Headlines News :
Home » » သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ရောက်ရှိ

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ရောက်ရှိ

Written By Live100 on Wednesday, September 2, 2015 | 9:11 PM


သမ္မတ ဦးသိန်းစိန်ဟာ ဖက်ဆစ်အောင်ပွဲနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်ပွဲကို တက်ရောက်ဖို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ရောက်ရှိနေတယ်လို့  မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။
ပြည်ထောင်စုဝန်ကြီးတချို့အတူ တရုတ်နိုင်ငံကို ဒီကနေ့မနက် နေပြည်တော်ကနေ လေကြောင်းနဲ့ထွက်သွားတာဖြစ်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။
တရုတ်နိုင်ငံ မြို့တော်မှာ စက်တင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ဖက်ဆစ်တော်လှန်ရေး အောင်ပွဲနေ့ နှစ် ၇၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့အတွက် နိုင်ငံပေါင်း ၃၀ လောက်ရဲ့ အကြီးအကဲတွေလည်း တရုတ်နိုင်ငံကို ရောက်ရှိနေကြပါပြီ။
အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ ထဲမှာ ရုရှားသမ္မတ ဘလာဒီမာပူတင်၊ တောင်ကိုရီးယား သမ္မတပါခ်ဂွန်ဟေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်း စသူတွေလည်းပါဝင်ပါတယ်။
အခမ်းအနားမှာ တရုတ်စစ်သည် အင်အား ၁ သောင်းကျော် နိုင်ငံပေါင်း ၁၇ နိုင်ငံက တပ်သား ၁ ထောင်နီးပါးတို့က စစ်ရေးပြကြမှာဖြစ်ပြီး တိုက်လေယာဉ်တွေအပါအ၀င် တရုတ်ပြည်ရဲ့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေကိုလည်း ပြသဖို့ ရှိနေပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template