
ရန်ကုန်မြို့ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) ကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ညက မွေးနေ့ပါတီပွဲ ကျင်းပတဲ့အတွက် ဝေဖန်မှုတွေ ဖြစ်နေပါတယ်။
အရင်က ဗိုလ်ချုပ်ထွန်းကြည် (အငြိမ်းစား)ရဲ့သမီးဖြစ်သူ မသီသီထွန်းရဲ့ မွေးနေ့ပါတီပွဲလို့ လူမှုရေးစာမျက်နှာမှာ ဖေ့စ်ဘွတ်မှာ ရေးသားနေကြပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကိစ္စကို Yangon Heritage Trust (YHT) အနေနဲ့ ပြန်လည်စိစစ်သင့်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
မနေ့ညက RFA က အနီးနားမှာရှိနေသူတွေကို မေးမြန်းရာမှာ ပါတီပွဲကျင်းပခဲ့တာ သေချာကြောင်း ပြောပါတယ်။
ဒီသမိုင်းဝင် အဆောက်အဦးကို မူလက အနော်မာကုမ္ပဏီကို ဟိုတယ်အဖြစ် နှစ်ရှည်ငှားရမ်းခဲ့ပြီး အများပြည်သူတွေက ကန့်ကွက်တာကြောင့် ပြတိုက်အဖြစ်သာ အသုံးပြုရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပြောင်းလဲခဲ့တယ်လို သိရှိရပါတယ်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT ဟာ နည်းပညာဆိုင်ရာ အကြံဥာဏ်ပေးတဲ့အဖွဲ့သာဖြစ်ပြီး စီမံခန့်ခွဲပိုင်ခွင့်ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ ဒီနေ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။
အတွင်းဝန်ရုံး ပြုပြင်မွမ်းမံရေးဆိုင်ရာကို တစ်ချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဗိုလ်ချုပ် ထွန်းကြည် (အငြိမ်းစား) မိသားစုဝင်တွေက လုပ်ပိုင်ခွင့် (ကန်ထရိုက်) ရရှိထားတာာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ သူတို့မိသားစုပိုင်တဲ့ ကုမ္ပဏီက အနော်မာ ကုမ္ပဏီလို့ ဆိုပါတယ်။
RFA Burmese