Headlines News :
Home » » ရန်ကုန်ဘတ်စ်ကားပေါ်တွင် သေဆုံးခဲ့သူအား သိရှိပါက သတင်းပေးရန် ရဲတပ်ဖွဲ့ထုတ်ပြန်

ရန်ကုန်ဘတ်စ်ကားပေါ်တွင် သေဆုံးခဲ့သူအား သိရှိပါက သတင်းပေးရန် ရဲတပ်ဖွဲ့ထုတ်ပြန်

Written By Live100 on Monday, August 14, 2017 | 9:24 PM

Photo-DVB

ရန်ကုန်က ဘတ်စ်ကားတစ်စီးပေါ်မှာ ဒီနေ့မနက်ပိုင်းက ခရီးသည်အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး သိရှိတယ်ဆိုရင် ဆက်သွယ်ကြဖို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မြို့တွင်းမှတ်တိုင်တခုကနေ YBS ၆၁ ကားနဲ့ လိုက်ပါလာတဲ့  အသက် ၅၀ အရွယ် ခရီးသည် အမျိုးသား တယောက်ဟာ ရွှေဂုံတိုင်မှတ်တိုင်မှာ ထိုင်ခုံနေရာရလို့ မှီပြီး အိပ်ပျော်လိုက်ပါခဲ့တယ်လို့ ရဲစစ်ဆေးချက်အရ သိရပါတယ်။
လှိုင်မြို့နယ်၊ သုခလမ်းမှတ်တိုင်ကို ရောက်တဲ့ခါမှာတော့ သူအိပ်ပျော်နေတာကို မသင်္ကာဘူးလို့ ခရီးသည်တွေက ပြောတာကြောင့် ယာဉ်အကူက နှိုးကြည့်ပေမယ့် မရလို့ အင်းစိန်ဆေးရုံကို ပို့ခဲ့ပါတယ်။ အဲဒီနောက် ပြင်ပဒဏ်ရာမရှိပဲ သေဆုံးနေတယ်လို့ သိရပြီး လှိုင် မြို့မရဲစခန်းက သွားရောက်စစ်ဆေးခဲ့ပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့ကလည်း စုံစမ်းနေပြီး သေဆုံးသူကို သိတယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး Call Center – ၁၉၉၊ – ၀၁ ၂၃၂၃၁၉၉၊ အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံး – ၀၁ ၃၇၆၁၆၆၊ ဒုရဲမှူး သိန်းဆွေမြင့် (လှိုင်မြို့မရဲစခန်းမှူး) – ၀၉၂၅၀၂၈၃၂၇၅၊ ဒုရဲအုပ် ခင်စိုး (လှိုင်မြို့မရဲစခန်း) – ၀၉၉၅၃၁၈၄၄၅၂ ကိုဆက်သွယ်ဖို့ ထုတ်ပြန်ထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template