မန္တလေး အမရပူရမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ရတနာဂူ ဘုရားပွဲတော်နှင့် ပုပ္ပားမယ်ကြီးနတ်ပွဲအား ယနေ့ သြဂုတ် ၁၄ ညပိုင်းအချိန်က ရိုးရာမပျက် ကျင်းပသည်။
"ရတနာဂူဘုရားပွဲတော်နဲ့ ပုပ္ပားမယ်တော်ကြီးနတ်ပွဲဟာ နှစ်စဉ်ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ဒီနေ့ နတ်ဆရာတွေ နတ်ညီလာခံကျင်းပတဲ့နေမို့ ကြိုက်တဲ့အစိုးရလာတား ဘယ်သူမှမလာချင်နေ နတ်ရိုးရာဆိုင်သူတွေနဲ့ ရိုးရာနတ်ကိုယုံကြည်ကိုးကွယ်သူတွေ ဘယ်သူတားတား လာကြမှာပဲ။ ဆိုင်းတွေမတီးရလဲ ရအောင်ကျင်းပသွားမယ်"ဟု နတ်ဆရာတဦးကပြောသည်။
မန္တလေးတိုင်းအစိုးရအနေဖြစ် H1N1 ရာသီတုပ်ကွေးရောဂါပိုးကြောင့် လူစည်ကားမည့်ပွဲတော်များကျင်းပခြင်းကို တားမြှစ်ထားခြင်းကြောင့် လာရောက်သူမရှိသော်လည်း ရတနာဂူပွဲတော်နှင့်ပုပ္ပားမယ်တော်ကြီးနတ်ပွဲတော်ကို ယခုကဲ့သို့ ကျင်းပခဲ့သည်။
စိုင်းထူးခန့် News Watch