Headlines News :
Home » » မြန်မာအပါအ၀င် ငါးနိုင်ငံမှ လာရောက် ဆေးကုသသူများကို ထိုင်းအစိုးရက ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်ပြု

မြန်မာအပါအ၀င် ငါးနိုင်ငံမှ လာရောက် ဆေးကုသသူများကို ထိုင်းအစိုးရက ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်ပြု

Written By Live100 on Saturday, August 19, 2017 | 11:05 AM


ထိုင်းနိုင်ငံ သို့ မြန်မာ အ ပါအ၀င် နိုင်ငံငါးနိုင်ငံမှ လာ ရောက်ဆေးကုသမှု ခံယူသူများ ကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ရက်ပေါင်း ၉၀ (သုံးလ)နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာ ရေးဝန်ကြီးဌာနက အထက်ပါအ တိုင်း သတင်းထုတ်ပြန်ထားခြင်း ကို မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဌာနက သြဂုတ် ၁၇ ရက်တွင် ပြန်လည် အသိပေး ကြေညာထား သည်။မြန်မာအပါအ၀င် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းသို့ လာ ရောက်ဆေးကုသမှုခံယူသူများ သည် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာ ရေးဝန်ကြီးဌာနက အသိအမှတ် ပြုထားသော ထိုင်းနိုင်ငံရှိ ဆေးရုံ ၁၆၀ မှ ကုသလိုသော ဆေးရုံကို ရက်ချိန်းရယူ၍ ဆက်သွယ်ရန်နှင့် ဆေးကုသရန် နေထိုင်ခွင့်ရက်ပေါင်း ၉၀ ရရှိရေး ‘Confirmation Letter for 90- Day Stay on Medical Ground’ အတည်ပြုစာအတွက် လူနာနှင့် လူနာရှင်တို့၏ အချက်အလက်များကို ရက်ချိန်းယူထားသည့် ဆေးရုံသို့ ပေးပို့ရန် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် အမည်နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ စသည့်အချက်အလက်များ ပေးပို့အကြောင်းကြားထားသည့် လူနာနှင့် လူနာရှင်တို့သည် လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဆေးရုံက အတည်ပြုစာနှင့် နိုင်ငံကူးလက်မှတ်များ ပြသရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဆေးရုံတွင် လူနာသည် ဆေးကုသပြီးဆုံးချိန်အထိ ခံယူရ မည်ဖြစ်ပြီး ကုသမှုပြီးပါက လူနာ နှင့် လူနာရှင်တို့ မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း ကြေညာထားသည်။
‘‘လာပြီး ဆေးကုသမယ့်သူ တွေကို ရက်ပေါင်း ၉၀ ခွင့်ပြုပေး ထားတာ တစ်လလောက်ရှိနေပြီ။ ဆေးကုသလာမယ့်သူတွေအတွက်ပေါ့’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောသည်။
ထိုင်းနှင့် မြန်မာကြား သာမန်ပြည်သူများအနေဖြင့် ၁၄ ရက်ကြာ ဗီဇာမလိုဘဲ သွားရောက်လည်ပတ်ခွင့်ကို ၂၀၁၅ သြဂုတ် ၁၁ ရက်တွင် စတင်ခွင့်ပြုပေးခဲ့သည်။
Credit: 7Day

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template