Headlines News :
Home » » သကျက်တောတွင် ကျောက်မီးသွေ စက်ရုံ အလိုမရှိ စတစ်ကာ လှုပ်ရှားမှု စတင်

သကျက်တောတွင် ကျောက်မီးသွေ စက်ရုံ အလိုမရှိ စတစ်ကာ လှုပ်ရှားမှု စတင်

Written By Live100 on Sunday, August 30, 2015 | 9:20 PM






 ထားဝယ်၊ သြဂုတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်၊ ရမ္မဇူဒေသတွင် တည်ဆောက်မည့် ၅၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ကန့်ကွက်သည့် စတစ်ကာ လှုပ်ရှားမှုကို သြဂုတ်လ ၂၉ ရက်နေ့က စတင်ခဲ့ကြောင်း ယင်းလှုပ်ရှားမှုကို ဦးဆောင်စီစဉ်သူများထံမှ သိရသည်။
နေအိမ်များနှင့် ဆိုင်ကယ်များတွင် ကပ်မည့် စတစ်ကာ ၂၀၀၀ ဖြန့်ဝေမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကို သွားရောက်လေ့လာခဲ့သူ နှစ်ဦးက သကျက်တောတောင်သာကျောင်းတွင် ပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲတွင် ယင်းလှုပ်ရှားမှုကို စတင်ခဲ့ခြင်း ဖြစ်သည်။
“ကျောက်မီးသွေးစက်ရုံကို လုံးဝမလိုဘူးဆိုတာ အတိအလင်းပြဖို့ စတစ်ကာ ကမ်ပိန်းလုပ်ရတာဖြစ်ပါတယ်” ဟု လှုပ်ရှားမှု ဦးဆောင်တစ်ဦးဖြစ်သူ ဒေါ်သီတာမိုးက ဆိုသည်။
ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်မည့်ကိစ္စနှင့် ပက်သက်၍ ကုမ္ပဏီဘက်က တရားဝင်အကြောင်းကြားလာခြင်း မရှိသေး သော်လည်း ကျေးရွာအတွင်း ကျောက်မီးသွေးစက်ရုံဆောက်တော့မည်ဟု မကြာခဏ သတင်းထွက်ပေါ်နေခြင်းကြောင့် ကန့်ကွက်ကြောင်း ပြသခြင်းဖြစ်သည်ဟု ဒေါ်သီတာမိုးက ဆိုသည်။
နေအိမ်များတွင် စတစ်ကာများ ကပ်ထားခြင်းဖြင့် ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်နေခြင်းကို သကျက်တောကျေးရွာသို့ လာရောက်သူများ သိရှိနိုင်သည့်အပြင် ဆိုင်ကယ်များတွင် ကပ်ခြင်းဖြင့် အခြားဒေသများကပါ သိနိုင်ရန် ရည်ရွယ်၍ ယင်းသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။
ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း သကျက်တောကျေးရွာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။
ယင်းဆန္ဒထုတ်ဖော်မှုအပြီး ၂ လအကြာတွင် သကျက်တောကျေးရွာက စီမံကိန်းထောက်ခံသူများကလည်း လူအင်အား ၄၀၀ ခန့်ဖြင့် ကျောက်မီးသွေးစက်ရုံကို ထောက်ခံကြောင်း တန်ပြန် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်မှုတွင် ဒေသခံ မဟုတ် သူများ ပါဝင်နေသည်ဟု စီမံကိန်းကန့်ကွက်သူများက ဝေဖန်ပြောဆိုခဲ့ဖူးသည်။
ယင်းကျောက်မီးသွေး အပူစွမ်းအင်သုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း နှင့်ပက်သက်၍ ပထမအကြိမ် ပြည်သူ လူထုနှင့် ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က လောင်းလုံးမြို့နယ် သကျက်တောကျေးရွာတွင် ပြုလုပ်ခဲ့ဖူးပြီး ယင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး၊ ဦးဝင်းဆွေ၊ 24 Hour Mining and Industry ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်အောင်ဇော်တို့ လာရောက်ကာ စီမံကိန်းနှင့် ပက်သက်သည့် အချက်အလက်များကို ရှင်းလင်းခဲ့ဖူးသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template