Headlines News :
Home » » ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်ရွေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်ရွေ့ဆိုင်း

Written By လွင့်မောင်မောင် on Tuesday, March 24, 2015 | 12:41 PM


|Dawei Watch| မော်လမြိုင်၊ မတ်လ ၂၃
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် မွန်ပြည်နယ်သို့ လာရောက်ရန် စီစဉ်ထား သော်လည်း ကျန်းမာရေးအခြေအနေနှင့် ရာသီဥတုပူပြင်းမှုကြောင့် ခရီးစဉ် ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။
“ဘယ်ရက် လာဖြစ်မလဲတော့ မသိသေးဘူး” ဟု ဒေါက်တာ ခင်ဆောင်က ပြောသည်။
မတ်လ ၁၉ ရက်နေ့ထုတ်  7 Days နေ့စဉ် သတင်းစာတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်ပြီး ပုံမှန် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်းသာဖြစ်ကြောင်း မိသားစုဆရာဝန်၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည်။
ကနဦးက စီစဉ်ထားသည့် ခရီးစဉ်အရ ဒေါ်အောင်ဆန်းစုကြည်သည် သံဖြူဇရပ်၊ မော်လမြိုင်၊ သထုံအပြင် အပြန်တွင် ကျိုက်မရောနှင့် ဘားအံဘက်သို့ သွားရောက်ရန် စီစဉ်ထားခဲ့သည်ဟု ၄င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောန်ဆန်း မိန့်ခွန်း ပြောကြားခဲ့ ဖူးသည့် သေမင်းတမန်စစ်သင်္ချိုင်းတွင် မိန့်ခွန်း ပြောကြားရန်လည်း စီစဉ်ထားခဲ့ကြောင်း သိရသည်။
သေမင်းတမန်စစ်သင်္ချိုင်းသည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်းက ဖောက်လုပ်ခဲ့သည့် မြန်မာ-ယိုးဒယားနယ်စပ် မီးရထားလမ်းဖောက်လုပ်စဉ် ဂျပန်များ၏ စစ်သုံ့ပန်း များအဖြစ် ခေါ်ဆောင်ခံရသည့် ဗြိတိသျှစစ်မှုထမ်းများ၊ သြစတြေလျစစ်မှုထမ်းများ၊ ဒတ်ခ်ျစစ်မှုထမ်းများနှင့် အာရှ ချွေးတပ်သားများ မြုပ်နှံထားသည့်နေရာ ဖြစ်သည်။
Dawei Watch          
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template