Headlines News :
Home » » ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကူဝိတ်နှင့် ပွဲစဉ်တွင် ၉ ဂိုး ဂိုးမရှိဖြင့် မြန်မာရှုံးနိမ့်

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကူဝိတ်နှင့် ပွဲစဉ်တွင် ၉ ဂိုး ဂိုးမရှိဖြင့် မြန်မာရှုံးနိမ့်

Written By Live100 on Saturday, September 5, 2015 | 10:30 PM


မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ကူဝိတ် လက်ရွေးစင် အသင်း ယှဉ်ပြိုင် ကစားနေစဉ် (ဓာတ်ပုံ-MFF)
    ရန်ကုန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

    ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့သော ကူဝိတ် လက်ရွေးစင် အသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်း ပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင် အသင်းသည် ၉ ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုပွဲစဉ် ၃ ပွဲယှဉ်ပြိုင်အပြီးတွင် ရမှတ် ၁ မှတ်သာ ရရှိထားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးစိုးမိုးက ဆင်ဟွာကို ယနေ့ပြောကြားသည်။

ဦးစိုးမိုးက “ လက်ရှိမှာတော့ မြန်မာ အသင်းအနေနဲ့ အခြေအနေကတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် နောက်ထပ် ကျန်တဲ့ ပွဲတွေကို တော့ အကောင်းဆုံး ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ’’ ဟု ပြောသည်။

ပထမပိုင်း ပွဲကစားချိန် မိနစ် ၂၀ အတွင်းမှာပင် ကူဝိတ်ဘက်မှ ၃ ဂိုး သွင်းထား နိုင်ခဲ့ပြီး ပထမိုင်းရော၊ ဒုတိယပိုင်း တွင်ပါ ကူဝိတ်ဘက်မှ အသာစီးဖြင့်ကစားနိုင်ခဲ့သည်။

ကူဝိတ်နှင့် ယှဉ်ပြိုင် ခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းတွင် ဂိုးသမားအဖြစ် ကျော်ဇင်ဖြိုး နောက်တန်း ကစားသမား များအဖြစ် ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ စည်သူအောင်၊ အလယ်တန်းတွင် ရန်အောင်ကျော်၊ ကျော်မင်းဦး၊ ကြည်လင်း၊ သီဟဇော် နှင့်ရှေ့တန်းတွင် ကျော်ကိုကို၊ နေလင်းထွန်းတို့ ကစားခဲ့ ကြသည်။

ကွင်းလယ်ဒိုင်အဖြစ် ဥဇဘတ် ကစ္စတန်မှ AZIZ ASIMOV က တာဝန် ယူခဲ့ပြီး စည်းကြပ်ဒိုင်များနှင့် မှတ်တမ်း ဒိုင်တို့မှာလည်း ဥဇဘတ်ကစ္စတန်မှ ပင်ဖြစ်သည်။ 

(Xinhua)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template