Headlines News :
Home » » အစိုးရ မီဒီယာ သတင်းထုတ်လွှင့်မှု ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုပျက်ပြားစေ RCSS/SSA ပြော

အစိုးရ မီဒီယာ သတင်းထုတ်လွှင့်မှု ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုပျက်ပြားစေ RCSS/SSA ပြော

Written By လွင့်မောင်မောင် on Monday, March 23, 2015 | 5:50 PM

RTV  မြန်မာ့အသံရုပ်မြင်သံကြား မှ မတ်လ(၁၄) ရက်နေ့တွင်ထုတ်လွှင့်ခဲ့သော" RCSS/SSA  က သတ္တု စမ်းသပ် တူးဖော်နေသောကုမ္ပဏီ ပိုင်ယာဉ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး " ဟူသည့်သတင်းသည်    အစိုးရနှင့်တိုင်းရင်းသားကြား လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကိုထိခိုက်စေပြီး တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်ပြားစေကြောင်း RCSS/SSA  က ပြောသည်။


MOI ဖေ့စ်ဘုမှ ထုတ်ပြန်သော သတင်းနှင့်ဓါတ်ပုံ

" အစိုးရမီဒီယာကအဲ့ဒီသတင်းအရင်းအမြစ်ကိုသေချာကောင်းမွန်စွာ မစီစစ်ပဲ ထုတ်လွှင့်တယ်၊ ဒါဟာတစ်ဖက် သတ်စွပ်စွဲ ပြောဆိုခြင်းဖြစ်တယ်၊ ခုလိုငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ အစိုးရဘက်က အဲ့လို သတင်း မျိုးကို နိုင်ငံတော်ပိုင်မီဒီယာကနေထုတ်လွင့်လိုက်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုပျက်ပြား စေပါတယ် " ဟု RCSS မှပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းမိန်း ကပြောသည် ။

မတ်လ (၁၂) ရက်နေ့ညနေပိုင်းက သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းဒေသတွင် ခဲသတ္တုစမ်း သပ်တူးဖော် လျက်ရှိသော စက်ဝိုင်းအင်အားစု ကုမ္ပဏီ လုပ်သား (၇)ဦး   ဖမ်းဆီးချည်နှောင်ခြင်းခံရပြီး   ကုမ္ပဏီ ၏ စက် ယန္တရားယာဉ်များ မီးရှို့ဖျက်ဆီးခြင်းခံကြရသည် ။ ၄င်းတို့မှာ  RCSS/SSA မှ အင်အား (၁၀) ယောက်ခန့် ၏ လက်ချက်ဖြစ်ကြောင်း (MRTV) မြန်မာ့အသံ ရုပ်မြင်သံကြားမှ မတ်လ(၁၄) ရက်နေ့ကထုတ်လွှင့်ခဲ့သည်။

  ဖမ်းဆီးခံလုပ်သားများက ကြိုးများဖြည်ကာထွက်ပြေးပြီး မိုင်းယောင်းတပ်နယ် နယ်မြေခံတပ်ရင်းသို့ သတင်းပို့ သဖြင့်   ဆုတ်ခွာ သွားသော RCSS/SSA အဖွဲ့နောက် သို့ တပ်မတော် စစ်ကြောင်းများ လိုက်လံ ပိတ်ဆို့ ရှင်းလင်းခဲ့သည်ဟုဆိုသည်။

" အဲ့ကုမ္ပဏီက ဘယ်သူရဲ့ခွင့်ပြုချက်နဲ့လုပ်နေလည်းဆိုတာကိုတော့ ကျနော်တို့ပြည်သူတွေဘာမှ မသိရဘူး ၊သစ်ခိုးထုတ်မှုတွေလည်းအများကြီးရှိတယ် ဘယ်အဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ လုပ်နေကြလည်း မသိဘူး၊ဒီဒေသမှာ အစိုးရတပ်မတော် ၊ ပြည်သူ့စစ် နဲ့ RCSS/SSA အဖွဲ့တွေလှုပ်ရှားရာနေ ရာဖြစ်တယ်  " ဟု မိုင်းယောင်းဒေသခံ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က သျှမ်းပြည်(တောင်ပိုင်း) လင်းခေးမြို့နယ်သစ်တောဝန်ထမ်းများ အသတ်ခံရ မှုတွင် လည်း အစိုးရသည် RCSS အားစွပ်စွဲခဲ့ပြီးတရားခံအစစ်နှင့် အမှုမှန်ပေါ်ပေါက်အောင်  ပြန်လည်ဖြေရှင်းပေးခြင်း မရှိခဲ့ကြောင်း ဖေဖော်ဝါရီ (၂၀) ရက်နေ့ ကတောင်ကြီးမြို့တွင် RCSS /SSA နှင့်သတင်းမီဒီယာတွေ့ဆုံ ပွဲတွင် ဗိုလ်ချုပ်ကြီးယွက်စစ်ဖြေကြားခဲ့ဖူးသည်။
သျှမ်းသဲတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template