငံအနှံ့မှာ စခန်းတွေ အတော်များများ ဖွင့်မယ်လို့ ဆိုပါတယ်။ဒါ့အပြင် အိုင်အက်စ်စစ် သွေးကြွတွေကို တိုက်ခိုက်ဖို့ အမေရိကန် ဒေါ်လာသန်း၅ထောင် ကျော် ကွန်ဂရက်က ဘတ်ဂျက် ချပေးဖို့လည်း သမ္မတ အိမ်ဖြူတော်က တောင်းခံလိုက်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အာဆီယံထိပ်သီးခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေ စီးဖို့ BMW ကားများပံ့ပိုးကူညီမည်
လာမယ့် နိုဝင်ဘာ ၁၂ နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်မယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်းမှာ နေပြည်တော်ကို လာကြမယ့် နိုင်ငံထိပ်သီးခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ စီးနိုင်ဖို့ BMW က Limousine ကား ၉၉ စီးကို ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။
ဒါကို နိုဝင်ဘာလ ၇ ရက်နေ့မှာ Prestige Automobiles ကုမ္ပဏီက အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာနဲ့ သတင်း ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်လိုက်တာပါ။
သူတို့ရဲ့ မြန်မာဘာသာနဲ့ သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။
~ သတင်းထုတ်ပြန်ချက်
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်
မြန်မာနိုင်ငံတွင်ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း အသုံးပြုရန်အတွက် BMW မှ Limousine မော်တော်ကားများ ကူညီပံ့ပိုး
•    ယခုလတွင် နေပြည်တော်၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲများသို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အသုံးပြုစီးနင်းနိုင်ရန်အတွက် BMW မှ Limousine မော်တော်ကား ၉၉ စီးအား ပံ့ပိုးကူညီ မည်ဖြစ်သည်။
ရန်ကုန် - BMW Group Asia နှင့် မြန်မာနိုင်ငံတွင် BMW မော်တော်ကားများကို တရားဝင်တင်သွင်း ဖြန့်ချိခွင့်ရရှိထားသော Prestige Automobiles တို့ ပူးပေါင်းပြီး ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမည့် အာဆီယံခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အစည်းအဝေးကာလအတွင်း အသုံးပြု စီးနင်းနိုင်ရန်အတွက် အရည်အသွေးမြင့် BMW Limousine မော်တော်ကား ၉၉ စီးကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။
Myanmar International Convention Centre 2(MICC 2) တွင်ကျင်းပခဲ့သည့် မော်တော်ကားများ ပေးအပ်ခြင်း အခမ်းအနားတွင်  BMW 7 Series ၊ BMW 5 Series Executive Sedan နှင့် BMW X5 Sports Activity စသည့် မော်တော်ကားများကို Prestige Automobiles Co. Ltd ၏ Managing Director ဦးချမ်းမြနှင့် BMW Group Asia ၏ International Direct and Special Sales မှ Senior Regional Manager ဖြစ်သူ Mr.Thierry Weidenbach တို့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တွဲဖက်ဥက္ကဌ အာဆီယံထိပ်သီးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါအစီအစဉ်သည် ယခုနှစ်မေလတွင် နေပြည်တော်၌ကျင်းပခဲ့သည့် ASEAN Summit  အစည်းအဝေးကာလအတွင်း တက်ရောက်ကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံအဖွဲ့ကြီး၏ ဆွေးနွေးဖက် နိုင်ငံများ၏ ခေါင်းဆောင်များ၊ ၀န်ကြီးများ အသုံးပြုစီးနင်းရန် အတွက် လိုအပ်သည့် မော်တော်ယာဉ် အစီး ၇၀ ကို BMW Group Asia နှင့် Prestige Automobiles တို့က ပံ့ပိုးဆောင်ရွက်ခဲ့ခြင်း၏ နောက်ဆက်တွဲအစီအစဉ် တစ်ရပ်ဖြစ်ပါသည်။
"ယခုလိုအခါသမယမျိုးမှာ  BMW နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ၀မ်းမြောက်မိပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ နှစ်ပတ်လည်အစည်းအဝေးဟာ  အာဆီယံဒေသတွင်း လုံခြုံရေး၊ စီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စတာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိကထားဆွေးနွေးကြတဲ့  အဆင့်မြင့်ဆုံး ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေးကာလအတွင်းမှာ အခုလို BMW ရဲ့ အရည်အသွေးမြင့် မော်တော်ကားတွေနဲ့ သယ်ယူ ပို့ဆောင်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်တာဟာ အထူးပြည့်စုံကောင်းမွန်တဲ့ အစီအစဉ် တစ်ခုပါပဲ " ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် က ပြောကြားခဲ့ပါသည်။
 " မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ်လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကျွန်တော်တို့ Prestige Automobiles အနေနဲ့ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီအစည်းအဝေးကို တက်ရောက် လာကြတဲ့ အာဆီယံခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ အစည်းအဝေး ကာလအတွင်း ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် BMW မော်တော်ကားများကို လိုက်ပါစီးနင်းတဲ့ အခါမှာ  ထူးခြားပြည့်စုံသော ခံစားမှုနဲ့ လုံခြုံမှုတွေကို ရရှိခံစားနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ အပြည့်အ၀ယုံကြည်ထားပါတယ်။  ဒါ့အပြင် ကျွန်တော်တို့ Prestige Automobiles အနေနဲ့ CSR Activity ကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားဖို့  သံဓိဋ္ဌာန်ချမှတ်ထားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလို အာဆီယံထိပ်သီးအစည်းအဝေးပွဲကြီးမှာ နိုင်ငံ့ဂုဏ်ကိုမြင့်တင့်နိုင်စေရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ဆောင်ရွက်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်" ဟု Prestige Automobiles ရဲ့ Managing Director ဦးချမ်းမြက ပြောကြားခဲ့ပါသည်။
 BMW Group Asia ၏ International Direct and Special Sales မှ Senior Regional Manager Mr. Thierry Weidenbach ကလည်း " ကမ္ဘာ့ထိပ်တန်းအရည်အသွေးမြင့် မော်တော်ကား Brand အနေနဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို တတိယအကြိမ်အဖြစ် တွဲဖက်ပါဝင် ပံ့ပိုးခွင့်ရတဲ့အတွက် BMW အနေနဲ့ ဂုဏ်ယူမိပါတယ်။ BMW သည် အကောင်းဆုံးအရည်အသွေး၊ တီထွင်ဆန်းသစ်မှုနဲ့ ဒီဇိုင်းပိုင်း တို့ကို  ထိန်းသိမ်းထားနိုင်ဖို့အတွက် စဉ်ဆက်မပြတ် အာရုံစိုက်အလေးထား ဆောင်ရွက်လျက် ရှိပြီး ဒါကို BMW limousine မော်တော်ကားတိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။  ဒါဟာ ဂုဏ်သိက္ခာရှိ၊ ထင်ရှား အရေးပါသော ယခုလို အာဆီယံထိပ်သီးအစည်းအဝေးမှာ BMW အနေနဲ့ သင့်လျော်လိုက်ဖက်တဲ့ မိတ်ဖက် အဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရစေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။ လို့ Prestige Automobiles ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ထက် သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိလိုတယ်ဆိုရင်လည်း ဆက်သွယ်နိုင်ဖို့ရန် ဂျီမေးလ် လိပ်စာများနဲ့  ဖုန်းနံပါတ်တွေကို ဖော်ပြထားပါသေးတယ်။
~ သတင်းအချက်အလက်များစုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်
Prestige Automobiles Co. Ltd.
Ms. San San Myint
95-9-5122569
TODAY Ogilvy Public Relations
Ms. Chaw Su Mon
95-9-253814215
chawsu.mon@todayogilvy.com
 Mr. Shane Neubronner
အဖွဲ့ချုပ်ဟာ တိုင်းရင်းသား ကိုယ်စားပြု ပါတီဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ဟာ ဗမာပါတီ မဟုတ်ဘဲ  ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ ပါတီ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ ကယားဒေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။
“အရေးကြီးတဲ့ ကိစ္စတခုကတော့ ကျမ တိုင်းရင်းသားတွေနဲ့ အမြင်ချင်း ဖလှယ်ချင်ပါတယ်။ အဲ့ဒါဘာလဲဆိုလို့ရှိရင် တချို့တွေက ပြောကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဗမာပါတီလို့ ပြောကြပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ အဲ့ဒီလို ဆိုလိုချင်တာပါ။ ကျမကတော့ ရဲရဲတင်းတင်း ပြောရဲပါတယ်။ ကျမတို့ပါတီရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပါတီ ဟုတ်မဟုတ်၊ ၁၉၉၀ ရွေးကောက်ပွဲ ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေ ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟုတ် မဟုတ်။ ဘယ်တော့မဆို ကျမတို့ဟာ ကျမတို့ရဲ့ပါတီကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီလို့ ကျမတို့ သတ်မှတ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥတ္တရ သီရိ မဲဆန္ဒနယ်အမတ် ဦးမင်းသူကလည်း လမ်းတလျှောက် မြို့တွေဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့တို့မှာလည်း ဒါကိုပဲ အလေးထား ပြောခဲ့တယ်လို့ ဆိုပါတယ်။
“လမ်းတလျှောက်မြို့တွေမှာ အဓိက ပြောခဲ့တာက အဖွဲ့ချုပ်ဟာ ဗမာပါတီ မဟုတ်ဘူး၊ တိုင်းရင်းသားတွေ အားလုံးကိုယ်စားပြုတဲ့ပါတီ၊ အဖွဲ့ချုပ် စတင်ထူထောင်ကတည်းက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုတာကို ဘယ်သူမှ မကြွေးကြော်ခင်ကတည်းက ထည့်ထားခဲ့တာ ဖြစ်တယ်။ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီဖြစ်တယ်လို့ အဓိကထား ပြောတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ဖယ်ခုံမြို့ကို ခတ္တရောက်ရှိစဉ် မြို့ခံလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးဖြစ်စဉ်တခုတည်းမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ယဉ်ကျေးမှုပဲ။ ယဉ်ကျေးမှုရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ တဦးနဲ့တဦး ဆွေးနွေးပြီးတော့ ပြဿ     နာတွေကို ဖြေရှင်းနိုင်တဲ့ ပညာရှိရမယ်၊ ဖြေရှင်းရဲတဲ့ သတ္တိရှိရမယ်။ တချို့က ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိကြဘူး။ တချို့က သိလျက်နဲ့ မလုပ်ချင်ကြဘူး၊ မလုပ်ရဲကြဘူး။ ကျမတို့ ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့ရာမှာ လမ်းမှာတွေ့ဆုံရမယ့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ အားလုံးက ညှိနှိုင်းပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ အဲဒီအဖြေကိုလည်း သတ္တိရှိရှိနဲ့ လက်ခံရမယ်၊ အကောင်အထည်ဖော်ရမယ်။
“ဒါကြောင့် တိုင်းရင်းသားတွေအနေကဆိုလို့ရှိရင် ကျမတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တယ်ဆိုတာဟာ ပြည်ထောင်စုအတွက် ဆောင်ရွက်နေတာပါလို့ အဲလိုပဲ စဉ်းစားစေချင်ပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း မဟုတ်ဘူး၊ တိုင်းရင်းသား လူမျိုးစု တစုအတွက်လည်း မဟုတ်ဘူး၊ ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်ဆိုတဲ့ ယုံကြည်ချက်ကို ရှိရင် ဒီယုံကြည်ချက်ကနေ အင်အားတွေ သတ္တိတွေ အများကြီး ထွက်လာမှာ ဖြစ်ပါတယ်။”
ဒီခရီးစဉ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ကယားပြည်နယ်ခရီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီည လွိုင်ကော်မှာအိပ်ပြီးရင် မနက်ဖြန်နေပြည်တော်ပြန်မှာ ဖြစ်ပါတယ်။
By ဒီဗွီဘီ
သီပေါကျေးလက်ရွာသားလေးဦးအား SSA ဆက်သွယ်မှုဖြင့်ဖမ်းဆီးရိုက်နှက်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာတေကျေးရွာအုပ်စုသားလေးဦးအား SSA အမာခံလူဟု စွပ်စွဲကာ ခမရ ၅၀၄ က ဖမ်းဆီး၍  သီပေါ ရဲအချုပ်ခန်းသို့ နိုဝင်ဘာ ၆ ရက်က ပို့ဆောင်ချုပ်နှောင် ထားသည်ဟု မိသားစုဝင်များပြောပြချက်အရသိရသည်။
နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၀၉:၁၅ နာရီအချိန် တွင် သီပေါမြို့ မြောက်ဘက် တာတေကျေးရွာအုပ်စု ဝမ့်မိုင်ဇန့်လိတ်ကျေးရွာနေ စိုင်းကုလား၊ စိုင်းကျော်အေး၊ စိုင်းဟွမ် နှင့် စိုင်းမောဝ်း တို့လေးဦး မြို့ဈေးအသွား သီပေါမြို့အဝင် ခြေမြန်တပ်ရင်းအမှတ် ၅၀၄ က ၎င်းတို့အား သျှမ်းသူပုန် SSA ၏ အမာခံလူဟုဆိုကာ ဖမ်းရိုကနှက်ချုပ်နှောင်ကာ သီပေါရဲစခန်းသို့ နိုဝင်ဘာ  ၆ ရက် ညနေ ၄:၃၀ နာရီ အချိန်တွင် ပို့ဆောင်ထားသည်ဟုဆိုသည်။
“သူတို့လေးဦးလုံးက ကားနဲ့ တာတေကနေ သီပေါ လာတာ။ လိုအပ်တဲ့ကားစက်ပိုင်း ပစ္စည်းဝယ်ဖို့ဆိုပဲ။ အဲဒါ ခမရ ၅၀၄ က တားပြီးသူတို့ကိုစစ်တယ်။ သျှမ်းသူပုန်လို့ပြောပြီး ကြိုးနဲ့တုတ် ရိုက်နှက်တော့တာ ဘဲ၊ သူတို့လက်ဝယ်ဖမ်းမိတာတော့ မမြင်မိဘူး” – ဟု အမည်မဖေါ်လိုသည့် တပ်မိသားစု အသိုင်းအဝိုင်း ကပြောသည်။
ရဲမိသားစုအသိုင်းအဝိုင်းက စစ်တပ်မှ ရဲစခန်းသို့ လာရောက်အပ်နှံသည့် တရားခံလေးဦးသည် လိုင်စင်မဲ့ကားမောင်းနှင်မှု၊ မတရားအသင်းဆက်သွယ်မှု တို့ဖြင့်တိုင်ကြားခံရသည်ဟုဆိုသည်။
၎င်းတို့လေးဦးစလုံးသည် သာမာန်ပြည်သူများသာဖြစ်ကြောင်း၊ သို့သော် စိုင်းဟွမ်ဆိုသူက အဆိုပါတပ်မှ စစ်ဗိုလ်တဦးနှင့် ကိုယ်ရေးကိုယ်တာ ပြဿနာရှိခဲ့ဘူးကြောင်း၊ ၎င်းတို့ ပြန်လည် လွတ်မြောက်နိုင်ရေး အတွက် အထက်ရုံးချုပ်နှင့်တိုင်ပင်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သည့်အချက်အလက်များ ရှာဖွေစုစောင်းပေးနေကြောင်း ကျားဖြူပါတီ ဝင် (ဦး)စိုင်းညွှန့်ကပြောသည်။
“တလနှစ်လ လောက်ရှိမယ်ထင်တယ်။ စိုင်းဟွမ်က ထော်လဂျီနဲ့ မြို့ထဲသွားတာ။ အဲဒီတပ်ရဲ့ ဗိုလ်တဦးက သူ့မိန်းမနဲ့ ဆိုင်ကယ်စီးလာတယ်။ လမ်းကမကောင်း၊ ဆိုင်ကယ်က ကျော်တက် လို့မရတော့ ထော်လာဂျီသမား စိုင်းဟွမ်ကို လှမ်းဆဲတာ။ စိုင်းဟွမ်က ဒေါသထွက်ပြီး လောက်လေး ဂွနဲ့လှမ်းပစ်တာ။ စစ်ဗိုလ်မှန်းလဲ မသိဘူးလေ။ အဲဒါနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဖမ်းပြီး သူတို့ကို ပြဿနာရှာတာလဲဖြစ်နိုင်တယ်ဟု သူငယ်ချင်းဖြစ်သူတဦးကပြောသည်။
အမှတ် ၅၀၄ ခြေမြန်တပ်ရင်းသည် သီပေါ မြို့အထွက် ၄ မိုင်အကွာတွင်ရှိသည်။ တာတေမှာမူ သီပေါမြို့မြောက်ဘက် ၇ မိုင်ခန့်ဝေးသည်။ အဆိုပါတပ်သည် ၂၀၁၃ ဂျွန်လ တုန်းကလည်း တာတေအုပ်စုခံ ၃ ဦးအား MP 4 အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပျောက်ကျားစစ်ဝတ်စုံ ဝတ်ထားသော ၎င်းတို့၏ဓါတ်ပုံများကို စစ်ဆေးရှာဖွေတွေ့ရသဖြင့် ဖမ်းဆီးရိုက်နှက်၍ ၆ လကြာ အကျဉ်းချထားခဲ့သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် RCSS/SSA တို့သည် နေပြည်တော်အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည်။
ဓါတ်ပုံ- သီပေါဖေ့စ်ဘုမှ ကူးယူဖော်ပြပါသည်
သျှမ်းသံတော်ဆင့်
ဝန်ကြီးချုပ်ဖလား နပန်းပြိုင်ပွဲ စစ်တွေတွင် ပထမဆုံးအကြိမ် ကကွက်ဖေါ် မီးရောင်စုံများအသုံးပြုဖွင့်လှစ်
 ၈  နိုဝင်ဘာ ၂ဝ၁၄ ဝ စစ်တွေ
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖလား ပြည်နယ်နှင့်တိုင်း နပန်းအားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့  ညနေ ၆ နာရီ အချိန်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဝေသာလီ အားကစားကွင်းတွင် မီးရောင်စုံထွန်းညှိကာ ကကွက်များ ဖေါ်၍ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့မှ တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းမှ ရခိုင်ရိုးရာ ‘ ကျင်’ အားကစား အပေါ် ထုတ်ဖေါ် ချီးကျူးသွားပြီး ‘ကျင်’ အားကစားသည် နပန်းအားကစားကိုများစွာ  အထောက်အကူ ပြုစေနိုင်သည်ဟု ပြောကြားသွားသည်။
“ရခိုင်ရိုးရာကျင်အားကစားသမားများသည် အပြည်ပြည်ဆိုင်ရာနပန်းအားကစားသမားများ အပေါ် များစွာ အထောက်အကူပြုစေနိုင်တဲ့ အတွက် ကျင်အားကစားသမားတွေကို ရွေးချယ်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
နပန်းအားကစားနည်းသည်  မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက မြန်မာ့ရိုးရာ နပန်းအားကစားနည်းဟူ၍ ထင်ရှားခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။
ခန္ဓာကိုယ်ကြံ့ခိုင်စွမ်းရှိမှု၊ လျင်မြန်ပါးနပ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းကမ်းရိုသေလိုက်နာမှု စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် နပန်းအားကစားနည်းမှာ မြန်မာနိုင်ငံအတွင်းရှိ အခြား တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း တွင်ကျယ်စွာ ကစားလျက်ရှိနေသည်ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာကျင်ပွဲမှာ အထင်ရှားဆုံးနှင့် ယနေ့တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေကြောင်း၊ သို့အတွက်ကြောင့်  ရခိုင်ရိုးရာကျင်အားကစားသမားများကို ယခုထက်ပိုမိုမွေးထုတ်ပေးသင့်ကြောင်း ဝန်ကြီးက  ဆက်လက် ပြောဆိုသည်။
နပန်းအားကစားမှာ ရခိုင်ရိုးရာ ကျင်အားကစားနှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ မရှိကြောင်း စစ်တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။
“ နပန်းဟာ နပန်း၊ ကျင်ဟာ ကျင်ဘဲ။ နပမ်းနဲ့ ကျင်ဟာ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မူ မရှိပါဘူး။ ဒါကို ကွဲကွဲပြားပြား မြင်ဖို့လိုပါတယ်” ဟု ဆိုသည်။
ယခု စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်နေသော နိုင်ငံတကာ နပန်းအားကစားပြိုင်ပွဲကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ် တစ်ခုတွင် နိုင်ငံတကာ အားကစားနည်း တစ်ခုခုကို ကျင်းပရန် ညွှန်ကြားထားသည်ဟု သိရသည်။
“ ရခိုင်ပြည်နယ်က နပန်းအားကစားနည်းကို ကျင်းပခွင့်ရတဲ့အတွက် ခုလို ပြုလုပ်နေတာ ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ်တွေက ကိုယ်စားပြု အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်ကြပါတယ်။ ဒိုင်ကတော့ ဂျာမဏီက ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ဆိုသည်။
တိုင်းနှင့်ပြည် နယ်တစ်ခုစီ အားကစားနည်း တစ်မျိုးစီကိုပြုလုပ်ခွင့်ရသည့် အနက် ရခိုင်ပြည်နယ်တွင် နဘန်း အားကစားပြိုင်ပွဲကို ပြုလုပ်ခွင့်ရရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နပန်းအားကစားနည်းမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း ယနေ့တိုင်ကစားလျက်ရှိ နေသည့် အားကစားနည်း တစ်မျိုးဖြစ်သော်လည်း ကျင်အားကစားနည်းထက် အလေးထားကစားကြသည်ကိုမတွေ့ရကြောင်း ရခိုင်သက်ကြီးပိုင်း အချို့က ပြောကြားသည်။
ယခုပြုလုပ်နေသည့်နပန်းအားကစားနည်းမှာ ရခိုင်ရိုးရာအားကစားနည်းမဟုတ်သည့်အတွက် ရိုးရာအားကစားနည်းဖြစ်သည့် ကျင်အားကစားပြိုင်ပွဲကိုသာ ယခုပြုလုပ်နေသည့်ပွဲကဲ့သို့ ခမ်းနားကြီး ကျယ်စွာပြုလုပ်ပေးသင့်ကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ထောက်ပြပြောဆိုနေကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် နပန်းအားကစား ပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်အထိ ၃ ရက်တိုင်တိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 မာန်ယုကျော် (ရွှေဝမြေ) (နိရဉ္စရာ)
ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ လာမည်
၂၀၁၂ ခုနှစ်၊ ဧပြီလခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။
8 November 2014
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်းဟာ လာမယ့် တနင်္လာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံဆီ လာရောက်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ကြေညာ သွားပါတယ်။
နေပြည်တော်မှာ ကျင်းပမယ့် ကုလသမဂ္ဂနဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN အကြား အစည်းအဝေးနဲ့ ၉ ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့ကို မစ္စတာဘန် တက်ရောက်မှာပါ။
ထိပ်သီး အစည်းအဝေးတွေပြင်ပမှာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို မြန်မာ အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိ သူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးပါမယ်။
ကုလသမဂ္ဂက ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့ လူနည်းစုတွေရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး အတွင်းရေးမှူးချုပ်အနေနဲ့ ပြောဆိုဆွေးနွေးဖို့ ရှိသလားလို့ သတင်းထောက်တွေက မေးကြပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟာ မြန်မာ သမ္မတနဲ့ အစိုးရအဖွဲ့ တခြားတာဝန်ရှိသူတွေနဲ့ သီးခြားတွေ့ဆုံဖို့ ရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း၊ ဒါကြောင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေဟာ ဆွေးနွေးမယ့် အစီအစဉ်ထဲ သေချာပေါက် ပါဝင်မှာဖြစ်ကြောင်း ပြောခွင့်ရက ပြန်ဖြေပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်မှာ သီးခြားလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေး ပွဲအတွင်း ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေထိုင်နေရတဲ့ စခန်းတွေဟာ ဘေးကင်းလုံခြုံမှု မရှိသလို ခိုင်မာမှုလည်းမရှိဘူးလို့ အတွင်းရေးမှူးချုပ်က ပြောထားဖူးပါတယ်။ မူစလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ပြီးတော့ ဒါဟာ ဆွေးနွေးပွဲတွေမှာပါဝင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရက ပြောသွားပါတယ်။
မြန်မာနိုင်ငံကအပြန်မှာတော့ သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာကျင်းပမယ့် ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ (G-20) ထိပ်သီးအစည်းအဝေးကို အတွင်းရေးမှူးချုပ် တက်ရောက်မှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
မက္ကဆီ ကို ကျောင်းသား ၄၃ ယောက် ကို မီးရှို့  သတ်ခံရ
အထက်တန်း ကျောင်းကို ပြည်နယ် အစိုးရ က ထောက်ပံ့ကူညီမှု လျှော့ ချလို့   ဆန္ဒ ပြ ခဲ့ တဲ့
ဝန် ရဲ့ အမိန့်  နဲ့  ရဲ က ဖမ်းဆီး ပြီး ဂေယာရို လူဆိုး ဂိုဏ်း လက်ထဲ ကို လွှဲ ပြောင်း ပေးခဲ့ ရာ
လူဆိုးတွေ က ကျောင်းသား တွေ ကို မီးရှို့ ပြီး သတ်ဖြတ် ပစ်ခဲ့ ပါတယ်။
မက္ကဆီ ကို တောင်ပိုင်း က ဂေယာရို ပြည်နယ် မှာ ကျောင်းသား တွေ ပျောက်ဆုံးမှု ကို ရဲ က
လိုက်လံ စုံစမ်း ပြီး ပျောက်ဆုံးမှုနဲ့  ဆက်စပ် တဲ့ လူ ၇၄ ဦး ကို ဖမ်းထားရာ က နေ အဲဒီက လူဆိုး
ဂိုဏ်း ၀င် တွေ ဖြစ်တဲ့ Patricio Reyes Landa, Jhonatan Osorio Gomez နဲ့ 
Agustin Garcia Reyes တို့  က မီးရှို့ သတ်ခဲ့ ကြောင်း ၀န်ခံ ခဲ့ တာ ဖြစ်ပါတယ်။
ဒီသတင်း ကို ကြားရတော့ ဂေယာရို ပြည်နယ် က ပြည်သူ တွေ သာမက အစိုးရ ၀န်ထမ်း တွေ
က ပါ ဆန္ဒ ပြ ကြ ပြီး အချို့ြ့ပည်နယ် တွေ မှာ တော့ အစိုးရ ရုံး တွေ ရှေ့ ပင်းမော တွေ ကို ပါ
မီးရှို့  တိုက်ခိုက် ကြ ပါတယ်။
နေတာကြောင့် မြို့ ကို ညဘက် အပြန် နောက်ကျ တဲ့ ကျောင်းသား တွေ ရဲ့ ဘတ်(စ) ကား ကို
ရဲ က ညအမှောင် မှာ ပစ်ခတ် ဖမ်းပြီး လူဆိုး တွေ လက်ထဲ ကို လွှဲ ပေး လိုက်တာ ဖြစ်ပါတယ်။
မက္ကဆီ ကို နိုင်ငံ မှာ အာဏာပိုင် တွေ က မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း
တွေ နဲ့  ဆက်စပ် မှု ရှိ ပြီး ရာဇ၀တ် မှု တွေ ပူးပေါင်း ကျုးလွန်ကြပါတယ်။
လူဆိုး တွေ က ကျောင်းသား တွေ ကို ဒီဇယ်လောင်း တာယာ တွေ ပတ် ၊ ပလတ် စတစ်
စ တွေ နဲ့  မီးရှို့  သတ်ခဲ့ တယ် လို့  ပြော ပါတယ်။
FNG
အစိုးရကို ဖိအားပေးဖို့ အိုဘားမားကို လွှတ်တော်အမတ် ၄၀ ကျော် စာပို့
မြန်မာနိုင်ငံကို အခုလာမယ့်ရက်ပိုင်းအတွင်း သွားရောက်တဲ့အခါမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်း လဲမှုတွေ ဖေါ်ဆောင်ရေးမှာ အချိန်ဆွဲနေတာရပ်ဆိုင်း ဖို့ ဦးသိန်းစိန်အစိုးရကို ဖိအားပေးပါလို့ အမေရိ ကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က အမေရိကန်သမ္မတ Mr Obama ကို မနေ့က စာရေးသားတိုက်တွန်းလိုက်ကြပါတယ်။
အတိုက်အခံ Republican ပါတီ အမတ်တွေဖြစ်ကြတဲ့ Joe Crowley, Steve Cabot, Trent Franks နဲ့ Jim McGovern တို့ ဦးဆောင်ပြီး နိုင်ငံရေးပါတီကြီးနှစ်ခု စလုံးက အောက်လွှတ်တော်အမတ် ၄၀ ကျော် က ပေးစာတစ်စောင်ပေးပို့လိုက်ကြတာပါ။
အဲဒီ့ပေးစာထဲမှာ အမေရိကန် -မြန်မာ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေချင်ရင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်စဲပေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ Mr Obama အနေနဲ့ တိုက်တွန်းပါလို့လည်း ထည့်သွင်းဖေါ်ပြထား ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ သူတို့ လိုလားထောက်ခံတဲ့ပုဂ္ဂိုလ်ကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင် ခွင့်ရှိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်သလို ပြင်ဆင်ပေးရမှာဖြစ်ကြောင်း၊ ကချင် ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် တိုက်ခိုက်နေတာတွေ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေကို အကြမ်းဖက် ဖိနှိပ်နေတာတွေကို ရပ်စဲဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကတိပြုထားပြီး ကတိစကား ချိုးဖေါက်နေတာတွေ ရပ်စဲဖို့လိုကြောင်းလည်း အဲဒီ့အမေရိကန် အောက်လွှတ်တော်အမတ်တွေရဲ့ ပေးစာ မှာ ဖေါ်ပြထားပါတယ်။
RFA
Friday, November 7, 2014
ဟားမာ့စ်အဖွဲ့က အစ္စရေးနိုင်ငံအပေါ် ပိုမိုကြီးမားသည့် စစ်ပွဲတစ်ရပ် ထပ်မံဆင်နွှဲရန် ကြိုတင် ပြင်ဆင်လျက်ရှိ
တဲလ်အဗစ် ၊ ၇-၁၁-၂၀၁၄
အစ္စလာမ္မစ် ဟားမာ့စ် လှုပ်ရှားမှု လက်နက်ကိုင် အဖွဲ့ဖြစ်သည့် Al- Qassam Brigades သည် အစ္စရေးနိုင်ငံ အပေါ် ပိုမိုကြီးမားသည့် နောက်ထပ် စစ်ပွဲတစ်ရပ် ထပ်မံဆင်နွှဲရန် အတွက် လက်နက်များ တပ်ဆင်၍ ကြိုတင် ပြင်ဆင်လျက် ရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရသည်။
မိမိတို့ အနေဖြင့် နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ အောင်မြင်မှု ထက် ပိုမိုကြီးမားသော အောင်ပွဲများ ရယူနိုင်ရေး အတွက် လက်နက်များ တပ်ဆင်၍ ကြိုတင် ပြင်ဆင်လျက် ရှိပြီး အဆိုပါ တိုက်ပွဲသည် ရန်သူ အစ္စရေးနိုင်ငံ ၏ သမိုင်းတွင် အခက်ခဲ အကြမ်းတမ်းဆုံး တိုက်ပွဲ ဖြစ်လာမည် ဖြစ်ကြောင်း ၄င်းအဖွဲ့က အီးမေးလ်မှ တစ်ဆင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစ၍ အစ္စရေး နိုင်ငံသည် ဂါဇာကမ်းမြောင် ဒေသနှင့် ဟားမာ့စ် ဦးဆောင်သော စစ်သွေးကြွ အဖွဲ့များအား ရက်ပေါင်း ၅ဝ ကြာ အကြီးစား ဝေဟင်နှင့် မြေပြင် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲခဲ့ရာ အဆိုပါ စစ်ဆင်ရေးကြောင့် အစ္စရေး နိုင်ငံသား ၇ဝ ဦးနှင့် ပါလက်စတိုင်း ပြည်သူ ၂၁၅ဝ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁၁,ဝဝဝ ဦးကျော် ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
အစ္စရေးနိုင်ငံ အနေဖြင့် ၄င်း၏ ရာဇ၀တ်မှု မြောက်သည့် လုပ်ရပ်များ အတွက် ကြီးမားသည့် တန်ဖိုးကို ပြန်လည် ပေးဆပ်ရလိမ့်မည် ဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က ထုတ်ပြန် ကြေညာ ခဲ့သည်။ နိုဝင်ဘာလ ၅ ရက်နေ့ အစောပိုင်း တွင်လည်း ဂျေရုဆလင်မြို့ ၏ အရှေ့ဘက် မြို့ဟောင်းတစ်ခုရှိ Al-Aqsa ဗလီ၏ ပရိဝုဏ် အတွင်း၌ ပါလက်စတိုင်း ဝတ်ပြုဆုတောင်း သူများနှင့် အစ္စရေး ရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ပြည်သူ ၅ဝ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အစ္စရေး ရဲတပ်ဖွဲ့က ဝတ်ပြု ဆုတောင်းသူ ပါလက်စတိုင်း ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်းနှင့် အစ္စရေး ရဲတပ်ဖွဲ့အား ကျောက်ခဲများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သည့် ပါလက်စတိုင်း ပြည်သူများ ကိုလည်း မျက်ရည်ယိုဗုံး များနှင့် ရာဘာ ကျည်ဆန် များဖြင့် ပစ်ခတ်နှိမ်နှင်း ခဲ့ကြောင်း မျက်မြင် သက်သေတစ်ဦး က ထုတ်ဖော် ပြောကြား ခဲ့သည်။ အစ္စရေး ရဲတပ်ဖွဲ့သည် အသက် ၅ဝ နှစ်အောက်ရှိ ပါလက်စတိုင်း ဝတ်ပြု ဆုတောင်းသူ များအား ဝတ်ပြုခွင့် တားဆီးပိတ်ပင် ခဲ့သောကြောင့် အဆိုပါ ပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
#PyiChitThar
၁ နာရီအတွင်း ဘီယာ ၃ခွက် သောက်နိုင်သည့် မန္တလေးမှ ၂ နှစ်အရွယ် ကလေးငယ်
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဆင်ဖြူကန်ဘီယာဆိုင်တွင် (၂) နှစ်အရွယ်ကလေးငယ်နှင့် ၇ နှစ် အရွယ် ကလေးငယ်နှစ်ဦးအား ဖခင်ဖြစ်သူက ခေါ်လာပြီး ဘီယာသောက်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။
အဆိုပါ ဆင်ဖြူကန်မြန်မာဘီယာဆိုင်တွင် ထိုင်နေသော ဘေးဝိုင်းမှ လူများက ကလေးငယ် ဘီယာသောက်နေ ကြောင်း ပြောပြရာ ဖခင်ဖြစ်သူက “ရတယ် အစ်ကို၊ သူက တနှစ်နဲ့ (၆)လ ကတည်းက တနေ့ (၃) ခွက်လောက် သောက်တာ။ ကျွန်တော်တို့က လင်ကိုယ် မယားနှစ်ယောက်တည်း။ သူ့အမေနဲ့ကျွန်တော်က မန္တလေး (ကနည)ရုံးမှာ ပွဲစားလုပ် ပါတယ်။ ဧည့်သည်တွေနဲ့ ဘီယာဆိုင်ထိုင်ဖြစ်တိုင်း ဒီကလေးတွေက ပါလာရာမှ အခုလို တနေ့ (၄၊ ၅) ခွက်သောက်နိုင်တာပါ”ဟု ကလေး၏ ဖခင်ဖြစ်သူက ပြောကြားသည်။
ကလေးငယ်သည် ငယ်ရွယ်လွန်းသေးသဖြင့် မိဘများက ထိုကဲ့သို့ အားမပေးသင့်ကြောင်း၊ အရက်သေစာသောက်စားမှုနှင့်ပတ်သက်၍ အတုမြင် အတတ်သင်မဖြစ်သင့်ကြောင်း၊ ကလေးများ၏ နောင်ရေးအတွက် မိဘများကို ပညာပေးရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း ယင်းဆိုင်အတွင်း ဘီယာသောက်သုံးသူများက ပြောဆိုနေကြသည်။
“ဒီလောက်နုနယ်တဲ့အရွယ်မှာ လူကြီးတွေ အနေနဲ့ ကလေးငယ်ကိုချစ်လို့ပဲဖြစ်ဖြစ် ဘီယာဆိုင် အရက်ဆိုင်တွေကိုခေါ်လာခြင်းဟာ ကလေးကို ချစ်ရာမရောက်ဘဲနှစ်ရာရောက် သလိုဖြစ်သွားမှာတော့ မလုပ်သင့်ပါဘူး။ ဒီအရွယ်တွေက လက်ဦးဆရာဟာ မိဘ တွေပါ။ မိဘတွေ အနေနဲ့ ကိုယ့်ကလေး၏ အနာဂတ်အတွက် ကလေးငယ်များရှေ့မှာ ကောင်းတာတွေ လုပ်ပြသင့်ပါတယ်။ မြန်မာနိုင်ငံမှ ကလေးငယ်တွေကို အရက်ဆိုင်၊ ဘီယာဆိုင်တွေကို ခေါ်မလာသင့်ပါဘူး””လို့ ဘေးဝိုင်းတွင် ထိုင်နေသူတဦးက ပြောသည်။
အဆိုပါကလေးငယ်သည် ဘီယာတခွက်ကို မိနစ် ၂၀ အတွင်း ကုန်သွား၍ နောက် တခွက်ကို ဖခင်ဖြစ်သူက ထပ်ပေးခဲ့သည်ကို တွေ့ရသည်။ ဆက်လက်၍ နာရီပိုင်း အတွင်း ၂ နှစ်သားအရွယ် မောင်ပြည့်ဖုန်းကျော်သည် ဘီယာ ၃ ခွက်သောက် သုံးခဲ့ပြီးသည်ကို တွေ့ရသည်။
စိုင်းထူးခန့်(အမရ)
 News Watch(စောင့်ကြည့်သတင်းဂျာနယ်)
လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို ချုပ်ရက်ထပ်တိုး
ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုသံသယနဲ့ ဖမ်းဆီး ချုပ်နှောင်ခံ နေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ယောက်ကို ချုပ်ထားရာကနေ ပြန်လည်လွှတ်ပေးဖို့ သူတို့ရဲ့ ကိုယ်စားလှယ် ရှေ့နေတွေက ဒီကနေ့ သွားရောက် တောင်းဆို ပေမယ့် မအောင်မြင်ခဲ့ ဘူးလို့  ကာယကံရှင် ရှေ့နေတွေက ပြောပါတယ်။
သံသယရှိသူ ၂ ဦးကို  ရှေ့နေလိုက်ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီအဖွဲ့က ၀ါရင့်ရှေ့နေ နခွန် ချူမ်းဖူးချတ်က  “ကျနော်တို့  ဒီကနေ့မနက် ၁၀ နာရီမှာ  ကောစမွီခရိုင် တရားရုံးကို သွားရောက်ပြီး  သူတို့ကို ချုပ်ရက်ဆက်မတိုးဘဲ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်  အစိုးရရှေ့နေများကောင်စီက အမှုတွဲအတွက် အချက်အလက်တွေ ပြည့်စုံအောင် ပြန်စစ်ခိုင်းတာကြောင့်  စုံစမ်းရေးရဲတပ်ဖွဲ့အနေနဲ့   နောက်ထပ်စစ်ဆေးဖို့ အချိန်ယူရမယ်လို့ ပြောတယ်။  အမှန်က  ရဲတပ်ဖွဲ့က ဆက်စစ်ရမယ့်ဟာတွေက သံသယရှိသူ ၂ ဦးနဲ့ မသက်ဆိုင်တဲ့ အရာတွေပါ။ သူတို့ဘာသူတို့ သွားစစ်ဖို့ပဲ။ ဒါပေမယ့် သူတို့က တရားခံ၂ ယောက်ကို  အိတ်စ်ရေးပြန်စစ်ရဦးမယ်။ အစိုးရရှေ့နေကောင်စီရဲ့ ညွှန်ကြားချက်ကြောင့်လို့ ပြောတယ်။ ဒါကြောင့် ကျနော်တို့လည်း အလျှော့ပေးလိုက်ရတယ်” လို့ ပြောပါတယ်။
စုံစမ်းရေးရဲတပ်ဖွဲ့က  သူတို့ ၂ ဦးကို စတုတ္ထအကြိမ်မြောက် ချူပ်ရက် နောက်ထပ် ၁၂ ရက် (နိုဝင်ဘာလ ၂၀) ရက်နေ့ထိ ထပ်တိုးဖို့ တရားရုံးကို တင်ပြပြီး တရားရုံးက ခွင့်ပြုလိုက်ကြောင်း၊ ဒါပေမယ့်  ဒီရက်တွေအတွင်းမှာ အမှုတွဲကို ပြီးပြတ်အောင်ချုပ်ဖို့၊  နောက်တကြိမ် ချုပ်ရက်ထပ်တောင်းမယ်ဆိုရင် ဒီထက် အသေးစိတ်တဲ့ အချက်အလက်တွေ ပြန်တောင်းရမယ်လို့  ညွှန်ကြားခဲ့ကြောင်း ရှေ့နေ နခွန်းချူမ်းဖူးချတ်က ပြောသွားပါတယ်။
By ဒီဗွီဘီ
ဘင်လာဒင်ကို ပစ်သတ်သူ ထုတ်ဖေါ်ပြောကြား
အိုစမာ ဘင်လာဒင်။
၂၀၁၁ ခုနှစ်တုံးက ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတဲ့ အယ်လ်ကိုက်ဒါး အကြမ်းဖက် အုပ်စု ခေါင်းဆောင် အိုစမာဘင်လာဒင် ရဲ့ ခြံဝန်းကို သန်းခေါင်ယံ အချိန် ၀င်ရောက်စီးနင်း တိုက်ခိုက်ရာမှာ ပါဝင်ခဲ့သလို ဘင်လာဒင်ကို ပစ်သတ် ခဲ့တဲ့သူဟာ သူဖြစ်ကြောင်း  အမေရိကန် ရေတပ်ကွန်မန်ဒို စစ်ပြန်တယောက်က ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။
သူ့ရဲ့ နာမည်ကို ၃ နှစ်ကျော် လျှို့ဝှက်ထားခဲ့ပေမဲ့ Robert O’Neill ဆိုသူက ဘင်လာဒင်ကို သေနတ်နဲ့ သုံးချက် သူပစ်ခတ်ခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေကို ပြောဆိုပါတယ်။ ၂ ချက်ဟာ နှစ်ဖူးကိုထိမှန်ပြီး ၊ Abbottabad မြို့နေအိမ်အတွင်းက သူ့ရဲ့ကုတင်ရှေ့မှာ လဲကျသွားပြီးတဲ့နောက် နောက်ထပ် တချက် ထပ်ပစ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
O’Neill က သူဟာ ဘင်လာဒင်ရဲ့ နေအိမ်ဝန်းအတွင်းကို ၀င်ရောက်ခဲ့တဲ့ NAVY SEAL Team 6 လို့ ခေါ်တဲ့ ရေတပ် အထူးကွန်မန်ဒို အုပ်စု (၆) ရဲ့ ရှေ့ဆုံးနေရာ အနီးမှာ ရှိနေကြောင်းနဲ့ ၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံမှာ လူပေါင်း ၃ ထောင်လောက်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကြီးကို ကြိုးကိုင် စီစဉ်ခဲ့သူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ပြောပါတယ်။
သူ့ရဲ့ ညကြည့်မျက်မှန်နဲ့ ဘင်လာဒင် မမြင်ရသေးခင် ဘင်လာဒင်ရဲ့ အခန်းကို ပထမဆုံး ရောက်သွားတဲ့ ကွန်မန်ဒိုက တချက်စပြီး ပစ်ခတ်လိုက်ပေမဲ့ လွဲသွားပုံရကြောင်း O’Neil ကပြောပါတယ်။
အနည်းဆုံး SEAL ကွန်မန်ဒို ၂ ယောက်ကလည်း ၀င်ရောက်ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း အသက် ၃၈ နှစ် အရွယ် O’Neill ကပြောပါတယ်။ အဲဒီအထဲမှာ No Easy Day စာအုပ်ရေးသားတဲ့ Mark Bissonnette လည်းပါတယ်လို့ သူကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
တရုတ်-ဂျပန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးမည်
တရုတ်နဲ့ ဂျပန်တို့ကြားမှာ ဆွေးနွေးပွဲတွေ တိုးပြီး ကျင်းပဖို့ နှစ်နိုင်ငံ သဘောတူ လိုက်ကြပါပြီ။ ဒီသဘောတူညီချက်ဟာဆိုရင် ကမ္ဘာ့ ဒုတိယနဲ့ တတိယ စီးပွားရေး အကြီးဆုံး နိုင်ငံကြီး နှစ်ခု အကြား ကာလရှည် အေးခဲနေတဲ့ ဆက်ဆံရေး ကို ဖောက်ထွက်နိုင်မယ့် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။  နှစ်ဘက်တို့ အနေနဲ့ နိုင်ငံရေး ၊ သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေကို တဖြည်းဖြည်းချင်း ပြန်စပြီး ရင့်ကျက်တဲ့ နိုင်ငံရေး ယုံကြည်မှုကို တည်ဆောက်နိုင်ရေး အတွက် လုပ်ဆောင်ကြဖို့ နှစ်ဘက်တို့ သဘောတူခဲ့ကြတယ် လို့လည်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။
 ဆွေးနွေးပွဲတွေကို ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာနဲ့ နှစ်နိုင်ငံ ဘယ်အဆင့်ရှိ ပုဂ္ဂိုလ်တွေ ဆွေးနွေးကြမလဲ ဆိုတာကိုတော့ တရုတ်ဘက်က မပြောပါဘူး။ တရုတ် ထိပ်တန်း သံတမန် Yang Jiechi နဲ့ ဂျပန် အမျိုးသား လုံခြုံရေး အကြံပေး Shotaro Yachi တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ သောကြာနေ့ တွေ့ဆုံဆွေးနွေးမှု အတွင်း အခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
အရှေ့တရုတ် ပင်လယ်ပြင် အတွင်းက နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ကျွန်းတွေမှာ နှစ်နိုင်ငံ ရပ်တည်ချက် မတူတာတွေ ရှိနေတယ် ဆိုတာကို နှစ်ဘက် စလုံးက အသိအမှတ်ပြုပြီး တင်းမာမှုတွေ လျော့ကျစေဖို့ အတွက် ပဋိပက္ခ စီမံခန့်ခွဲရေး ယန္တယား တခုကို တည်ဆောက်ဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့်လည်း နောက်သတင်းပတ် ဘေဂျင်းမှာ ကျင်းပမယ့် အာရှ ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး ညီလာခံမှာ တရုတ် သမ္မတနဲ့ ဂျပန် ၀န်ကြီးချုပ်တို့ တွေ့ဆုံကြမယ်လို့ အများက ထင်ကြေးပေး ပြောဆိုနေကြတာတွေ ကိုတော့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက မှတ်ချက်ပေး ပြောဆိုခဲ့တာ မရှိပါဘူး။
ခိုတောင်းကျွန်းအမှု စွဲချက်တင်မတင် တစ်လအတွင်း ဆုံးဖြတ်မည်
ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ မြန်မာ လူငယ်နှစ်ဦး အပေါ် စွဲချက်တင်မတင် အစိုးရရှေ့နေတွေက တစ်လအတွင်း ဆုံးဖြတ်မယ်လို့ သိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ၈ဝ ရာနှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ ဒါကြောင့် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို နောက်ထပ်ချုပ်ရက် နှစ်ကြိမ်အတွင်း စုံစမ်းစစ်ဆေးမှုတွေ အားလုံး ပြီးစီးသွားမယ်လို့ မျှော်လင့် ရကြောင်း အစိုးရရှေ့နေတစ်ဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းကဖော်ပြပါတယ်။
သူတို့ရဲ့ လေးကြိမ်မြောက်ချုပ်ရက် သက်တမ်းဟာ ဒီကနေ့ သောကြာနေ့မှာ ကုန်ဆုံးမှာမို့ ၊ တရားရုံး အမိန့်နဲ့ ချုပ်ရက်သက်တမ်းထပ်တိုးဖို့ ထိုင်းရဲက ဆောင်ရွက်မှာပါ။
ထိန်းသိမ်းစစ်ဆေး မေးမြန်းမှုတွေကို တစ်ကြိမ်မှာ ၁၂ ရက်အချိန်ပေးထားပါတယ်။ ဒီအမှုကို ချုပ်ရက် ၆ ကြိမ်အတွင်း ရုံးထုတ်စွဲချက်တင်နိုင်မယ်လို့ ဒေသအာဏာပိုင်တွေက မျှော်လင့်ထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။
RFA Burmese
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို နုတ်ထွက်ရန် မိသားစုဝင်များက ပြောကြားခဲ့ ဟုဆို
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နေပြည်တော်၌ သမ္မတဦးသိန်းစိန် ၏ ဆွေမျိုးများပါဝင်သော ရှင်ပြုအလှူပွဲတစ်ခုသို့ တက်ရောက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်၊ နိုဝင်ဘာ ၅
  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှု များကြောင့် သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန်က ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲက မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်ကို သမ္မတ၏ သမီးများက နုတ်ထွက်ရန် ပြောကြား ခဲ့ခြင်းကို သိရှိခဲ့ရသော ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အစိုးရ၀န်ကြီး တစ်ဦး ဖြစ်ခဲ့သူ ယခုသမ္မတဦးသိန်းစိန် လက် ထက် ပြည်ထောင်စု အဆင့် အကြီးအကဲက သမ္မတ ကြီးနှင့် တွေ့ဆုံ စဉ်က ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ““ဒီတစ်ခွန်းပဲ။ သူ့သမီးတွေက အဖေရယ် ထွက်လိုက်ပါတော့။ အဖေ့ကို ပြောလိုက်ကြတာ မခံနိုင်တော့ ဘူးတဲ့။ ဒီပြောတာတွေကိုသာ လိုက်နားထောင်နေလို့ စိတ်ပျက်နေလို့ရှိရင် ဘယ်လိုလုပ်မလဲ။ ကြားကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီးတော့ နားထောင် ခိုင်းတယ်။ ဖတ်ခိုင်းတယ်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ် မယ်။ နောက်ဆုံးရလဒ် ကျမှသာလျှင် ဒီစနစ်မျိုးမှာ ဘယ်အစိုးရပဲ တက်တက် ဒီလိုပဲလာ မှာပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
ယခင်စစ်အစိုးရ လက်ထက်က ပြောဆိုရေးသားသော မီဒီယာများကို ကန့်သတ်မှုများသည် ဒီမိုကရေစီ စနစ်မဟုတ်၍သာ လုပ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ““ပြီးခဲ့တဲ့ အစိုးရတုန်းက သူကရှင်းရှင်းလေးပဲ စစ်အစိုးရပဲ။ စစ်အစိုးရဆိုတော့ စစ်အစိုးရလိုပဲ သူလုပ်မှာပဲ။ အများပြည်သူ ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ အစိုးရ မဟုတ်တဲ့အတွက် မလုပ်သင့်တဲ့ကိစ္စ သူမလုပ်ဘူး။ လုပ်သင့်တဲ့ကိစ္စ သူလုပ်မယ်။ စည်းလွတ်ဝါးလွတ်တော့ မလုပ်နဲ့ပေါ့။ အယ်ဒီတာဆိုတာ ရှိတာပဲ။ လူသစ်တွေကို အယ်ဒီတာမှာ ပြုပြင်ပေးဖို့၊ သင်တန်းပေးဖို့ တာဝန် ရှိတယ်။ အယ်ဒီတာဆိုတာ ဒီအတွက် ခန့်ထားတာပဲလေ””ဟု အဆိုပါ ပြည်ထောင်စုအဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့်သို့ အကြံပြု ပြောကြားခဲ့သည်။
  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက်က နံပါတ် (၄) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ကာ ဇနီးဒေါ်ခင်ခင်ဝင်း၊ သမီး (၃)ဦး ရှိကြောင်း သိရသည်။
    မြန်မာသံတော်ဆင့်သတင်းဌာန-
တရုတ်သမ္မတရဲ့ တန်ဇီးနီးယားခရီးမှာ ဆင်စွယ်မှောင်ခိုချကြောင်း စွပ်စွဲခံရ
တရုတ်သမ္မတနဲ့အဖွဲ့ မနှစ်တုန်းဆီက တန်ဇီးနီးယားနိုင်ငံရဲ့ဖိတ်ခေါ်ချက်အရ သွားရောက်လည်ပတ်ပြီးအပြန်ခရီးမှာ ဆင်စွယ်တွေ မှောင်ခိုဈေးကနေ အလုံးအရင်းနဲ့ဝယ်ပြီး သယ်ထုတ်သွားကြတယ် လို့ စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်နေပါတယ်။
  • ၂၀၁၃ မတ်လက တွေ့ရသော တရုတ်သမ္မတ နှင့် တန်ဇီးနီးယန်းသမ္မတ (Photo: Reuters)
 ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်လို့ တန်ဇီးနီးယန်းအစိုးရအရာရှိတဦးက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
တရုတ်အစိုးရကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက ပြုစုတဲ့ ဒီအစီရင်ခံစာဟာ အခြေအမြစ် မရှိဘူးလို့  ငြင်းလိုက်ကြောင်း ဧရာဝတီ အင်္ဂလိပိုင်းစာမျက်နှာသတင်းတပုဒ် www.irrawaddy.org/asia/tanzania-probes-alleged-ivory-smuggling-chinese-state-visit.html မှာ ရေးထားပါတယ်။
လွန်ခဲ့သောနှစ်များအတွင်း အာဖရိကတိုက် အဲဒီဒေသဘက်မှာ လက်နက်အပြည့်အစုံနဲ့လူဆိုးဂိုဏ်းတွေဟာ ဆင်စွယ်နဲ့ကြံ့ချိုများရဖို့အတွက် ဆင်တွေကြံ့တွေကို သတ်ဖြတ်ခဲ့ကြပါတယ်။
အဲဒါတွေကို အာရှတိုက်ဘက်ကို တင်ပို့ပါတယ်။
ဆင်စွယ်ကို တရုတ်သမ္မတခရီးစဉ်အတွင်း ခိုးထုတ်တယ်ဆိုပြီး အစီရင်ခံစာထုတ်ပြန်တဲ့ Environmental Investigation Agency (EIA) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်တဲ့အဖွဲ့ကတော့ တန်ဇီးနီးယားမှာ အခြေအနေ သိပ်ဆိုးလာပြီ၊
ပြီးခဲ့တဲ့နှစ် တနှစ်တင်ပဲ  ဆင်ကောင်ရေ တသောင်း အသတ်ခံရတယ်လို့ ဆိုပါတယ်။
 တန်ဇီးနီးယားအစိုးရကတော့ ဒီအစီရင်ခံစာ လေ့လာပြီးရင် သင့်တော်တဲ့အချိန်မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ တန်ဇီးနီးယားအတွက် အထူးရင်းနှီးတာဖြစ်တဲ့အတွက် စွပ်စွဲချက်တွေကို မှန်မမှန် အဖြေမထုတ်နိုင်ခင် အလျင်စလို တုန့်ပြန်ပြောဆိုတာမျိုး မလုပ်ချင်ဘူး လို့ ပြောပါတယ်။
EIA အဖွဲ့ကတော့ ဒီဖြစ်ရပ်ကို လျှို့ဝှက် စုံစမ်း ထောက်လှမ်းနိုင်ခဲ့တာလို့ ဆိုတယ်။
ဆင်စွယ်မှောင်ခိုလောက ကုန်သည် ၂ ယောက်ကို ကိုးကားပြီး ရေးထားတဲ့ ဒီအစီရင်ခံစာမှာတော့ တရုတ်သမ္မတခရီးစဉ် မတိုင်ခင် ဆင်စွယ် ကီလိုချိန် ထောင်နဲ့ချီပြီး ဝယ်ယူမှုတွေ ရှိခဲ့တယ်၊
တရုတ်သမ္မတအပြန်ခရီးမှာ သံတမန်သေတ္တာတွေထဲထည့်ပြီး တရုတ်ပြည် ပို့လိုက်တယ်လို့ ရေးပါတယ်။
ခရီးစဉ်ကာလအတွင်း ဆင်စွယ်တွေ ဈေးတက်သွားတယ်လို့ လူတယောက်ကိုလည်း ကိုးကား ရေးထားပါတယ်။
၁၉၇၉ မှာ အာဖရိကဆင်ကောင်ရေ ၁၃ သိန်း ရှိရာကနေ အခုဆိုရင် ၄ သိန်းကျော်ပဲ ကျန်တော့တယ် ဆိုတဲ့  ခန့်မှန်းချက်ကိုလည်း အစီရင်ခံစာမှာ တွေ့ရပါတယ်။
ဇာနည်ဝင်း-ဧရာဝတီ Blog
ကိုပါကြီးအလာင်းကို ညနေ ၅ နာရီ ဂူသွင်းသင်္ဂြိုဟ်မည်
ဒီကနေ့ မနက်က ကိုပါကြီးဇနီး ဒေါ်သန္တာ ကိုယ်တိုင် ဦးစီး သယ်ယူလာတဲ့ ကိုပါကြီး အလောင်း ဒီကနေ့ ညနေပိုင်းလောက် ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်တဲ့ အတွက် အလောင်းကို ညနေ ၅ နာရီ ဂူသွင်းသင်္ဂြိုဟ်ဖို့ စီစဉ်ထား တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။
ရန်ကုန် ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ဖို့အတွက် နားရေးကူညီမှု အသင်း၊ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေနဲ့ အဖွဲ့စည်းတွေက ကူညီဆောင်ရွက် နေပေးတယ်လို့လည်း ပြောပါတယ်။
အလောင်းကတော့ ရန်ကုန်ကို ၃ နာရီဝန်းကျင်လောက် ရောက်မယ်လို့ ခန့်မှန်းရပါတယ်။
By ဒီဗွီဘီ
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပြိုင်ပွဲသတင်းစုံ
Thursday, 06 November
 ရန်ကုန်၊ နိုဝင်ဘာ ၆ မိုးတွေ ရက်ဆက်ရွာသွန်းပြီး မြူတွေ ထူထပ်နေတာကြောင့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီမှာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီလို့ ပြိုင်ပွဲကျင်းပရေး ကော်မတီထံကနေ စုံစမ်းသိရှိရပါတယ်။ ပြိုင်ပွဲမဝင်ရသေးတဲ့ မီးပုံးပျံ ၄၀ ကျော်ကျန်နေသေးပေမယ့် ရာသီဥတုက အရမ်းဆိုးနေတာကြောင့် ပွဲရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတာလို့ အဲဒီကော်မတီရဲ့ အဖွဲ့ဝင် တစ်ဦးက ရှင်းပြပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း တစ်ညလုံး မိုးတွေ ရွာနေတဲ့ကြားက စိန်နပန်နဲ့ မီးကျည် အမျိုးအစား မီးပုံးပျံနှစ်လုံးကိုပဲ လွှတ်တင်နိုင်ခဲ့တယ်၊ ဒီနေ့ညမှာလည်း လွှတ်တင်ချင်ပေမယ့် မိုးက မရပ်တော့ ပွဲရပ်ရတာလို့ သူက ဆိုပါတယ်။ တောင်ကြီးမြို့နယ်၊ အဝေရာ မီးပုံးပျံကွင်း အတွင်း အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့ အထိ ညမီးကျည်၊ စိန်နပန်၊ နေ့အရုပ်တွေ ပါဝင်တဲ့ မီးပုံးပျံ ၁၉၇ လုံး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် နောက်ဆုံးရက် ဖြစ်တဲ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ မလွှတ်ရသေးတဲ့ မီးပုံးပျံ ၄၆ လုံး ကျန်ရှိနေသေးပါတယ်။ “ပြိုင်ပွဲဝင်ဖို့ မီးပုံးပျံ တစ်လုံးကို သိန်းလေးဆယ်လောက် ရင်းခဲ့ရတာ။ မိုးက ဆက်တိုက်ရွာနေတော့ မီးပုံးပျံ လွှတ်လို့မရဘူး” လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဖြစ်နိုင်ရင် မိုးလေစောင့်ကြည့်ပြီး အခြေအနေကောင်းတယ် ဆိုရင်တော့ ပြိုင်ပွဲဝင်သူတွေကို မီးပုံးပျံ လွှတ်ခွင့်ပြုဖို့ လတ်တလော ဒိုင်အဖွဲ့နဲ့ ညှိုနှိုင်းနေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် လတ်တလောမှာ မလွှတ်တင်ရသေးတဲ့ ညမီးကျည် အမျိုးအစား မီးပုံးပျံ ၃၆ လုံးနဲ့ စိန်နပန် ၁၀ လုံး ကျန်ရှိနေသေးတယ်။ တောင်ကြီးမြို့နယ်ရှိ ရပ်ကွက် ၂၂ ခုမှာ မီးပဒေသာ အလှဆင် ပြိုင်ပွဲတွေပါ ဆင်နွဲဖို့ ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မလွှတ်တင်ခဲ့ရသေးတဲ့ မီးပုံးပျံတွေကို လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ အဝေရာကွင်းအတွင်း ထပ်မံကျင်းပမယ့် ရှမ်းပွဲတော်မှာ လွှတ်တင်ခွင့် ပြုမယ်လို့ မီးပုံးပျံ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဆီကနေ သိရပါတယ်။ ပြိုင်ပွဲဝင်သူတွေကို နစ်နာကြေးအဖြစ် ငွေကျပ် ငါးသိန်း ထောက်ပံ့မှာဖြစ်ပြီး လွှတ်တင်ခဲ့တဲ့ ညမီးကျည် ၈၄ လုံးနဲ့ စိန်နပန် ၃၅ လုံးတို့က ပြိုင်ပွဲဝင်တွေကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ဆုပေးပွဲ ကျင်းပပေးသွားမယ်လို့ အဲဒီကော်မတီ ဆီကနေ သိရပါတယ်။ တောင်ကြီးမှာ မီးပုံးပျံ ပျက်ကျတာ၊ ပြုတ်ကျတာ နှစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူသုံးဦး သေဆုံးခဲ့ပြီး လူ ၁၄ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်
The Voice Weekely
============================================
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ခြောက်ရက်မြောက်နေ့၊ နိုဝင်ဘာ ၄ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ ယမ်းပိဿာချိန် ၃၀ ကျော်ပါတဲ့ မီးပုံးပျံတစ်လုံး ပြုတ်ကျလို့ လေးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကြီးမြို့ ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။
မီးပုံးပျံပြိုင်ပွဲ ကျင်းပတဲ့ အဝေရာကွင်းအတွင်းမှာ အေးသာယာ ရပ်ကွက်သားတွေက ရောင်စုံ အမည်နဲ့ လွှတ်တင်ခဲ့တဲ့ အဆိုပါ မီးပုံးပျံဟာ အမြင့်ပေ ၂၀၀ ဝန်းကျင်ကနေ အဝေရာကုန်းပေါ်ရှိ ယာယီတဲတွေ ဘက်ကို ပြုတ်ကျခဲ့ပြီး တဲအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်၊ ဒဏ်ရာရရှိသူ နှစ်ဦးကတော့ သေဆုံးသူရဲ့ အမေဖြစ်သူနဲ့ ညီဖြစ်သူ (၄၅ ရက်သား) ကလေးငယ်တို့ ဖြစ်တယ်လို့ အဲဒီရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။
တဲအိမ်အတွင်း အိပ်ပျော်နေတဲ့ မိသားစု ငါးဦးအနက် နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် အသက် ၄ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့တယ်လို့ တောင်ကြီးမြို့ ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။
မိခင်ဖြစ်သူနဲ့ ၄၅ ရက်သား ကလေးငယ်တို့မှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် တောင်ကြီးမြို့နယ်ရှိ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ တောင်ကြီးမြို့ ရဲတပ်ဖွဲ့စခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက် နံနက် ၁ နာရီခန့်ကလည်း မီးပုံးပျံတစ်လုံး ပျက်ကျခဲ့လို့ လူနှစ်ဦး သေဆုံးခဲ့ပြီး လူ ၁၂ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဆီးရီးယားမှာ အမေရိကန်က လေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်
ယူအက်စ်နဲ့ ဥရောပ အဖွဲ့ကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယ ရှိရတဲ့ ခိုရာဆန် လက်နက်ကိုင်တွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တူရကီ နယ်စပ် အနီးက အယ်လ်ကိုင်းဒါး နဲ့ အဆက်စပ် အုပ်စု ဖြစ်တဲ့ ခိုရာဆန် အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် စစ်ဘက်က ပြောပါတယ်။
မော်တော်ယာဉ်တွေ၊ အဆောက်ဦတွေ အပါအဝင် ပစ်မှတ် ၅ ခုကို ထိမှန်ခဲ့တယ်လို့ အမေရိကန်က ဆိုပါတယ်။
တိုက်ခိုက်မှု အတွင်း အဆိုပါ လက်နက်အုပ်စုရဲ့ အဖွဲ့ဝင်တွေ သေဆုံးခဲ့သလို ကလေး ၂ ဦးလည်း သေဆုံးသွားကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေ အဖွဲ့က ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပ ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေတယ် ဆိုပြီး သံသယရှိရတဲ့ အဲဒီ့ ခိုရာဆန် အဖွဲ့ကို အမေရိကန် အနေနဲ့ ၂ ကြိမ် မြောက် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ကရင်ပြည်နယ် စစ်ပွဲတွေမှာ တပ်မ ၆၆ က စစ်ရာဇဝတ်တွေ ကျူးလွန်ခဲ့တယ် လို့ ဟားဗတ် လောစကူးလ်က ပြော
မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေ အတွက် ခိုင်လုံတဲ့ သက်သေတွေ ရှိကြောင်း ဟားဗတ် လောစကူးလ်က ပြော။
ဟားဗတ်လောစကူးလ်ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်က မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ အတွင်းမှာ မြန်မာ စစ်တပ် ဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် လို့ စွပ်စွဲ ထားပါတယ်။
သူတို့ တွေ့ရှိချက် အရ စစ်ရာဇဝတ်မှု (War Crimes) နဲ့ လူမဆန်တဲ့ ရာဇဝတ်မှု Crime against Humanity) ကို ကျူးလွန်တဲ့ အမှုတွေ အတွက် အဓိက တာဝန်ရှိသူ တွေဟာ လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို၊ မြန်မာ့တပ်မတော် အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့ ဖြစ်ပါတယ်။
အဲဒီ အစီရင် ခံစာအရ ၂၀ဝ၅ ခုနှစ် ကနေ ၂၀ဝ၈ ခု အထိ ကရင်ပြည်နယ် ထဲမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို အဓိက ရည်ညွှန်းပါတယ်။
စောစောက ပြောခဲ့တဲ့ စစ်အရာရှိကြီး ၃ ယောက်ဟာ ခြေမြန်တပ်မ ၆၆ ကိုတာဝန်ယူပြီး ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ စစ်တိုက်ခဲ့စဉ်က ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ ဖော်ပြခဲ့တာက ကရင်ပြည်နယ် သံတောင်မြို့ ဟီးဒေါ်ကာ ရွာမှာ ရွာထဲကို မော်တာတွေ နဲ့ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲက ထွက်ပြေးလာ တဲ့ ရွာသားတွေ ကိုလည်း သေနတ်နဲ့ ပစ်ခတ် ခဲ့ပါတယ်။ ဖမ်းမိတဲ့ ရွာသားတွေကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာမှာ အနည်းဆုံး အိမ်အလုံး ၃၀ မီးလောင် ခဲ့တယ်လို့ အစီရင်ခံစာ မှာ ရေးသား ထားပါတယ်။
ဒီလို ဆောင်ရွက်ချက် တွေဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန် တဲ့ ရာဇဝတ်မှု မြောက်ကြောင်း ပြောဆိုပြီး အဲဒီ ဆောင်ရွက်မှုတွေ အတွက် လူသက်သေ နဲ့ တခြားခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ သူတို့ဆီမှာ ရှိတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့် ကတော့ အဲဒီ့ အစီရင်ခံစာ ဟာ မှားနေတယ်၊ ရယူထားတဲ့ သတင်း အရင်းအမြစ်ဟာ လည်း တဘက်တည်း ကနေသာ ရယူ ထားတာ တွေ ဖြစ်နေတယ် လို့ နယူးယောက်တိုမ်းစ် သတင်းစာကို ပြောထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲ များတွင် ပြည်သူ့စစ် အင်အား တထောင်ကျော် ပါဝင်
နိုဝင်ဘာ ၆ ရက် ၂၀၁၄
အောက်တိုဘာလအတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲများတွင် အစိုးရတပ်မတော်သည် သျှမ်းပြည်တောင်ပိုင်း/မြောက်ပိုင်းမှ ဌာနေပြည်သူ့စစ်အင်အား ၁၀၀၀ ထက်မနည်း အသုံးပြုသည်ဟု ဆိုသည်။
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းရယ်မြို့နယ်အတွင်း အခြေချလှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား ဦးတည်တိုက်ခိုက်ရာ အောက်တိုဘာ ၂ ရက်မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၄၁ ကြိမ် ဖြစ်ပွားကြောင်း၊ ထိုတိုက်ပွဲများတွင် အစိုးရတပ်မတော်ဘက် မှ ဒေသတွင်းဌာနေပြည်သူ့စစ် အများအပြားသုံးထားကြောင်း အမည်မဖေါ်လိုသည့် ပြည်သူ့စစ် ခေါင်း ဆောင်တဦးက ပြောသည်။
“တောင်ပိုင်း ဌာနေပြည်သူ့စစ်က တဖွဲ့ လူအင်အား ၅၀ ပေးပြီး ကျိုင်းတောင်းမှာ စစ်ရေးသွားလေ့ ကျင့်ရတယ်။ မြောက်ပိုင်းကတော့ တန့်ယန်းမြို့နယ် မန့်ကတ်မှာ စစ်ရေးသွားလေ့ကျင့်ရတယ်။ တပ် စခန်းတက်သိမ်းတဲ့ သင်တန်း။ အဲဒီကနေ သင်တန်းဆင်းတော့ ရှေ့တန်းတက်ရတော့တာဘဲ” - ဟု အဆိုပါအမည်မဖေါ်လိုသည့် ပြည်သူ့စစ်ခေါင်းဆောင်ကပြောသည်။
ထို့အတူ ရှေ့တန်းရောက် သျှမ်းပြည်တပ်မတော် တပ်မှူးတဦးကလည်း ၎င်းတို့တပ်စခန်းနှင့် မျက်နှာ ချင်း ဆိုင်ရှိသည့် တပ်စခန်းတွင် သျှမ်းစကားများသာပြောကြောင်း၊ တိုက်ပွဲတွင်လည်း သျှမ်းစကားများ ကြားရကြောင်း ပြောသည်။
“တိုက်ပွဲမှာ ကျတဲ့သူတွေရဲ့ အလောင်းတွေကို ပြန်ကောက်ရင်လဲ ပြည်သူ့စစ်အလောင်းဆိုရင် သူတို့ မကောက်ဘူး။ ဒီတိုင်းပစ်ထားတာ။ ဗမာစစ်သားအလောင်းမှ သယ်ပြန်တာ။ ချောကားခေါ် ပြီး ကျေးသီး ကို အလောင်းပို့ခိုင်းတာ ၉ လောင်း။ အဲဒီ့အထဲမှာ ပြည်သူ့စစ်အလောင်းတလောင်းမှ မပါဘူး။ နံလွန်းလို့ ရွာကိုလာနှောင့်ယှက်မှာစိုးလို့ ရွာသားတွေကဘဲ ဘုန်းကြီးပင့်ဖိတ်ပြီး သင်္ဂြိုလ်လုပ်ပေးတာ” - ဟု အမည်မဖေါ်လိုသည့် ရွာအကြီးအကဲ တဦးက ပြောသည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် ခမရ ၅၂၂ (လားရှိုး) ၊ ခလရ ၂၄၀ (သိန္နီ) ခလရ ၂၆၇ (နမ့်ဆလပ်) ခလရ ၁၄၇ နောင်ကော် ခလရ ၃၃ ၊ နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ ခိုလမ် လက်အောက်ခံ ခလရ ၂၉၆၊ ခမရ ၅၂၅ ၊ ခမရ ၅၇၅ ၊ ခမရ ၅၇၇ ၅၆၉ ခလရ ၂၄၀ တို့က ပြည်သူ့ စစ်တပ်ဖွဲ့များအား ဦးဆောင်ကာ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖါဆောင်တပ်စခန်း၊ ကောင်းမဟင်တန်၊ ကောင်းစဝ်မိန်း၊ ကောင်းမုံမိန်း၊ ကောင်းမိုက်ညောင်၊ နမ့်ပုတ် စသည့် တပ်စခန်း များအား တိုက်ခိုက်ခဲ့သည်။
ထိုထိုးစစ်တိုက်ခိုက်မှုများအား တုန့်ပြန်သည့်အနေဖြင့် မိုင်းရယ်မြို့နယ်၊ သီပေါမြို့နယ်၊ ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့နယ်ခွဲအတွင်း ဖြတ်သန်းသွားလာသည့် အစိုးရတပ်မတော်နှင့် ပြည်သူ့စစ် စစ် ကြောင်းများအား သျှမ်းပြည်တပ်မတော်မှ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် နှစ်ဘက် အကျအဆုံးများပြီး အပစ်မဲ့ ပြည်သူ ၄ ဦးသေဆုံးရသည့်အပြင် သျှမ်းပြည်တပ်မတော်ဘက်မှ လည်း တာ့ဖါဆောင်တံတားထိပ် တပ်စခန်းနှင့် ကောင်းမုံမိန်းတပ်စခန်းများအား လက်လွှတ်ဆုံးရှုံးခဲ့ရ သည်။
တာ့ဖါဆောင်တပ်စခန်းမှ သျှမ်းပြည်တပ်မတော် တပ်ဆုတ်ပေးလျှင် အစိုးရတပ်ကလည်း တပ်ဆုတ် မည်ဟု ပြောဆိုခဲ့ဖူးသော်လည်း အစိုးရတပ်သည် ယနေ့တိုင် တပ်ဆုတ်ပေးခြင်းမရှိဘဲ တပ်စခန်း နှင့် ခံတုတ်ကျဉ်း ပြင်ဆင်မွမ်းမံဆောက်လုပ်ရေးအတွက် ဒေသခံလူထုအား သက်ကယ်၊ ဝါးလုပ်အားများ နေ့စဉ်ခေါ်ယူလုပ်အားပေးစေခိုင်း နေသည်ဟုလည်း ဒေသခံများကပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့က ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကြပြီးဖြစ်သော်လည်း တိုက်ပွဲများရပ်တန့်နိုင်ခြင်းမရှိ သည့်အတွက် တိုက်ပွဲလျှော့ချ နိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့စည်းရန် နှစ်ဘက်ခေါင်းဆောင်များက ကြိုးပမ်းနေဆဲဖြစ်သည်။
ပြည်သူ့စစ်များမှာမူ အစိုးရ တပ်မတော်လက်အောက်ခံ လက်နက်ကိုင်အင်အားစုများဖြစ်ကြသည်။ သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းအတွင်း ပြည်သူ့စစ်တပ်ဖွဲ့(အင်အားကြီးငယ်အဖွဲ့ အားလုံး) များ အဖွဲ့ပေါင်းရာဂဏန်းရှိပါသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဂျီဟတ် ဝါဒီတွေ စစ်တိုက်ဖို့ သင်္ဘာနဲ့ အရှေ့အလယ်ပိုင်းကိုသွား
ကလေးများကို ဂျီဟတ်အတွက်လေ့ကျင့်
အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့အဆိုအရ အရှေ့ အလယ်ပိုင်း စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ဘာသာရေး စစ်ဆင်နွှဲမယ့် ဂျီဟတ်ဝါဒီတွေက အခုအခါ လေကြောင်းအစား ပင်လယ်ကူး ခရီးသည်တင် သင်္ဘ࿿ောတွေနဲ့ သွားကြတယ်လို့ဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ စစ်သွေးကြွတွေနဲ့ သွားပူးပေါင်းမယ့် ဂျီဟတ်ဝါဒီ တွေဟာ တူရကီအပါအဝင် ဒေသတွင်း နိုင်ငံတွေကို ခရီးသည်တင်ခရုစ် သင်္ဘာကြီးတွေနဲ့ သွားကြပါတယ်။
ဒီလိုနည်းလမ်းနဲ့ စစ်သွေးကြွ ဘယ်လောက် ခရီးထွက်တယ်ဆိုတာ စာရင်းအတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဒီပြဿနာပိုဆိုးမလာမီ အခုအခါ လေဆိပ်က ခရီးသည်စာရင်းကိုစစ်သလို သင်္ဘ࿿ော လုပ်ငန်းတွေကို လည်း စစ်ဆေးသင့်ပြီလို့ အင်တာပိုက ပြောပါတယ်။
တူရကီ နိုင်ငံကတော့ နိုင်ငံခြားကလာတဲ့ ဂျီဟတ်ဝါဒီလို့ မသင်္က࿿ာသူရာချီ ပြီး လွန်ခဲ့တဲ့ လတွေအတွင်း လေဆိပ်တွေ ဘတ်စ်ကားဆိပ်တွေ ကနေ ဖမ်းပြီး ပြန်ပို့နေတယ်လို့ တူရကီ အာဏာပိုင်တွေ ကပြောပါတယ်။ ဒီလိုဆောင်ရွက်မှု တွေကြောင့် ဖမ်းဆီးမခံရအောင် တိုက်ပွဲဝင်မယ့် သူတွေဟာ နောက်ထပ် ခရီးစဉ်မျိုး ရွေးရတယ်လို့ အင်တာပို အကြမ်းဖက်မှု တိုက်ဖျက်ရေး ညွှန်ကြားရေးမှူး ပီယဲစိန့် ဟီလယ်ရီကပြောပါတယ်။
အင်တာပိုရဲ့ အဆိုအရတော့ ဥရောပကနေ တဦးချင်း သွားသူတွေဟာ တူရကီက အစ်ဇ်မစ် နဲ့တခြားမြို့တွေကို သုံးတာ အထောက်အထားတွေ့ ရတယ်လို့ပြောပါတယ်။ ဒီလိုလမ်းလွှဲပြီး သင်္ဘာ ပြောင်းစီးကြတာ သုံးလလောက်ပဲ ရှိပါသေးတယ်။ ကုလသမဂ္ဂရဲ့ မကြာမီက ထုတ်ပြန်ချက် အရအဆိုရင် အိုင်အက်စ် စစ်သွေးကြွတွေအပါအဝင် ဆီးရီးယားနဲ့ အီရတ်ရှိ အခြားအစွန်းရောက် အဖွဲ့တွေနဲ့အတူ ဝင်တိုက်ခိုက်ဖို့ နိုင်ငံပေါင်း ၈၀ကျော်မှ လူပေါင်း တသောင်း ငါးထောင် လောက်ပါဝင်ကြတယ်လို့ ခန့်မှန်းထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
မုန်တိုင်းသတင်း (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ ည (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
 Storm Tracker Map
6 November 2014
ဘင်္ဂလား ပင်လယ်အော် အခြေအနေ။ ယနေ့ မြန်မာ စံတော်ချိန်(၁၃း၃၀)နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက် တောင်ဘက်မိုင်(၄၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက် မိုင်(၃၆၀)ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက်မိုင်(၃၁၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ မုန်တိုင်းငယ် ပိုမိုအားကောင်းလာကာ၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိ နိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။
မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်၊၊
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးဆက်လက်ထစ်ချုန်း ရွာမည်။
နေပြည်တော်နှင့် အနီး တစ်ဝိုက်အတွက် မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒ
ကိုပါကြီး သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးကြောင်း မှုခင်းဆရာဝန်တွေ အတည်ပြု
6 November 2014
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မှုခင်းဆရာဝန်တွေက အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
ကိုပါကြီးရဲ့ ရုပ်အလောင်းကို စစ်ဆေးခဲ့တဲ့ မှုခင်းဆိုင်ရာ ဆရာဝန်ကြီးတွေက သေနတ်ဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။
"ကျည်ဆန်ရာ ၅ ခုတွေ့တယ်၊ မေးစေ့တည့်တည့်အောက်မှာပေါ့နော် အနီးကပ်ပစ်လို့ မေးရိုးကွဲထွက်သွားတယ်ပေါ့၊ နောက်တခါ ရင်ဘတ်မှာ ၂ ခုရယ်၊ ပေါင်မှာရယ်၊ နောက်ခြေဖနောင့်မှာရယ်၊ နောက်ကျန်တဲ့ဟာကိုတော့ မပြောပြနိုင်ဘူးပေါ့နော်၊ သူတို့တရားရုံးတင်တဲ့အခါ တရားရုံးမှာလာပြီးတော့ ထွက်ပေးပါမယ်လို့ပြောတယ်"
ကိုပါကြီးရုပ်အလောင်းကို DNA ခေါ် မျိုးရိုးဗီဇစစ်ဆေးဖို့ အစိုးရက တာဝန်ယူသွားမှာဖြစ်သလို ကိုပါကြီးရဲ့အမှုကို တရားရုံးမှာ စစ်ဆေးချိန်မှာလည်း ကိုပါကြီးရုပ်အလောင်းကို စစ်ဆေးခဲ့တဲ့ မှုခင်းဆရာဝန်ကြီးတွေက ထွက်ဆိုချက်ပေးမှာဖြစ်တယ်လို့လည်း မသန္တာက ပြောပါတယ်။
လက်ရှိအချိန်မှာ နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ အကူအညီနဲ့ ကိုပါကြီးရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ကို သယ်ယူပြီး ဂူသွင်းသဂြိုလ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကိုပါကြီးရဲ့ ရုပ်အလောင်းကို သယ်ယူဖို့နဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးတွေဆီက အကူအညီမရရှိခဲ့သလို အမည်မသိတဲ့ သံဃာ ၈ ပါးက အလောင်းကိုမသယ်ယူဖို့ မနေ့ညက လာရောက်တားဆီးခဲ့တယ်လို့လည်း မသန္တာက ပြောပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးဟာ KKO လို့ခေါ်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်တယ်ဆိုပြီး တပ်မတော်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
RFA Burmese
ဦးပါကြီး အလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုလ် ဖို့  အမိန့် ထုတ်
ဦးပါကြီး အလောင်းကို ရင်ခွဲ စစ်ဆေး ပြီး ချိန် က နေ ၂၄ နာရီအတွင်း သင်္ဂြိုလ် ဖို့  မြို့ နယ် စည်ပင် က အမိန့် စာ ထုတ်ပြန်ပါတယ်။ဒီစာ ကို နိုဝင်ဘာလ ၆ ရက်နေ့ ည ၉ နာရီခွဲမှ ဒေါ်သန္တာကို စည်ပင်တာဝန်ရှိသူတယောက်က လာရောက်ပေးသွားတာဖြစ်ပါတယ်။ ။ မိသားစုအနေနဲ့ကတော့ နဂိုအစီအစဉ်အတိုင်း အလောင်းကို ရန်ကုန်သယ်ပြီး သင်္ဂြိုလ် မှာဖြစ်တယ်လို့ သိရပါတယ်။
 DVB TV News
တိုင်းရင်းသားညီအကိုတွေ ပြည်သူတွေ အားလုံးအကူအညီနဲ. ရုပ်အလောင်းကို ရန်ကုန်ရောက်အောင် သယ်ယူကြမည်
မော်လမြိုင်ဆေးရုံရင်ခွဲရုံရှေ့တွင် ကိုပါကြီးအလောင်းကို စစ်ဆေးသူ မှုခင်းဆရာဝန်နှင့်မသန္တာတွေဆုံ
ကိုပါကြီးရဲ. ကျန်ရစ်သည့်ရုပ်အလောင်းအား ရန်ကုန်သို.သယ်ဆောင်ရန်နာရေးကူညီမှု(ရန်ကုန်) အသင်းကား မော်လမြိုင်ဆေးရုံရင်ခွဲရုံရှေ့ရောက်ရှိလာပါပြီ ။
သတင်းဓါတ်ပုံ- ကိုကျော်ခန်.
ကိုပါကြီး အလောင်း ရန်ကုန်သို့ သယ်ယူရာတွင် မွန်ပြည်နယ်အတွင်းရှိ အာဏာပိုင်အဖွဲ့အစီးများမှ လုံခြုံရေးအတွက် အကူအညီ လုံးဝမပေးနိုင်
ကြောင်း ပြောဆိုလိုက်သည့်အတွက် မိသားစု အစီအစဉ်ဖြစ်သာ သယ်ယူရမည်ဖြစ်ပါသည်။
သယ်ယူရာတွင် လမ်းခရီးတွင် အနှောက်အရှက် တစ်စုံတရာ မပေါက်စေရန်အတွက် ဝိုင်းဝန်း ကူညီပေးကြမည့် အဖွဲ့များမှာ - (၁) မွန် အမျိုးသားပါတီ
(MNP) (၂) NLD မွန်ပြည်နယ် (၃) မွန် လူငယ် ကွန်ရပ် (၄) ပအို လူငယ်ကွန်ရပ် (၅) နာရေးကူညီမှု အသင်း (၆) အရပ်ဖက် အဖွဲ့အစီးများ (၇) ဒေသခံ
ပြည်သူများမှ သက်ဆိုင်ရာ မြို့နယ်အလိုက် ပါဝင် လိုက်ပါကူညီ ပို့ဆောင်ပေးကြမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
အချက်အလက် အသေးစိတ်ကို လုံခြုံရေးအရ ဖော်ပြပြောဆိုနိုင်ခြင်း မရှိသည့်အပေါ် နားလည်းပေးစေလိုပါသည်။
(06 Nov 2014) 5:50 Pm
သတင်းဓါတ်ပုံ- ကိုသူ( ဒေါင်းမာန်ဟုန်)
Wednesday, November 5, 2014
၁၀၅ ကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများပူဇော်ပွဲ ၆-၁၁-၂၀၁၄(ုLive Show )
Live streaming video by Ustream
ညနေ၆နာရီမှ စ၍ အင်တာနက် လိုင်းကောင်းလျှင် တစ်ညလုံးပြသပေးပါမည်။
                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ
မက္ကဆီကို ကျောင်းသား၄၃ ဦးပျောက်ဆုံး၊ မြို့တော်ဝန် ဖမ်းဆီးခံရ
Iguala မြို့တော်ဝန်ဟောင်း Jose Luis Abarca နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Maria de Los Angeles Pineda (Credit: AFP) 
5 November 2014
ဆန္ဒပြမှုမှာ ​ပါဝင်တဲ့ ​ကျောင်းသားတွေ ​ပျောက်ဆုံးသွားတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​Iquala ​မြို့တော်ဝန်နဲ့ ​သူ့ရဲ့ ​ဇနီးသည်ကို ​မက္ကဆီကို ​အာဏာပိုင်တွေက ​ဖမ်းမိသွားပြီ ​ဖြစ်ပါတယ်။
မြို့တော်ဝန်ဟောင်း ​Jose ​Luis ​Abarca ​နဲ့ ​ဇနီးသည် ​Maria ​de ​los ​Angeles ​Pineda ​တို့ကို ​အာဏာပိုင်တွေက ​Mexico ​City ​မှာ ​ဖမ်းမိသွားတာ ​ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ​တစ်လကျော်တုန်းက ​Iguala ​မြို့မှာ ​ဆန္ဒပြမှု ​ဖြစ်ပေါ်ပြီးနောက် ​ဆန္ဒပြ ​ကျောင်းသား ​အယောက် ​၄၀ ​ကျော် ​ပျောက်ဆုံးသွားပါတယ်။
မြို့တော်ဝန် ​ဇနီးသည်ကနေ ​ဦးဆောင် ​ကျင်းပတဲ့ ​အခမ်းအနားတစ်ခုမှာ ​ဆန္ဒပြကြတဲ့အတွက် ​မြို့တော်ဝန်က ​လူအုပ်ခွဲဖို့ ​အမိန့်ပေးခဲ့ပါတယ်။
အဲဒီလို ​လူစုခွဲစဉ်အတွင်း ​ဆန္ဒပြသူ ​တချို့ ​သေဆုံးပြီး ​အယောက် ​၄၀ ​ကျော် ​ပျောက်ဆုံးသွားတာ ​ဖြစ်ပါတယ်။
အခုအခါမှာတော့ ​အသတ်ခံရလောက်ပြီလို့ ​ယူဆကြပါတယ်။
မျက်မြင်သက်သေတွေရဲ့အဆို ​ကျောင်းသားတွေကို ​ရဲတွေက ​အတင်းအဓမ္မ ​ကားပေါ်တင်ပြီး ​ဖမ်းဆီးခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။
ကျောင်းသား ​အယောက် ​၄၀ ​ကျော် ​ပျောက်ဆုံးပြီး ​နောက်တစ်ရက်မှာပဲ ​မြို့တော်ဝန်က ​သူရဲ့ ​ဇနီးသည်အပြင် ​တခြား ​ရဲအရာရှိ ​တစ်ဦးတို့နဲ့  ​ထွက်ပြေးခဲ့ကြပါတယ်။
မြို့တော်ဝန်နဲ့ ​ဇနီသည်တို့ဟာ ​မူးယစ်ဆေးဝါး ​ဂိုဏ်းနဲ့ ​အဆက်အသွယ်ရှိသူတွေ ​ဖြစ်တယ်လို့ ​သိရပြီး ​ဇနီးသည်ရဲ့ ​ညီအစ်ကို ​သုံးယောက်စလုံးက ​ဂိုဏ်းဝင်တွေ ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။
ကျောင်းသား ​၄၀ ​ကျော် ​ပျောက်ဆုံးမှုနဲ့ ​ပတ်သက်ပြီး ​လူပေါင်း ​၅၆ ​ယောက်ကို ​ရဲတွေက ​ထိန်သိမ်းထားပြီး ​အဲဒီအထဲမှာ ​ရဲ ​၂၂ ​ယောက်အပြင် ​စည်ပင်အဖွဲ့ဝင် ​၁၄ ​ယောက် ​ပါဝင်ပါတယ်။
အခုအချိန်ထိ ​ကျောင်းသားတွေ ​ဘယ်ရောက်နေသလဲဆိုတာ ​မသိကြသေးပါဘူး။ ​အရင်တလောတုန်းကတော့ ​မြို့ပြင် ​တစ်နေရာမှာ ​လူပေါင်း ​၃၀ ​ကျော် ​အစုလိုက် ​အပြုံလိုက် ​သေဆုံးတာကို ​တွေ့ခဲ့ရတဲ့အတွက် ​ကျောင်းသားတွေ ​ဖြစ်မလားဆိုပြီး ​စစ်ဆေးခဲ့ကြပါတယ်။
မက္ကဆီကို ​နိုင်ငံမှာ ​ပျောက်ဆုံးသူဦးရေ ​၂၂၀၀၀ ​လောက်ရှိတယ်လို့ ​သိရပါတယ်။
ABC Radio Australia
တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ရန် MPC ပြောဆို
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ MPC တို့ ပြုလုပ်သည့် လုပ်ငန်းအကြိုဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲကို ယခုလအတွင်း ကျင်းပနိုင်ရေး MPC ဘက်မှ တင်ပြထားသည်ဟု သိရသည်။
 NCCT နှင့် UPWC တို့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲ 
သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ၇ ကြိမ်မြောက် အကြိုဆွေးနွေးပွဲ ထပ်မံ ကျင်းပ ရေးအတွက် NCCT ဘက်မှ ယခုလ ၁၀ ရက်နေ့နောက်ပိုင်းမှ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကပြောသည်။
 “သူတို့ဘက်ကတော့ ၁၀ ရက်နေ့ နောက်ပိုင်းမှာ NCCT အစည်းအဝေးပြန်ခေါ်မယ်လို့ပြောပါတယ်။ အဲဒီ နောက်ပိုင်းမှာမှ အကြောင်းပြန်သွားမယ်လို့ ပြောပါတယ်။ ဘာသဘောတူညီချက်မှမရှိခဲ့ဘူး” ဟု ၄င်းက ဆိုသည်။
လာမည့်ဆွေးနွေးပွဲကို ယခုလအတွင်းထပ်မံကျင်းပနိုင်ရန် MPC မှ အကြောင်းကြားတင်ပြ ခဲ့ကြောင်း သိရ သည်။
 ခုနှစ် ကြိမ်မြောက်ဆွေးနွေးပွဲကိုမည်သည့် အချိန်တွင် တွေ့ဆုံဆွေးနွေးမည်ကို မသတ်မှတ် နိုင်သေးကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
“တပ်ပိုင်းဆိုင်ရာလည်းဆွေးနွေးခဲ့ခြင်းမရှိဘူး၊ အရင်ဆွေးနွေးပွဲအကြောင်းအရာလည်းဘာမှ မပြောဖြစ်ဘူး။ NCCT ခေါင်းဆောင်တွေ နဲ့ ပြန်တွေ့ကြမယ်” ဟု ၄င်းကပြောသည်။
ယခုဆွေးနွေးပွဲကိုချင်းမိုင်မြို့တွင်နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့ပြီး MPC ဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ဦးညိုအုန်းမြင့်နှင့်NCCTဘက်မှ
ဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်သောအဖွဲ့ဝင် ၄ ဦး တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင် ဦးအောင်မင်းနှင့်NCCT အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေးစာချုပ်အတွက်ဆွေးနွေးခဲ့သည်။သျှမ်းသံတော်ဆင့်
လိပ်ကျွန်းလူသတ်မှု ပြန်စစ်ဆေးပေး ဖို့ ထိုင်းမှုခင်းစုံထောက်အဖွဲ့ သဘောတူ
koh-tao-305.jpg
မြန်မာနိုင်ငံသားနှစ်ဦး တရားခံအဖြစ် ဖမ်းဆီးစွပ်စွဲ ခံထားရတဲ့ လိပ်ကျွန်းလူသတ်မှုကို အစကနေ ပြန်လည် စစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ မှုခင်းအထူးစုံစမ်းစစ်ဆေးရေး ဌာန DSI က လက်ခံလိုက်ပြီလို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ဟာ ခြိမ်းခြောက်နှိပ်စက်မှုတွေကြောင့် အမှုကိုဝန်ခံခဲ့ ရတာဖြစ်ကြောင်း ထွက်ဆိုချက်ကို၊ ထိုင်းရှေ့နေ များကောင်စီ၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ မြန်မာ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ တရားခံတွေရဲ့မိဘတွေက သက်သေအထောက်အထားတွေနဲ့တကွ မနေ့က တင်ပြတောင်းဆိုချက်ကို DSI က လက်ခံလိုက်တာ လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"မိဘတွေသော်၎င်း၊ သံရုံးအထူးအဖွဲ့သော်၎င်း ၊ ရှေ့နေများကောင်စီသော်၎င်း၊ လူ့အခွင့်အရေး အဖွဲ့သော်၎င်း ကျနော်တို့က အကျဉ်းဦးစီးဌာရယ် သွားပြီးခဲ့ပါပြီ၊ သွားပြီးခဲ့တဲ့အခါမှာလည်း ကလေးတွေကို နှိပ်စက်ညှင်းပမ်းတယ်ဆိုတဲ့ အကြောင်းအရာက သွားတဲ့အဖွဲ့တိုင်း သိလာခဲ့ကြတာပါ၊ ဒါကြောင့် ဒီအချက်နဲ့ ပတ်သက်လို့ ရဲတွေနဲ့ မေးကြမြန်းကျမယ်ဆိုပြီး လုပ်ထားတာပါ၊ သို့သော် သူတို့မလာတဲ့အတွက်ကြောင့် ဒီဟာပြုလုပ်ခြင်းမရှိခဲ့ပါဘူး၊ ကျနော်တို့က အဲ့အကြောင်းအရာတွေကို အားလုံးခြုံပြီးတော့ မိဘတွေ လက်မှတ်ထိုးပြီးတော့ မနေ့က DSI ကိုသွားပြီးတော့မှ ဒီအမှုတွဲကို ပြန်လည်ပြီးတော့ အထူးအဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးပေးပါလို့တင်ခဲ့တာပါ"
ဒါ့အပြင် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်တွေအပေါ် ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ချက်ကို ထိုင်းရဲတွေကပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူဖို့အတွက် ထိုင်းလူ့အခွင့်အရေးကော် မရှင်က စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်နဲ့ မနေ့ကပြုလုပ်တဲ့ ရှင်းလင်းပွဲတွေကို အမှုနဲ့သက်ဆိုင်တဲ့ ရဲတွေက လာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်လို့ လာမယ့် ၁၂ ရက်နေ့ လူ့အခွင့် အရေးကော်မရှင်ရဲ့ အစည်းအဝေးမှာ သူ့အနေနဲ့ တင်ပြဆွေးနွေးသွားမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ Dr. Niran Pitakwatchara က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
RFA
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားအစည်းအဝေး ကျင်းပခွင့် ပိတ်ပင်ခံရ
                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ
လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုကြောင်း မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေး ကျင်းပမယ့် ခ၀ဲခြံမျက်မမြင်ကျောင်း တာဝန်ရှိသူတွေထံ အကြောင်းကြားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပမှာ ဖြစ်တာကြောင့် ခွင့်မပြုနိုင်ကြောင်း ပြောတာဖြစ်တယ်လို့ အစည်းအဝေးဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူက ပြောပါတယ်။
"ကျနော်တို့ပွဲကျင်းပဖို့ လျာထားတဲ့ ခဝဲခံမျက်မမြင်ကျောင်းမှာ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူး ၂ ယောက်လာတယ်၊ လာပြီးတော့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို ကျင်းပချင်ရင် သူတို့ဆီမှာခွင့်ပြုမိန့်တင် ကျလာပြီးတော့မှပဲ လုပ်ပိုင်ခွင့်ရှိပါတယ်လို့ သူတို့ကလာပြောတယ်၊ နောက်ခွင့်ပြုချက် တင်လို့ ကျလာမယ်ဆိုရင် ကျနော်တို့လျာထားတဲ့ ၁၂၊ ၁၃ မှာ ကျင်းပလို့မရပါဘူးတဲ့၊ နောက်ပိုင်းမှပဲ ကျင်းပ လို့ရမယ်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ အဲဒီ့ရက်တွေမှာ အာဆီယံထိပ်သီး အစည်းအဝေးရှိတယ်လို့ပြောတယ်'
နှစ်ရက်ကြာကျင်းပမယ့် ကျောင်းသားထု အရေးပေါ် အစည်းအဝေးရဲ့ ပထမရက်မှာ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို ကျောင်းသား ကျောင်းသူတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။
Tuesday, November 4, 2014
မြန်မာသံတော်ဆင့်ကို တရားစွဲ ဆိုမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ကြေညာ
myanmar-herald-cover-305.jpg
မြန်မာသံတော်ဆင့် ဂျာနယ်မျက်နှာဖုံးတစ်ခုကို တွေ့ရစဉ်
Photo: RFA
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ မြန်မာ သံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ်မှာ ဖော်ပြခဲ့ တဲ့ နိုင်ငံရေးတွေ့ဆုံမေးမြန်းခြင်းကဏ္ဍပါ စာသားကောက်နှုတ်ဖော်ပြချက်တွေဟာ နိုင်ငံတော် သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တရားစွဲဆိုသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ အစိုးရသတင်းစာထဲမှာ ကြေညာလိုက်ပါတယ်။
အဲဒီ သံတော်ဆင့်ပါ ဖော်ပြချက်ဟာ အတိုက်အခံနိုင် ငံရေးသမားဖြစ်တဲ့ ဦးမျိုးရန်နောင်သိန်းနဲ့ တွေ့ ဆုံမေးမြန်းထားတာဖြစ်ပြီး၊ အဲဒီမေးမြန်းချက်အားလုံး ဟာ ဂျာနယ်နဲ့ ပတ်သက်မှုမရှိဘူးလို့ မြန်မာသံတော်ဆင့် ဂျာနယ်ရဲ့ ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ပြော ပါတယ်။
"ဂျာနယ်အာဘော်ဆောင်းပါးမို့လို့ ဒီဂျာနယ်အပေါ်မှာ တရားစွဲမယ်ဆိုရင် ကျနော်တို့ပေါ့နော်၊ အဓိကဝေဖန် သုံးသပ်တဲ့ ကာယကံရှင်ကိုတော့ ဘေးဖယ် ထားပြီးတော့ မြန်မာသံတော်ဆင့် ဆိုပြီးတော့ သီးသန့်တစ်ခုတည်း တရားစွဲတဲ့အခါကျတော့ ဒီတရားစွဲတယ်ဆိုတဲ့ အဆင့်ထက်ပိုတဲ့ တိုက်ခိုက်မှု တစ်ခုခုများ ရှိနိုင်မလားပေါ့နော်၊ ကျနော်တို့က အဲ့လိုမျိုးတွေးမိတယ်"
ဂျာနယ်အနေနဲ့ ပြန်လည်တောင်းပန်စာကို နိုင်ငံပိုင်သတင်းစာတွေမှာ နှစ်ကြိမ်ဖော်ပြဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီယာယီနဲ့ ညှိနှိုင်းခဲ့ပေမယ့် တစ်ကြိမ်သာဖော်ပြခဲ့ပြီး အဲဒီလို ပြန်လည်တောင်းပန်တဲ့ အထဲမှာလည်း တခြားပုဂ္ဂိုလ်တွေကိုပါ ထိခိုက်စေတာကြောင့် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီနေ့ထုတ်ဝေတဲ့ သတင်းစာတွေမှာ ထည့်သွင်းကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA
ဦးအောင်သောင်းနဲ့ အမရာဘဏ် မပတ်သက် ဟုဆို
              ဦးအောင်သောင်းနဲ့ အမရာဘဏ် မပတ်သက် ဟုဆို
Tuesday, 04 November 2014 14:21
နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိရင် ပါတီဝင်မဖြစ်နိုင်
 Tuesday, 04 November 2014 14:19
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ ( ဒေါက်တာခင်မောင်ညို )
ေ  ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ
------------------------------------------
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
------------------------------------------
မြန်မာပြည်ကို အမှိုက်ပုံလို့ထင်နေကြသည်။ ဦးနေ၀င်းလက်ထက်က စစ်တောင်းစက္ကူစက် ကို ဆောက်တော့ နိုင်ငံခြားက စက်အဟောင်းကြီးဖြုတ်ပြီးဆောက်သည်ဟု သိရသည်။ ဟုတ်၊ မဟုတ်တော့မသိပါ။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စစ်တောင်းမြစ်ထဲ အင်မတန်ပေါများသည့် ငါးသလောက်တွေ ကုန်သွားသည်။
မော်လမြိုင်က FO (မီးထိုးဆီ)ဖြင့် လည် ပတ်သည့်မီးစက်၊ တရုတ်ပြည်မှ စက်အဟောင်းဟု ဆိုသည်။ ခုလည်း လုပ်ကြပြန်ပြီ။ တရုတ်ပြည်မှာ မသုံးတော့တဲ့ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ၊ ထိုင်းမှာ ကန့်ကွက်၍ ဖျက်သိမ်းရသော ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံတွေ မြန်မာပြည်မှာ ဆောက်မတဲ့။
သူတို့ဆီက တံတားဟောင်းတွေ၊ သံဘောင်တွေဖျက်ပြီး ဒီမှာလာတည်တော့ ဧရာဝတီမြစ်ကြီးလည်း ကောလာတာပေါ့”
“ဘာဖြစ်လို့လဲ”
“တိုင်တွေလေဗျာ။ ရေထဲကတိုင်တွေမှာ သံနုန်းပုံပြီး မြစ်ပျက်တာပေါ့။ ကြိုးတံတားလို တိုင်မပါတဲ့ တံတားတွေ ဆောက်ရမယ်”
“ခင်ဗျားက ပညာရှင်မှမဟုတ်တာပဲ ဘယ်လိုသိလဲ”
“အမှားတွေလုပ်တာကိုး၊ ကန့်ကွက်ရတာပေါ့”
ကန့်ကွက်ပါသည်။
“ဘာဖြစ်လို့လဲ”
“မြန်မာပြည်ဟာ အမှိုက်ပုံမှ မဟုတ်တာပဲဗျာ”
“ဒီမှာ ဖတ်ကြည့်ပါဦး။ ကွမ်းခြံကုန်းမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဆောက်မယ်တဲ့”
“မြန်မာ့အလင်း သတင်းစာထဲတွင် ရေးထားပါသည်။ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုန်ရွာအနီး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဖတ်ရပါသည်။
“အင်း အတော်လေး ပြည့်ပြည့်စုံစုံ ရေးသားထားပါလား”
“ဒီမှာရေးထားတာ လျှပ်စစ်ဓာတ်အားလိုအပ်မှုက တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုကို အဟန့် အတားဖြစ်စေသည် တဲ့”
မှန်ပါသည်။ သွေးထွက်အောင်မှန်ပါသည်။
ထိန်ထိန်လင်းနေသော နယူးယောက်၊ တိုကျို၊ ပဲရစ်၊ လန်ဒန်၊ နောက်တော့ စင်ကာပူ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုကြည့်လိုက် မီးတွေ ထိန်ထိန်လင်းနေပါသည်။ စင်ကာပူရောက်တဲ့ တပည့် တစ်ယောက်က “သူတို့သုံးနေတဲ့ လျှပ်စစ်ဓာတ်တွေကို ဖဲ့ပေးရင်ကောင်းမှာပဲ တဲ့”
“သူက လျှပ်စစ်သူတောင်းစားဆိုပြီး စာ တစ်ပုဒ်ရေးခဲ့ပါသည်။”
“မင်းတို့မှာ ပိုနေတဲ့ လျှပ်စစ်ဓာတ်အား တို့ဆီဝေမျှပါလားတဲ့”
“မှန်တာပေါ့ဆရာညို၊ သရော်စာရေးတဲ့ စာရေးဆရာတစ်ယောက်ကတောင် အမေရိကန်တွေ လျှပ်စစ် ဓာတ်တွေခိုးသွားလို့ တို့ဆီ မှာ လျှပ်စစ်ဓာတ်တွေ မကျန်တာလားတဲ့။ လန်ဒန်တို့၊ ပဲရစ်တို့ မှာ မီးထွေထိန်ထိန်လင်းနေ ပြီး တို့ဆီမှာ မီးတွေမှောင်နေတာ ကိုလိုနီ အမွေဆိုးကြောင့်လားလို့တောင် ပြောခဲ့တယ်”
“ဒါပေမဲ့ ဘာဖြစ်လို့ ကျောက်မီးသွေးလျှပ် စစ်ဓာတ်အားပေးစက်ရုံဆောက်ရတာလဲ။ ကျွန်တော်တို့ဆီမှာ ဓာတ်ငွေ့တွေအလျှံအပယ် ရှိ တယ်မဟုတ်လား”
“ခင်ဗျားမေးခွန်းကို သဘောကျပါတယ်။ ကျွန်တော်တို့ဆီ အလျှံအပယ်ရှိတယ်ဆိုတာ ဘာလို့ ပြောရတာလဲ”
“ကျွန်တော်က စာရင်းဇယားကိုတော့ မသိဘူး။ ဒါပေမဲ့ သူများကို ရောင်းနေတယ်လေ။ ကိုယ့်ဆီ မှာ ပိုမှ သူများရောင်းတယ်မဟုတ်လား။ အတိအကျ ဘယ်လောက်ပိုလဲဆိုတာကို ကိုဘသစ် သိလား”
“ဓာတ်ငွေ့ရောင်းတာ တစ်နှစ်ဒေါ်လာသန်း သုံးထောင်ကျော်ရနေတာပဲမဟုတ်လား”
“အစိုးရ ထုတ်ပြန်ထားတာ တွေ့ဖူးလို့ လား”
“ဓာတ်ငွေ့အစား ကျောက်မီးသွေးဓာတ် အားပေးစက်ရုံလုပ်တယ်ဆိုတာ ကျွန်တော်တော့ သဘောမတူဘူး”
“ဘာလို့ သဘောမတူလဲ”
“သဘောတူတဲ့အချက်တွေ အများကြီးပဲ ဆရာညိုရ။ ပထမအချက်ကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှုများခြင်း (pollution) ပါပဲ။ ၁၉၇၀ မတိုင်မီက အင်္ဂလန်ကိုရောက်ဖူးရင် သိလိမ့်မယ်။ အင်္ဂလန်တို့ စကော့တလန်တို့ ဆိုတာ အင်မတန်ကျောက်မီးသွေး ပေါတဲ့ အရပ်တွေ။ အိမ်အောက်မှာ ပေ ၂၀ လောက် တူးလိုက်ရင် ကျောက်မီးသွေးထွက်တယ်။ အဲဒီမှာ စက်မှု လုပ်ငန်းတွေ ထွန်းကားလာ တော့ ကျောက်မီးသွေးသုံးစက်ရုံတွေ အများ ကြီးဖြစ်လာတယ်။ မန်ချက်စတာတစ်ဝိုက်မှာ ဆိုရင် လမ်းပြပုလိပ်တောင် နာရီဝက်တစ်ခါ လူလဲပြီး အောက်ဆီဂျင်ပေး ရှူရတယ်။ ဆောင်းတွင်းမှာ မီးခိုး (Smoke) နဲ့ နှင်းငွေ့ (Fog) ဆိုတာ ဖြစ်လာတယ်။ အဲဒါက အနံ့လည်းနံ့တယ်။ တစ်မြို့လုံးမှောင်မည်းနေတယ်။ ဓာတ်တိုင်အောက်ကနေ မီးသီးကိုလှမ်းကြည့်ရင်တောင် မမြင်နိုင်ဘူး။ မြစ်တွေချောင်းတွေထဲ မှာလည်း အင်္ဂလန်က Fog ဆိုတာ အင်မတန် နာမည်ကြီးတာပေါ့။ ခုလို Smog ဆိုတဲ့ မီးခိုးမည်းကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးလည်း အတော်ချို့ယွင်းလာတယ်”
“ဒါကို ဘယ်လိုလုပ်လဲ”
“သူတို့က မြောက်ပင်လယ် (North Sea) မှာ ဓာတ်ငွေ့တွေ့တော့ တစ်ပြည်လုံး သဘာဝဓာတ်ငွေ့ကို ပြောင်းလဲသုံးစွဲလိုက်တာ ခုဆို ကောင်းကင်ပြင်ဟာ ကြည်လင်လှပနေပြီဖြစ်တယ်”
“ကောင်းလိုက်တာဗျာ။ သူတို့ဆီမှာ စက် မှုထွန်းကားတာ ကြာပြီပဲ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ပီကင်းတို့ ရှန် ဟိုင်းတို့မှာတော့ ဒီလိုမီးခိုးတွေရှိနေဆဲပါပဲ”
“သူတို့ မထိန်းကြဘူးလား”
“ကြိုးစားနေတာပါပဲ။ တိုးတက်မှုကိုလား ရင် တစ်ဖက်က ဆုံးရှုံးမှုတွေဖြစ်တာ သဘာဝပဲ။ သတိရတုန်း ပြောချင်သေးတယ်။ တရုတ်ဟာ ၂၀၀၈ ခုနှစ်က ဘီဂျင်းမှာ Olympic ပွဲတော်လုပ်ဖို့ ကြိုးစားတယ်။ ဒီနေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပြောစရာတွေ ဖြစ်နေတယ်။ ပထမအချက်က သူတို့မှာ ကားတွေက များတယ်။ ကားမီးခိုးတွေ များတယ်။ ဒုတိယက စက်ရုံတွေ၊ ကျောက်မီး သွေးလောင်စာစက်ရုံတွေကနေ မီးခိုးအမှုန်တွေ ထုတ်တယ်။ တတိယ ကတော့ Goby သဲကန္တာရက လွင့်လာတဲ့ သဲမှုန်သေးသေးတွေပေါ့။ စတုတ္ထကတော့ အိမ်သာ (toilet) ပါပဲ။ ဒီတော့ တရုတ်က ကားတွေကို ကန့်သတ် လိုက်တယ်။ ဒီနေ့ ကိုယ့်ကားနံပါတ် ၁ နဲ့ ဆုံးတဲ့ ကားပဲ မောင်းရမယ်။ ကျန်တဲ့ကားတွေ လမ်းပေါ်ထွက်ရင် ဖမ်းတယ်။ ဒုတိယကတော့ စက်ရုံတွေကို ပွဲတော်မကျင်းပမီ တစ်ပတ်ကနေ ပိတ်လိုက်တယ်။ တတိယအနေနဲ့ ဂိုဘီသဲကန္တာရက သဲမှုန်လေးတွေ သိမ့်သွားအောင် မိုးအတု ရွာစေတယ်။ နောက်ဆုံး အိမ်သာကိစ္စကတော့ WTO ကို အကူအညီတောင်းတယ်။ WTO ဆိုတာ စင်ကာပူက ဦးစီးတဲ့ World Toilet Organization ပါပဲ။ ၂၀၀၈ ခုနှစ် ပီကင်းအိုလံပစ် အောင်မြင်သွားတယ်။ ဒါကြောင့် သူတို့ဟာ ကျောက်မီးသွေးစက်ရုံတွေကို လျှော့လာကြတယ်။
“Clean Coal Technology ကို သုံးမယ်ဆိုရင်ကော”
“သူက ကျောက်မီးသွေးအကောင်းစားကို ၀ယ်သုံးရမယ်။ စရိတ်ပိုကြီးတယ်။ အားလုံး သိပါတယ်။ ကျွန်တော်တို့နိုင်ငံက တက္ကနိုလိုဂျီမှာ အားနည်းတယ်ဆိုတာ။ ဘယ်လောက်မှမကြီးတဲ့ သာပေါင်းနဲ့ စစ်တောင်းစက္ကူစက်တွေ လုပ်လိုက်တာနဲ့ စစ်တောင်းနဲ့ င၀န်မြစ်တို့မှာ ငါးသလောက်တွေ မျိုးပြုန်းကုန်တယ်”
“ကျောက်မီးသွေးက အတော်ဆိုးလား”
“ဆိုးတယ်။ သူတို့ဆီကထွက်တဲ့ အငွေ့တွေဟာ အက်ဆစ်မိုးကို ရွာစေတယ်။ ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးက အဓိကကျတယ်။ နောက် တံငါလုပ်ငန်းပေါ့။ ဒီဓာတ်ငွေ့ဟာ နယ်စီးမခြား သွားကြတော့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အများကြီး ထိခိုက်စေနိုင်တယ်”
“ဟုတ်တယ် ကိုဘသစ်ရဲ့။ တရုတ်က ကျောက်မီးသွေးစက်ရုံက မီးခိုးတွေကြောင့် ဖြစ်တဲ့ အက်ဆစ်မိုးဟာ တွင်းတောင်ထိ ရောက်လာပြီး တွင်းတောင်ကရေတွေ ပျက်စီးတယ်လို့လည်း အချို့က ပြောတာပဲ”
“မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး” ဒါပေမဲ့ အတော်လှမ်းပါတယ်။ အက်ဆစ်မိုးက လက်ပံတောင်းတောင်က အက်ဆစ်တွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ ကျောက်မီးသွေး မီးရှို့တဲ့အခါ ဓာတ်ပြာတွေ ထွက်လာတယ်တဲ့”
“ဘယ်လိုမျိုးလဲ”
“ကျောက်မီးသွေးကို မီးရှို့လိုက်ရင်တော့ အထဲက ကာဗွန်တွေ လောင်သွားတယ်။ အခြား မသန့်စင်တဲ့ ပစ္စည်းတွေလည်း ပြာဖြစ်သွားတာပဲပေါ့။ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံက အဏုမြူသတ္တိကြွတာတွေ အများကြီးဖြစ်ပါသတဲ့”
“ဒါလောက်တောင်ပဲလား”
“ Dec 13, 2007 က Mara Hvistendahl တင်ပြထားတဲ့ သတင်းကိုဖတ်ပြမယ်”
“အဏုမြူဓာတ်အားပေးစက်ရုံကတော့ အဏုမြူဓာတ်ပြာတွေ များစွာ ထွက်မှာပဲလို့ လူတွေ ယူဆထားကြပါတယ်။ ဒီအဏုမြူဓာတ်ပြာတွေဟာ ရေဒီယိုသတ္တိကြွတာကြောင့် တစ်နည်းနည်းတော့ ကျန်းမာရေး ထိခိုက်တယ်။ လူကီးမီးယားဆိုတဲ့ သွေးကင်ဆာတွေဖြစ်တယ်။ အဏုမြူဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်တဲ့ ယောက်ျားတွေဆိုရင် သားမျိုးဆက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ sperm count တွေ လျော့သွားတာကို တွေ့ရတယ်။ ဒီလူတွေမှာ ရေဒီယိုဓာတ်တွေ ကြွတက်နေပြီး မျက်လုံးက ဓာတ်ရောင်ခြည်တွေ ထွက်နေတယ်လို့တောင် အချို့က ယုံကြည်ကြတယ်။ များသောအားဖြင့် လူတွေ ယုံကြည်ထားတာက ဓာတ်ပေါင်းဖိုတွေဟာ လူတွေကို ဒုက္ခပေးတဲ့ ဓာတ်ရောင်ခြည်တွေ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။ တစ်ဖက်က ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတွေကို ကြည့်မယ်ဆိုရင် ကျောက်မီးသွေးစက်ရုံဟာ အဏုမြူဓာတ်ပေါင်းဖိုထက်ကို ၁၀၀ ရာခိုင်နှုန်း ပိုပြီး ဓာတ်ရောင်ခြည်သက် ရောက်စေတယ်တဲ့”
“အင်း ... မယုံနိုင်စရာပါပဲ”
“ဒါကြောင့် အန္တရာယ်ရှိတဲ့ ကျောက်မီးသွေးစက်ရုံတွေကို နိုင်ငံတကာက တဖြည်းဖြည်း ဖယ်ရှားနေကြတယ်။ တလောက တနင်္သာရီတိုင်းမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကိုလည်း ဒေသခံတွေ ကန့်ကွက်နေတယ်”
“ဒါကို အစိုးရအနေနဲ့ စဉ်းစားရမှာပဲ။ လျှပ်စစ်ဓာတ်ကို လိုချင်တယ်။ တိုးတက်ချင်တယ်ဆိုတဲ့ ပြည်သူတွေဟာ ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်တာ ဂရုစိုက်လေ့လာသင့်တယ်။ သတင်းစာထဲမှာ ပါတယ်။ ကောင်းမြတ်သောမြေကုမ္ပဏီက လုပ်မယ်တဲ့။ သူတို့ကော Technology အသစ်တွေ ရှိကြရဲ့လား။ ကျောက်မီးသွေး ပြည်ပက တင်သွင်းရမယ်။ အဆင့်မီဖို့ ပြုပြင်စရာတွေ လိုတယ်”
“ကိုဘသစ်ကရော ကန့်ကွက်တာပဲလား”
“ကန့်ကွက်တာပေါ့ဗျာ။ ကိုယ့်မှာ ထမင်းအကောင်းရှိလျက်နဲ့ ထမင်းအသိုးကို လဲစားတယ် ဆိုတာမျိုးပေါ့။ ဓာတ်ငွေ့တွေရှိလျက်နဲ့ ဒီလောက် ဒုက္ခပေးတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆောက်တယ်ဆိုတာ ဘာကြောင့်လဲ”
“ဘယ်သူသေသေ ငတေတဲ့ စိတ်ထားပေါ့”
“နောက်ပြန်မသွားနိုင်တာကို ဂရုစိုက်ကြပါဗျာ”
× × × × ×
- The Ladies News Journa မှ -