လူကုန်ကူးခံရတယ်လို့ ယူဆထားတဲ့ မြန်မာ ငါးဖမ်းလုပ်သား ၄၅ ဦးကို ဂျကာတာ
မြို့လယ်ခေါင် ဟိုတယ်ကနေ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ကယ်တင်လိုက်ပါတယ်။
အထောက်အထားအတုတွေနဲ့ ထွက်လာတဲ့ ဒီအဖွဲ့ဟာ အင်ဒိုနီးရှား အရှေ့ပိုင်း
အန်ဘွမ်ကျွန်းကနေ ရောက်လာတာ ဖြစ်ပြီး သြဂုတ် ၅ ရက်မှာ ရဲတပ်ဖွဲ့က
ခြေရာခံမိတာလို့ အေပီသတင်းမှာ ရေးပါတယ်။
“သူတို့တွေက လူကုန်းကူးခံရတဲ့ ဓားစာခံတွေ ဖြစ်ပါတယ်။ လူကုန်ကူးတဲ့
ကွန်ရက်နဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေကို ထုတ်ဖော်နိုင်ဖို့
ကျနော်တို့ စုံစမ်းထောက်လှမ်း နေပါတယ်။” လို့ အမျိုးသား ထောက်လှမ်းရေး
ရဲတပ်ဖွဲ့အကြီးအကဲ အဘူဒီဝါဆက်ဆိုက ပြောပါတယ်။
ပွဲစားက မြန်မာကနေ ထိုင်းမှာ အလုပ်ပေးမယ်လို့ ဆွဲဆောင်ခဲ့ပြီး
ငါးဖမ်းစက်လှေပေါ်မှာ အလုပ်လုပ်ခဲ့ရတယ်လို့ လူကုန်ကူးခံရတဲ့သူတဦးက
ဆိုပါတယ်။
ထိုင်းသင်္ဘောသား လက်မှတ် အထောက်အထား အတုတွေကိုလည်း သူတို့ကို
ထုတ်ပေးထားပြီး ၄ နှစ်အထိ အလုပ်လုပ်ပေးခဲ့သလို ကတိပေးထားတဲ့ လုပ်အားခကို
မရဘူးလို့ ပြောပါတယ်။
တခြားတဦးကလည်း လုပ်ခလစာမရတာ ၃ နှစ်ရှိပြီလို့ပြောပါတယ်။ “စက်လှေပေါ်မှာ
ကျနော်တို့ အရိုက်ခံရတယ်၊ ဖျားနေတာတောင် နားဖို့ ခွင့်မပြုဘူး” လို့ သူက
ပြောပါတယ်။
အန်ဘွမ်ဟာ မတ်လက မြန်မာ ကမ္ဘောဒီးယား ထိုင်းနဲ့ လာအိုက အလုပ်သမားတွေကို
ကျွန်အဖြစ် ထိုင်းငါးဖမ်းလှေတွေပေါ်မှာ အတင်းအကျပ်လုပ်ဆောင်စေတဲ့ လူသူ
အရောက်အပေါက်နည်းတဲ့ ဘန်ဂျီနာရွာနဲ့ ဆက်နွှယ်နေတဲ့ ကျွန်းတခုလည်း ဖြစ်ပါတယ်။
မြန်မာငါးဖမ်းအလုပ်သမားတွေဟာ အရင် ၂ လကလည်း ဂျာကာတာကို အထောက်အထား
စာရွက်စာတမ်းတွေ လုပ်ဖို့အတွက် လာရောက်ပြီး အန်ဘွမ်ကို ပြန်သွားတယ်လို့
ဆိုပါတယ်။ ဒီတခေါက် ပြန်လာတဲ့ အချိန်မှာတော့ အခုလို ကယ်တင်ခံရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လုံခြုံမယ့်နေရာ တနေရာမှာ ရှိနေပြီး ရဲတွေက
လူကုန်ကူးခံရမှုနဲ့ စာရွက်စာတမ်းမရှိဘဲ သွားလာခွင့်ရတဲ့အခြေအနေတွေကို
စိစစ်နေပါတယ်။
ီDVB
Pages
▼
Saturday, August 8, 2015
ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနား
ဒီနေ့ကျရောက်တဲ့ ၂၇ နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည် အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဦးဆောင်တဲ့သူတွေကို ကျောက်တံတားမြို့နယ်ရဲစခန်းက ခွင်မပြုထားတဲ့နေရာမှာ ကျင်းပတဲ့အတွက် ပုဒ်မ(၁၉)နဲ့ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ ကြားသိရပါတယ်။
ဓါတ်ပုံ - အောင်သိင်္ခ၊ ထက်အာကာ/RFA
RFA Burmese
တပ်မတော်သားအရာရှိများကို အရပ်ဘက်ဆေးရုံ အုပ်ချုပ်ရေးနှင့် စီမံရေးနေရာများ သို့ပြောင်းလဲခန့်ထားခြင်း အပေါ် ဝေဖန်သံများနှင့် ကန့်ကွက်စာများ ထွက်ပေါ်
စစ်တက္ကသိုလ်ဆင်း တပ်မတော်သား အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာ နအောက်ရှိ ဆေးရုံများ၏ စီမံရေး နှင့်အုပ်ချုပ်ရေးနေရာများ သို့ပြောင်းလဲ ခန့်ထားခြင်းနှင့်ပတ်သက်၍ ဖေ့ဘုတ်စာမျက်နှာများနှင့် အရပ်ဖက် ဆရာဝန် များကြားတွင် ဝေဖန်သံများ နှင့် ကန့်ကွက်စာများ ထွက်ပေါ်နေကြောင်း သိရသည်။
ဖေ့ဘုတ်စာမျက်နှာများတွင် ဇူလိုင်လ ၂၈ရက် နေ့ စွဲဖြင့်ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် စာမျက်နှာ ၂မျက်နှာပါ အမိန့်ကြော်ငြာ စာရွက်များပျံနှံခဲ့ပြီး အဆိုပါစာနှင့်ပတ်သက်၍ ဝေဖန်သံများ ထွက်ပေါ် လာခြင်း ဖြစ် သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ လွဲပြောင်းပေး လာသော အရာရှိများအား ကုသရေး ဦးစီးဌာန လက်အောက်ရှိ အမည်နှင့် ယှဉ်တွဲပါ ရာထူးဌာနများတွင် ခန့်ထားလိုက်သည် ဟုဖော်ပြပါရှိပြီး စစ်တက္က သိုလ်ဆင်းတပ်မတော်သားအရာရှိ ၂ဦးအား ဒုတိယညွှန်ကြားရေး မှူး (စီမံခန့်ခွဲရေး) ကုသရေးဦးစီး ဌာန နေပြည်တော် နှင့် လက်ထောက် ညွှန်ကြားရေးမှူး(အုပ်ချုပ်ရေး) ရန်ကုန်ပြည်သူ့ဆေး ရုံကြီးတို့ သို့ခန့်ထား ဖော်ပြပါရှိသည်။
ထို့အပြင် တပ်မတော်ဆေးတက္ကသိုလ်ဆင်း သမားတော်အဆင့် စစ်ဆရာဝန်များကိုလည်း အရပ်ဖက် ဆေးရုံများ သို့ပြောင်းရွှေ့ ခန့်ထားကြောင်း အဆိုပါ အမိန့်စာတွင်ပါရှိသည်။
ယင်းအမိန့်စာနှင့်ပတ်သက်၍ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ကြီး ဦးသန်းအောင်သည် ၀န်ကြီးသက်တမ်း တစ်နှစ်ပင် မကျော်သေးသော်လည်း ၄င်းလက်ထက်တွင် စစ်ဘက်မှ အရာရှိများ အရပ်ဖက် ကျန်းမာရေးဝန်ကြီးဌာနသို့ပြောင်းရွှေ့ခန့်ထား နှုံးပိုမိုမြင့်တက် လာနေကြောင်း၊ ရာထူးတိုးနေရာများနှင့် နေရာ ကောင်းများကို အနစ်နာခံ ထားသူများက မခံစားရပဲ မိုးကျရွှေ ကိုယ်များကသာ နေရာ အဆင်သင့် လာယူနေကြ ကြောင်း၊ ကျန်းမာရေးဝန်ကြီးသည် စစ်တပ်ဘက်တွင် တာဝန် ထမ်းဆောင်ခဲ့ သူဖြစ်ခြင်းကြောင့် စစ်သားများ ကိုခန့်ထားမှု များပြားနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အရပ်ဖက်ဆရာဝန် တစ်ဦး ကပြောသည်။
လက်ရှိကျန်းမာရေးဝန်ကြီး ဦးသန်းအောင်သည် အရပ်ဖက်ဆေးကျောင်း ထွက် ဆရာဝန်တစ်ဦးဖြစ်ပြီး ယခင်မှုဝါဒ အရ တပ်မတော်ဖက်တွင် ၃နှစ်တာဝန်ထမ်းဆောင်ပေးရာတွင် ၃နှစ်ပြည့်ပြီးသော်လည်း တပ်မတော်ဖက် တွင်ပင် ဆက်လက် တာဝန်ထမ်းခဲ့သူဖြစ်ပြီး ကျန်းမာရေးဒုဝန်ကြီးအဖြစ်မှ ကျန်းမာရေးဝန်ကြီးဖြစ်လာသူဖြစ် သည်ဟုသိရသည်။
သတင်း-မောင်နိုး
The Ladies News Journal
အာဆီယံ ယူ ၁၆ ချန်ပီယံရှစ် မြန်မာနှင့်ထိုင်း ဗိုလ်လုမည်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာက လာအိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်လာသလို ထိုင်းက သြစတြေးလျ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်လာတာ ဖြစ်ပါတယ်။
မြန်မာနဲ့ လာအိုပွဲက အကြိတ်အနယ်ရှိခဲ့သလို ပထမပိုင်း ၃၂ မိနစ်မှာ မြန်မာအသင်းက ကစားသမား ကျောနံပါတ် ၈ ပြည့်စုံနိုင်က အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ဒီနောက်ပိုင်း လာအိုအသင်းက ဖိကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်သလို မြန်မာအသင်းကလည်း တန်ပြန်တိုက်စစ်ကနေတဆင့် ရရှိတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့ အတွက် ၁ ဂိုး ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနဲ့ သြစတြေးလျပွဲမှာတော့ ပထမပိုင်း ဂိုးမရှိသရေကျနေရာကနေ ဒုတိယပိုင်းမှာ ထိုင်းအသင်းက ဦးဆောင်ဂိုးတွေကို ဆက်တိုက်သွင်းယူခဲ့ပြီး သြစတြေးလျ အသင်းက နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနဲ့တွေ့မယ့် ထိုင်းအသင်းဟာ အုပ်စု (က)မှာ လာအို တသင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်တဲ့ မလေးရှား၊ ဗီယက်နမ်၊ ဘရှုးနိုင်း၊ တီမောတို့ကို အနိုင်ကစားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ သြစတြေးလျကို အနိုင်ကစားခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းကတော့ အုပ်စု(ခ)မှာ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းတွေကို အနိုင်ကစားခဲ့ပြီး သြစတြေးလျ အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းအသင်းရှုံးနိမ့်ထားတဲ့ လာအိုအသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ကစားခဲ့ပါတယ်။
သြဂုတ် ၉ ရက် မြန်မာစံတော်ချိန် ၆ နာရီမှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အိုလံပစ် အားကစားကွင်းမှာ ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
တတိယနေရာလုပွဲအဖြစ် သြစတြေးလျနဲ့ လာအိုတို့က မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
DVB
ထိုင်ဝမ် တွင် တိုင်ဖုန်းကြောင့် ပိတ်မိနေသူများကို ကယ်ဆယ် (ရုပ်သံ)
သြဂုတ် ၈ ရက် ထိုင်ဝမ်ကို ဖြတ်သန်းတိုက်ခတ်နေတဲ့ ဆိုဒီလောတိုင်ဖုန်းမုန်တိုင်းကြောင့် မြစ်တဘက်ကမ်းမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်ဆယ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် မိုးများရွာသွန်းခဲ့ပြီး မြစ်ရေတက်လာတဲ့အတွက် တဖက်ကမ်းမှာ လူ ၂ ဒါဇင်လောက် ပိတ်မိနေတာကို အသက်ကယ်အကျီတွေ ၀တ်ခိုင်းပြီး ကယ်ဆယ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အိမ်ထောင်စု ၇ စုက လူ ၂၁ ဦးကို ကယ်ဆယ်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ထိုင်ဝမ်သတင်းတွေက ဖော်ပြပါတယ်။
တိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၆၄ ဦး ဒဏ်ရာရခဲ့သလို မြေပြို ရေကြီးတာတွေလည်း ဖြစ်ပွားနေပါတယ်။
DVB
တရုတ် အရှေ့ပိုင်းတွင် တိုင်ဖုန်းမုန်တိုင်း အရေးပေါ်သတိပေးချက် ထုတ်ပြန် (ရုပ်သံ)
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာလည်း တိုက်ဖုန်းမုန်တိုင်းဘေးနဲ့ ကြုံနိုင်တာကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဆိုဒီလော လို့ နာမည်ပေးထားတဲ့ တိုက်ဖွန် မုန်တိုင်းဟာ ထိုင်ဝမ် ကျွန်းကို သြဂုတ် ၈ ရက်မနက် စောစောပိုင်းမှာ ၀င်ရောက်ခဲ့ပြီး အနောက်မြောက်ဘက်ကို ဦးတည်ကာ ၁ နာရီ ကီလိုမီတာ ၂၀ နှုန်းနဲ့ ဆက်လက် ရွှေ့လျားရာမှာ ဖူဂျန် ပြည်နယ်ကို သြဂုတ် ၈ ရက် ညပိုင်းမှာ ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ဒေသခံတွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးထားသလို၊ သင်္ဘောတွေကိုလည်း ကမ်းကို ပြန်လာကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
ဖူဂျန် ပြည်နယ်ထဲမှာ လူ ၁ သိန်းခွဲကျော်ကို နေရာ ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။
ငါးဖမ်းလှေတွေ အားလုံးကိုလည်း သြဂုတ် ၇ ရက်နေ့ ၁၀ နာရီ နောက်ဆုံးထားပြီး ကမ်းကို ကပ်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်နဲ့ ရထားခရီးစဉ်တွေလည်း ဖျက်သိမ်းရမယ့် အခြေအနေ ဖြစ်ပါတယ်။
မုန်ုတိုင်းအရှိန်ကြောင့် တရုတ်ပြည်မြို့တော် ဘေဂျင်းမှာလည်း မိုးသည်းထန်ခဲ့ပြီး လမ်းပေါ် ရေလျှံတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေအရ ထိုင်ဝမ်ကျွန်းပေါ်မှာ လူ ၄ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသစံတော်ချိန် သြဂုတ် ၈ ရက်နေ့ မနက် ၈ နာရီခွဲအထိ လူပေါင်း ၇၅၁၈ ယောက်ကို အိမ်တွေကနေ ကယ်တင်ခဲ့ရတယ်လို့လည်း ထိုင်ဝမ် အရေးပေး ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
အိမ်ခြေ ၂ သန်းလောက်လည်း လျပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မုန်တိုင်း ဗဟိုချက်အနီးက လေတိုက်နှုန်းဟာ ၁ နာရီ ၆၂ မိုင် နှုန်းဖြစ်ပြီး အဆင့် ၂ သတ်မှတ်ပါတယ်။ ထိုင်ဝမ်ကို ဖြတ်ပြီးတဲ့အခါမှာ အဆင့် ၁ ကို အားလျော့သွားမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းပါတယ်။
ထိုင်ဝမ်မှာ ၂၀၀၉ ခုနှစ်တုန်းကလည်း မုန်တိုင်းတခု ၀င်ရောက်ခဲ့တုန်းက လူ ၇၀၀ လောက် သေဆုံးပျောက်ဆုံးခဲ့ပြီး တန်ဖိုး ၃ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့ဖူးပါတယ်၊
DVB
ရခိုင်ပြည်နယ် ကျောက်တော်မှာ စားနပ်ရိက္ခာအခက်ကြုံ
ရေလွှမ်းမိုး ခဲ့တဲ့ ကျောက်တော် မြို့နယ် တူးမြောင်း ရွာနဲ့ ကြောင်ဖို ကျေးရွာ တွေမှာ ဒေသခံ တွေဟာ နေအိမ် အသီးသီးမှာ ပြန်လည် နေထိုင် နေကြပြီ ဖြစ်ပေမယ့် စားနပ် ရိက္ခာနဲ့ သောက်သုံးရေ လိုအပ် နေဆဲဖြစ်ပါတယ်။
ရေဘေးဒဏ် ကြုံခဲ့ရတဲ့ အတွက် လယ်တွေ ပျက်စီးသွားသလို ကျွဲနွားတွေဟာလည်း အစာရေစာ ပြတ်လပ်ခဲ့တာကြောင့် လယ်ယာထွန်ယက် အလုပ်တွေလည်း မလုပ်နိုင် ကြသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။
Photo: Min Thein Aung/RFA
မှတ်ပုံတင်အတု လုပ်ပေးသည့် ဘုတ်ပြင်း လ.၀.က ဦးစီးမှူးပါ ၂ ဦးကို ဖမ်းဆီး
|Dawei Watch|
ကော့သောင်း၊ သြဂုတ် ၈
ထိုင်းနိုင်ငံနှင့်
နယ်စပ်ခြင်း ထိစပ်နေသည့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်
တာဝန်ထမ်းဆောင်နေသည့် လ.၀.က ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့အား မှတ်ပုံတင်
အတုပြုလုပ်ပေးမှုဖြင့် အရေးယူထားကြောင်း ကော့သောင်းမြို့နယ် မှုခင်းရဲတပ်ဖွဲ့ထံမှ
သိရသည်။
၎င်းတို့ နှစ်ဦးသည်
ရန်ကုန်မြို့ အင်းစိန် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့်
ထိုင်းနိုင်ငံသားတစ်ဦးကို ၆/ဘပန (နိုင်) ကိုင်ဆောင်နိုင်ရန် မသမာသည့် နည်းဖြင့် ပူးပေါင်း
ကြံစည်ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ
ဘင်္ဂါလီများကို လူကုန်ကူးမှုဖြင့် ထိုင်းမှ ဖမ်းဝရမ်းထုတ်ထားသည့် အထက်ပါ
ထိုင်းနိုင်ငံသားသည့် ကော့သောင်းသို့ တိမ်းရှောင်လာပြီး ထို့မှတဆင့် ရန်ကုန်သို့
ထွက်ပြေးရန် မှတ်ပုံတင်လိုအပ်စဉ် ငွေပေးပြီး မှတ်ပုံတင် ပြုလုပ်ခဲ့သည်ဟု အဆိုပါ
ထိုင်းနိုင်ငံသား၏ ထွက်ဆိုချက်ကို ကိုးကားပြီး မှုခင်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ
သိရသည်။
အထက်ပါ လ.၀.က
ဦးစီးမှူးနှင့် ဒု ဦးစီးမှူးတို့အား ကော့သောင်းမြို့နယ် ရဲစခန်းတွင် သြဂုတ်လ ၇
ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၉ အရ အမှုဖွင့်
အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ရန်ကုန်တွင်
ဖမ်းမိချိန်တွင် မှတ်ပုံတင် သိမ်းဆည်းရမိရာမှ CID မှ စစ်ဆေးသည့်အတွက် အဖြစ်မှန်
ပေါ်ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်း မှုခင်းရဲတပ်ဖွဲ့မှ အထက်ပါ
ရဲတပ်ဖွဲ့ဝင်ထံမှ သိရသည်။
Dawei Watch
မဲဆန္ဒနယ် ညှိရန် မွန်ပါတီများကို နားချမရ၍ လူကို အဓိကထား မဲပေးရန် လူထုကို စည်းရုံးမည်
၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ခံ ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်လောင်းများ
နှစ်ပါတီ ပူးပေါင်းရေး ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးစဉ် ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch
|Dawei Watch| မော်လမြိုင်၊ သြဂုတ် ၇
လာမည့်ရွေးကောက်ပွဲတွင်
မွန်လွှတ်ကိုယ်စားလှယ်များ အောင်နိုင်ရေးအတွက် မဲဆန္ဒနယ် ညှိနှိုင်းရန် မွန်ပါတီနှစ်ခုကို
နားချ မရသည့်အတွက် ပါတီကို မရွေးပဲ လူကို အဓိကထားရွေးရန် မဲဆန္ဒရှင် လူထုအား စည်းရုံးသွားမည်ဖြစ်ကြောင်း
မွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်ထူးက
ပြောသည်။
မွန်အမျိုးသား
ရွေးကောက်ပွဲ အောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ အနေဖြင့် မွန်နှစ်ပါတီ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
ညှိနှိုင်း သတ် မှတ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်
မွန်နှစ်ပါတီစလုံးက ၄င်းတို့ ပါတီ၏ ရပ်တည်ချက် အတိုင်း သာ သွားမည်ဟု အဖြေထွက်လာခဲ့သည်။
“ဒါကြောင့်
ဘယ်ပါတီကမဆို အရည်အချင်းရှိ လူထု အကျိုးလုပ်ဆောင်ပေးနိုင်ချေရှိ တဲ့ ကိုယ်စားလှယ်ကိုသာ
မဲပေးကြဖို့ လူထုကို စည်းရုံးသွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်”ဟု ဦးမင်းအောင်ထူးက ပြောသည်။
ယင်းဆုံးဖြတ်ချက်ကို
မွန်နှစ်ပါတီ ပေါင်းစည်းရေး လုပ်ဆောင်ခဲ့သည့်သံဃာတော်များ အပါအ၀င် မွန်သံဃာတော်များ၊
လူမှု အဖွဲ့အစည်းများ၊ ၁၉၉၀ အမတ်များ၊ ၂၀၁၀ အမတ်တချို့နှင့် မွန်ပါတီများ ပေါင်းစည်းရေးအတွက်
အမြင်တူသူများနှင့် ညှိနှိုင်း ခဲ့သည်ဟု သိရသည်။
အကယ်၍
မွန်အမတ် အောင်နိုင်ရေးအတွက် တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက လာမည့် ရွေးကောက်ပွဲတွင်
အင်အားကြီး ပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီတို့အား မွန်အမတ်များ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ဟု အကျိုးဆောင်အဖွဲ့က
ယတိပြတ် တွက်ချက်ထားသည်။
“မွန်လူထုတွေက
ပြောရမယ်ဆိုရင် ဗဟုသုတနည်းတယ်၊ ပြီးတော့ အစွဲရှိတယ်၊ ငါ့ပါတီမှ ငါ့လူမှ” ဟု မွန်လူမျိုးတဦးဖြစ်သည့်
နိုင်အောင်ချမ်းက ပြောသည်။
ထို့ကြောင့်
အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ထွက်ပေါ်လာရန် လူထုက ရွေးတတ်မှ ရမည်ဖြစ်ပြီး ယင်းသို့
ရွေးတတ် ရန်လည်း စည်းရုံး အသိပညာပေးရမည်ဖြစ်ကြောင်း နိုင်အောင်ချမ်းက မှတ်ချက်ပြုသည်။
မွန်အမျိုးသား
ရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့သည် လက်ရှိတွင် မွန်လွှတ်တော်ကိုယ်စားလှယ်လောင်း များ
အောင်နိုင်ရေးအတွက် မြို့နယ်အဆင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်နေပြီး ထိုမှတဆင့် ကျေးရွာအဆင့်ထိ
ဆက်လက် လုပ်ဆောင် သွားမည်ဟု သိရသည်။
လွှတ်တော်အသီးသီးတွင်
မွန်ကိုယ်စားလှယ်အရေအတွက် များများရောက်ရှိနိုင်ရန်အတွက် လိုအပ်သည့်နေရာမှ ဝိုင်းဝန်း
လုပ်ဆောင်ပေးနိုင်ရန်အတွက် ဘက်မလိုက်သည့် မွန်အမျိုးသားရွေးကောက်ပွဲအောင် နိုင်ရေးအကျိုးဆောင်အဖွဲ့ကို
၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။
Dawei
Watch
ကော့သောင်း ကိုယ်စားလှယ်လောင်းတစ်ဦးအား ပါတီဝင်တချို့ ကန့်ကွက်
|Dawei Watch|
ကော့သောင်း၊ သြဂုတ် ၇
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) က ရွေးချယ်ပေးလိုက်သည့်
ကော့သောင်းကိုယ်စားလှယ်လောင်းများအနက် တရား လွှတ်တော် ရှေ့နေ့တစ်ဦးဖြစ်သည့် ဦးခင်ဇော်အား
ပြန်လည် စိစစ်ပေးရန် ရပ်/ကျေး ပါတီဝင်တချို့မှ သြဂုတ်လ ၅ ရက်နေ့က ဗဟိုသို့ ကန့်ကွက်စာပေးပို့ထားကြောင်း
ကော့သောင်းမြို့နယ် အင်န်အယ်လ်ဒီ ပါတီထံမှ သိရသည်။
သြဂုတ်လ ၁
ရက်နေ့တွင် ဗဟိုက ထုတ်ပြန်လိုက်သည့် စာရင်းရ ကော့သောင်းမြို့နယ်မှ ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်း
များမှာ ဦးခင်ဇော်(တရားလွှတ်တော်ရှေ့နေ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)၊
ဦးမြင့်မောင်( တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၂))၊ ဦးနေထွန်း ( တိုင်းဒေသကြီး
မဲဆန္ဒနယ် (၁))၊ ဒေါက်တာ ခင်မောင်ဝင်း (အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၁)) တို့
ဖြစ်သည်။
ဦးခင်ဇော်သည်
တရားလွှတ်တော် ရှေ့နေဖြစ်သော်လည်း ပြည်သူလူထုအရေး၊
တောင်သူလယ်သမားအရေးအား ပါဝင်ဆောင် ရွက်ရာတွင် တရားမျှတမှု မရှိခြင်းနှင့်
ပါတီအရေး ဆောင်ရွက်မှု အားနည်းခြင်းကြောင့် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း ၁၈
မိုင် ကျေးရွာမှ အင်န်အယ်လ်ဒီ ပါတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။
“အခုကန့်ကွက်ကြတာက
ပုဂ¾ိုလ်ရေး
တိုက်ခိုက်မှု သက်သက်ပါ”ဟု ဦးခင်ဇော်က တုန့်ပြန်သည်။
အမှုကိစ္စများတွင်
ဆုံးဖြတ်ချက်သည် တရားသူကြီးနှင်သာ သက်ဆိုင်သည့်အတွက် အမှုရှုံးတိုင်း ရှေ့နေတစ်ယောက်အနေဖြင့်
ပါတီဝင်များဘက်က မရပ်တည်ဟု မပြောသင့်ဟု ဦးခင်ဇော်က ပြောသည်။
ကော့သောင်းမြို့ခံ
တစ်ဦးလည်းဖြစ်သည့် ဦးခင်ဇော်သည် လက်ရှိတွင် ပါတီ၏ မြို့နယ် သဘာပတိ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး
ဗဟိုက ရွေးချယ်သည့်အတိုင်း ၀င်ရောက် အရွေးခံမည်ဟု ထပ်လောင်းပြောသည်။
ယင်းကန့်ကွက်လွှာကို
ရပ်/ကျေး ပါတီဝင်နှင့် ဒေသခံ ၇၃ ဦး လက်မှတ်ထိုး ပေးပို့ခဲ့သည်ဟု ကန့်ကွက်ရာတွင်
ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးမျိုးလွင်ထံမှ သိရသည်။
ထို့အပြင်
နောက်ထပ် ကန့်ကွက်လက်မှတ်များကိုလည်း စုဆောင်းနေပြီး သြဂုတ်လ ၆ ရက်နေ့ ညအထိ ၁၀၀
ဝန်းကျင် ရထားကြောင်း သိရသည်။
ဦးမျိုးလွင်သည်
ကော့သောင်း ၈၈ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး ယခုကန့်ကွက်မှုသည် ကော့သောင်း ၈၈
အဖွဲ့နှင့် မသက်ဆိုင်ဟု ဦးမျိုးလွင်က ပြောသည်။
မြိတ်ခရိုင်
ကျွန်းစုမြို့နယ်တွင်လည်း ကိုယ်စားလှယ်လောင်း ၃ ဦးကို မြို့နယ်
အလုပ်အမှုဆောင်အဖွဲ့နှင့် အောင်နိုင်ရေး အဖွဲ့ဝင်များက ကန့်ကွက်ထားသည်။
Dawei Watch
သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့က တိုက်တွန်း

ချစ်မင်းထွန်း ၊ photo - EPA
လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်း စိန်အား ဒုတိယသမ္မတသက်တမ်း ဆက် လက်တာဝန်ထမ်းဆောင်ရန် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ကတိပြုချက်လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့လေးဖွဲ့မှ တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်တွန်းကြောင်းကို ပြည် ထောင်စုဝန်ကြီးဦးအုန်းမြင့်က သူ၏ Jastin Minnအမည် ဖေ့စ်ဘွတ်စာမျက် နှာပေါ်တွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လာရောက်တွေ့ဆုံခဲ့သော 'ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာကတိပြုချက်' လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့မှ ခေါင်းဆောင်များသည် ရွေးကောက်ပွဲမတိုင်မီ လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ ဦးညိုအုန်းမြင့်က ပြောသည်။
''အဓိကဆွေးနွေးတာက NCA နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတာ။ ပြီးမှ သူတို့ဒီလိုဆန္ဒရှိနေပါတယ် ဆိုတာ ပြောပြတာပါ''ဟုဆိုသည်။
အဆိုပါတွေ့ဆုံမှုကို သြဂုတ် ၃ ရက် က နေပြည်တော်ရှိတောင်သူပညာပေး ဧက ၅ဝဝ စံပြစိုက်ခင်းအတွင်းရှိ အဆင့် မြင့် သစ်သီးဝလံအအေးခန်းနှင့် ထုပ် ပိုးစက်ရုံ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုတွင်ပါဝင်ခဲ့သော ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သူ၏ Jastin Min အမည်နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ''ဆွေးနွေးနေရင်းပဲ KNU ဥက္ကဋ္ဌ၏ နိုင်ငံရေးစစ်ရေးအကြံပေး ဦး ဟန်ယောင်ဝေ တိုင်းရင်းသားအဖွဲ့အ စည်းများ၏ အကြံပေးပညာရှင်တို့အပါ အဝင် အစည်းအဝေးတက်ရောက်နေ သူများက ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ် ငန်းစဉ်တွေ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ထွန်းဖို့ဆိုရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒုတိယ သက်တမ်း တာဝန်ထမ်းဆောင်ပေးစေ လိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါ တယ်။ သို့မှသာ ပြည်သူများလိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်
မြတ်ရေးဟာ ပိုမိုခိုင်မြဲစွာ အကောင်အ ထည်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်
ကြပါကြောင်းပြောပါတယ်''ဟု ရေးသား ဖော်ပြထားသည်။
ယင်းတွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့လေးဖွဲ့ဘက်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့သလို(MPC) မှ ဦးလှ မောင်ရွှေ၊ ဦးညိုအုန်းမြင့်၊ ဦးအောင် နိုင်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon Media Group
Friday, August 7, 2015
လက်မှတ်ထိုးမည့် အဖွဲ့ကိစ္စကလွဲပြီး အပစ်ရပ် စာချုပ်ပါ အချက်အားလုံး သဘောတူ
တနိုင်ငံလုံး ပစ်တိုက်ခိုက်မှု စာချုပ်ပါ အချက်တွေအနက် တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က လက်မှတ်ထိုးရာမှာ ပါဝင်လိုတဲ့ အဖွဲ့အစည်း အရေအတွက်နဲ့ အစိုးရဘက်က လိုလားတဲ့ အရေအတွက် ကွာဟနေမှုအပေါ် ညှိနှိုင်းမရတာကလွဲပြီး စာချုပ်ပါ ကျန်အချက်အား လုံးကို သဘောတူညီမှု ရရှိခဲ့ကြပြီဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် ကမ်းလှမ်းအကောင်အထည်ဖော်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေးဖြစ်စဉ် ၃ နှစ်တင်းတင်း ပြည့်တဲ့နေ့မှာ တပြည်လုံး အပစ်ရပ်နိုင်ဖို့ စာချုပ်ပါ ကျန်အချက်တွေ အကုန်လုံးမှာ သဘောတူညီနိုင်ခဲ့ကြတာဖြစ်ပြီး လက်မှတ်ရေးထိုးကြမယ့် အဖွဲ့အစည်းကိစ္စ ကိုသာ အလေးထား ညှိနှိုင်းဖို့ ကျန်တော့တာပါ။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာမှာ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်ဆက်တိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ရရှိတဲ့ သဘောတူညီချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီကြေညာချက်မှာ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ပါရှိသည့် အချက်အလက်များအနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စမှအပ စာချုပ်ပါ အချက်အလက်အားလုံးကို ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့သည်။” လို့ ပါရှိပါတယ်။
နှစ်ဘက်သဘောတူထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို ပြည်သူအားလုံး သိရှိနိုင်ဖို့ ထုတ်ပြန်ရန် နှစ်ဘက်သဘောတူကြတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လပေါင်းများစွာ ညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ဒီနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ရရှိခဲ့ပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေက ဒီမူကြမ်းကို သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ အတူ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) ကို တာဝန်ပေးခဲ့ပါတယ်။ အက်စ်ဒီအဖွဲ့ဟာ ယူပီဒဗလျူစီနဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပထမတကြိမ် ဆွေးနွေးခဲ့ပြီး အတော်များများကို သဘောတူညီခဲ့ကြပါတယ်။
ကျန်တဲ့အချက်တွေကို အက်စ်ဒီက တိုင်းရင်းသားထိပ်သီးတွေကို တင်ပြရာမှာ အားလုံး ပါဝင်လက်မှတ်ရေးထိုးရေး (အဖွဲ့ ၁၇ ဖွဲ့လုံး)၊ လက်မှတ်ရေးထိုးကြမည့် ခေါင်းဆောင်များနဲ့ နိုင်ငံတကာ အသိသက်သေကိစ္စ ၃ ရပ်ကို တာဝန်ပေးခဲ့ပါတယ်။ ဒီ ၃ ချက်ထဲက ၂ ချက်ကို သဘောတူညီချက်ရခဲ့တာ ဖြစ်ပါတယ်။
အဆင့်မြင့်ကိုယ်စားလှယ်တွေဘက်က လက်မှတ်ထိုးလိုတဲ့အဖွဲ့ ၁၇ ဖွဲ့ကတော့ အနိမ့်ဆုံးအားဖြင့် ရခိုင်တပ်မတော် (အေအေ)၊ ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)၊ ရခိုင်အမျိုးသားကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)။ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေပီစီ)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (အယ်လ်ဒီယူ)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (ပီအက်စ်အယ်လ်အက်ဖ်၊ တီအန်အယ်လ်အေ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ-အက်စ်အက်စ်အေ)၊ ၀အမျိုးသားအဖွဲ့ချုပ် (ဒဗလျူအန်အေ) တို့ကို ပါဝင်လက်မှတ်ရေးထိုးစေချင်တာပါ။
ဒါ့အပြင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ကျန် လက်နက်ကိုင် လေးဖွဲ့ဖြစ်ကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (ရှမ်းပြည်တပ်မတော်တောင်ပိုင်း)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေ)၊ နာဂဒေသ အမျိုးသားဆိုရှယ်လစ်ကောင်စီနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီတို့ကိုပါ အဆိုပါအဖွဲ့တွေက ဆန္ဒရှိရင် အန်စီအေကို လက်မှတ်ထိုးစေလိုတယ်လို့ ထုတ်ပြန်ထားတာပါ။
အစိုးရဘက်ကတော့ ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့် တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ ၆ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ထည့်သွင်း သတ်မှတ်ထားခြင်း မရှိပါဘူး။
ဒီဆွေးနွေးပွဲ ၂ ရက်တာမှာ ဇူလိုင်လကုန်ပိုင်း ဆွေးနွေးပွဲတုန်းက သဘောတူညီချက် မရရှိခဲ့တဲ့ “အန်စီအေကို လက်မှတ်ထိုးတဲ့အခါ နှစ်ဘက်အဖွဲ့အစည်းတွေက ဘယ်အဆင့်ခေါင်းဆောင်တွေက လက်မှတ်ထိုးမယ်၊ အသိသက်သေတွေအဖြစ် ဘယ်သူတွေကို ဖိတ်ကြားမယ်၊ ဘယ်နိုင်ငံတွေ၊ ဘယ်အဖွဲ့အစည်းတွေကို ဖိတ်ကြားမယ်ဆိုတာတွေ” အပေါ်မှာ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။
တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက “အန်စီအေကို ဘယ်သူတွေ လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စကလည်း ပြေလည်သွားပြီလို့ ပြောလို့ရပါတယ်။ အစိုးရဘက်ကတော့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ပါ ထိုးမယ်။ တိုင်းရင်းသားဘက်ကလည်း အမြင့်ဆုံးပုဂ္ဂိုလ်များဖြစ်တဲ့ ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးချုပ်တွေ၊ စစ်ဦးစီးချုပ်တွေ လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးတဲ့အခါမှာ တဖွဲ့ကို သုံးဦးစီလောက်ထိုးဖို့ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ နှစ်ဘက်သဘောတူညီမှုရပြီ” လို့ မနေ့က ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် အသိသက်သေကိစ္စနဲ့ ပတ်သက်ပြီးလည်း “ပြည်တွင်းအသိသက်သေအနေနဲ့ ဘာမှ ပြဿ နာ မရှိဘူး။ ကျနော်တို့အားလုံး သဘောတူညီမှုရတဲ့ အနေအထားမျိုးဖြစ်တယ်။ ပြည်ပသက်သေများအနေနဲ့ ၈ ကြိမ်မြောက် အစည်းအဝေးမှာ သဘောတူထားတဲ့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တရုတ်အဖွဲ့အစည်းနှစ်ဖွဲ့နဲ့ နိုင်ငံတနိုင်ငံကို သဘောတူထားတာရှိတယ်။ ၉ ကြိမ်မြောက် အစည်းအဝေးမှာ အာဆီယံက သူ့ရဲ့မူဝါဒအရ မပါဝင်နိုင်တာ ဖြစ်တယ်။ ကုလသမဂ္ဂနဲ့ တရုတ်ဆက်ပါမယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက အသိသက်သေအနေနဲ့ ပါဝင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားဘက်က အသိသက်သေ တင်ပြတာကတော့ သုံးနိုင်ငံနဲ့ ကုလသမဂ္ဂ အပါအဝင် ကျနော်တို့ တင်သွင်းထားတဲ့ ကျန်တဲ့လေးနိုင်ငံနဲ့ အီးယူ ဒီအဖွဲ့တွေကိုလည်း သူတို့ရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးမယ်ဆိုတဲ့ အနေထားမျိုးနဲ့ တင်ပြတယ်” လို့ ပူးဇင်ကျုံးက ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်းက အစိုးရအနေနဲ့ ရွေးကောက်ပွဲကြောင့် စက်တင်ဘာလဆန်းပိုင်းကပြီး အလုပ်များတာကြောင့် ဒီမတိုင်ခင် လက်မှတ်ရေးထိုးနိုင်ဖို့ ကနဦးပိုင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
နှစ်ဘက်သဘောတူညီချက်တွေ ရရှိလို့ လက်မှတ်ရေးထိုးနိုင်မယ် ဆိုရင်တော့ လက်မှတ်ရေးထိုးတဲ့နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို အပစ်ရပ် လက်မှတ်ထိုးတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်းမှာ စတင်ကြရမှာ ဖြစ်ပါတယ်။
DVB
သဘာဝ ဘေးအန္တရာယ် ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် မရှိဟု ကော်မရှင် ဥက္ကဌ ပြောကြား
![]() |
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံး ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ) |
မြန်မာနိုင်ငံအနှံ့ မိုးကြီးရေလျှံမှုများကြောင့် သဘာဝ ဘေးဒဏ်ကျရောက်နေသော်လည်း ယခုနှစ် နိုဝင်ဘာတွင် ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့အား သြဂုတ်လ ၆ ရက် နေပြည်တော်၌ တွေ့ ဆုံခဲ့စဉ် ထည့်သွင်း ပြောကြားခဲ့သည်။
သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့်ရက်ပေါင်း ၉၀ ခန့် ဝေးကွာ သေးသဖြင့် ရွှေ့ဆိုင်းရန် အကြောင်း မရှိပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ယခုနှစ် ကျင်းပမည့် လွှတ်တော် အသီးသီးအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ်ထားသည့် မဲဆန္ဒ နယ်မြေများထဲတွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၃၃၀) နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၆၈) နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၆၄၄) နယ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉) နယ် ၊ စုစုပေါင်း (၁,၁၇၁) နယ်မြေ ရှိသည်။
ရွေးကောက်ပွဲတွင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များသည် တစ်နိုင်ငံလုံး အနှံ့ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်နေ့ မှ စတင် ပြုလုပ်နိုင်သည်။ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၈၉ ခု ရှိသည်။
(Xinhua)
ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် မရသေး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ရေး အတွက် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD တို့ရဲ့ ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေးဆိုတဲ့ တောင်းဆိုချက်အပေါ် သဘောတူညီမူ မရခဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နှစ်ရက်ကြာဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့် တိုင်းရင်းသားအဖွဲ့ အရေအတွက်နဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။
Photo: Thiha Tun/RFA
RFA Burmese
ဘင်္ဂလာဒေ့ခ်ျမှာ ဘလော့ဂါတစ်ဦးခေါင်းဖြတ်သတ်ခံရ
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြို့ တော် ဒါကားမှာ အင်တာနက် ဘလော့ဂါ တစ်ဦး ထပ်မံခေါင်း
ဖြတ်သတ်ခံ လိုက်ရ ပါတယ်။ နေအိမ်မှာ ခေါင်းဖြတ် သတ်ခံလိုက်ရတဲ့ နီလှိုင်နီးဟာ တစ်နှစ်
အတွင်း ခေါင်းဖြတ်သတ်ခံရတဲ့ လေးယောက်မြောက် ဘလော့ဂါဖြစ်ပါတယ်။
အစ္စလမ်ဘာသာ ဓလေ့ထုံးတမ်းတွေကို ဝေဖန်ရေးသားလေ့ရှိတဲ့ ဘလော့ဂါတွေအတွက်
ဘင်္ဂလားဒေခ်ျနိုင်ငံရဲ့ လုံခြုံရေးဟာ အစိုးရမ်ဆုံး အခြေနေမှာ ရှိနေတယ်လို့ လေ့လာသုံးသပ်
သူတွေကပြောပါတယ်။
အစ္စလမ်ဘာသာ ဓလေ့ထုံးတမ်းတွေကိုဝေဖန်တဲ့ သတင်းဆောင်းပါးတွေကိုသူ့ ရဲ့ ဖေ့စ်ဘုခ်နဲ့ ဘလော့ပေ့ခ်ျမှာတင်တာကြောင့် အစ္စလာမ်အစွန်းရောက်အဖွဲ့ တစ်ဖွဲ့ ရဲ့ လုပ်ကြံသတ်ဖြတ် ခံရတာဖြစ်တယ်လို့ ဒါကားရဲတပ်ဖွဲ့ ကအတည်ပြုပြောကြား ခဲ့ပါတယ်။
BBC Burmese
ဒေါက်တာ ညိုညိုသင်း တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းဟာ လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ကနေ ယှဉ်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ညိုညိုသင်းက ပြောလိုက်တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပေမယ့် ကိုယ်စားလှယ်ရွေးချယ်ခံရတဲ့ စာရင်းထဲမှာမပါခဲ့တာကြောင့် တသီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
Photo: Tun Myint/RFA
RFA Burmese
ထိုင်းဘုရင်ကို စော်ကားမှု၊ ထောင် အနှစ် ၃၀ ချမှတ်
![]() |
ထိုင်းဘုရင်အပေါ် ဝေဖန်မှုတွေကို တင်းကျပ်တဲ့ ဥပဒေနဲ့ ကာကွယ်ထား။ |
၄၈ နှစ် အရွယ် ပုန်ဆက် ဆရီဘွန်ပန်း ဆိုသူဟာ ဖေ့စ်ဘွတ်ပေါ်မှာ ထိုင်းဘုရင်ကို အသေရဖျက်တဲ့ စာတွေ ရေးတင်ခဲ့မှုနဲ့ ပြစ်မှု ထင်ရှား ခဲ့တာ ဖြစ်ပါတယ်။
လူတွေရဲ့ ဝေဖန်မှုတွေကနေ ကင်းလွတ်ဖို့ ထိုင်းဘုရင် ဘူမိဘောကို တင်းကျပ်တဲ့ ဥပဒေနဲ့ အကာအကွယ် ပြုပေးထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစု အပေါ် အကြည်ညိုပျက်စေမှု ဥပဒေကို စစ်အာဏာ သိမ်းပြီး နောက်ပိုင်းမှ တိုးတက် အသုံးပြု လာခဲ့တာပါ။ ထိုင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ တစ်ခုရဲ့ အဆိုအရ စစ်အာဏာ မသိမ်းမီက အလားတူ အမှု ၂ မှုသာ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ၅၆ မှု အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ ပုန်ဆက်ရဲ့ ပို့စ် ၆ ခု အတွက် တစ်ခုကို ထောင်ဒဏ် ၁၀ နှစ်စီ အစောပိုင်းက ချခဲ့တာ ဖြစ်ပြီး၊ နောက်ပိုင်း အယူခံ ဝင်တဲ့ အခါမှသာ ထောင်ဒဏ် နှစ် ၆၀ ကနေ တစ်ဝက်ကို လျှော့ပေးခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
မြောက်ကိုရီးယား စံတော်ချိန်ပြောင်းလဲသတ်မှတ်
![]() |
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ။ (ဇူလိုင် ၈၊ ၂၀၁၅) |
ဒုတိယကမ္ဘာစစ်ပြီးဆုံးကာနီး ဂျပန်လက်အောက်ကနေ လွတ်မြောက်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစတင်ပြီး ဒီစံတော်ချိန်သစ် ကို အသုံးပြုမှာဖြစ်တယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ဒီကနေ့မှာ ကြေညာပါတယ်။ ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ဂျပန် လက်အောက်မှာ ကိုရီးယား တနိုင်ငံထဲအဖြစ် ရှိနေစဉ်ကတည်းက သုံးစွဲခဲ့တဲ့ လက်ရှိစံတော်ချိန်ကို မြောက်၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတွေဟာ အသုံးပြုနေတာဖြစ်ပါတယ်။
ဒီစံတော်ချိန်ဟာ နိုင်ငံတကာစံတော်ချိန် GMT ထက် ၉ နာရီစောပါတယ်။ အခုလိုမြောက်ကိုရီးယားဘက်က စံတော်ချိန်သစ်တရပ် သတ်မှတ်သုံးစွဲတာဟာ ငယ်ရွယ်တဲ့ ခေါင်းဆောင်သစ် Kim Jong Un ရဲ့ ဂျပန်ဆန့်ကျင်တဲ့ အမျိုးသားရေး စိတ်ဓါတ်ကို မီးမောင်းထိုးပြချင်တာကြောင့်ဖြစ်တယ်လို့ အကဲခပ်တချို့က သုံးသပ်ပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံလုံးက အထူးသဖြင့် သက်ကြီးရွယ်အိုတွေကြား မှာ စစ်အတွင်း ဂျပန်တွေရဲ့ လုပ်ရပ်တွေအပေါ် အထူး မကျေမနပ်ဖြစ်နေ ကြတာပါ။ အဲဒီကာလတွေအတွင်း ဂျပန်တွေဟာ ထောင် သောင်းချီတဲ့ ကိုရီးယားနိုင်ငံသားတွေကို အတင်းအဓမ္မ စစ်မူထမ်းခိုင်းတာ၊ ကျွန်ပြုခိုင်းစေတာ၊ လိင်ကျွန်အဖြစ် စေခိုင်းခဲ့ပါတယ်။
တောင်ကိုရီးယားဘက်ကတော့ လက်တွေ့ကျပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဂျပန်နိုင်ငံနဲ့ စံတော်ချိန်တူဖြစ်တဲ့ လက်ရှိအချိန်ကိုပဲ ဆက်လက်သုံးစွဲမှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့ ရေကြီးတဲ့ အခြေအနေ (ဓါတ်ပုံ)
ပြီးခဲ့တဲ့ရက်က အန္တရာယ်အဆင့် လိမ္မော်ရောင် သတ်မှတ်ထားတဲ့ ညောင်တုန်းမြို့ မှာတော့တာတမံပေါ် ရေမကျော်အောင် ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။ ညောင်တုန်းမြို့ တာအပြင်ဘက် ရွာတွေမှာ ရေလွမ်းနေခဲ့တာ ၁၀ ရက်လောက် ရှိနေပေမယ့် မြို့ထဲကို ရေမဝင်သေးပါဘူး။ ဒါပေမယ့် တာအနီးမှာနေတဲ့ အိမ်တွေကတော့ တာပေါ်က ရေလျှံကျော်လာမှာ ကို ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေကြရဆဲဖြစ်ပါတယ်။





BBC Burmese
ကိုယ်စားလှယ်လောင်းကိုမကြည့်ပဲ NLDကို မဲပေးဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
![]() |
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့မဈေးရှေ့မှာ သြဂုတ်လ ၇ ရက်နေ့က ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ Photo: Kyaw Htoon Naing/RFA |
NLD ပါတီကို မဲပေးကြဖို့ တောင်းဆိုနေတာဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ပြောနေတာ မဟုတ်ပဲ NLD ပါတီအနေနဲ့ အစိုးရဖွဲ့လိုတာကြောင့် တောင်းဆိုနေတာသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့မဈေးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
"ကျမတို့ မဲတောင်းနေတာဟာ ဘယ်ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်အတွက်မှ တောင်းနေတာမဟုတ်ပါဘူး အဖွဲ့ချုပ်အတွက် တောင်းနေတာပါ၊ အဖွဲ့ချုပ်အတွက် ဘာဖြစ်လို့တောင်းနေလဲဆိုတော့ တိုတိုပြောလို့ရှိရင် ကျမတို့ အစိုးရလုပ်ချင်လို့ပဲလို့ ကျမတို့ ဒီလိုပဲပြောရမှာပဲ၊ ကျမတို့အဖွဲ့ချုပ်က အစိုးရလုပ်ချင်လို့ ဘာဖြစ်လို့လဲ ဒီနိုင်ငံကိုပြောင်းလဲပေးနိုင်မယ့် အခွင့်အရေး ကျမတို့လိုချင်တယ်၊ ဒီအခွင့်အရေးဆိုတာလည်း ကျမတို့ကနေပြီးတော့ မောင်ပိုင်စီးထားမှာမဟုတ်ဘူး၊ ပြည်သူလူထုပေးထားတဲ့အလျောက်ပဲ
ပေးထားတဲ့အတိုင်းအတာအထိပဲ ကျမတို့ ယူရမှာဖြစ်ပါတယ်၊ ပြည်သူလူထုက မလိုလားတော့ဘူးဆိုလို့ရှိရင် တာဝန်မပေးချင်ဘူးဆိုလို့ရှိရင် ကျမတို့ဟာ သိက္ခာရှိရှိနဲ့ ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကို လက်ခံမှာပါ"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားကြီး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ကျောက်တံခါး စတဲ့မြို့တွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA Burmese
Thursday, August 6, 2015
ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် ပုဂ္ဂလိက ကဏ္ဍမှ အရန် ဆန်အိတ် ၁ သိန်းကျော် သိုလှောင် ထားရှိမည်
![]() |
ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံခြားသို့တင်ပို့မည် ဆန်အိတ်များ (ဆင်ဟွာ) |
မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝ ဘေးဒဏ်ကြုံတွေ့ နေရသည့်အတွက် ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် ပုဂ္ဂလိက ကဏ္ဍမှ အရန် ဆန်အိတ် ၁၇၀,၀၀၀ သိုလှောင်ထားရှိ သွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် အရန်ဆန်များကို ရန်ကုန် ၊ မန္တလေး ၊ မြောင်းမြ ၊ ကျိုက်လတ် ၊ နေပြည်တော်တို့  တွင် ထားရှိသွားရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပူးပေါင်း စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့  ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အရန်ဆန် သိုလှောင်ထားရှိမှုမှာ ကောင်းမွန်သည့် ကာကွယ်မှုတစ်ခု ဖြစ်ပြီး အကယ်၍ အင်မတန် ဆိုးရွားသည့် အနေအထား ဆန်ပြတ်လပ်မှုမျိုး ဖြစ်ပေါ်ပါက အခြားနိုင်ငံများမှ တင်ပို့ မှုများကို ခွင့်ပြုပေးရန် နိုင်ငံတော်၏ ခွင့်ပြုချက်ကို ရယူထားကြောင်း ၊ တိုင်းပြည်အတွက် ဆန်စပါး ရိက္ခာ ပူပန် စရာမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံတွင် ရေကြီး နစ်မြုပ်သည့် ဧရိယာမှာ ဧက ၁ သန်းခန့် ရှိပြီး ရေကြီး နစ်မြုပ်မှုဒဏ် မခံရသည့် ဆန်စပါး စိုက်ဧရိယာ ၁၅ သန်းခန့် ကျန်ရှိသည့် အတွက် ယင်းနေရာများတွင် အထွက်နှုန်း ကောင်းမွန်စေရန် အားပေးကူညီပြီး ဆောင်ရွက်ရမည့် အပိုင်းများကို စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဆက်စပ် လုပ်ဆောင်သွားရန် ရှိကြောင်းလည်း သိရသည်။
(Xinhua)
NLD ကိုယ်စားလှယ်လောင်း ရွေးချယ်မှု ပြန်လည်ပြင်ဆင်မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ခရီးစဉ်။ (၂၀၁၅)
အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ် လာပြီးနောက်မှာ ကိုယ်စားလှယ်လောင်း နေရာတချို့ ကို ပြန်လည် ပြင်ဆင်မယ်လို့ ပါတီက ပြောဆိုလိုက်ပါတယ်။ ၈၈ မျိုးဆက်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို ပါတီဘက်က အသိအမှတ်ပြုသလို လက်ရှိ ကိုယ်စားလှယ်လောင်း ရွေးချယ် မှုကြောင့် ဝေဖန်မှုတွေ ရှိနေပေမယ့် ပါတီတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်မှု မရှိဘူးလို့ လည်း ပြောဆိုလိုက်ပါတယ်။ မသိဂီ င်္ထိုက် ဆက်သွယ်မေးမြန်း ထားပါတယ်။
အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လာမယ့် ရွေးကောက်ပွဲ အတွက် ပါတီရဲ့ အမတ်လောင်းတွေ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် လာခဲ့ပြီးနောက် မှာတော့ ရွေးချယ်ထားပြီးသား ကိုယ်စားလှယ်လောင်း ၅ နေရာ ကို ပြန်လည် ပြင်ဆင်မယ် လို့ ပြောဆိုလိုက်ပါတယ်။ ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် တဦးလည်းဖြစ် ပါတီရဲ့ ပြောခွင့်ရသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
" လေး ငါးနေရာလောက် ပြင်ဖို့ ရှိပါတယ်။ ကျနော်တို့က အောက်ခြေက တင်လာတဲ့ စာရင်းရဲ့ ၇၅% ကို ကျနော်တို့ အတည်ပြုပါတယ်။ ကျနော်တို့ အတည်မပြုဘဲ ပြုပြင်ပြောင်းလဲမှု လုပ်တာကတော့ ၂၅% လောက်ပဲ ရှိပါတယ်။ အဲ့တာကြောင့် နောက်တခုက ကျနော်တို့ ပါတီအနေနဲ့က သိပ်မကြာခင် လွန်ခဲ့တဲ့ နှစ်က လုပ်ခဲ့တဲ့ ညီလာခံမှာ ဒီလို အတွေ့အကြုံတွေရှိပါတယ်။
ဒါက လူတိုင်းရဲ့လွတ်လပ်ခွင့်အရ ပြောကြဆိုကြ ဝေဖန်ကြတယ်။ မကျေနပ်ဘူးလို့ပြောကြတယ်။ ဒါကတော့ သူတို့ပြောတာတွေကလည်း သဘာဝကျတယ်လို့ ထင်ပါတယ်။ တရားဝင် တယောက်မှ ကျနော် မတွေ့သေးပါဘူး။ ဒီနေ့တွေ့မယ်လို့ ပြောသံဆိုသံတော့ ကြားပါတယ်။"
ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်တွေက တင်ပြထားတဲ့ စာရင်းအတိုင်း အများစုကို ရွေးချယ်တာ ဖြစ်ပြီး ဗဟိုကော်မတီက အနည်းစုကို ဘဲ ရွေးချယ် တာ ဖြစ်တယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် အများက မျှော်လင့် ထားသလို ၈၈ မျိုးဆက် ခေါင်းဆောင် တချို့ အပါအ၀င် လူသိများတဲ့ နိုင်ငံရေး သမား တချို့ကို ပါတီ ကိုယ်စားလှယ်လောင်း မရွေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ အတော်လေး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကတော့ ၈၈ မျိုးဆက်တို့ရဲ့ နိုင်ငံရေး အင်အားကို အသိအမှတ်ပြုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခု အသစ် ထပ်ရွေးမယ့်အထဲမှာ ၈၈ မျိုးဆက်တို့ထဲက ပါမပါကိုတော့ ဦးညဏ်ဝင်းက မပြောပါဘူး။
"ကျနော်တို့က ကျနော်တို့ပါတီကနော် မည်သူမဆို လျှောက်နိုင်တယ်။ လျှောက်ခွင့်ကို မပိတ်ထားပါဘူး။ အဲ့တော့ နိုင်ငံရေးအရ ၈၈ကို ဘယ်လိုသဘောထားလဲဆိုလို့ရှိရင် ကျနော်တို့ ၈၈က အင်အားတရပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကျန်တာ ကျနော်တို့ ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး။"
အခုချိန်ထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံကို အပြီးသတ် မတင်နိုင်သေးပါဘူး။ ဒါ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ ပြည်နယ်တွေထဲက မြို့နယ် ၁၀ မြို့နယ်မှာတော့ NLD အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်သလို အခုချိန်ထိလည်း တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ တခြား နိုင်ငံရေး ပါတီတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း မရှိသေးပါဘူး။
နိုင်ငံတ၀န်း ရေဘေးတွေ့နေတာကြောင့်လည်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုရော မဲဆန္ဒရှင် စာရင်း စိစစ်မှုတွေပါ တုံ့နှေး သွားရတယ် လို့လည်း ပါတီက ပြောပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲ ထက် ရေဘေး ကူညီရေးကိုပါ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။
VOA
လုံခြုံရေးအရအကူအညီပေးနိုင်ရေး ပြိုင်ပွဲဝင်မည့် အမတ်လောင်းများ ဆက်သွယ်ကြရန် RCSS/SSA ပြော
ဩဂတ်စ် ၆ ရက် ၂၀၁၅
၂၀၁၅ ရွေးကောက်ပွဲတွင် RCSS/SSA ထိန်းချုပ်နယ်မြေ အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် လုံခြုံရေးအရ အကူအညီပေးနိုင်ရေး အတွက် RCSS ထံဆက်သွယ် ကြရန် ဩဂတ်စ် ၄ ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန် တိုက်တွန်း ထားပါသည်။
၂၀၁၅ နိုဝင်ဘာ ၈ နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် RCSS/SSA အနေဖြင့် ဆန့်ကျင် ကန့်ကွက်မည်မဟုတ်၊ သို့သော် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် မဲဆွယ်စည်းရုံးယှဉ်ပြိုင်အရွေးခံမည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ပါတီ အသီး သီးမှ ကိုယ်စားလှယ်လောင်းများ လုံခြုံရေးအရ အကူအညီပေးနိုင်ရန် RCSS/SSA ထံ ဆက် သွယ်ကြရန် တိုက်တွန်းထားသည်။
ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ထံမှ မှတ်ချက်ရယူရန် ဆက်သွယ် မေးမြန်း သော်လည်း အလျဉ်းမသင့်ခဲ့ပေ။ သို့သော် -
RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က လာမည့်ေ ရွးကောက်ပွဲတွင် မည်သည့် ပါတီဘက်ရပ်တည်မည်မဟုတ်ကြောင်း၊ ဖိနှိပ် ခြိမ်းခြောက်ပြီး မဲပေးခိုင်းတာမျိုး လည်း မရှိသင့်ကြောင်း၊ ပြည်သူလူထုက မိမိနှစ်သက်သည့်ပါတီကို မိမိကိုယ်တိုင် ရွေးချယ် ပိုင်ခွင့်၊ မဲပေးပိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည်။
ထုတ်ပြန်ကြေငြာချက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် တနိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး NCA အားထောက်ခံကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်တွင် လည်း နိုင်ငံတော်အစိုးရနှင့် သက် ဆိုင်ရာအဖွဲ့အစည်းများ နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင် ရွက်သွားမ ည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တရပ်ကို ရွေးကောက်ပွဲ အကြိုကာလတွင် အတည်ပြုနိုင်ရန် ကြိုးပမ်းညှိနှိုင်းပူးပေါင်းဆောင် ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော် အစိုးရနှင့် ပဏာမအဆင့် သဘောတူညီချက် ၃၁ ချက် နှင့် တရားမဝင် မူးယစ်ဆေးဝါးများ ကာကွယ်တိုက်ဖျက်ရန် နိုင်ငံတော် အစိုးရနှင့်အတူ ညှိနှိုင်းပူးပေါင်းေ ဆာင်ရွက်သွားမည် စသဖြင့် ပါရှိသည်။
သျှမ်းသံတော်ဆင့်
မွန်အမျိုးသားပါတီတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၉ ဦးပါ
|Dawei Watch| မော်လမြိုင်၊ သြဂုတ်
၅
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌
ကိုယ်စားလှယ်လောင်း ၅၀ ကျော် ဝင်ပြိုင်မည့် မွန်အမျိုးသားပါတီတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း
၉ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု ပါတီက ထုတ်ပြန်ထားသည်။
အရွေးခံမည့် အမျိုးသမီး ကိုယ်စားလှယ်များသည်
မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်
၁ နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းလွှတ်တော် ၂ နေရာနှင့် အမျိုးသားလွှတ်တော် ၁
နေရာတို့တွင် ဝင်ပြိုင်ကြမည် ဖြစ်သည်။
“ပါတီမှာ ချမှတ်ထားပြီးသားပါ တင်လာတဲ့
ကိုယ်စားလှယ်လောင်းတွေ အရည်အချင်းတူလာရင် အမျိုးသမီးနဲ့ လူငယ်တွေကို ဦးစားပေးမယ်”
ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စိုးမြင့်က ပြောသည်။
အမျိုးသမီး ကိုယ်စားလှယ် ၁၁ ဦး အဆိုပြုသည့်အနက်
သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသည့် ၉ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်စိုးမြင့်က
ပြောသည်။
ယင်းပါတီမှ
အမျိုးသမီးကိုယ်စားလှယ်လောင်း အတွက် အရေအတွက် သီးသန့် သတ်မှတ်ထားခြင်းမရှိဟု သိရသည်။
၎င်းပြင်
ရွေးချယ် ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် ကိုယ်စားလှယ်လောင်း ၅၀ ရာခိုင်နှုန်းကျော်သည်
အသက် ၄၀ ဝန်းကျင်ရှိ လူငယ်များဖြစ်ကြောင်းလည်း နိုင်စိုးမြင့်က ပြောသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ
(AMDP)ကလည်း လာမည့်ေ ရွးကောက်ပွဲအတွက် အဆိုပြုလာသမျှ အမျိုးသမီး ကိုယ်စားလှယ် လောင်းများကို
ခွင့်ပြုပေးသွားမည့်အပြင် လူငယ်ကိုယ်စားလှယ်လောင်းများများ ပါလာအောင်လည်း လမ်းဖွင့်ပေးထားသည်ဟု
ပြောသည်။
သို့သော်
AMDP က ယနေ့ထိ ကိုယ်စားလှယ်လောင်းများစားရင် ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် ၄င်းတို့ပါတီတွင်
အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်း မည်မျှထိပါလာမည်ကို မသိရှိနိုင်သေးပါ။
Dawei
Watch
ယနေ့ မိုးလေ၀သ သတင်းထုတ်ပြန်ချက်
လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ကာ၊ မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့တွင် (၅.၂၄)လက်မ၊ သထုံမြို့တွင် (၄.၈၄)လက်မ၊ မော်လမြိုင်မြို့တွင် (၄.၇၆)လက်မ၊ လောင်းလုံးမြို့တွင် (၄.၅၇)လက်မ၊ ပေါင်မြို့တွင် (၄.၂၁)လက်မ၊ ထားဝယ်မြို့တွင် (၂.၈၄)လက်မ၊ ကိုကိုးကျွန်းမြို့တွင် (၂.၆၈)လက်မ၊ မြစ်ကြီးနားမြို့တွင် (၂.၆၃)လက်မ၊ ဘားအံမြို့နှင့် လှိုင်းဘွဲမြို့တို့တွင် (၂.၆၀)လက်မစီတို့ ဖြစ်ကြ ပါသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ရေဘေးဒုက္ခသည်တွေကို အမေရိကန် ကူညီမည်

မကွေးတိုင်း ဒေသကြီး ရေဘေးသင့် ပြည်သူများ (ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်)
လူပေါင်းသိန်းနဲ့ချီ ဒုက္ခရောက် နေကြတဲ့ ရေဘေးဒဏ်သင့် သူတွေ အတွက် အမေရိကန် အပါအ၀င် နိုင်ငံတကာက စတင်ကူညီဖို့ ပြင်ဆင်နေကြပါပြီ။ ရေဘေးဒုက္ခသည်တွေ အတွက် အရေးပေါ် အရေးတကြီး ကူညီဖို့ မြန်မာအစိုးရက နိုင်ငံတကာကို ပန်ကြားခံခဲ့ပြီး နောက်မှာပဲ အကူအညီတွေ စတင်ဝင်ရောက် လာနေတာပါ။ အပြည့်အစုံကိုတော့ မဆုမွန် တင်ပြထားပါတယ်။မြန်မာနိုင်ငံတ၀ှမ်း ရေဘေးနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေ စတင်ဝင်ရောက် လာနေသလို၊ အမေရိကန်ကလည်း ကူညီဖို့ ကတိပြုလိုက်တာပါ။ အရေးပေါ် အကူအညီပေးအပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မကြာခင် ကြေညာဖို့လည်း စီစဉ်နေပြီ ဖြစ်တဲ့အကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆွေးနွေးပွဲအတွင်း ၀န်ကြီးကယ်ရီက ပြောကြားခဲ့တာပါ။
“ကျနော်တို့ ပူးတွဲပြီး ကူညီ ထူထောင်ထားတဲ့ အရေးပေါ် ကူညီကယ်ဆယ် ရေးဌာနနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ကျနော်တို့သံရုံးက အနီးကပ် ပူးပေါင်း ညှိနှိုင်းနေပါတယ်။ မြန်မာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း ပြီး အကူအညီတွေ ဘယ်ကိုပို့မယ်ဆိုတာ အတိအကျသိရတာနဲ့ ရေဘေး ကူညီကယ်ဆယ်ရေး အစီအစဉ်တခုကို ကျနော်တို့ မကြာခင်ကြေညာမှာဖြစ်ပါတယ်။"
ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့အရေး ရေဘေးအလှူပေးကြဖို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ပန်ကြားခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်တော့ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်စတဲ့ ဒေသတွင်းနိုင်ငံတွေဘက်က မြန်မာနိုင်ငံကို ငွေကြေးအကူညီတွေ စတင်ပေးနေကြဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းက ဗွီအိုအေကိုပြောပါတယ
“ဒီနေ့ဆိုရင် ဂျပန်ကနေပြီးတော့ သူတို့ စောင်တို့၊ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်တို့၊ နောက်ပြီး အိပ်ယာခင်းတို့၊ အဲဒါတွေ ဒီနေ့ပထမအသုတ် အနေနဲ့ ရောက်ပါတယ်ခင်ဗျ။ သူတို့ ကျနော်တို့ကို အသိပေးထားတာကတော့ ယန်း ၁၈ သန်းဖိုး၊ အမေရိကန်ဒေါ်လာနဲ့ တွက်ရင်တော့ တသိန်းခွဲဘိုးပေါ့နော်၊ တန်ဘိုးရှိတဲ့ ပစ္စည်းပေါ့နော်၊ ခုနကပစ္စည်းလေးတွေ ၃ သုတ်ခွဲပြီး ရောက်မှာပါခင်ဗျ။ ဒီနေ့ ပထမအသုတ် ရောက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဂျပန်သံအမတ်ကြီးကနေပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို ဒီကနေ့ ပထမအသုတ်ကို လွှဲပြောင်းပေးအပ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။ အဲဒါပြီးတော့ ဒီနေ့နေ့လည်မှာ အမေရိကန်ဒေါ်လာ ၂ သောင်းဖိုး ဗီယက်နမ်ကနေပြီးတော့ ရေသန့်ပေါ့နော်၊ ဗီယက်နမ် သံအမတ်ကြီးကနေပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို ဒီနေ့လွှဲပြောင်း ပေးအပ်တယ်လို့ သိရှိရပါတယ်ခင်ဗျ။ ဒီရက်ပိုင်းအတွင်းမှာ သူတို့ ဘန်ကောက်ဘက်မှာ ဘတ် ၅ သန်းကို မြန်မာဘက်ကို၊ မြန်မာသံအမတ်ကြီးကနေတဆင့် လှူဒါန်းဖို့လည်း လုပ်နေပါတယ်ခင်ဗျ။ ဒီရက်ပိုင်းမှာ သူတို့ လုပ်ဖြစ်ပါမယ်ခင်ဗျ။”
အဓိက မြန်မာနိုင်ငံတဝှမ်းက ရေဘေးသင့်ပြည်သူတွေ အဓိကလိုအပ်နေတဲ့ ဆန်၊ ဆေးဝါးနဲ့ ရေသန့်ပစ္စည်း၊ မိုးကာ ၊ အသက်ကယ်လှေစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် နိုင်ငံတကာအလှူရှင်တွေဆီက အဓိက အလှူခံမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ရန်ကုန်မှာရှိတဲ့ သံရုံးတွေကို ကျနော်တို့ ပါးစပ်နဲ့ အကြောင်းကြားတဲ့အခါမှာ ဘယ်လိုပစ္စည်းတွေကို ဦးစားပေး လှူပေးဖို့ ဆိုပြီးတော့ ကျနော်တို့ ပြောထားတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ဆန်တို့၊ ဘာတို့ပေါ့။ နောက်ပြီးတော့ ဆေးဝါးတို့၊ နောက်ပြီးတော့ တာပေါ်လင်တို့၊ လှေတို့၊ ရာဘာလှေတို့ အဲဒီလိုမျိုးလေးတွေလေ၊ ကျနော်တို့ သူတို့သံရုံးတွေကိုလည်း အကြောင်းကြားထားပြီးပါပြီခင်ဗျ။ လောလောဆယ်ကတော့ ကျနော်တို့ ပစ္စည်းပဲ အကူအညီတောင်းထားပါတယ်ခင်ဗျ။ ရေကြီးပြီးရင် နောက်ပိုင်းဖြစ်တဲ့ လိုအပ်တဲ့ ဆေးဝါးတွေ၊ နောက်ပြီးတော့ ရေသန့်စက်တွေ၊ အဲဒါလေးတွေကိုတော့ လှူဖို့အထဲ၊ လှူသင့်တယ်ဆိုတဲ့ စာရင်းထဲမှာ ကျနော်တို့ ထည့်ပြီးတော့ သံရုံးတွေကိုတော့ အကြောင်းကြား ထားပါတယ်ခင်ဗျ။”
နိုင်ငံတကာက ရရှိလာတဲ့ အလှူငွေတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီးဌာနကို ပေးလှူပြီး လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေ အတွက် ရေဘေးပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တာတွေကိုလည်း နိုင်ငံတကာက အလှူခံမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
Wednesday, August 5, 2015
ချင်းပြည်နယ်မြေပြိုမှု ၆ ဦး သေဆုံး
![]() |
ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်။ Photo: Chin World |
ဇူလိုင်လကုန်ပိုင်းက လမ်းပြင်နေသူ ၄ ဦး ရေစီးနဲ့မျောသွားတာ အခုချိန်ထိ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဟားခါးမြို့ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက ပြောပါတယ်။
"ပြီးခဲ့တဲ့မိုးရွာတဲ့အချိန်မှာပေါ့နော်၊ ဟားခါးနဲ့ ၁၈ မိုင်ဝေးတဲ့နေရာမှာ သေဆုံးတာတွေ ရှိတယ်၊ သူတို့အလောင်း လည်းအခုထိမတွေ့ရသေး ဘူး၊ ရေကြီးတော့ချောင်းထဲပါသွားတာ၊ အနီးအနားမှာရှိတဲ့ ရွာကရှာတာ၊ ဒါပေမယ့် မတွေ့ဘူး"
ပလက်ဝမြို့နယ်မှာ မြစ်ရေတက်ပြီး အိမ်တွေရေမြုပ်တာကြောင့် အိမ်ခြေ ၂၀၀ကျော်လောက် ပျက်စီးသွားသလို ဖလမ်းမြို့နယ်မှာလည်း အိမ်ခြေ ၉၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒီနေ့ထုတ် အစိုးရသတင်းစာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သဘာဝဘေးဒဏ်ကြောင့် လူသေဆုံးမှု စုစုပေါင်း ၆၂ ယောက်ရှိတယ်လို့ ဖော်ပြထားပေမယ့် ချင်းပြည်နယ်မှာ သေဆုံးမှုမရှိဘူးလို့ ပါရှိပါတယ်။
RFA Burmese
Tuesday, August 4, 2015
အစိုးရထံ လက်နက်ချမည့်သတင်း ၀ါဒဖြန့်မှုဟု ဗိုလ်ဆန်းအောင်ပြောဆို
သြဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။
အမိန့်နာခံမှုမရှိဟုဆိုကာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)အဖွဲ့မှ ဒုတိယအကြိမ် ထုတ်ပယ်ခံရသည့် ဗိုလ် မှူးကြီးစောဆန်းအောင်က မြန်မာအာဏာရှင်စစ်အစိုးရထံသို့ လက်နက်ချမည်ဆိုသည့် လတ်တလောထွက်ပေါ်နေသော သတင်း များမှာ အခြေအမြစ်မရှိသော ၀ါဒဖြန့်မှုတစ်ရပ်သာဖြစ်ကြောင်း ကာယကံရှင်က ယနေ့ ပြောဆိုလိုက်သည်။
ဗိုလ်မှူးကြီးစောဆန်းအောင်က “အခု သူတို့ဘက်က ဝါဒဖြန့်နေတယ် ကျနော်လက်နက်ချမယ်ဆိုပြီး ဒီလို အာဏာရှင် စစ်အစိုးရ ဆီမှာ ဘာမှလက်နက်ချဘို့ အကြောင်းမရိှဘူး။ ရည်မှန်းချက်ရောက်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ဗိုလ် ကျော်သက်၊ ဗိုလ်ဘိနဲ့ ကျနော်တို့ တစည်းတလုံးထဲ ရှိနေပါတယ်”ဟု ပြောသည်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးအသိုင်းအ၀ိုင်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြားတွင် လတ်တလော သတင်းထွက်ပေါ်နေ သော ဗိုလ်မှူးကြီးစောဆန်းအောင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် လက်နက်ချမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ၎င်းအ နေဖြင့် သတင်းဌာနအချို့ကို ယနေ့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မကြာခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် ကျနော်တို့က ကိုယ့်ရန်သူဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ပဲ တိုက်ချင်တာဖြစ်တယ်။ သူတို့ တိုက်ရည်ခိုက်ရည်လောက်ကို ကျနော်တို့ ဂရုမစိုက်ဘူး။ သူတို့က လက်နက်ကြီးအားကိုးနဲ့ပဲ စစ်တိုက်တာဖြစ်တယ်။ ခက် တာက ကရင်လက်နက်ကိုင်အဖွဲ့တွေက ရန်သူဘက်က ဝင်တိုက်ပေးတော့ လုပ်ရကိုင်ရတာ အတော်ခက်တယ်။ ကရင်တွေ ကိုယ်ဘာလဲဆိုတာ သိပါလို့ပဲ ပြောချင်တယ်”ဟု ဗိုလ်ဆန်းအောင်က ဖြည့်စွက်ပြောဆိုသည်။
ဒီကေဘီအေတွင် အဆင်ြ့မင့်တပ်မှူးကြီးများဖြစ်သည့် ဗိုလ်ကျော်သက်နှင့် ဗိုလ်ဆန်းအောင်ကို ကော့ကရိတ်မြို့နယ်အတွင်း ယခင်လဆန်းက မြန်မာအစိုးရနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၎င်းတို့ဗဟိုဌာနချုပ်က ယခင်လ (၂၁)ရက် နေ့စွဲဖြင့် တာ ၀န်များမှ အပြီးအပိုင် ထုတ်ပယ်ခဲ့သော်လည်း ထိုတပ်မှူးနှစ်ဦးသည် သီးသန့်အဖွဲ့သစ် ဖွဲ့စည်းခြင်းမရှိဘဲ ကလို့ထူးဘော ကရင်အ စည်းအရုံးလက်အောက်တွင်သာ ဆက်လက်ရပ်တည်ကာ တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုသည်။
(ကေအိုင်စီ)
http://kicnews.org
ဒေါ်ဖြူဖြူသင်းကို အစားထိုးပေးဖို့ NLD ပါတီဝင်အချို့ တောင်းဆိုမည်
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့်
ဒေါ်ဖြူဖြူသင်းကို သြဂုတ်လ ၃ ရက်နေ့က NLD
မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင်တချို့က ကန့်ကွက်လိုက်ပြီး
ကိုယ်စားလှယ်လောင်းတစ်ဦးနဲ့ အစားထိုးရွေးချယ်ပေးဖို့ တောင်းဆိုစဉ်
Photo: Thiha Tun/RFA
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်
မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းကို
NLD မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင်တချို့က ကန့်ကွက်လိုက်ပြီး နောက်ထပ်
ကိုယ်စားလှယ်လောင်းတစ်ဦးနဲ့ အစားထိုးရွေးချယ်ပေးဖို့ တောင်းဆိုသွားမယ်လို့
ပြောပါတယ်။
ကန့်ကွက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)ထံ သတ်မှတ်ပေးထားတဲ့ ၅ ရက်အတွင်း ပေးပို့သွားမယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်နိုင်ရေးအဖွဲ့ဘဏ္ဍာရေးမှူး ဦးဋ္ဌေးမြင့် က ပြောပါတယ်။
"အပေါ်ကချပေးထားတဲ့ မူဝါဒရွေးချယ်မှုပုံစံကို ကျနောတို့မကျေနပ်လို့ ကန့်ကွက်တာမဟုတ်ပါဘူး၊ ကျနော်တို့ဖြစ်စေချင်တဲ့ပုံစံ ဒီကိုယ်စားလှယ်တွေ ကျနော်တို့မှာ ၃ နှစ်ရခဲ့ပါပြီ၊ နောက် ၅ နှစ်အတွက် အာမခံရမှာဖြစ်ပါတယ်၊ ခုနကပြောခဲ့သလိုပဲ အသံဗလံတွေကြောင့် နောင် ၅ နှစ်အတွက်ကို ၁ဝဝ ရာခိုင်နှုန်း မဲအပြည့်မရမှာ စိုးရိမ်ပါတယ်၊ ဒါကြောင့်မို့ ကိုယ်စားလှယ်လဲပေးဖို့ တောင်းဆိုပါတယ်၊ ပြောမယ်ဆိုရင် ကန့်ကွက်လို့ရတယ်ဆိုပြီး သူတို့ကပြောဆိုတာပါ ကျနော်တို့က အမှန်တော့ လဲလှယ်ပေးဖို့ တောင်းဆိုတာပါ"
မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့နဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး အပါအ၀င် ၃ ဦးကို ရွေးချယ်ခဲ့ပေမယ့် ဗဟိုက ဆုံးဖြတ်လိုက်တဲ့စာရင်းမှာ သူတို့ပေးတဲ့တစ်ဦးမှ ရွေးချယ်မခံခဲ့ ရဘူးလို့ ပြောပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရသူတစ်ဦးဖြစ်ပေမယ့် ဒီသုံးနှစ်အတွင်း မြို့နယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုတွေရှိတဲ့အတွက် ကန့်ကွက်ကြတာလို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ပြီးခဲ့တဲ့သြဂုတ်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီ့ကိုယ်စာလှယ်လောင်းတွေကို ကန့်ကွက်လိုပါက ငါးရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ ကြေညာထားပါတယ်။
RFA
ကန့်ကွက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)ထံ သတ်မှတ်ပေးထားတဲ့ ၅ ရက်အတွင်း ပေးပို့သွားမယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်နိုင်ရေးအဖွဲ့ဘဏ္ဍာရေးမှူး ဦးဋ္ဌေးမြင့် က ပြောပါတယ်။
"အပေါ်ကချပေးထားတဲ့ မူဝါဒရွေးချယ်မှုပုံစံကို ကျနောတို့မကျေနပ်လို့ ကန့်ကွက်တာမဟုတ်ပါဘူး၊ ကျနော်တို့ဖြစ်စေချင်တဲ့ပုံစံ ဒီကိုယ်စားလှယ်တွေ ကျနော်တို့မှာ ၃ နှစ်ရခဲ့ပါပြီ၊ နောက် ၅ နှစ်အတွက် အာမခံရမှာဖြစ်ပါတယ်၊ ခုနကပြောခဲ့သလိုပဲ အသံဗလံတွေကြောင့် နောင် ၅ နှစ်အတွက်ကို ၁ဝဝ ရာခိုင်နှုန်း မဲအပြည့်မရမှာ စိုးရိမ်ပါတယ်၊ ဒါကြောင့်မို့ ကိုယ်စားလှယ်လဲပေးဖို့ တောင်းဆိုပါတယ်၊ ပြောမယ်ဆိုရင် ကန့်ကွက်လို့ရတယ်ဆိုပြီး သူတို့ကပြောဆိုတာပါ ကျနော်တို့က အမှန်တော့ လဲလှယ်ပေးဖို့ တောင်းဆိုတာပါ"
မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့နဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး အပါအ၀င် ၃ ဦးကို ရွေးချယ်ခဲ့ပေမယ့် ဗဟိုက ဆုံးဖြတ်လိုက်တဲ့စာရင်းမှာ သူတို့ပေးတဲ့တစ်ဦးမှ ရွေးချယ်မခံခဲ့ ရဘူးလို့ ပြောပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရသူတစ်ဦးဖြစ်ပေမယ့် ဒီသုံးနှစ်အတွင်း မြို့နယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုတွေရှိတဲ့အတွက် ကန့်ကွက်ကြတာလို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ပြီးခဲ့တဲ့သြဂုတ်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီ့ကိုယ်စာလှယ်လောင်းတွေကို ကန့်ကွက်လိုပါက ငါးရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ ကြေညာထားပါတယ်။
RFA
ပြည်သူ့အချစ်တော် တေးစီးရီး ရောင်းရသမျှကို ရေဘေးသင့်တွေအတွက် လှူဒါန်းမယ့် အဆိုတော်ဟဲလေး
![]() |
ဓာတ်ပုံများ - ယုမွန်ကျော်/ The Irrawaddy |
အဆိုတော်ဟဲလေးရဲ့ ပြည်သူ့အချစ်တော် တေးစီးရီးဟာ ဇူလိုင်၉ ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ ဒီတေးစီးရီးဟာ အဆိုတော် ဟဲလေးရဲ့ ငါးခွေမြောက် တကိုယ်တော်တေးစီးရီးဖြစ်ပါတယ်။
အခွေထွက်ရှိမယ့်နေ့မှာ လှည်းတန်း စိန်ဂေဟာမှာ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာဖြစ်ကာ အဲ့ဒီနေ့မှာ ရောင်းချလို့ရတဲ့ ငွေကြေးအားလုံးကို အဆိုတော်ဟဲလေးက ရေဘေးဒဏ် ပြည်သူတွေအတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။
အခွေနဲ့ပတ်သက်ပြီး လှူဒါန်းဖြစ်ပုံကို အဆိုတော်ဟဲလေးက “ကျနော်ဒီအခွေကို ထွက်ဖို့ စီစဉ်နေတဲ့ အချိန်မှာပဲ တိုက်ဆိုင်စွာ နိုင်ငံမှာ နိုင်ငံတ၀က်လောက်က ရေဘေးဒဏ်ကို ခံနေရပါတယ်။ ဒါကြောင့် ကျနော်အခွေကို ထွက်ဖို့ နောက်ဆုတ်မလားပေါ့။ ဒါပေမယ့်စဉ်းစားလိုက်တော့ အားလုံးက သူ့ကဏ္ဍအသီးသမီးမှာ ပါဝင်ကူညီလှူဒါန်းနေကြတဲ့ အချိန်မှာ ကျနော်လည်းတတ်နိုင်သလောက် ကူညီချင်တယ်။ ဒါကြောင့် ကျနော်အခွေထွက်တာ မရွှေ့တော့ဘူး။ လာမယ့် ၉ ရက်နေ့မှာ လှည်းတန်းစိန်ဂေဟာမှာ အခွေရောင်းပြီး ရောင်းရသမျှကို အကုန်လှူပါမယ်၊ လာတဲ့ Customers တွေကိုလည်း အလှူခံပြီး ကျနော်ရဲ့ အနုပညာချွေးနဲစာနဲ့ ရထားတဲ့ငွေကြေးကိုလည်း ထပ်ပြီးလှူပါဦးမယ်။ လာတဲ့ ပရိသတ်တွေကိုလည်း ကျနော်က အမှတ်တရလက်ဆောင်တွေနဲ့ ပျော်စရာ ဂိမ်းအစီအစဉ်တွေကို စီစဉ်ထားပါတယ်၊ အခုချိန်က ကျနော်တို့ကို ချစ်တဲ့ပြည်သူတွေ၊ ကျနော်တို့ ချစ်တဲ့ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်တို့ တတ်နိုင်တဲ့ အနုပညာနဲ့ လှူဒါန်းမှုပြုရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ရေဘေးကလည်း အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ” လို့ ပြောပြခဲ့ပါတယ်။
အဆိုတော်ဟဲလေးရဲ့ “ပြည်သူ့အချစ်တော်” တေးစီးရီးအခွေဝယ်ယူမယ့် ပထမဆုံး ပရိသတ်တထောင် အတွက် ကိုလည်း ရိုက်ကူးထားတဲ့ Music Video သုံးပုဒ်ကို အမှတ်တရ လက်ဆောင်အနေနဲ့ ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ ထည့်သွင်းပေးမယ့် သုံးပုဒ်မှာ Miss တုပ်ကွေးသီချင်း၊ ဝေယံနဲ့ မိစန္ဒီတို့ရဲ့ သီချင်းနဲ့ အဆိုတော်သစ် ဖြိုးဧကရဲ့ သီချင်းတို့ပဲ ဖြစ်ပါတယ်။
ပြည်သူ့အချစ်တော်အခွေမှာ တေးရေးများအနေနဲ့ သုခမိန်လှိုင်၊ ဒီယံ၊ ကိုလတ်တို့ ရေးသားပေးထားပြီး Featuring အနေနဲ့ နိုင်းဝမ်း၊ ဒီယံ၊ အစ္စဏီ၊ ဝေယံ၊ စစ်သွေး၊ ပင်းပင်း၊ ၀ိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိမ့်ချစ်နဲ့ မိစန္ဒီတို့ က ပါဝင်သီဆိုပေးထားကြတာဖြစ်ပါတယ်။
ယုမွန်ကျော်
ကိုယ်စားလှယ်လောင်းကိစ္စကြောင့် NLD ပါတီဝင်တချို့ နှုတ်ထွက်
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ကို ကိုယ်စားပြုပြီး အန်အယ်လ်ဒီက
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဗဟိုက ရွေးချယ်ပေးလိုက်တဲ့ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်လောင်း ၂ ဦးကို လက်မခံတဲ့အတွက် ရန်ကင်းမြို့နယ်က
မြို့နယ်အဆင့် တာဝန်ရှိသူ ၁၆ ဦး တနင်္လာနေ့က နှုတ်ထွက်စာတင်လိုက်ကြောင်း
သိရပါတယ်။
အောက်ခြေပါတီဝင်တွေရဲ့ သဘောဆန္ဒနဲ့ တင်ပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်တဲ့ အတွက်ကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ နှုတ်ထွက်စာ တင်ရာမှာ ပါဝင်ခဲ့သူ ရန်ကင်းမြို့နယ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်ဘုန်းဝေ က ပြောပါတယ်။
"ကျမတို့မြို့နယ်ရဲ့အခြေအနေကို ကျမတို့ကအသိဆုံးလေ၊ အဲ့ဒီလူတွေရဲ့ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင် ရာ၊ အစည်းအဝေးပိုင်းဆိုင်ရာကို ဘယ်တုန်း ကမှ၊ ဘယ်သူနဲ့မှ ထိစပ်မှုလည်းမရှိဘူး၊ ပါတီတွင်းအင်အားမှာလည်း ရင်းနှီးမှုမလုပ်နိုင်ဘူး၊ အဲ့လိုလူမျိုးတွေကိုချပေးလိုက်တာဖြစ်တဲ့အတွက် အောင်နိုင်ရေးကို ကျမတို့ဘယ်လို စခန်းသွား မလဲ၊ ဗဟိုကချပေးရင်လည်း သင့်တော်တဲ့သူ၊ တစ်ကယ်လုပ်နိုင်ကိုင်နိုင် တဲ့သူကိုချပေးရင်ကျေနပ်ပါတယ်၊ အဲ့ဒီပေါ် မှာကျမတို့နှုတ်ထွက်ရခြင်းဖြစ်တယ်"
အန်အယ်လ်ဒီပါတီ ဗဟိုက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ခဲ့ တဲ့ ဒေါ်သီတာမော်နဲ့ ဦးသိန်းဇော် တို့ကို လက်မခံတဲ့ အတွက် နှုတ်ထွက်စာတင်ခဲ့ကြတာ ဖြစ်ကြောင်းသိရပါတယ်။
ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၁ မှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှုမောင်ဟာ ကိုယ်စားလှယ်လောင်းအဖြစ် ကနေ တနင်္လာနေ့က နှုတ်ထွက်စာတင်လိုက်ပါတယ်။
ဦးရှုမောင်ဟာပြည်သူ့လွှတ်တော်အတွက် အဆိုတင်ခဲ့ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဗဟိုက သတ်မှတ်ပေးလိုက်တဲ့အတွက် လက်မခံနိုင်တာကြောင့် စာတင်လိုက်တာ ဖြစ်ကြောင်း ခန္တီးခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင်က ပြောပါတယ်။
"သတင်းထုတ်ပြန်ချက်အရ ခန္တီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအား လျှောက်ထားသူ ဦးရှုမောင်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်မဟုတ်ဘဲ ခန္တီးမြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ရ မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်ခဲ့သည် ကိုတွေ့ရသည်၊ ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်မှုအား လက်မခံသည့်အတွက် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ်မှ တရားဝင်နှုတ်ထွက်အပ်ပါသည်"
ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး ကို ပါတီဗဟိုထံ ကိုယ်စား လှယ်လောင်း အမည်တင်သွင်းခဲ့ပြီး ဗဟိုက အမျိုးသား လွှတ်တော်အတွက် ဦးရှုမောင်၊ ပြည်သူ့လွှတ်တော်အတွက် ဦးအောင်သန်းစိန်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးမောင်တေးနဲ့ ဦးသိန်းလှိုင်ဝင်း တို့ကို ရွေးချယ်ခဲ့တာဖြစ် ပါတယ်။
RFA
အောက်ခြေပါတီဝင်တွေရဲ့ သဘောဆန္ဒနဲ့ တင်ပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်တဲ့ အတွက်ကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ နှုတ်ထွက်စာ တင်ရာမှာ ပါဝင်ခဲ့သူ ရန်ကင်းမြို့နယ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်ဘုန်းဝေ က ပြောပါတယ်။
"ကျမတို့မြို့နယ်ရဲ့အခြေအနေကို ကျမတို့ကအသိဆုံးလေ၊ အဲ့ဒီလူတွေရဲ့ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင် ရာ၊ အစည်းအဝေးပိုင်းဆိုင်ရာကို ဘယ်တုန်း ကမှ၊ ဘယ်သူနဲ့မှ ထိစပ်မှုလည်းမရှိဘူး၊ ပါတီတွင်းအင်အားမှာလည်း ရင်းနှီးမှုမလုပ်နိုင်ဘူး၊ အဲ့လိုလူမျိုးတွေကိုချပေးလိုက်တာဖြစ်တဲ့အတွက် အောင်နိုင်ရေးကို ကျမတို့ဘယ်လို စခန်းသွား မလဲ၊ ဗဟိုကချပေးရင်လည်း သင့်တော်တဲ့သူ၊ တစ်ကယ်လုပ်နိုင်ကိုင်နိုင် တဲ့သူကိုချပေးရင်ကျေနပ်ပါတယ်၊ အဲ့ဒီပေါ် မှာကျမတို့နှုတ်ထွက်ရခြင်းဖြစ်တယ်"
အန်အယ်လ်ဒီပါတီ ဗဟိုက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ခဲ့ တဲ့ ဒေါ်သီတာမော်နဲ့ ဦးသိန်းဇော် တို့ကို လက်မခံတဲ့ အတွက် နှုတ်ထွက်စာတင်ခဲ့ကြတာ ဖြစ်ကြောင်းသိရပါတယ်။
ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၁ မှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှုမောင်ဟာ ကိုယ်စားလှယ်လောင်းအဖြစ် ကနေ တနင်္လာနေ့က နှုတ်ထွက်စာတင်လိုက်ပါတယ်။
ဦးရှုမောင်ဟာပြည်သူ့လွှတ်တော်အတွက် အဆိုတင်ခဲ့ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဗဟိုက သတ်မှတ်ပေးလိုက်တဲ့အတွက် လက်မခံနိုင်တာကြောင့် စာတင်လိုက်တာ ဖြစ်ကြောင်း ခန္တီးခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင်က ပြောပါတယ်။
"သတင်းထုတ်ပြန်ချက်အရ ခန္တီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအား လျှောက်ထားသူ ဦးရှုမောင်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်မဟုတ်ဘဲ ခန္တီးမြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ရ မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်ခဲ့သည် ကိုတွေ့ရသည်၊ ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်မှုအား လက်မခံသည့်အတွက် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ်မှ တရားဝင်နှုတ်ထွက်အပ်ပါသည်"
ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး ကို ပါတီဗဟိုထံ ကိုယ်စား လှယ်လောင်း အမည်တင်သွင်းခဲ့ပြီး ဗဟိုက အမျိုးသား လွှတ်တော်အတွက် ဦးရှုမောင်၊ ပြည်သူ့လွှတ်တော်အတွက် ဦးအောင်သန်းစိန်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးမောင်တေးနဲ့ ဦးသိန်းလှိုင်ဝင်း တို့ကို ရွေးချယ်ခဲ့တာဖြစ် ပါတယ်။
RFA
စစ်ကိုင်းတိုင်း ရေဘေးသင့် ဒေသခံ ၈ ဦး ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတဝိုက်က တုံရွာအပါအဝင် ရွာပေါင်း ၅၀ လောက်ဟာ အသက်အန္တရာယ်ကြုံရတဲ့အထိ ရေဘေးကိုခံစားနေရသလို တချို့နေရာတွေမှာ မြစ်ရေဆက်ပြီးတိုးလာနေတယ်လို့ ဆိုပါတယ်။ ရေဘေးအန္တရာယ်ကြီးလာတဲ့အတွက် စီမံကိန်းကို ကာထားတဲ့ မြေတံတိုင်းကြီးကို ဖောက်ချပေးဖို့ တောင်းဆိုတဲ့ ရေဘေးသင့် ဒေသခံ ၈ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းသွားခဲ့ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပံတောင်းတောင်အနီးတဝိုက် ကြေးနီစီမံကိန်းဧရိယာမှာ ပါဝင်တဲ့ကျေးရွာတွေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့အထိ ချင်းတွင်းမြစ်ရေတွေဝင်လာတဲ့အတွက် ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ဒီနေ့မှာ တုံရွာတရွာလုံး ရေနစ်မြုပ် သွားတာကြောင့် တခြားရေဘေးသင့် ကျေးရွာတွေက ဒေသခံတွေက စိုးရိမ်ပူပန်နေပြီး ကယ်ဆယ်ရေးစခန်းမှာ သွားနေနေရပါတယ်။
ဒီအတွက် တုံရွာနဲ့တခြားကျေးရွာတွေက ရေဘေးသင့်ပြည်သူ ၈ ဦးဟာ ကြေးနီစီမံကိန်းကို ကာရံထားတဲ့မြေနံရံတွေကို ဖောက်ထုတ်ပေးဖို့ တောင်းဆိုတာကြောင့် အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ကြောင်း ထိန်းသိမ်းခံရတဲ့အထဲမှာပါတဲ့ မစန္ဒာက ပြောပါတယ်။
“ဟုတ်ပါတယ်၊ ကျမတို့ကို ဖမ်းသွားပါတယ်။ ကျမတို့က ဝမ်ပေါင်ကုမ္ပဏီရယ်၊ လောပုံကိုယ်တိုင် ….. ဝမ်ပေါင်က လူဆိုရင် ၁၈ ပေလောက်ရှိမှာပေါ့ လူ ၃ ရပ်စာလောက်၊ ခြားထားတဲ့တာရိုးကြီး ဖျက်ချပေးမှသာလျှင် ကျမတို့ ဒေသခံတွေ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက်ပေါ့နော်။ ဒီတာရိုးကြီးကို ဖောက်ချပေးပါ၊ ဧကပေါင်း ၇,၈၀၀ ကို တားထားတဲ့ မြေတမံဖောက်ချပေးပါလို့ ပြောတဲ့ဟာကို ကျမတို့ကို ဖမ်းသွားပါတယ်ရှင့်။ အခါတိုင်းဆိုလို့ရှိရင် ချင်းတွင်းမြစ်ရေတက်လာပြီဆိုရင် လက်ပံတောင်းတောင်ခြေအထိ ရောက်ပါတယ်ရှင့်။ အခုဥစ္စာက …ကနေ တာရိုးကြီး - သူတို့စီမံကိန်းဧရိယာထဲကို ရေမဝင်ရအောင်လို့ တာရိုးကြီးကာထားတဲ့အတွက် ကျမတို့ဒေသတွေ ပိုပြီး ရေဘေးဒုက္ခကြုံနေရတာပါရှင့်။ မြေကြီးတွေနဲ့ကာထားတာ ဒုကြီးတွေမှ အကြီးကြီးတွေပါ။ သူတို့ထဲကို ရေမဝင်နိုင်အောင်ပါရှင့်။ သူတို့ထဲမှာတော့ လက်ရှိမှာ အလုပ်လုပ်နေပါတယ်ရှင့်။ စီမံကိန်းဆက်ပြီး လုပ်နေပါတယ်ရှင့်။ ကျမတို့တွေကတော့ ရေဘေးကြုံနေရပါတယ်ရှင့်။ အရင်ရက်တွေကဆို ထမင်းငတ်တာ ၂ ရက်ရှိပါပြီရှင့်။ ကျမတို့ဒေသခံတွေ။”
ဒေသခံတွေကတော့ ရေဘေးကြုံရတဲ့ပြဿနာဟာ ကြေးနီစီမံကိန်းလုပ်ဖို့ ကာထားတဲ့ မြင့်မားတဲ့ မြေတံတိုင်းကြီးတွေကြောင့် အနိမ့်ပိုင်းကရွာတွေမှာ ချင်းတွင်းမြစ်ရေတွေ တိုးလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီမံကိန်းကိုကာကွယ်ထားတဲ့ မြေတံတိုင်းကြီးကို ဖောက်ချပေးဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေ လာတဲ့အခါ တောင်းဆိုခဲ့တာပါ။ စီမံကိန်းလုပ်နေတဲ့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီကတော့ မြေစိုက်၊ တာလပတ်ကာတဲ့ ယာယီ အဆောက်အဦးတွေနဲ့ ကယ်ဆယ်ရေးတွေ ဒီနေ့ စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံတချို့သာ သွားရောက်နေကြပြီး ဒေသခံ အများစုကတော့ တနိုင်တပိုင်လုပ်ထားတဲ့ ကယ်ဆယ်ရေးနေရာတွေမှာပဲ နေထိုင်ကြပါတယ်။ လက်ပံတောင်းတောင်ဒေသက ရေဘေးသင့်ကျေးရွာတွေက ပြည်သူတွေဟာ ရုတ်တရက် ချင်းတွင်းမြစ်ရေတိုးလာတဲ့အတွက် အစားအစာ အသုံးအဆောင်တောင် သယ်ချိန်မရဘဲ အသက်လုပြီး ထွက်ပြေး နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“ကျမတို့ရေကြီးတဲ့အတွက် ကွမ်းခြံတွေလည်းပျက်စီးပါတယ်၊ အိမ်သုံးပစ္စည်းတွေလည်း ပျက်စီးပါတယ်။ ….ထွက်ပြေးလာရတာပါရှင့်။”
လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဟာ သဘာဝဘေးဒဏ် ဆိုးဝါးစွာခံနေရတဲ့ တိုင်းနဲ့ပြည်နယ် ၄ ခုထဲက တခုအဖြစ် အစိုးရက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို မြန်မာသမ္မတနဲ့ အာဏာပိုင်တွေလာရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို ကြည့်ရှုခဲ့ပါတယ်။ အခု စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာတော့ ရေဘေးသင့်ရွာပေါင်း ၅၀ ထက်မနည်းရှိနေတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ စီမံကိန်းနဲ့ အနီးဆုံး တုံရွာနဲ့ အနီးအနားက ကျေးရွာအတော်များများဟာ နေလို့ထိုင်လို့မရအောင် ရေနစ်မြုပ်ခဲ့တာကြောင့်
ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်ပြီး အခုလို တောင်းဆိုမှုတွေဖြစ်လာတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဆားလင်းကြီးရဲစခန်းက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူးရှင်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
သမ္မတ အကြံပေးဟောင်း ဦးနေဇင်လတ်၏ပါတီ ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည်
![]() |
အမျိုးသားတိုးတက်ရေးပါတီ ယာယီဥက္ကဌ (ကယားပြည်နယ်) ဦးခင်မောင် (ဓါတ်ပုံ-ဖဲဘူး) |
အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲကို တနိုင်ငံလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မြို့နယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းသိရသည်။
"ကျနော်တို့က ကယားပြည်နယ်ရဲ့ ခုနှစ်မြို့နယ် ထဲမှာ သုံးမြို့နယ် ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရာထားဆဲပဲရှိပါသေးတယ်" ဟု ဦးခင်မောင်က ဆိုသည်။
သမ္မတ အကြံပေးဟောင်း တဦးဖြစ်သည့် ဒေါက်တာနေ ဇင်လတ် က ပါတီဥက္ကဌ အဖြစ် ဦးဆောင် နေသည့်အတွက် ပါတီကို ကြံခိုင်ရေးပါတီ၏ ကိုယ်ခွဲပါတီ တခုအဖြစ် ပြင်ပ မှ ထင်မြင်မှုများရှိနေကြောင်း ဦးခင်မောင်ကဆိုသည်။
"ကျနော်တို့ အမျိုးသားတိုးတက်ရေးပါတီ က အခြားသော မည်သည့် ပါတီများရဲ့ ကိုယ်ခွဲပါတီမဟုတ်ပါ" ဟု ဦးခင်မောင်က ဖြေရှင်းပြောဆိုထားသည်။
ပါတီကို ဦးဆောင်သူမှာ သမ္မတအကြံပေးအဖွဲ့ဝင်တဦးဖြစ်နေသည့်အတွက် ထင်မြင်ချက် အမျိုးမျိုးကို လျော့ကျစေရန် ဒေါက်တာနေဇင်လတ်က သမ္မတအကြံပေး အဖွဲ့မှ နုတ်ထွက်ပြီး လက်ရှိပါတီနာယက အဖြစ် ထမ်းဆောင်နေကာ ရွေးကောက်ပွဲတွင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း ဦးခင်မောင်ကပြောသည်။
ရွေးကောက်ပွဲဝင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်များကို သက်ဆိုင်ရာမြို့နယ်အတွင်းတွင် နေထိုင်သည့် ပါတီဝင်များထဲမှ သင့်တော်သူကိုသာ ရွေးချယ်သွားမည်ဟု ဆက်ပြောပါသည်။
အမျိုးသားတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ တွင် တရားဝင် ပါတီမှတ်ပုံတင် ရရှိထားသည်။
ကယားပြည်နယ်ကို ဇူလိုင်လ ၁၀ ရက်နေ့တွင်ရောက်ရှိလာပြီး ယခုတွင် မြို့နယ်များသို့ ပါတီ ရုံးတည်ထောင်ရန် ဒေသခံများနှင့် လိုက်လံ တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။ လက်ရှိ ကယားပြည်နယ်အတွင် ပါတီဝင် ၂၀၀ ကျော်သာ ရှိနေသေးကြောင်းသိရသည်။
Written by ဖဲဘူး
ကန္တာရ၀တီတိုင်း(မ်)
ရင် တထိတ်ထိတ် နှင့် စောင့်ကြည့် ရမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲ
ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့်
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ
အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)တို့ ၏ ကိုးကြိမ်မြောက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆွေးနွေး
ပွဲကို ရန်ကုန်မြို့တွင် လာမည့်သြဂတ်လ (၆)ရက်၌
စတင်ကျင်းပမည်ဖြစ်ကြောင်းကြားသိရ၏။
ဤဆွေးနွေးပွဲတွင် NCA အပြီးသတ် သဘောတူညီချက်ရရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြောင့် ဖြူးသွားမည်လား၊ သို့တည်းမဟုတ် အပြီးသတ်သဘောတူညီချက် မရရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တုံ့ဆိုင်းနှောင့်နှေးသွားမည်လား ဆိုသည်ကို ပြည်သူလူထုတစ်ရပ်လုံးက ရင်တထိတ်ထိတ်နှင့် မျက်စိဖွင့် နားစွင့် စောင့်ကြည့်နေကြ၏။
၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဂျူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် နှစ်ဦးနှစ်ဘက်အကြိတ်အနယ် ဆွေးနွေးခဲ့သော်လည်း အရေးကြီး သည့် အပိုင်းများတွင် သဘောတူညီမှုမရကြောင်းသိရ၏။ SD ဘက်မှ တင်ပြဆွေးနွေးသည့် အချက် ၁၃ ချက်အနက် ၁၀ ချက်ကို UPWC မှ သဘောတူပြီး သဘောတူညီမှုမရသေးသည့် အချက်သုံးချက် မှာ NCAတွင် ပါဝင်လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများနှင့် လက်မှတ်ရေးထိုးရာ၌ ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင်ရေးတို့ ဖြစ်ကြ၏။
သို့သော် အတွင်းရင်းမြစ်များ၏ ထုတ်ဖော်ပြောကြားချက်အရ သဘောမတူနိုင်သည့်အချက်များမှာ သုံးချက်ထက်မက ရှိကြောင်း သိရ၏။ ပြည်ထောင်စုသဘောတူစာချုပ်အား ပြည်ထောင်စု လွှတ်တော် တင်သွင်းပြီး အတည်ပြုချက်ရယူခြင်းနှင့်ပတ်သက်၍ ဝေါဟာရ အသုံးအနှုန်း သဘောတူညီမှုမရရှိသေးခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ DDR SSR လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်ဟု UPWCမှ တပ်ကိုယ်စားလှယ်က ထပ်မံအဆိုပြု တင်ပြခြင်းအပေါ် သဘောတူညီမှုမရခြင်းနှင့် အပစ်ရပ်နယ်မြေအတွင်း ဒေသခံလူထုတို့အား အကျိုးသက်ရောက်မှုကြီးမားသော စီမံကိန်းများ လုပ်ဆောင်လိုပါက (နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူညီမှုရယူ၍/ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍) ဟူသည့် စာသားအသုံးအနှုန်းအပေါ် သဘောတူ ညီမှု မရရှိခြင်း တို့ဖြစ်ကြောင်း သိရ၏။
နောက်ဆုံးနေ့ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ မည်မျှ အခြေအတင် အပြန်အလှန် ဆွေးနွေးရသနည်းဆိုသော် ဆွေးနွေးသည့်ပုဂ္ဂိုလ် တစ်ဦးက မျက်ရည်စက်လက်ရှိုက်သံနှင့် စို့နင့်စွာ ဆွေးနွေးသွားခဲ့သဖြင့် ဆွေးနွေးပွဲကို ၁၅ မိနစ်ခန့် ခေတ္တခဏ ရပ်နားပေးလိုက်ရကြောင်းသိရ၏။ ၈ ကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် ဤသည်ကို လူပြောသူပြော အများဆုံး ဖြစ်သွားခဲ့၏။ ရာဇဝင် တွင်သွားခဲ့၏။
ဆွေးနွေးပွဲမှ ညှိနှိုင်းရန် ကျန်ရှိသည့် အချက်များနှင့် ပတ်သက်၍ SD သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် Command Centerသို့ တင်ပြပြီး ဆုံးဖြတ်ချက်များ ရယူသွားမည်ဖြစ်ကြောင်းဆိုသလို UPWC ကလည်း သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPCC သို့ တင်ပြပြီး အဆုံးအဖြတ်ခံယူသွားမည်ဖြစ်ကြောင်း ရှစ်ကြိမ် မြောက် ဆွေးနွေးပွဲအပြီး အသံထွက်လာခဲ့သည်ကို သိရ၏။
SD သည် ရန်ကုန်ဆွေးနွေးပွဲပြီးသည်နှင့် ချင်းမိုင်သို့ ချက်ချင်းပြန်ကာ Command Center ခေါ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးကို ဂျူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ခေါ်ယူကျင်းပကြောင်းသိရ၏။ ၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲ၏တိုးတက်ဖြစ်ထွန်းမှုများနှင့်တစ်ဆို့မှု၊ ထစ်ငေါ့မှုများ၊အခက်အခဲအကျပ်အတည်း များကို အစီရင်ခံ တင်ပြပြီး အဆုံးဖြတ် ခံယူခြင်းပြုလုပ်သွားခဲ့၏။
ထိုထိပ်သီးအစည်းအဝေးသို့ SD အဖွဲ့ဝင်များမှ ထိပ်သီးခေါင်းဆောင်များ ဖြစ်ကြသည့် ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ သျှမ်းပြည်တိုးတက်ရေးပါတီ နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- Peace Council မှ ဗိုလ်ချုပ်စောယဉ်နု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်လ်တွိဒ်၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ဥက္ကဌ ကြာခွန်ဆာ၊ ဝ အမျိုးသားအဖွဲ့ချုပ် WNO ဒုဥက္ကဌ တာ့မဟာ၊ ရက္ခိုင့်တပ်မတော် AA မှ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် SD အဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် အင်အားတောင့်တောင့် အင်အားကောင်းကောင်း အင်အားအပြည့်အစုံနှင့် တက်ရောက်ကြကြောင်း သိရ၏။
ယင်းအစည်းအဝေးမှ NCA လက်မှတ်ရေးထိုးရာတွင် အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့လုံး (NCCT ၁၆ ဖွဲ့ နှင့် ABSDF) ပါဝင်လက်မှတ်ရေးထိုးရန်နှင့် အားလုံးပါဝင်နိုင်ရေးကို ဆက်လက်ညှိနှိုင်းသွားရန် တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ ကြောင်းအစည်းအဝေးထုတ်ပြန်ချက်အရ သိရ၏။
အားလုံးပါဝင်လက်မှတ်ရေးထိုးမည်ဆိုပါက တိုင်းရင်းသားအဖွဲ့ပေါင်း ၂၁ ဖွဲ့ရှိကြောင်းသိရ၏။ NCCT အဖွဲ့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်ပြီး ဆက်စပ် အဖွဲ့အဖြစ် ABSDF အပါအဝင် ၁၇ ဖွဲ့အတွက် လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကြောင်းနှင့် တခြားတိုင်းရင်းသား အဖွဲ့အစည်းပါဝင်ရေးကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြားသိရ၏။
ထို့ကြောင့် လာမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးမူနှင့် ပတ်သက်၍ SDမှ မည်ကဲ့သို့ ဆွေးနွေးမည်၊ မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်၊ မည်ကဲ့သို့ အလျှော့အတင်း ပြုလုပ်နိုင်မည်ကို အားလုံးက သိလိုမြင်လို ကြားသိလိုလှ၏။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ ဖွဲ့မှ ၆ ဖွဲ့ဖြစ်သော ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA ၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ယူနီယံ LDU ၊ ဝအမျိုးသားအဖွဲ့ချုပ် WNO နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် −ကိုးကန့် အဖွဲ့ MNDAA တို့အား NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးဘက်က လက်မခံဘဲ ကချင် လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် ပဏာမ စာချုပ်များ လက်မှတ်ရေးထိုးထားသည့် ၁၅ ဖွဲ့ကိုသာ လက်ခံခဲ့ကြောင်း သိရ၏။ ထို့ကြောင့် အာလုံးပါဝင် လက်မှတ်ထိုးရေးကို နှစ်ဘက်စလုံးက မည်သို့ အဆုံးသတ် ညှိနှိုင်းဆွေးနွေးမည်ကို အားလုံးက သိလိုကြ၏။
ထို့ပြင် အခြားဆွေးနွေးရန်ကျန်သည့် အရေးကြီးအချက်များဖြစ်ကြသော NCA တွင် ပါဝင်လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများ၊ လုံးခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်းလုပ်ငန်းစဉ်များ၊ ပြည်ထောင်စု သဘောတူစာချုပ်ကို လွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူခြင်း တို့ကိုရော ဆွေးနွေးဖော်ဆွေးနွေးဖက် နှစ်ဘက်စလုံးက မည်ကဲ့သို့ အပေးအယူလုပ်ပြီး ညှိနှိုင်း အဖြေရှာနိုင်မည် ဆိုသည်ကို အားလုံးက စိတ်တထင့်ထင့်နှင့် သိချင်ကြ၏။
အသိသက်သေအဖြစ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဘက်မှ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် တရုတ်၊ အိန္ဒယ၊ ထိုင်း၊ ဂျပန်၊ နော်ဝေ၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံများ ပါဝင်ရန် လိုလားပြီး အစိုးဘက်က ကုလသမဂ္ဂ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကိုသာ ပါဝင်လက်မှတ် ထိုးရန် အဆိုပြုသဖြင့် ဤအကြောင်းအရာကိုလည်း အကျေအလည် ထပ်မံ ဆွေးနွေးရဦးမည် ဖြစ် ကြောင်း ကြားသိရ၏။
SD တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ချင်းမိုင်ထိပ်သီး အစည်းအဝေးအပြီး ပြောခဲ့သည်မှာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေး ပျက်ခြင်း မပျက်ခြင်းသည် အစိုးရ၏ သဘောထားအပေါ်မူတည်ပြီး SD အနေဖြင့် ဆက်လက်ညှိနှိုင်းသွားမည်သာဟု ဆိုခဲ့၏။
လက်ရှိအစိုးရသက်တမ်းတွင် NCA မပြီးပြတ်ပါက နောင်လာမည့် အစိုးရသစ်လက်ထက်၌ အသစ်ပြန်စရဖွယ်ရှိကြောင်း၊ သမ္မတကြီး မျက်နှာမပျက်ရအောင် ဝိုင်းဝန်း လုပ်ဆောင် စေလိုကြောင်း ဝန်ကြီးဦးအောင်မင်းက ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲ အဖွင့်နေ့တွင် ပြောကြားသွားခဲ့ ကြောင်း သိရ၏။
သမ္မတကြီးသာမကဘဲ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တနေသည့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး မျက်နှာမပျက်ရေး၊ ရရှိပြီးသား ငြိမ်းချမ်းရေး မပျက်ရေး၊ ယာလည်းညှက် ကြက်လည်းမော မဖြစ်စေဘဲ နှစ်ဘက်စလုံးအတွက် Win-Win Solution ဖြစ်စေရေး စသည့် ရေး ရေး ရေး များအဖို့ ရှေးရှုပြီး သက်ဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ် နှစ်ဘက်လုံးမှ NCA အချောသတ် အပြီးသတ်နိုင်ရန် တက်ကုန်ရွက်ကုန် အစွမ်းကုန် ကြိုးပမ်းကြပါဟု လေးလေးနက်နက် တိုက်တွန်း၏။
ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် NCA အပြီးမသတ်နိုင် လက်မှတ်မရေးထိုးနိုင်ပါက ဖြစ်ပေါ်လာ နိုင်မည့် နောက်ဆက်တွဲဆိုးကျိုးများ၊ အနိဌာရုံများကို မြင်ယောင်ပြီး ကြောက်ရွံ့မိ၏။ ရင်ထိတ်မိ၏။ စစ်၏ ဆိုးမွေများကို ခံရပေါင်းများသဖြင့် စစ်ပွဲဆိုသည်ကို ကြားတိုင်း ခါးသီးနာကျည်းမိ၏။
သို့ဖြစ်၍ NCA ကိုးကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် SD နှင့် UPWC တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်စွာ အပြီးသတ်နိုင်ကာ ရှေ့ဆက် တရားဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများ ချမှတ်ပြီး ငြိမ်းချမ်းရေး ဒုတိယအဆင့် ဖြစ်သော နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနှင့် တတိယ အဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲကြီး ပြီးမြောက်အောင်မြင်သည်အထိ သမိုင်းဝင် ခြေလှမ်းများလှမ်းနိုင်ပါစေဟု ရှင်တော်မြတ်ဘုရားရှေ့ဝယ် လက်အုပ်ချီ ဆုတောင်းပေးပါ၏။
စစ်မင်း(ဆောင်းပါးရှင်)
၂၀၁၅ ခုနှစ်၊ သြဂတ် ၃ ရက်
မှတ်ချက်။ ။ သျှမ်းသံတော်ဆင့် အယ်ဒီတာ ၏ အာဘော် နှင့် သဘောထားမဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။(အယ်ဒီတာ)
သျှမ်းသံတော်ဆင့်
ဤဆွေးနွေးပွဲတွင် NCA အပြီးသတ် သဘောတူညီချက်ရရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြောင့် ဖြူးသွားမည်လား၊ သို့တည်းမဟုတ် အပြီးသတ်သဘောတူညီချက် မရရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တုံ့ဆိုင်းနှောင့်နှေးသွားမည်လား ဆိုသည်ကို ပြည်သူလူထုတစ်ရပ်လုံးက ရင်တထိတ်ထိတ်နှင့် မျက်စိဖွင့် နားစွင့် စောင့်ကြည့်နေကြ၏။
၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဂျူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် နှစ်ဦးနှစ်ဘက်အကြိတ်အနယ် ဆွေးနွေးခဲ့သော်လည်း အရေးကြီး သည့် အပိုင်းများတွင် သဘောတူညီမှုမရကြောင်းသိရ၏။ SD ဘက်မှ တင်ပြဆွေးနွေးသည့် အချက် ၁၃ ချက်အနက် ၁၀ ချက်ကို UPWC မှ သဘောတူပြီး သဘောတူညီမှုမရသေးသည့် အချက်သုံးချက် မှာ NCAတွင် ပါဝင်လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများနှင့် လက်မှတ်ရေးထိုးရာ၌ ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင်ရေးတို့ ဖြစ်ကြ၏။
သို့သော် အတွင်းရင်းမြစ်များ၏ ထုတ်ဖော်ပြောကြားချက်အရ သဘောမတူနိုင်သည့်အချက်များမှာ သုံးချက်ထက်မက ရှိကြောင်း သိရ၏။ ပြည်ထောင်စုသဘောတူစာချုပ်အား ပြည်ထောင်စု လွှတ်တော် တင်သွင်းပြီး အတည်ပြုချက်ရယူခြင်းနှင့်ပတ်သက်၍ ဝေါဟာရ အသုံးအနှုန်း သဘောတူညီမှုမရရှိသေးခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ DDR SSR လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်ဟု UPWCမှ တပ်ကိုယ်စားလှယ်က ထပ်မံအဆိုပြု တင်ပြခြင်းအပေါ် သဘောတူညီမှုမရခြင်းနှင့် အပစ်ရပ်နယ်မြေအတွင်း ဒေသခံလူထုတို့အား အကျိုးသက်ရောက်မှုကြီးမားသော စီမံကိန်းများ လုပ်ဆောင်လိုပါက (နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူညီမှုရယူ၍/ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍) ဟူသည့် စာသားအသုံးအနှုန်းအပေါ် သဘောတူ ညီမှု မရရှိခြင်း တို့ဖြစ်ကြောင်း သိရ၏။
နောက်ဆုံးနေ့ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ မည်မျှ အခြေအတင် အပြန်အလှန် ဆွေးနွေးရသနည်းဆိုသော် ဆွေးနွေးသည့်ပုဂ္ဂိုလ် တစ်ဦးက မျက်ရည်စက်လက်ရှိုက်သံနှင့် စို့နင့်စွာ ဆွေးနွေးသွားခဲ့သဖြင့် ဆွေးနွေးပွဲကို ၁၅ မိနစ်ခန့် ခေတ္တခဏ ရပ်နားပေးလိုက်ရကြောင်းသိရ၏။ ၈ ကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် ဤသည်ကို လူပြောသူပြော အများဆုံး ဖြစ်သွားခဲ့၏။ ရာဇဝင် တွင်သွားခဲ့၏။
ဆွေးနွေးပွဲမှ ညှိနှိုင်းရန် ကျန်ရှိသည့် အချက်များနှင့် ပတ်သက်၍ SD သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် Command Centerသို့ တင်ပြပြီး ဆုံးဖြတ်ချက်များ ရယူသွားမည်ဖြစ်ကြောင်းဆိုသလို UPWC ကလည်း သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ UPCC သို့ တင်ပြပြီး အဆုံးအဖြတ်ခံယူသွားမည်ဖြစ်ကြောင်း ရှစ်ကြိမ် မြောက် ဆွေးနွေးပွဲအပြီး အသံထွက်လာခဲ့သည်ကို သိရ၏။
SD သည် ရန်ကုန်ဆွေးနွေးပွဲပြီးသည်နှင့် ချင်းမိုင်သို့ ချက်ချင်းပြန်ကာ Command Center ခေါ် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးကို ဂျူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ခေါ်ယူကျင်းပကြောင်းသိရ၏။ ၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲ၏တိုးတက်ဖြစ်ထွန်းမှုများနှင့်တစ်ဆို့မှု၊ ထစ်ငေါ့မှုများ၊အခက်အခဲအကျပ်အတည်း များကို အစီရင်ခံ တင်ပြပြီး အဆုံးဖြတ် ခံယူခြင်းပြုလုပ်သွားခဲ့၏။
ထိုထိပ်သီးအစည်းအဝေးသို့ SD အဖွဲ့ဝင်များမှ ထိပ်သီးခေါင်းဆောင်များ ဖြစ်ကြသည့် ကချင်လွတ် လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ သျှမ်းပြည်တိုးတက်ရေးပါတီ နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- Peace Council မှ ဗိုလ်ချုပ်စောယဉ်နု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်လ်တွိဒ်၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ဥက္ကဌ ကြာခွန်ဆာ၊ ဝ အမျိုးသားအဖွဲ့ချုပ် WNO ဒုဥက္ကဌ တာ့မဟာ၊ ရက္ခိုင့်တပ်မတော် AA မှ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် SD အဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် အင်အားတောင့်တောင့် အင်အားကောင်းကောင်း အင်အားအပြည့်အစုံနှင့် တက်ရောက်ကြကြောင်း သိရ၏။
ယင်းအစည်းအဝေးမှ NCA လက်မှတ်ရေးထိုးရာတွင် အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့လုံး (NCCT ၁၆ ဖွဲ့ နှင့် ABSDF) ပါဝင်လက်မှတ်ရေးထိုးရန်နှင့် အားလုံးပါဝင်နိုင်ရေးကို ဆက်လက်ညှိနှိုင်းသွားရန် တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ ကြောင်းအစည်းအဝေးထုတ်ပြန်ချက်အရ သိရ၏။
အားလုံးပါဝင်လက်မှတ်ရေးထိုးမည်ဆိုပါက တိုင်းရင်းသားအဖွဲ့ပေါင်း ၂၁ ဖွဲ့ရှိကြောင်းသိရ၏။ NCCT အဖွဲ့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်ပြီး ဆက်စပ် အဖွဲ့အဖြစ် ABSDF အပါအဝင် ၁၇ ဖွဲ့အတွက် လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကြောင်းနှင့် တခြားတိုင်းရင်းသား အဖွဲ့အစည်းပါဝင်ရေးကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြားသိရ၏။
ထို့ကြောင့် လာမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးမူနှင့် ပတ်သက်၍ SDမှ မည်ကဲ့သို့ ဆွေးနွေးမည်၊ မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်၊ မည်ကဲ့သို့ အလျှော့အတင်း ပြုလုပ်နိုင်မည်ကို အားလုံးက သိလိုမြင်လို ကြားသိလိုလှ၏။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ ဖွဲ့မှ ၆ ဖွဲ့ဖြစ်သော ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA ၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ယူနီယံ LDU ၊ ဝအမျိုးသားအဖွဲ့ချုပ် WNO နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် −ကိုးကန့် အဖွဲ့ MNDAA တို့အား NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးဘက်က လက်မခံဘဲ ကချင် လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် ပဏာမ စာချုပ်များ လက်မှတ်ရေးထိုးထားသည့် ၁၅ ဖွဲ့ကိုသာ လက်ခံခဲ့ကြောင်း သိရ၏။ ထို့ကြောင့် အာလုံးပါဝင် လက်မှတ်ထိုးရေးကို နှစ်ဘက်စလုံးက မည်သို့ အဆုံးသတ် ညှိနှိုင်းဆွေးနွေးမည်ကို အားလုံးက သိလိုကြ၏။
ထို့ပြင် အခြားဆွေးနွေးရန်ကျန်သည့် အရေးကြီးအချက်များဖြစ်ကြသော NCA တွင် ပါဝင်လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေများ၊ လုံးခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်းလုပ်ငန်းစဉ်များ၊ ပြည်ထောင်စု သဘောတူစာချုပ်ကို လွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူခြင်း တို့ကိုရော ဆွေးနွေးဖော်ဆွေးနွေးဖက် နှစ်ဘက်စလုံးက မည်ကဲ့သို့ အပေးအယူလုပ်ပြီး ညှိနှိုင်း အဖြေရှာနိုင်မည် ဆိုသည်ကို အားလုံးက စိတ်တထင့်ထင့်နှင့် သိချင်ကြ၏။
အသိသက်သေအဖြစ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဘက်မှ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် တရုတ်၊ အိန္ဒယ၊ ထိုင်း၊ ဂျပန်၊ နော်ဝေ၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံများ ပါဝင်ရန် လိုလားပြီး အစိုးဘက်က ကုလသမဂ္ဂ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကိုသာ ပါဝင်လက်မှတ် ထိုးရန် အဆိုပြုသဖြင့် ဤအကြောင်းအရာကိုလည်း အကျေအလည် ထပ်မံ ဆွေးနွေးရဦးမည် ဖြစ် ကြောင်း ကြားသိရ၏။
SD တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ချင်းမိုင်ထိပ်သီး အစည်းအဝေးအပြီး ပြောခဲ့သည်မှာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေး ပျက်ခြင်း မပျက်ခြင်းသည် အစိုးရ၏ သဘောထားအပေါ်မူတည်ပြီး SD အနေဖြင့် ဆက်လက်ညှိနှိုင်းသွားမည်သာဟု ဆိုခဲ့၏။
လက်ရှိအစိုးရသက်တမ်းတွင် NCA မပြီးပြတ်ပါက နောင်လာမည့် အစိုးရသစ်လက်ထက်၌ အသစ်ပြန်စရဖွယ်ရှိကြောင်း၊ သမ္မတကြီး မျက်နှာမပျက်ရအောင် ဝိုင်းဝန်း လုပ်ဆောင် စေလိုကြောင်း ဝန်ကြီးဦးအောင်မင်းက ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲ အဖွင့်နေ့တွင် ပြောကြားသွားခဲ့ ကြောင်း သိရ၏။
သမ္မတကြီးသာမကဘဲ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တနေသည့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး မျက်နှာမပျက်ရေး၊ ရရှိပြီးသား ငြိမ်းချမ်းရေး မပျက်ရေး၊ ယာလည်းညှက် ကြက်လည်းမော မဖြစ်စေဘဲ နှစ်ဘက်စလုံးအတွက် Win-Win Solution ဖြစ်စေရေး စသည့် ရေး ရေး ရေး များအဖို့ ရှေးရှုပြီး သက်ဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ် နှစ်ဘက်လုံးမှ NCA အချောသတ် အပြီးသတ်နိုင်ရန် တက်ကုန်ရွက်ကုန် အစွမ်းကုန် ကြိုးပမ်းကြပါဟု လေးလေးနက်နက် တိုက်တွန်း၏။
ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် NCA အပြီးမသတ်နိုင် လက်မှတ်မရေးထိုးနိုင်ပါက ဖြစ်ပေါ်လာ နိုင်မည့် နောက်ဆက်တွဲဆိုးကျိုးများ၊ အနိဌာရုံများကို မြင်ယောင်ပြီး ကြောက်ရွံ့မိ၏။ ရင်ထိတ်မိ၏။ စစ်၏ ဆိုးမွေများကို ခံရပေါင်းများသဖြင့် စစ်ပွဲဆိုသည်ကို ကြားတိုင်း ခါးသီးနာကျည်းမိ၏။
သို့ဖြစ်၍ NCA ကိုးကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် SD နှင့် UPWC တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်စွာ အပြီးသတ်နိုင်ကာ ရှေ့ဆက် တရားဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများ ချမှတ်ပြီး ငြိမ်းချမ်းရေး ဒုတိယအဆင့် ဖြစ်သော နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနှင့် တတိယ အဆင့်ဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲကြီး ပြီးမြောက်အောင်မြင်သည်အထိ သမိုင်းဝင် ခြေလှမ်းများလှမ်းနိုင်ပါစေဟု ရှင်တော်မြတ်ဘုရားရှေ့ဝယ် လက်အုပ်ချီ ဆုတောင်းပေးပါ၏။
စစ်မင်း(ဆောင်းပါးရှင်)
၂၀၁၅ ခုနှစ်၊ သြဂတ် ၃ ရက်
မှတ်ချက်။ ။ သျှမ်းသံတော်ဆင့် အယ်ဒီတာ ၏ အာဘော် နှင့် သဘောထားမဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။(အယ်ဒီတာ)
သျှမ်းသံတော်ဆင့်
NLD ပါတီ ကိုယ်စားလှယ်လောင်းစာရင်း ဝေဖန်မှုထွက်ပေါ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကနေထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ရှိ နေပါတယ်။ မနေ့က မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က လာမယ့် ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု အနေနဲ့ မင်္ဂလာတောင်ညွန့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကသက်မှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့လုပ်ရပ်ကို မထောက်ခံကြောင်း ထုတ်ဖော်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ NLD ကိုယ်စားလှယ်လောင်း စာရင်းအပေါ်မှာ ပါတီကိုထောက်ခံအားပေးသူ၊ ပါတီဝင် အချင်းချင်းမှာ တုံ့ပြန်ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က လာမယ့်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု အနေနဲ့ မင်္ဂလာတောင်ညွန့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကသက်မှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့လုပ်ရပ်ကို မထောက်ခံကြောင်း၊ ရွေးချယ်သူက ဝင်ရွေးခံမယ့်နေရာဒေသကို မကျွမ်းကျင်မှု၊ ပြည်သူနဲ့ရင်းနှီးမှုမရှိသူဖြစ်တာကြောင့် ကိုယ်စားပြုအနေနဲ့ ဝင်ရွေးခံဖို့ ဗဟို ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်က NLD မြို့နယ်ပါတီဝင် ဖြိုးမင်းမြင့်က အခုလို ဗွီအိုအေကို ပြောပါတယ်။
“ပြည်သူနဲ့ထိတွေ့မှုမရှိတဲ့အပေါ်မှာ ရပ်ကွက် မဲဆန္ဒရှင်တွေကိုရော၊ ရပ်မိရပ်ဖတွေကိုရောလေ သူ့ကို ထောက်ခံမှုမရှိတဲ့အတွက် ကျနော်တို့ လုပ်ကြတာပါ။ မဲဆန္ဒရှင်အများစု ငြိုငြင်မှုကို ကျနော်တို့ပါတီက လူတွေ အဓိက ခံရတယ်လေ။ လမ်းဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး သူ့ကို ရပ်မိရပ်ဖတွေက တင်ပြတဲ့အပေါ်မှာ သူ့အနေနဲ့ neglect လုပ်ထားတဲ့ တချို့အချက်အလက်တွေလည်း ရှိတာကို။ တချို့ရပ်မိရပ်ဖတွေက သူ့ကို မကျေနပ်ဘူးခင်ဗျ။ သူ့နေရာမှာ ဘယ်သူပဲလာလာ၊ ကျနော်တို့အောင်နိုင်ရေးကို လုပ်ပေးပါမယ်ဆိုပြီး အဖွဲ့ချုပ်ကို မေတ္တာရပ်ခံတာပေါ့ အမရယ်၊ ဗဟိုကို၊ ဒါပါပဲ။”
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် မင်္ဂလာတောင်ညွန့်ကနေ NLD ကိုယ်စားလှယ်အနေနဲ့ ဒေါ်ဖြူဖြူသင်း၊ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ဦးလှဌေး၊ ဦးတင်မောင်ဝင်းတို့ကို ရွေးချယ်ခံဖို့ NLD က ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်မှာ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က မထောက်ခံနိုင်ကြောင်း အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဒီလို မထောက်ခံရတဲ့အကြောင်းရင်းကိုလည်း ဗဟိုကိုတင်ပြထားတယ်လို့ ဖြိုးမင်းမြင့်က ပြောပါတယ်။ မြို့နယ်ကနေ စိစစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွန့်ကနေ အရွေးခံဖို့ မင်္ဂလာတောင်ညွန့်သား ၈၈ က ကိုမြအေး၊ ကိုရန်အောင်နဲ့ ရှေ့နေ ဦးလှမျိုးမြင့်တို့ကို မြို့နယ်ကော်မတီဝင်တွေက ရွေးချယ်ဖို့ တင်ပြခဲ့ပေမယ့် တင်ပြထားသူတွေကို ဗဟိုကနေ မရွေးချယ်ဘူးလို့ ဖြိုးမင်းမြင့်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့ပေမယ့် NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကတော့ ဗဟိုကော်မတီဝင်တွေက ရွေးချယ်တာမှာ အောက်ခြေကတင်လာတဲ့အတိုင်း ဗဟိုကရွေးချယ်တယ်လို့ ဖြေကြားမှုတွေရှိကြောင်း၊ လက်တွေ့မှာ အောက်ခြေမြို့နယ် ပါတီကိုယ်စားလှယ်တွေက ဗဟိုမတင်ခင် မဲစနစ်အရ ရွေးချယ်ခဲ့ကြကြောင်း၊ ရွေးချယ်ရာမှာ မဲအရ အနိုင်ရခဲ့ပေမယ့် နောက်ဆုံးစကာတင်မှာ မပါဝင်ခဲ့ကြောင်း ဘယ်လိုအချက်နဲ့ညိစွန်းခဲ့သလဲဆိုတာကို NLD ဗဟိုအောင်နိုင်ရေးကို မေးခွန်းထုတ်ထားတယ်လို့ အခုလို ပြောပါတယ်။
“အဖွဲ့အစည်းတခုနဲ့အလုပ်လုပ်တယ်ဆိုတဲ့အခါကျတော့ ကိုယ့်အဖွဲ့အစည်းကို အစည်းအဝေးထိုင်ချိန်တို့၊ ပြန်လည်သုံးသပ်ချိန်တို့၊ ဒါမျိုးလေးတွေ အမတို့ ပေးသင့်တာပေါ့နော်၊ ဒီနေ့မေး၊ ဒီနေ့ဖြေပေးဆိုတော့ မကောင်းဘူးလေ။ သူတို့အတွက်ကလည်း တနိုင်ငံလုံးအတွက် စဉ်းစားရတာဆိုတော့ ၊ NLD ရဲ့ရွေးချယ်ရေးမှူးတွေကလည်း ကမ္ဘာသိ ထုတ်ပြန်ထားတာဖြစ်တယ်လေ။ ဒီအရည်အချင်းများနဲ့ အကုန်လုံးပြည့်စုံတယ်ဆိုပြီးပေါ့နော်။ အဲဒီပြည့်စုံတဲ့အတွက် ဘယ်မူနဲ့ငြိစွန်းတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး၊ အမကို ရှုံးနိမ့်တဲ့ပြိုင်ဘက်ကို ရွေးချယ်တာပါလဲဆိုတာကို အမ မေးထားတယ်လေ။ သူတို့ရဲ့အဖြေကို အမ စောင့်ပြီးတော့မှပဲ တခြားဆုံးဖြတ်ချက် ချမယ်ပေါ့နော်။”
ပါတီကိုယ်စားလှယ် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က အခုလိုပြောပါတယ်။
“ဝေဖန်မှုကတော့ ရှိမှာပဲ၊ ဒါပေမယ့် အကောင်းဆုံးကိုတော့ အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေ ရွေးထားတာပါ။ ရွေးကတည်းကိုက ….ထဲမှာ စာကိုထည့်ထားပြီးတော့ အောက်ပါအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့လူတွေကို စိစစ်ပြီးတော့ ရွေးတယ်ဆိုတာကို အန်တီတို့ ခနခန ပြောပြနေပါတယ်။ အန်တီတို့ ပါတီဝင်ထဲက လူတွေကကို ဒီ -ကို သေချာလည်းမဖတ်ထားဘူး၊ စည်းမျဉ်းစည်းကမ်း ကိုလည်း သဘောမပေါက်တဲ့လူတွေက ပိုပြီးများနေတာ၊ သူတို့စိတ်ထဲမှာ သူတို့ရွေးလိုက်ရင်ရပြီလို့ သူတို့ကထင်တယ်။ ရွေးချယ်မှု အပိုင်းကတော့ အောက်ခြေနဲ့မဆိုင်ဘူးလေ။ အဲဒီတော့ အောက်ခြေကလူတွေက သေသေချာချာမသုံးသပ်ဘဲနဲ့ နောက်ဆုံးကျတော့ အပေါ်မှာပဲလာပြီးတော့ ပြဿနာဖြစ်တော့ အောက်က မပြေလည်တဲ့ကိစ္စတွေက အပေါ်ကို ရောက်လာတာပေါ့နော်။”
ဒီလိုဝေဖန်မှုတွေရှိနေတဲ့ NLDပါတီ ရဲ့ကိုယ်စားလှယ် ရွေးချယ်ရေးမှုအပေါ် သတင်းစာဆရာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ ခုလိုသုံးသပ်ပါတယ်။
“သူ့ပါတီမှာ သူတို့ချထားတဲ့ စည်းမျဉ်းစည်းကမ်းရှိတာပေါ့နော်။ အဲဒီအတိုင်း လုပ်သွားတယ်လို့ပဲ နားလည်တယ်။ ဒါ သူတို့တရားဝင် authority တွေ၊ ဦးဉာဏ်ဝင်းကိုယ်တိုင် ပြောတာပဲ။ သူတို့က လာပါ၊ ခင်ဗျားကို ကျနော်တို့က ဒါအမတ်လောင်းအနေနဲ့ ရွေးချယ်ပါမယ်-ဆိုပြီးတော့ ဖိတ်ခေါ်တာ၊ ဒီလိုတော့ မရှိဘူးပြောတယ်။ အဲလို မရှိဘူးဆိုတဲ့အခါကျတော့ ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲ လုပ်ပြီးတဲ့အခါကျတော့မှ အဆိုပြုတာပဲ၊ အဓိပ္ပာယ်ကတော့ ပါတီရဲ့ဆုံးဖြတ်ချက်ကိုပဲ နာခံရမယ်ဆိုတဲ့ သဘောပဲလေ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တိုင်းဒေသအချို့မှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေ ထုတ်ပြန်ဖို့ကျန်ရှိနေသေးတယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်ကပြောပါတယ်။ လက်ရှိ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD က ကိုယ်စားလှယ်ဦးရေ ၁,၀၉၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)