Headlines News :
Home » , » မြန်မာ့စစ်ရေယာဉ်များ မာန်အောင်ကျွန်းအနောက်ဘက်တွင် စစ်ရေး လေ့ကျင့်မည်

မြန်မာ့စစ်ရေယာဉ်များ မာန်အောင်ကျွန်းအနောက်ဘက်တွင် စစ်ရေး လေ့ကျင့်မည်

Written By လွင့်မောင်မောင် on Tuesday, March 24, 2015 | 1:14 PM

ရန်ကုန်၊ မတ် ၂၃
၂၀၁၄ မတ်လ ၂၃ ရက်နေ့က တပ်မတော်ရေမှ ကိုကိုးကျွန်းအနီး စစ်ရေးလေ့ကျင့်နေစဉ် (ဓါတ်ပုံ- တပ်မတော်ရေ)
၂၀၁၄ မတ်လ ၂၃ ရက်နေ့က တပ်မတော်ရေမှ ကိုကိုးကျွန်းအနီး
စစ်ရေးလေ့ကျင့်နေစဉ် (ဓါတ်ပုံ- တပ်မတော်ရေ)
တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနောက်ဘက်တွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
စစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားသည်။
အဆိုပါစစ်ရေယာဉ်များသည် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများကို မာန်အောင်ကျွန်းအနောက်ဘက်ရှိ ရေပြင်တွင် မတ်လ ၂၇ ရက်မှ ဧပြီ ၆ ရက်အတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့လေ့ကျင့်ဆောင်ရွက်နေစဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ငါးမိုင်ပတ်လည်တွင် သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်နှင့် လေယာဉ်နှင့် ရဟတ်ယာဉ်များအနေဖြင့်လည်း အမြင့်ပေ ၁၅ဝဝဝ အောက်ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template