Headlines News :
Home » » အမျိုးသမီး ရိုက်သတ်ခံရတာကို ဘာမှ မလုပ်ခဲ့တဲ့ ရဲ ၈ ဦး အဖမ်းခံရ

အမျိုးသမီး ရိုက်သတ်ခံရတာကို ဘာမှ မလုပ်ခဲ့တဲ့ ရဲ ၈ ဦး အဖမ်းခံရ

Written By လွင့်မောင်မောင် on Monday, March 23, 2015 | 5:36 PM


အလောင်းကို အမျိုးသမီးတွေကပဲ သယ်ဆောင်သွားတာဖြစ်ပြီး အမျိုးသားတွေ ကြီးစိုးတဲ့ နိုင်ငံမှာ အမျိုးသမီးတွေက အံတုတဲ့ နမူနာ တခုဖြစ် (Credit: AFP) 
ကိုရမ် ​ကျမ်းစာကို ​မီးရှို့ခဲ့တယ်လို့ ​စွပ်စွဲခံရပြီး ​ရိုက်သတ်ခံလိုက်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​လူ ​၁၃ ​ယောက် ​ဖမ်းဆီးခံရပြီး ​ဖမ်းဆီးခံရသူတွေထဲမှာ ​ရဲ ​၈ ​ဦး ​ပါဝင်ပါတယ်။

အသက် ​၂၇ ​နှစ်အရွယ် ​Farkhunda ​ဟာ ​ကိုရမ်ကျမ်းစာကို ​မီးရှို့တယ်ဆိုပြီး ​ဒေါသထွက်နေတဲ့ ​လူအုပ်က ​သူ့ကို ​ဝိုင်းဝန်း ​ရိုက်သတ်ခဲ့ကြတာ ​ဖြစ်ပါတယ်။ ​ရဲအရာရှိ ​Mahammad ​Zahir ​ရဲ့အဆိုအရ ​အဲဒီ ​အမျိုးသမီးက ​ကိုရမ်ကျမ်းစာကို ​မီးရှို့ခဲ့တဲ့ ​သက်သေအထောက်အထားတွေ ​မတွေ့ ​ခဲ့ရဘူးလို့ ​ပြောပါတယ်။

ကြာသပတေးနေ့မှာ ​ဖြစ်ခဲ့တဲ့ ​ဖြစ်ရပ်ကို ​လက်ကိုင်ဖုန်း ​ဗီဒီယိုမှာ ​ပြသချက်အရ ​အဲဒီအမျိုးသမီး ​တိုက်ခိုက်ခံနေရတာကို ​ရဲတွေက ​ဘာမှ ​မလုပ်ပဲ ​နေခဲ့ကြတာကို ​တွေ့ခဲ့ရပါတယ်။

အဲဒီအမျိုးသမီး ​သေဆုံးမှုအတွက် ​လူ ​၁၃ ​ယောက်ကို ​အာဏာပိုင်တွေကဖမ်းဆီးထားပြီး ​အဲဒီအထဲမှာ ​ရဲအမှုထမ်း ​၈ ​ယောက်ပါဝင်ပါတယ်။

တနင်္ဂနွေနေ့မှာ ​ပြုလုပ်တဲ့ ​သေဆုံးသူ ​အမျိုးသမီးရဲ့ ​အသုဘ ​အခမ်းအနားကို ​လူပေါင်း ​ရာနဲ့ချီ ​လာရောက်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန် ​သမ္မတကလည်း ​ဒီလို ​ရိုက်သတ်မှု ​လုပ်ခဲ့တဲ့အပေါ် ​ဝေဖန်ရှုတ်ချလိုက်ပြီး ​ဒီကိစ္စကို ​စုံစမ်းဖို့ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ဖွဲ့မယ်လို့ ​ပြောဆိုထားကြောင်း ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။

အဲဒီ ​အမျိုးသမီးရဲ့ ​အသုဘ ​အခမ်းအနားမှာ ​အမျိုးသားတွေလည်း ​အများအပြား ​ရှိပေမယ့် ​အလောင်းကို ​အမျိုးသမီးတွေကပဲ ​သယ်ဆောင်သွားတာဖြစ်ပြီး ​ဒါဟာ ​အမျိုးသားတွေ ​ကြီးစိုးတဲ့ ​နိုင်ငံမှာ ​အမျိုးသမီးတွေက ​အံတုတဲ့ ​နမူနာ ​တခုဖြစ်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template