မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တွေမှာ လုံခြုံရေးအစီမံတွေ ဆောင်ရွက်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်ပွဲတွေကို ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ဆန္ဒထုတ်ဖော်ပွဲတွေကို ဒီနေ့ ဩဂုတ်လ ၁၃ ရက်က တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်ကလွဲပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ တပြိုင်တည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ခိုးဝင်ဘဂါင်္လီတွေကို ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း တိကျမှန်ကန်စွာ စိစစ်ပေးရေး၊ UNHCR ၊ WFP ၊ INGO အဖွဲ့တွေကို ရခိုင်ပြည်နယ်မှ နှင်ထုတ်ပေးရေး၊ ဌာနေတိုင်းရင်းသားများ လုံခြုံမှုအတွက် လက်နက်ကိုင်ပြည်သူ့စစ်ဖွဲ့စည်းပေးရေး၊ ဘဂါင်္လီအကြမ်းဖက်သမားများအား အမြစ်ပြတ်ချေမှုန်းပေးရေးနဲ့ ရခိုင်ပြည်နယ်လုံခြုံမှုအတွက် အစိုးရက အလုံးစုံတာဝန်ယူဆောင်ရွက်ပေးရေး တို့ကို တောင်းဆိုခဲ့ကြပါတယ်။
ရုပ်သံသတင်းထောက် - မောင်ကံ