
ရန်ကုန် ဇန်နဝါရီ ၁ဝ
ယခုနှစ် နှစ်စပိုင်းမှစ၍ မော်တော်ယာဉ် တင်သွင်းသူများ အနေဖြင့် မိုဒယ်အသစ်များကိုသာ တင်သွင်းရမည်ဖြစ်ပြီး ၂ဝ၁၄ခုနှစ် နှစ်ကုန်ပိုင်း မူဝါဒပြောင်းလဲမှုများ နှင့်အတူ ၂ဝ၁၅ခုနှစ် နှစ်စပိုင်း မှစ၍ မော်တော်ယာဉ်တင်သွင်းရာ တွင် Invoice ဈေးနှုန်းများအတိုင်း ကောက်ခံသွားမည်ဟု ထုတ်ပြန် ကြေညာထားရာ လက်ရှိအချိန် ကာလတွင် ကားဈေးကွက်အတွင်း စလစ်တန်ဖိုး ဈေးကစားမှုများပြန် လည်ဖြစ်ပေါ်နေကြောင်းပြည်တွင်း ကားဈေးကွက် လုပ်ငန်းရှင်များ ထံမှသိရသည်။
''၂ဝ၁၄ခုနှစ်သတ်မှတ်ရက်အမီ အပ်တဲ့ကားတွေအတွက် ကားပါ ကင်ထောက်ခံချက်ကင်းလွတ်ခွင့် ရပြီ။အခုနှစ်စမှာလဲ ကားဟောင်း ရှိသူတွေ အစားပြန်သွင်းတဲ့နေရာ မှာ ကားပါကင်ထောက်ခံချက်မလို တော့ဘူးဆိုပြီး ထွက်လာတော့ အခွန်လျှော့ပေါ့မှုပိုများတဲ့ ၁က/၂ က စလစ်တွေဈေးနည်းနည်း ပြန်မာလာတယ်။ ၂ဝ၁၄ အပ် ကားစလစ်တွေကနည်းနည်းဈေး တက်သွားတယ်။ ရန်ကုန်စလစ်မှာ ၆၅ သိန်း၊ သိန်း ၇ဝ လောက်ဖြစ် သွားပြီ။ မန္တလေးကားဈေးကွက် မှာလဲစလစ်ဈေးကအတူတူလောက် ပဲ၊ ဂျစ်ကားစလစ်တော့ ၄၆ သိန်း၊ ၄၇သိန်းလောက်အထိပေါက်ဈေးရှိ တယ်။ အရောင်းအဝယ်ကတော့ အေးနေတုန်းပဲ။ ဂျစ်စလစ်ကလဲ ကားပါကင်ထောက်ခံချက်မလိုတဲ့ အတွက် ဈေးပြန်မာနေတုန်းပဲ။ သက်ဆိုင်ရာက ဒီလ ၁ ရက်က စပြီး အခွန်ရာခိုင်နှုန်းလျှော့ပေါ့ ခံစားခွင့်မရှိတော့တာလဲပါတယ်။ ဒီပုံစံအတိုင်းဆိုရင် စလစ်ဈေးက အတက်အကျဖြစ်နိုင်တဲ့အခြေအနေ ရှိသေးတယ်။ ကားဈေးကတော့ မကျနိုင်တော့ဘူး။ အတက်ပဲရှိ တော့တယ်''ဟု မော်တော်ကား ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ စာရင်းစစ်တာဝန်ခံဦးအေးကျော်က ပြောသည်။
ယခုနှစ်နှစ်စပိုင်းမှစ၍မော်တော် ယာဉ်ဈေးနှုန်းများမြင့်တက်သွားရ ခြင်း၏ အဓိကအကြောင်းအရင်း မှာ သက်ဆိုင်ရာမှ CIF တန်ဖိုး ပြောင်းလဲမှုမရှိသည့်ကိစ္စနှင့် မော် တော်ယာဉ်တင်သွင်းသူများအနေ ဖြင့်ကားပါကင်လျှောက်ထားရမည် ဟူသော ကိစ္စများနှင့်များစွာ သက် ဆိုင်နေပြီး အကောက်ခွန်နှင့်ကညန မှ အခွန်ကိစ္စရပ်များတွင် လျှော့ပေါ့ မှုမရှိနိုင်သည့်အကြောင်းအရာများ နှင့်ပါ တိုက်ရိုက်ဆက်နွှယ်နေ ကြောင်း ပြည်တွင်းအခြေစိုက် မော်တော်ယာဉ်အရောင်းအဝယ် လုပ်ငန်းကျွမ်းကျင်သူများ၏သုံးသပ် ပြောကြားမှုအရ သိရသည်။
ပြည်တွင်းသို့ ထပ်မံဝင်ရောက် လာရန်ရှိနေသည့် လေလံမော်တော် ယာဉ်များအလုံးအရင်းနှင့်ဝင်ရောက် လာပြီး နောက်ပိုင်းမှသာ လက်ရှိ ပြည်တွင်းကားဈေးကွက်မှမော်တော် ယာဉ်ဈေးနှုန်းများနှင့်အတူ ကား တင်သွင်းသည့် စလစ်ဈေးနှုန်းများ ပါ တည်ငြိမ်လာနိုင်သည်ဟုဆို သည်။
''အခြေအနေက ဘယ်အချိန် မှာ ဘာပြောင်းမလဲဆိုတာ စောင့် ကြည့်နေကြတုန်းပဲ။ အနားရောက် မှ ကပ်ပြောင်းတတ်တဲ့ သဘော လေးတွေလဲရှိနေတော့ အများနဲ့ ဆို အရှုံးအမြတ်ကွာတယ်။ Free ပါမစ်ကလဲ မပိတ်ရုံဖြစ်နေတော့ လောလောဆယ်စလစ်တွေက ၂ဝဝ၄မှာအပ်ထားတဲ့စလစ်လောက် ပဲ အရောင်းအဝယ်နည်းနည်းရှိ တယ်။ ကားတင်သွင်းဖို့သတ်မှတ် ပေးထားတဲ့၂ဝ၁၅မတ်လနောက်ပိုင်း ဆိုရင်တော့ ကားသွင်းမယ်ဆိုရင် ပါမစ်တွေ၊ စလစ်တွေရဲ့နေရာမှာ တစ်စီးပေးတစ်စီးယူဖြစ်လာဖို့ရှိနေ တယ်''ဟုသီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းမှဝယ်ရောင်းပွဲစား ကြီး ဦးသန်းဌေးကဆိုသည်။
ဓာတ်ပုံ - ဖိုးချို
ရွှေအောင်
The Union Daily