အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းကပ်တုံးအား ဝင်တိုက်
နေပြည်တော်၊ စက်တင်ဘာ ၂
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်၊
ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း
မိုင်တိုင်အမှတ်(၁၈၈/၁-၂)ကြားတွင် ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း
သတင်းအရ ပလွေး အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း
မီးသတ်တပ်ဖွဲ့မှမီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့သည်။
နေပြည်တော်မှတောင်ငူသို့ ပျဉ်းမနားမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ
တောင်ကိုရီးယားနိုင်ငံသား Mr. MIN SUNG GUN (၅၂)နှစ်မောင်းနှင်လာသည့်
8H/×××× Super Custom ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ
လမ်းလယ်ကျွန်းကပ်တုံး(၂)တုံးအား ဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့ရာ
ယာဉ်ပေါ်တွင်လိုက်ပါလာသည့် စကားပြန် အောင်မင်္ဂလာရပ်ကွက်နေ
ကိုအေးမင်းသော်(၂၅)နှစ်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မောင်း Mr. MIN
SUNG GUN အား ပလွေးအမြန်လမ်းမကြီးရဲစခန်းယာဉ် (ပ)၁၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈
ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်